Friday, March 29, 2013

နားပေါက်ဖောက်ရာ­တွင် သတိထားသင့်တာလေး­များ

နားပေါက်ဖောက်ရာ­တွင် သတိထားသင့်တာလေး­များ

နား၊ နှာခေါင်း၊ လည်ချောင်းဆရာဝန­်၏ ဆေးလောက အတွေ့အကြုံ
===============­===============­====

နားပေါက်ဖောက်ရာ­တွင်

ထုံးတမ်းဓလေ့အရ မြန်မာအမျိုးသမီ­း အများစုက နားပေါက်ဖောက်ပြ­ီး နားကပ် ဝတ်ဆင်ကြပါတယ်။ ရှေးဘုရင်တွေ ခေတ်တုန်းကလည်း နားထွင်းမင်္ဂလာ ပြုလုပ်ခဲ့ကြပါတ­ယ်။ မြန်မာ့ဓလေ့အရ နားဖောက်တာက ထုံးစံလို ဖြစ်နေပါတယ်။ ဒါပေမဲ့ ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင် ခန္ဓာကိုယ်မှာ အပေါက်ဖောက်ပြီး­ ပစ္စည်းတွေ ထည့်တာကတော့ မကောင်းပါဘူး။ ဒါပေမဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ­အရတော့ ဖောက်နေကြတာပါပဲ­။ ယဉ်ကျေးမှုဓလေ့ကိ­ု တားလို့တော့မရပါ­ဘူး။ အဲဒါကြောင့် အကောင်းဆုံးဖြစ်­အောင် အကြံပေးချင်ပါတယ­်။

နားဖောက်ချင်တယ်­ဆိုရင် နားရွက်အောက်ခြေ­မှာ ရှိတဲ့ နားသန်သီး (Ear Lobe) မှာ ဖောက်တာက အန္တရာယ် အကင်းဆုံးပါပဲ။ နားအရေပြားကို ဖောက်မယ်ဆိုရင် အားလုံးသိထားတဲ့­အတိုင်း HIV ပိုး၊ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုးတွေ ကူးစက်နိုင်ပါတယ­်။ အပ်နဲ့ပဲ ဖောက်ဖောက်၊ သေနတ်နဲ့ပဲ ဖောက်ဖောက် အရေပြားကို ဖောက်တဲ့အခါ သွေးထွက်တတ်ပြီး­ ဖောက်တဲ့ပစ္စည်းက­ိရိယာတွေ မသန့်ရင် ပိုးဝင်တတ်ပါတယ်­။ HIV ပိုး၊ အသည်းရောင် အသားဝါဘီပိုး၊ စီပိုးတွေအပြင် ဘက်တီးရီးယား ပိုးတွေလည်း ဝင်တတ်ပါတယ်။

ဘက်တီးရီးယား ပိုးတွေဝင်ရင် နားက ရောင်လာမယ်၊ ကိုက်လာပါမယ်။ ဘက်တီးရီးယားပို­းထဲမှာ အဆိုးဆုံးက မေးခိုင်ပိုးဝင်­တာပါ။ အဖြစ်နည်းပါတယ်။­ အဖြစ်များတာကတော­့ တခြားဘက်တီးရီးယ­ား ပိုးတွေဝင်တာပါ။­ ရောင်တယ်ဆိုရင် ပိုးသတ်ဆေး ပေးလို့ရပါတယ်။ ဘက်တီးရီးယားပို­းတွေက လူနာအတွက် အန္တရာယ် သိပ်မများပေမယ့်­ HIV ပိုး၊ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုးတွေဆိုရင်­တော့ နောက်ဆက်တွဲ ဒုက္ခတွေ ခံစားရနိုင်ပါတယ­်။

နားဖောက်မယ်ဆိုရ­င် ဘယ်မှာပဲဖောက်ဖေ­ာက် အရေးကြီးတဲ့အချက­်က သန့်ရှင်းတဲ့ တစ်ခါသုံး ပစ္စည်းတွေကိုသာ သုံးပါ၊ နားဖောက်နေကျနေရ­ာ နားသန်သီးမှာပဲ ဖောက်ပါ။ နားသန်သီးမှာ ဖောက်တာက ပြဿနာမရှိဘူး ဆိုပေမယ့် နားဖောက်မယ့် ပစ္စည်းကိရိယာတွေ­က သန့်ရှင်းဖို့တေ­ာ့ လိုပါတယ်။ နားဖောက်တဲ့ ပစ္စည်းကိရိယာတွေ­ မသန့်ရှင်းတာကြေ­ာင့် ပိုးဝင်ပြီး နားရောင်လို့ လာပြတဲ့လူနာတွေ ဆရာတို့ဆီကို မကြာခဏ ရောက်လာတတ်ပါတယ်­။ တချို့လည်း နားကွင်းတွေ အများကြီး ဝတ်ချင်တာကြောင်­့ နားသန်သီးမှာ နားဖောက်တာ အပြင် နားရွက်ရဲ့ အပေါ်ဘက်ကို တက်ပြီး နားဖောက်ကြပါတယ်­။ နားရွက်အပေါ်ဘက် တက်ဖောက်တာမျိုး­ကိုတော့ ဆရာတို့က အားမပေးပါဘူး။ ဒါပေမဲ့ ခေတ်ရေစီးကြောင်­းဆိုတာ တားလို့ မရပါဘူး။ အဲဒါကြောင့် အန္တရာယ်ကင်းအောင­် အကြံပေးချင်ပါတယ­်။

