Thursday, July 18, 2013

င်္Fwd : လက်ရှိကုမ္ပဏီမှာဘယ်လောက်ကြာအောင်လုပ်မှာလဲ ? ? ? ? ? အခန်း(၅)

သူဌေးထက်တော်သော ဝန်ထမ်းများ......

ဒါနည်းနည်း ဆန်းသွားပြီ။ ဒီခေါင်းစဉ်ကို ကျွန်တော်ရွတ်တော့ မိတ်ဆွေတစ်ယောက်က ပြောတယ်။ ဟ သူဌေးထက်တော်မှတော့ သူဌေးထက်ချမ်းသာနေမှာပေါ့တဲ့။ ကျွန်တော်က ပြန်နောက်လိုက်တယ် သူဌေးထက်ချမ်းသာတာ သူဌေးကတော်ပေါ့လို့။
မှန်က ဒီလိုရှိပါတယ်။
သူဌေးတွေက ဘယ်လိုလုပ်သလဲဆိုတာကိုနားမလည်ဘူး ဘာကြောင့်လုပ်ရသလဲဆိုတာပဲ နားလည်ပါတယ်။ ဝန်ထမ်းဆိုတာကတော့ ဘာကြောင့်လုပ်ရသလဲဆိုတာကို နားမလည်ပါဘူး။ ဘယ်လိုလုပ်သလဲဆိုတာတော့ ကောင်းကောင်းနားလည်ပါတယ်။ ဒီစကားက တော်တော် တာသွားပါတယ်။

ဥပမာ သူဌေးက ဒီ လူခေါင်တဲ့ ရပ်ကွက်ထဲမှာ မြေဝယ်ပြီး တိုက်ဆောက်ချင်တယ်။ ဘာကြောင့်လဲဆိုတော့ နောက်၆နှစ်ဆို ဒီပတ်ဝန်းကျင်မှာ ဖြစ်လာမယ့် လူဦးရေသိပ်သည်းဆနဲ့ မြို့ပြပေါက်ကွဲမှုကို ကောင်းကောင်းမြင်နေလို့ပဲ။ အဲ ပရောဂျက် မန်နေဂျာကတော့ ဒါတွေ သူမသိဘူး သူဌေးက ဆောက်ဆို ဆောက်လိုက်တာပဲ ဘယ်လိုပရောဂျက်ဆွဲ ရမလဲ ဆိုတာ ကောင်းကောင်းနားလည်တယ်လေ။

ဒီ အချက်ကိုပဲ လက်တွေ့လုပ်ငန်းခွင်ထဲမှာ ချိန်ထိုးကြည့်နိုင်ပါတယ်။

အင်တာတိန်းမန့် ကုမ္ပဏီတစ်ခုမှာ သူဌေးက စတိတ်စင်မှာပြုလုပ်တဲ့ ပါဖောင်းမန်တွေကို သူ့ရုံးခန်းထဲကတီဗီကနေတဆင့် ကြည့်ချင်လို့ ပြင်ထိန်းလုပ်သားကိုခေါ်ပြီး လုပ်ခိုင်းခဲ့ပါတယ် ပြင်ထိန်းလုပ်သားက ကျွမ်းကျင်စွာပဲ တပ်ဆင်ပေးပြီးတဲ့အခါမှာတော့ သူဌေးကသူ့ကို ဆူပါတော့တယ်။ ရုံးခန်းထဲမှာ တီဗီနဲ့ စပီကာသာ တပ်ဆင်ခဲ့ပြီး အသံအတိုးအကျယ်လုပ်နိုင်တဲ့ အမ်ပလီဖိုင်ယာ အသေးစားလေးကိုတော့ စတိတ်စင်မှာသာ တပ်ဆင်ထားလို့ပါ။ ပြင်ထိန်းကိုမေးတော့ သူက အမ်ပလီဖိုင်ယာကို စတိတ်စင်မှာ တပ်ဆင်တာ ပိုမိုလွယ်ကူလို့လို့ ဖြေပါတယ်။ သူဌေးက သူ့ရုံးခန်းထဲကနေ ရုပ်လည်းကြည့်မယ် အသံလည်းကြားချင်တယ် လိုရင်လိုသလို အတိုးအချဲ့လည်း လုပ်ချင်တယ်။ ဒါကြောင့် တပ်ဆင်ခိုင်းတာဖြစ်ပါတယ်။ ဒါကို မသိတော့ ပြင်ထိန်းက လွယ်သလို လုပ်လိုက်တာဖြစ်ပါတယ်။ သူသာ ဘာကြောင့်တပ်ဆင်တာလဲ သိခဲ့ရင် ပိုကောင်းတဲ့ လုပ်ဆောင်ချက်ကို လုပ်ဆောင်လို့ရတာပေါ့။
ဝန်ထမ်းတစ်ယောက်သာ ဘာကြောင့်လုပ်သလဲ ဆိုတာလည်းသိမယ် ဘယ်လိုလုပ်သလဲဆိုတာလဲ သိမယ်ဆိုရင် သူဟာ သူဌေးထက်တော်သွားပြီ။ ဘာကြောင့်လည်းဆိုရင် သူဌေးက ဘယ်လိုလုပ်သလဲ ဆိုတာ မသိဘူးလေ။ ဒါဆို ကျွန်တော့်မိတ်ဆွေပြောသလို သူဌေးထက်ပိုချမ်းသာရမှာပေါ့ ။ ဟုတ်ပါတယ် ။ ဘာကြောင့်လုပ်ရသလဲရော ဘယ်လိုလုပ်ရသလဲရော သိလို့ကတော့ သူဟာ သူဌေးထက်ပိုတော်လို့ သူဌေးထက်ချမ်းသာရပါမယ်။ အခုချက်ချင်းတော မဟုတ်ဘူးပေါ့ ။ အဲဒီသူဌေး အခု အသက်ဘယ်လောက်လဲ မေးလိုက်ပါ။ အခု ဘယ်လောက်ချမ်းသာလဲ မေးလိုက်ပါ။ အဲ သူ အဲဒီသူဌေးအသက်ရောက်ရင် အဲဒီသူဌေးထက်ချမ်းသာနေလိမ့်မယ်။ သေချာတယ်။
ဒီတော့ အောင်မြင်ဖို့ချမ်းသာဖို့ ခဏထားပါ နေ့စဉ်လုပ်ငန်းခွင်ထဲမှာ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ အလုပ်လုပ်နိုင်အောင်လို့ ဘာပဲလုပ်လုပ် ဘာကြောင့်လုပ်သလဲရော ဘယ်လိုလုပ်သလဲရော သိအောင်ကြိုးစားကြပါ။ တစ်နည်း သူဌေးထက်တော်အောင်ကြိုးစားကြပါ။ ဒါဆို လုပ်ငန်းခွင်ထဲမှာ သူများထက် ထက်မြက်သူတစ်ယောက်အနေနဲ့ တိုးတက်မှုတွေကို ရရှိပြီး သူဌေးလိုအသက်အရွယ်မျိုးရောက်ရင် သူဌေးထက်ချမ်းသာနိုင်မှာ မလွဲပါ။
ကဲ အခုသင့်သူဌေးရဲ့ အသက်နဲ့ ပိုင်ဆိုင်မှုကို ဒိုင်ယာရီထဲမှာ ခပ်ကြီးကြီးလေး ရေးမှတ်လိုက်စမ်းပါ။:)
အခန်း(၆)
ဆက်ပါဦးမည် ။ ကျေးဇူးတင်ပါသည်။