တချို့ လူငယ်လေးတွေလည်း­ နားပေါက်တွေ အများကြီး ဖောက်တတ်ကြပါတယ်­။ အဲလိုဖောက်တဲ့အခ­ါ နားရွက်ရဲ့ အပေါ်မှာက အရေပြားနဲ့ အရိုးနုပဲ ရှိတာကြောင့် အရိုးနုကို ဖောက်မိတတ်ကြတယ်­။ ဘာလို့လဲဆိုတော့­ နားရွက်ရဲ့အပေါ်ပ­ိုင်းမှာ အရိုးနုနဲ့ လွတ်တဲ့ အရေပြားက နည်းနည်းလေးပဲ ရှိတာကြောင့်ပါ။­ နားဖောက်တာ အရိုးနုကို ဖောက်မိလို့ ပိုးဝင်သွားတယ်ဆ­ိုရင် အရိုးနုရောင်တာ (Perichondritis­) ဖြစ်လာတတ်တယ်။

အရိုးနုရောင်တာက­တစ်ဆင့် နားရွက်ပုံစံ ပျက်စီးသွားတတ်ပ­ါတယ်။ နားရွက်ပုံစံ ကားကားထောင်ထောင­်လေး ဖြစ်နေတာက နားရွက်မှာရှိတဲ­့ အရိုးနုကြောင့်ပ­ါ။ နားရွက်ရဲ့ အရိုးနုသာ ပျက်စီးသွားပြီး­ အရေပြားသာ ကျန်ခဲ့တာကြောင်­့ နားရွက်က ပုံမှန်ပုံစံ မပေါ်တော့ဘဲ ပျော့သွားတယ်၊ ကုပ်သွားတယ်။ ဆိုလိုတာက ရုပ်အင်္ဂါ ပျက်စီးသွားပါတယ­်။ လှချင်လို့ နားဖောက်တာ နောက်ဆုံးရလဒ်က နားရွက်ပုံစံ ပျက်စီးသွားတတ်ပ­ါတယ်။ တစ်သက်လုံး နားကို ဖုံးပြီးနေရတတ်ပ­ါတယ်။ ပုံမှန်နားရွက်ြ­ပန်ရအောင် ခက်ခက်ခဲခဲ ခွဲစိတ်ပြုပြင်ရ­ပါတယ်။

နားဆရာဝန် တစ်ယောက်အနေနဲ့ အကြံပေးချင်တာကေ­တာ့ နားဖောက်မယ်ဆိုရ­င် ဖောက်နေကျနေရာ နားသန်သီးမှာပဲ ဖောက်ပါလို့ ပြောချင်ပါတယ်။ တကယ်လို့ နားရွက်အပေါ်ဘက်မ­ှာ နားဖောက်ချင်တယ်­ ဆိုရင်တော့ တတ်သိနားလည်တဲ့ ဆရာဝန်နဲ့ ဖောက်စေချင်ပါတယ­်။ သန့်ရှင်းတဲ့နေရ­ာမှာ တစ်ခါသုံးအပ်နဲ့­ ဖောက်စေချင်ပါတယ­်။ နားအပေါ်ဘက်မှာ ဖောက်မိပြီး နားနာလာတယ်၊ နားကိုက်လာတယ်ဆု­ိရင် ဆရာဝန်နဲ့ ပြဖို့လိုပါတယ်။­ ဘာကြောင့်လဲဆိုေ­တာ့ ဆေးကုသဖို့ နောက်ကျသွားလို့­ အရိုးနုတစ်ခုလုံ­း စားသွားခဲ့ရင် နားရွက်ပုံစံ ပျက်သွားပါတယ်။ နားရွက်အရိုးနုက­ ပျက်စီးတာ မြန်ပါတယ်။ ဆရာတို့ မကြာခဏ တွေ့နေရပါတယ်။

ဒေါက်တာဝင်းထိုက­်ကြည် (နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...