Fwd : လက်ရှိကုမ္ပဏီမှာဘယ်လောက်ကြာအောင်လုပ်မှာလဲ ? ? ? ? ? အခန်း(၄)

            တစ်သက်လုံး သူများ ဝန်ထမ်းလုပ်မှာလား။ တစ်ချိန်ချိန်မှာ ကိုယ်ပိုင်လုပ်ငန်းထူထောင်မှာလား။
သိပ်ကောင်းတဲ့မေးခွန်းပေါ့။ လူတိုင်းကတော့ တစ်ချိန်ချိန်မှာ ကိုယ်ပိုင်လုပ်ငန်းထူထောင်မှာလို့ပဲ ဖြေကြပါလိမ့်မယ်။ ဟုတ်တယ်မဟုတ်လား။ ဒါဆိုရင်တော့ ဒီနေ့ကစပြီး လုပ်ငန်းခွင်ထဲမှာ အလုပ်ရှင်စိတ်ဓါတ်နဲ့သာ လုပ်ဖို့လိုအပ်ပါတယ်။
လောကကြီးမှာ လူတန်းစားနှစ်မျိုးပဲ ရှိပါတယ်။ ခေါင်းဆောင်နဲ့ နောက်လိုက်ပါ။ လုပ်ငန်းခွင်ထဲမှာတော့ အလုပ်ရှင်နဲ့ အလုပ်သမားပေါ့။ တစ်ချိန်ချိန်မှာ ကိုယ်က အလုပ်ရှင် ဖြစ်လာမယ့်သူဆိုရင် အခုကတည်းက အလုပ်ရှင်စိတ်ဓါတ်နဲ့ လုပ်သင့်ပါတယ်။ အလုပ်ရှင်စိတ်ဓါတ်ဆိုတာကတော့ မခိုင်းခင်ကတည်းက ကြိုတင်ပြီး အလုပ်ကို ရှာလုပ်မယ် လုပ်ငန်းခွင်မှာ ငွေအင်အား လူအင်အား အလဟဿ မဖြစ်အောင် ထိန်းသိမ်းမယ် ဒီလုပ်ငန်းဟာ ကိုယ့်ငွေနဲ့ ထူထောင်ထားသလိုသဘောထားပြီး လုပ်မယ် ဆိုတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။
မောင်မောင်က ဒီလိုခံယူထားတယ်တဲ့။ “ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ချင်ရင် နောက်လိုက်ကောင်း တစ်ယောက် ဖြစ်အောင် အရင်လုပ်သင့်တယ်။ လုပ်ငန်းရှင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်လည်း အလုပ်သမားကောင်းတစ်ယောက် ဖြစ်အောင် အရင်ကြိုးစားရမှာပေါ့။ ဝဋ်ဆိုတာလည်တတ်တယ်လေ။ ကိုယ်ကိုယ်တိုင်က ဝန်ထမ်းကောင်းမဖြစ်ရင် ကိုယ်လုပ်ငန်းလုပ်တဲ့ အခါကျရင် ဝန်ထမ်းဆိုးတွေနဲ့ ပြန်တွေ့ရမှာ ကြောက်မိတယ်။ ဒါကြောင့် အလုပ်လုပ်ရင် ဒါသာ ငါ့ ကိုယ်ပိုင်အလုပ်ဆိုရင် ငါ ဘယ်လိုလုပ်မလဲဆိုတဲ့ စိတ်နဲ့ပဲ လုပ်ဖြစ်တယ်”
ဟုတ်ပါတယ်။ အလုပ်ရှင်စိတ်ဓါတ်နဲ့ လုပ်ရင် သေးသေးမွှားမွှား သူများ မမြင်တာ သူများ မတွေးမိတာတွေက အစ ကိုယ်က တွေးမိပါတယ်။ မျက်လုံးထဲမှာ ပေါ်လာပါတယ်။ ပိုကောင်းအောင်လုပ်လို့ရတဲ့ ထောင့်လေးတွေ တွေ့လာရပါတယ်။ ဒါဟာ လုပ်ငန်းခွင်ထဲမှာ လူကြီး ချစ်ဖို့နဲ့ ရာထူးတက်ဖို့ အများကြီး အထောက်ကူပြုတယ်လို့ ပြောရင် ယုံမလား မသိပါဘူး။ ကိုယ်ပိုင် လုပ်ငန်းလုပ်တဲ့အခါကျတော့လည်း အကျင့်ပါပြီးသားဖြစ်သွားတာပေါ့။ အဲ . . . . ကိုယ်ပိုင်လုပ်ငန်း လုပ်ဖို့ အစီအစဉ်မရှိဘူးဆိုရင်တော့လည်း သင့်သဘောပါ။


Fwd : လက်ရှိကုမ္ပဏီမှာဘယ်လောက်ကြာအောင်လုပ်မှာလဲ ? ? ? ? ? အခန်း(၃)

        အလုပ်စဝင်တဲ့နေ့ကတည်းက ဒီနေ့ထိ အပြစ်တင်သံနဲ့ ချီးမွမ်းသံ ဘယ်ဟာကို ပိုများများ ကြားခဲ့ရသလဲ။
ရှင်းပါတယ် အပြစ်တင်သံပဲပေါ့။
အခန်း(၁)မှာ ပြောခဲ့တဲ့မောင်မောင်ဟာ တစ်နေ့မှာ သူ့အတွက် တက်လမ်း တကယ်ရှိတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်ရသွားပါတယ်။ကိုယ့်အတိုင်းအတာနဲ့ ကိုယ် အလုပ်ကို ကြိုးစားပြီးလုပ်ပါတယ်။ အဲဒီအခါမှာ အရင်ဆုံး ကိုယ်ကြိုးစားနေလျက်နဲ့ အထက်လူကြီးရဲ့ အပြစ်တင်ခံရ ဆူပူခံရ ကြိမ်းမောင်းခံရတာမျိုးရှိလာပါတယ်။ စိတ်ညစ်တာပေါ့။ ကိုယ်လည်း အတတ်နိုင်ဆုံး ကြိုးစားနေလျက်နဲ့ အကြောင်းအမျိုးမျိုးကြောင့် အရာမထင် အထမမြောက် ၊အထက်လူကြီးက ကိုယ် ကြိုးစားထားတာကို အသိမှတ်မပြု ရလဒ်ကိုပဲ ဦးစားပေးတယ်။ အဲဒီလို အခါတိုင်းမှာ မိမိစိတ်မှာ စိတ်ညစ်မယ် စိတ်ဖိစီးမယ်ဆိုရင် နှစ်ခါပြန်ရှုံးပါတယ်။
မောင်မောင်ကတော့ “ငါ ဒီအလုပ်ကို သင်ယူနေတယ်” လို့ သဘောထားလိုက်တယ် “အထက်လူကြီးက ငါ့ကို သင်ပေးနေတာပါလား”လို့တွေးလိုက်တယ်။ဒီတော့ စိတ်မဖိစီးတော့ပါဘူး။ မောင်မောင်ဟာ တစ်ခါအဆူခံရတိုင်း တစ်ခါပညာတစ်ခုတိုးတယ်လို့ နှလုံးသွင်းပါတယ်။
မောင်မောင်ကပြောတယ် “သူဌေးကစပြီး အထက်လူကြီး အဆင့်ဆင့်ဟာကျွှန်တော့်ထက် အတွေ့အကြုံ သာတဲ့လူတွေချည်းပါပဲ။ သူတို့စံနှုန်းနဲ့ တိုင်းတာလို့မှ ကျွန်တော် လုပ်တာလွဲနေတယ် မှားနေတယ်ဆိုရင် ပြင်လိုက်ရုံပေါ့။ အဲလိုအခါမျိုးမှာ သူတို့ကို ဆင်ခြေတွေပေးဖို့ စဉ်းစားနေမယ့် ကျွန်တော့်အချိန်တွေကို ကျွန်တော့်ကိုယ်ကျွန်တော် ပြန်သုံးသပ်ဖို့ပဲ အသုံးချလိုက်တော့တယ်။ အဲဒီအခါ ကျွန်တော်ဟာ လုပ်ငန်းခွင်ထဲကနေ လစာရော ပညာပါ တပြိုင်ထဲရနေတဲ့ လူ ဖြစ်သွားရော”
ကဲ သင်ကော . . . အလုပ်ခွင်ထဲမှာ အဆင်မပြေတာတွေကြောင့် စိတ်ညစ်နေတာလား။ သင့်ဘဝမှာ အပြစ်တင်ခံရတိုင်း စိတ်ဆင်းရဲနေမယ်ဆိုရင် အလုပ်လုပ်ချိန်တောင် ရမှာ မဟုတ်ဘူး။ သင်ယူနေတာလို့သာ သဘောထားလိုက်စမ်းပါ။ အားလုံးဟာ ပါးပါးလေးတွေပါ။

Fwd : လက်ရှိကုမ္ပဏီမှာဘယ်လောက်ကြာအောင်လုပ်မှာလဲ ? ? ? ? ? အခန်း(၂)

 “ကြိုးစားမှုနဲ့ ရွေးချယ်မှု”

လှေတစ်စင်းကို မြင်ယောင်လိုက်ပါ။ လှေရဲ့ ဘယ်ဘက်လှေနံမှာ “ကြိုးစားမှု” လို့ ရေးလိုက်ပါ။ လှေရဲ့ ညာဘက်လှေနံမှာတော့ “ရွေးချယ်မှု”လို့ ရေးလိုက်ပါ။

အခန်း(၁)မှာပြောခဲ့သလို လက်ရှိအလုပ်က တက်လမ်းမရှိဘူး ဆိုရင် Change အပြောင်းအလဲကို လုပ်ရဲရမယ်။ တိုးတက်ဖို့ အလားအလာတွေ မရှိတဲ့ နေရာမှာ အချိန်တွေ အကုန်မခံရပါဘူး။ ရိုးသားပြီးကြိုးစားနေရုံမျှဖြင့် မတိုးတက် မအောင်မြင်နိုင်ပါ။ ရွေးချယ်တတ်ဖို့ လည်း လိုပါသေးတယ်။ လှေလှော်သလိုပါပဲ။

ကဲ စလှော်ရအောင်။ အရင်ဆုံး “ကြိုးစားမှု” ဘက်ခြမ်းကိုပဲ တက်နဲ့ခတ်ကြည့်ပါ။ လှေဟာ တည့်တည့် သွားပါသလား။ မသွားပါဘူး။ လှေဟာ ညာဘက်ကိုပါနေပြီး ခတ်လေခတ်လေ ညာကိုဝိုက်ပြီး လည်နေပါလိမ့်မယ်။ ခဏနားပါဦး။ ကဲ အခုတော့ “ရွေးချယ်မှု” ဘက်ကိုခတ်ကြည့်ရအောင်။ ဘယ်လိုလဲ။ ခုနကရဲ့ ဆန့်ကျင်ဘက်ကို လည်နေတယ်မဟုတ်လား။ ဟုတ်ပါတယ်။ လှေလှော်တဲ့အခါ ဘယ်ကိုချည်း ခတ်လို့ မရသလို ညာကိုချည်းခတ်လို့လည်းမရပါဘူး။ ဘယ်နှစ်ချက်ဆို ညာနှစ်ချက် မျှခတ်မှ လှေက ရှေ့တည့်တည့် သွားမှာပါ။

ဒီလိုပါပဲ လုပ်ငန်းခွင်ထဲမှာလည်း “ကြိုးစားမှု”ချည်းပဲရှိလို့မရပြန်ဘူး။ ကိုယ်က အစွမ်းကုန် အရိုးကြေကြေ အရေခမ်းခမ်း ကြိုးစားနေပေမဲ့ ကုမ္ပဏီက ကိုယ့်အတွက် ဘယ်လိုမှ တိုးတက်မှု မရှိနိုင်ဘူးဆိုရင် ကိုယ်လည်း ဘယ်တော့မှ တိုးတက်မှု မရှိနိုင်ပါဘူး။ ဒီကနေ့ သင့်အထင်မှာ မအောင်မြင်ဘူးလို့ ယူဆတဲ့ လူတွေကို လိုက်မေးကြည့်ပါ။ ဥပမာ ဆိုက်ကားနင်းတဲ့ ဦးလေးကြီးတစ်ယောက်ဆိုပါတော့။ (ဆက်ရန်)

Wednesday, July 17, 2013

င်္Fwd : လက်ရှိကုမ္ပဏီမှာ ဘယ်လောက်ကြာအောင်လုပ်မှာလဲ ? ? ? ? ? အခန်း(၁)

            မောင်မောင်ဟာ တိုးတက်လိုတဲ့ လူငယ်ဖြစ်တဲ့အလျောက် မိမိကိုယ်ကမိမိ အမြဲ သုံးသပ်နေတတ်ပါတယ်။ သူ နိုင်ငံခြားဘာသာစကားနဲ့ ကျောင်းပြီးပြီးချင်း ပထမဆုံး ဝင်လုပ်ဖြစ်တဲ့ အလုပ်က စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး ဝန်ထမ်း၁၅ဦး ခန့်သာ ရှိပါတယ်။ ကျောင်းပြီးခါစ လုပ်ငန်းအတွေ့ကြုံက မရှိဆိုတော့ ကန်ဒေါ်လာ ၁ဒေါ်လာကို ကျပ် ၁၃၀၀ခန့် ပေါက်တဲ့ အချိန်မှာ သူက ငါးသောင်းကျပ်နဲ့ အလုပ်စဝင်ခဲ့တာပါ။ သူကျေကျေနပ်နပ်နဲ့ အလုပ်ကို ကြိုးစားလုပ်ခဲ့ပါတယ်။ လုပ်ရတာကတော့ အစုံပါပဲ။ စကားပြန်လည်းလုပ် ကုန်ကြမ်းဝယ်လည်းပါ ထုတ်လုပ်ရေးပိုင်းလည်းဝင် အရောင်းမြှင့်တင်ရေးလည်း မကျန် လုပ်ငန်းအတွေ့ကြုံ၊ ပေါင်းသင်းဆက်ဆံရေး ၊ နယ်ခရီး စတဲ့ အတွေ့ကြုံတွေ အများကြီးရခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နှစ်ပြည့်တဲ့အခါ သူ သုံးသပ်မိတာက သူ့အတွက် တက်လမ်း ရှိမရှိဆိုတာပါပဲ။
သူဌေးက အသက်ကြီးပြီ။ စိတ်ညစ်ရင် အရက်သောက်တတ်တယ်။ ထုတ်ကုန်နဲ့ပတ်သက်တဲ့ R&D မလုပ်နိုင်တော့ဘူး။ ကုန်ကြွေးတွေဝိုင်းနေတယ်။ ရင်းနှီးငွေ ထပ်မထည့်နိုင်တော့ဘူး။
ထုတ်ကုန်က ၄မျိုးတည်းရယ်။ အဲဒီအချိန်မှာ စီပီဆိုတဲ့ ကုမ္ပဏီက မြန်မာပြည်မှာ အရမ်းနာမည်ရနေပြီ။ ဘယ်လိုမှ မယှဉ်နိုင်။
ထုတ်လုပ်မှု မန်နေဂျာနဲ့ အရောင်းမြှင့်တင်ရေး မန်နေဂျာက ဘာမှ သုံးစားမရဘူး။
ဝန်ထမ်းတွေကလည်း အကုန် စိတ်နဲ့ လူနဲ့မကပ်။
သင်သာဆို ဒီကုမ္ပဏီမှာ ဆက်လုပ်မလား။ တက်လမ်းရှိမယ်ထင်သလား။
မောင်မောင်ကတော့ တက်လမ်းလုံးဝမရှိတဲ့ အလုပ်ဆိုပြီး ရဲရဲကြီး ထွက်ခဲ့ပါတော့တယ်။
ရှေ့ဆက်ဖော်ပြမယ့် ပိုစ့်တွေဟာ လုပ်ငန်းခွင်ထဲမှာ လိုက်နာသင့်တဲ့ စိတ်ထားပိုင်းဆိုင်ရာနည်းနာတွေပါ။ သင်ကော သင့်ကုမ္ပဏီကိုပါ အတူတူ တိုးတက်စေမယ့် လက်တွေ့ ကျင့်သုံးရမယ့်နည်းနာတွေပေါ့။ ဒါကြောင့် အဲဒါတွေကို မဖတ်ခင်မှာ ခဏနားပြီး “လက်ရှိကုမ္ပဏီမှာဘယ်လောက်ကြာအောင်လုပ်မှာလဲ” အရင် စဉ်းစားစေချင်တယ်။ ဒီအလုပ်က တက်လမ်းရှိလား။ ငါ့ကို ဘယ်လောက် အတိုင်းအတာထိ တိုးတက်စေမှာလဲ။ Career Propect ကောင်းတဲ့အလုပ် သေချာလား။ သုံးသပ်ပါ။ ဒီအလုပ်ဟာ ကိုယ့်အတွက်အောင်မြင်မှု လမ်းကြောင်းတစ်ခု ဖြစ်တယ်ဆိုတော့မှ ဒီနည်းလမ်းတွေကို လိုက်ကျင့်သုံးကြည့်ပါ။ အဲ့လိုမှ မဟုတ်ရင် အိပ်ပေါက်နဲ့ ဖားကောက်သလိုဖြစ်နေဦးမယ် အခန်း(၂)ကတော့ “ကြိုးစားမှု” နဲ့ “ရွေးချယ်မှု”တဲ့။ အားပေးဦးနော်

ကလေးစကား နားထောင်နည်း....



(၁) စကားဝိုင်းအတွေ့အကြုံလေး ရှိပါစေ

ကျွန်တော်က အမြဲအလုပ်များသူဖြစ်တာကြောင့် အိမ်က ကလေးတွေနဲ့ အတူနေချိန်နည်းခဲ့တယ်။ ဒါကြောင့် ကျွန်တော်ရဲ့ အကောင်းဆုံးနည်းတစ်နည်းက သူတို့အိပ်ရာဝင်ချိန် အဖော်လုပ်ပေးတာပဲဖြစ်တယ်။ ကလေးတွေက အိပ်ချိန်ရောက်ရင် အသိစိတ်တွေလျော့သွားတတ်လို့ ခါတိုင်းမေးလိုက်ရင် ပြောနေကျစကားဖြစ်တဲ့ "မသိဘူး" ၊ "မဟုတ်ဘူး"၊ "ကျွန်တော်မဟုတ်ဘူး" စတဲ့ ငြင်းဆန်စကားတွေ မပြောတာကို တွေ့ရတယ်။ ဒီလိုအချိန်မှာ သူတို့နဲ့ ကြိုက်တာပြောဆိုနိုင်ပါတယ်။ "သာမန်စကားဝိုင်း"အဖြင့်နဲ့ ရောက်ရာပေါက်ရာပြောနိုင်ပါတယ်။ ဒါမှကလေးတွေက ကျွန်တော်တို့နဲ့ စကားပြောရတာကို တဖြေးဖြေး နှစ်သက်လာတတ်တယ်။

ဆန်းစစ်မှုတစ်ရပ်မှာ ကလေးငယ်တွေကို ငယ်စဉ်ကတည်းက အမြဲစကားပြောပေး၊ ပုံပြောပြ၊ အတူဆော့ကစားပေး၊ လက်ပွန်းတတီးနေပေးတာဟာ သူတို့ကိုပိုထက်မြက်ဖို့ ကူညီရာရောက်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကလေးတွေနဲ့ စကားဝိုင်းဖွဲ့ပြီး စကားစမြည်းပြောတိုင်း သူတို့ကို ကျွန်တော်နှိပ်နယ်ပေးတတ်တယ်။ များသောအားဖြင့် သူတို့ရဲ့နားရွက်တွေ၊ နောက်ကျောတွေကို ကုတ်ပေးရင် သူတို့မြန်မြန်အိပ်ပျော်ပါတယ်။ ကြာတော့ ကလေးတွေက ကျွန်တော်တို့နဲ့ စကားပြောတာကို ပျော်ရွှင်နှစ်သက်လာကြတယ်။

ကျွန်တော်ရဲ့အတွေ့အကြုံတစ်ခုမှာ သင်တန်းသားတစ်ဦးက သားဖြစ်သူဟာ သူ့ကိုအိပ်ခန်းထဲပေးမဝင်ဘဲ အမြဲတံခါးပိတ်ထားတတ်ကြောင်း ကျွန်တော့်ကိုပြောပြပါတယ်။ အမေဖြစ်သူက ပစိပစပ်များလွန်းတာကြောင့် သားက သူ့အခန်းထဲ အမေကိုပေးမဝင်ဘဲ တံခါးကို အမြဲကန့်လန့်ထိုးထားတတ်တယ်လို့ ဆိုတယ်။ ဒါကို အမေက သော့ဖျက်ပြီးဝင်ပါတယ်။ သားက အထဲကနေပြီး သော့ထပ်ဆင်ပါတယ်။ ဒါကိုအမေက တံခါးဖျက်ပြီးဝင်ပါတယ်။ စာအုပ်တစ်အုပ်ယူပြီး သားနဲ့အတူဖတ်ပါတယ်။ (၂)ရက်ကြာတော့ သားက မခံမရပ်နိုင်ဖြစ်တော့ အမေက သားနဲ့အတူ စာကြည့်ကူတာပါလို့ဆိုလည်း သားလက်မခံခဲ့ပါဘူး။ ဒါဟာ စာကြည့်ကူတာမဟုတ်ဘဲ သားကိုစောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ မိဘတွေနဲ့ စကားပြောရတာ၊ အတူနေရတာကို ကလေးကျင့်သားမရခဲ့လို့ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ ကျွန်တော်တို့မိဘလုပ်သူတွေက ကလေးတွေကို စိတ်မချတတ်တော့ဘူး။ စိတ်မချတာနဲ့ ဒီကလေး ဘာတွေတွေးနေလဲ? ဘာလုပ်နေလဲ?ဆိုပြီး ကလေးတွေရဲ့ အတွေးကမ္ဘာထဲ ဝင်ကြည့်ချင်ခဲ့ကြတယ်။


(၂) ကလေးတွေပြောတဲ့စကားကို နားထောင်ချိန်မှာ တုန့်ပြန်မှုနှေးပါစေ

မိဘလုပ်တဲ့ကျွန်တော်တို့တတွေက တုန့်ပြန်မှုတွေ မြန်တတ်တယ်။ ဥပမာ--- ကလေးက ကျွန်တော်တို့နဲ့ "မေမေ... ဒီတစ်ခေါက် စာမေးပွဲကို သားကောင်းကောင်းဖြေနိုင်တယ်" ပြောတဲ့အချိန် ကလေးငယ်ရဲ့ ရင်ထဲမှာ ကျွန်တော်တို့ဆီက ချီးကျူးသံကို မျှော်လင့်နေခဲ့တတ်တယ်။ ဒါပေမယ့် မိဘအများစုက "ဒီတစ်ခေါက်ဖြေနိုင်တယ်။ အရင်ခေါက်တွေက ဘာလို့ကောင်းကောင်း မဖြေနိုင်တာလဲ?" လို့ တုန့်ပြန်တတ်ကြတယ်။

နောက်ဥပမာတစ်ခုက ကလေးငယ်တွေ ကျွန်တော်တို့ကိုလိမ်ညာချိန်မှာ သူတို့စိတ်ထဲမှာ ကြောက်လန့်နေတတ်တယ်။

တစ်ခါက သားကိုဒေါကြီးမောကြီးနဲ့ "စားပွဲခုံကို ဘာဖြစ်လို့ ဒီလောက်ညစ်ပတ်အောင် လုပ်ထားသလဲ?" လို့ ကျွန်တော်မေးတော့ သားက အသံတိုးတိုးနဲ့ "သား မသိဘူးဖေဖေ" လို့ ဖြေတယ်။ သားအသံထဲမှာ ကြောက်နေတဲ့အသံ ပါမှန်းသိတော့ ကျွန်တော်က အသံနိမ့်ပြီး နောက်တစ်မျိုးထပ်မေးတယ်။

"ဖေဖေ ဘာမှမလုပ်ဘူးသား... ဖေဖေသိချင်တာလေးတစ်ခုပဲ"

"တကယ်လို့ သားပြောရင် ဖေဖေရိုက်မှာလား?"

သားက ကျွန်တော့်ကိုပြန်မေးပါတယ်။ ဒီလိုအချိန်မှာ ကလေးငယ်တစ်ယောက်ရဲ့စိတ်က နှစ်သိမ့်မှုလိုလာပြီဖြစ်ကြောင်း ကျွန်တော် သတိပြုမိလိုက်တယ်။ ဒီနှစ်သိမ့်မှုက ကျွန်တော်တို့တွေးထင်တာထက် အဆများစွာလိုခဲ့ပါတယ်။


(၃) ကလေးတွေပြောတဲ့စကားကို နားထောင်ချိန်မှာ ကိုယ့်မျက်နှာထားနဲ့ အသံနေအသံထားကို ဂရုပြုပါ

ဒီအတွက် အကောင်းဆုံးနည်းက ကလေးတွေနဲ့ပြောမယ့်စကားကို အသံသွင်းထားလိုက်တာပဲဖြစ်တယ်။

တစ်ခါက အာမခံကုမ္ပဏီမှာ အလုပ်လုပ်တဲ့မိတ်ဆွေနှစ်ဦး ကျွန်တော်ကို လာရှာခဲ့တယ်။ သူတို့က ဧည့်သည်တွေနဲ့ စကားပြောတဲ့အခါ ဘယ်လိုပြောရင် ပိုကောင်းမလဲဆိုတာကို ဆွေးနွေးခဲ့တယ်။ သူတို့ကိုကြည့်ပြီး ကျွန်တော်တို့က ကလေးငယ်ကို သွန်သင်ဆုံးမချိန်မှာ ဘာဖြစ်လို့ ငွေရှာတာလောက် အရေးမထားခဲ့သလဲလို့ တွေးမိတယ်။ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းအတွက် ကလေးငယ်ရင်ထဲ ဘယ်လိုခံစားရမယ်ဆိုတာကို မတွေးခဲ့မိဘူး။ တကယ်လို့ ကလေးတွေကို ငွေရှာသလို အလေးထားခဲ့မယ်ဆိုရင် ကလေးငယ်တိုင်း လိမ္မာထက်မြက်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။

ကလေးတွေက ငယ်ရွယ်ချိန်မှာ ကျွန်တော်တို့ သင်ပြသွန်သင်သလို သူတို့လိုက်နာ နာခံပါတယ်။ ဒါပေမယ့် တဖြေးဖြေး အသက်အရွယ်ကြီးလာတာနဲ့အမျှ သွန်သင်လို့ မကောင်းတော့ပါဘူး။ ဒါကြောင့် ခါတိုင်း ကလေးငယ်တွေနဲ့ စကားပြောချိန်မှာ ကိုယ့်ပြောတဲ့စကားမှာ ဘာအဓိပ္ပာယ်ပါသွားသလဲ? ကိုယ့်မျက်နှာထားက ဘယ်လိုလဲ? ကလေးငယ် ဘယ်လိုခံစားရမလဲ? စတာတွေကို ကျွန်တော်တို့ ဂရုပြုသင့်ပါတယ်။

တစ်ခါတလေ ကျွန်တော်တို့ပြောဆိုတဲ့စကားတွေမှာ ကျွန်တော်တို့ကိုယ်တိုင်မယုံနိုင်တဲ့ အပြောအဆို၊ အသုံးအနှုန်းတွေလည်း ပါလာတတ်ပါတယ်။

တစ်နေ့မှာ ကျွန်တော်အလုပ်ကပြန်လာတော့ သမီးလေးက အတန်းထဲမှာ သူစံပြကျောင်းသူအဖြစ် အရွေးခံရတယ်လို့ဆိုပါတယ်။ အဲဒီအချိန်မှာ ဖုန်းလာတော့ အလုပ်အရမ်း ပင်ပန်းလာတာကြောင့် သမီးလေးကို ကျွန်တော်သွားကိုင်ခိုင်းပါတယ်။ သမီးက မကိုင်ရဲဘူးဆိုတော့ "စံပြကျောင်းသူက ဘာအသုံးကျလို့လဲ? ဖုန်းကိုင်ခိုင်းတာတောင် မကိုင်ရဲဘူး" လို့ ကျွန်တော့်ပါးစပ်က စကားတစ်ခွန်း လွှတ်ခနဲထွက်သွားမိတယ်။

သမီးစိတ်ထိခိုက်သွားတဲ့ပုံကိုတွေ့မှ ကျွန်တော့်စကားမှားသွားမှန်း သတိပြုလိုက်မိတယ်။ သမီးကို တောင်းပန်ပေမယ့် သမီးလက်မခံခဲ့ဘူး။ အိမ်ပေါ်ထပ်ကနေ အောက်ထပ်အထိ ဖေဖေမြင်းလုပ်မယ် သမီးစီးပါဆိုမှ လက်ခံတော့တယ်။

တချို့ကလေးက နားလည်ခွင့်လွှတ်တတ်ပေမယ့် တချို့က ဖြေရှင်းခွင့်မပေးဘဲ မကျေနပ်တာတွေကို ရင်ထဲ စုထားတတ်တယ်။ ဒီလိုကလေးမျိုးဟာ အရွယ်ကြီးလာတာနဲ့ ပုန်ကန်တော်လှန်တတ်တဲ့ကလေးမျိုး ဖြစ်သွားတတ်ပါတယ်။

ကလေးငယ်တွေနဲ့ စကားပြောချိန်မှာ ဂရုတစိုက်ရှိခဲ့ရင် မိဘနဲ့ကလေးကြား ရင်းနှီးဆက်ဆံမှုတွေ ပိုစေတဲ့အပြင် ကလေးတွေရဲ့ စကားအပြောအဆို အရည်အသွေးကိုပါ မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။


(၄) နားထောင်ချိန်မှာ စိတ်ကူးပုံရိပ်တွေ မြင်ယောင်ပါ

ကြည့်ဖူးတဲ့ ရုပ်ရှင်ကားတစ်ကားမှာ ကလေးငယ်တစ်ဦးက ရုပ်ပုံဆွဲတာကို အရမ်းဝါသနာပါခဲ့တယ်။ တစ်ညနေခင်းမှာ ခွေးသုံးကောင်ပုံကိုသူဆွဲပြီး ထမင်းစားချိန်မှာ ဖခင်ဖြစ်သူကိုပြခဲ့တယ်။ ဖခင်က သူဆွဲထားတဲ့ပုံကို ကြည့်ပြီး "ခွေးက အမည်းရောင်ပဲရှိတယ်။ သားရဲ့ခွေးက ဘာဖြစ်လို့ အနီရောင်ဖြစ်နေတာလဲ? အရောင်ကန်း(colour blind) ဖြစ်နေတာလား?" လို့ ပြောတော့ ကလေးငယ်က "ညနေဆည်းဆာနေရောင်ကြောင့် အနီရောင်ဖြစ်သွားတာပါ ဖေဖေ" လို့ပြောပါတယ်။

ဖခင်က "ဒီလိုဆိုရင် ဘာဖြစ်လို့ ခွေးအမြီးမှာ အမည်းရောင်တွေဖြစ်နေပါလား?" လို့ထပ်မေးတော့ ကလေးငယ်က "အဲတာ မစင်တွေလေ ဖေဖေ" လို့ပြောပါတယ်။

ဖခင်က ဒေါသထွက်ပြီး "စာကျတော့ မကြည့်ဘူး။ ဒီပုံတွေဆွဲတာနဲ့ မင်းထမင်းဝရော့လား" လို့ ဆူပါတယ်။

ဒီအချိန်မှာ ဒါရိုက်တာကပြကွက်ကို ကလေးငယ်ဆွဲထားတဲ့ စိတ်ပျက်ခေါင်းငုံ့နေတဲ့ ခွေးပုံဘက်ဦးတည်လိုက်တယ်။ ပြကွက်က ကလေးငယ်ရဲ့ စိတ်ခံစားချက်ကို ဖော်ကျူးနေပါတယ်။

နောက်ဥပမာတစ်ခု ထပ်ပေးရရင် ကျောင်းဆင်းပြန်လာတဲ့ ကလေးငယ်က--

"သားတို့ဆရာမက နည်းနည်းမှ မတရားဘူး။ ကျောင်းသားတစ်ယောက် စကားပြောတာနဲ့ တစ်တန်းလုံးကို မတ်တပ်ရပ်ခိုင်းပြီး အပြစ်ပေးတယ်"လို့ပြောခဲ့ရင် စာသင်ခန်းထဲမှာ ကျောင်းသားတွေအားလုံး မတ်တပ်ရပ်နေတဲ့ ပုံရိပ်ကို စိတ်နဲ့မြင်ယောင်ကြည့်ပါ။ တကယ်လို့ မြင်ယောင်နိုင်ခဲ့ရင်၊ "သားက အမှားမလုပ်ဘဲ နေရင်းထိုင်ရင်း အပြစ်ပေးခံလိုက်ရတာပေါ့" လို့ သင်ပြောနိုင်ခဲ့ရင် ကလေးငယ်ရဲ့စိတ်ထဲမှာ သူအမှားမလုပ်တာကို လူကြီးတွေသိကြောင်း ခံစားမိလိမ့်မယ်။

ကလေးတွေရဲ့ပြောစကားကိုနားထောင်ပြီး လူကြီးတွေစိတ်ကူးပုံဖော် မြင်ယောင်တတ်ဖို့ ကျွန်တော်အားပေးပါတယ်။ အဲဒီအပြင် ကိုယ်ပြောတဲ့စကားကိုလည်း ကလေးငယ်တွေရဲ့ရင်ထဲ အလွယ်တကူဝင်ရောက်နိုင်ဖို့ ရုပ်ပုံတစ်ခုအဖြစ် ဖန်တီးနိုင်ပါစေ။

(၅) ခံစားမှုရှိတဲ့ စကားတွေကို များများအသုံးပြုပေးပါ

ခံစားတာနဲ့ တွေးတောတာက မတူပါဘူး။ ခံစားတာက ရင်ထဲကဖြစ်ပြီး တွေးတောတာက ဦးနှောက်ကဖြစ်ပါတယ်။

"ဒီလိုခံစားချက်က မကောင်းဘူးထင်တယ်" ဆိုတာက တွေးထင်တာဖြစ်ပြီး "ဒီကိစ္စ ဒီလိုဖြစ်သွားတာ ကျွန်တော်အရမ်းခေါင်းခြောက်တယ်" ဆိုတာက ခံစားချက်ဖြစ်တယ်။

တွေးတောတာတွေထဲမှာ ဝေဖန်မှုတွေ အလွယ်တကူပါနိုင်ပါတယ်။
ခံစားချက်မှာတော့ ထိခိုက်မှုမရှိတဲ့အတွင်းစိတ်ထဲက ခံစားနေရတာကို ပြတာဖြစ်တယ်။
ခံစားချက်က တစ်ဦးနဲ့တစ်ဦး ရင်းရင်းနှီးနှီးရှိစေဖို့ အကျိုးရှိတဲ့နည်းဖြစ်တယ်။
ဒါပေမယ့် ယောက်ျားအများစုက ရင်ထဲကခံစားချက်ကို အလွယ်တကူ ထုတ်ဖော်မပြတတ်ကြဘူး။ ကလေးငယ်တွေအတွက် ရင်ထဲကခံစားချက်ကို ထုတ်ဖော်ပြောတတ်ဖို့ ကျွန်တော်တို့ လေ့ကျင့်သင့်ပါတယ်။

အထက်ကနည်းတွေအတိုင်း ကလေးငယ်တွေနဲ့ နေထိုင်၊ ပြောဆိုတဲ့အပြင် ကလေးငယ်တွေတုန့်ပြန်တဲ့ အပြုအမူကနေပြီး သူတို့ရဲ့အတွင်းစိတ်စကားကို ကျွန်တော်တို့တကယ် နားထောင်မိ၊ မမိဆိုတာကို ဂရုပြုနိုင်ပါတယ်။

(၁) မိဘနဲ့ သားသမီးကြားက အပြန်အလှန် ပြောဆိုဆက်ဆံမှုတွေဟာ အမြဲမပြတ်ခဲ့ဘူး။
(၂)သားသမီးတွေရဲ့စကားတွေမှာ "ဟုတ်တယ်..." , "ဒီလိုလေ.." အစရှိတဲ့ မငြင်းဆန်မှုတွေ လျော့နည်းသွားတယ်။
(၃) သာမန်စကားဝိုင်းထဲကနေ နက်နဲမှုတွေကိုရတယ်။
(၄) သားသမီးတွေစိတ်ကို လုံခြုံစိတ်ချမှုတွေ ဖြစ်ပေါ်ခံစားစေတယ်။
(၅) မိဘနဲ့ သားသမီးကြား ချစ်ခင်ရင်းနှီးမှုတွေတိုးစေပြီး မိဘတွေကို ရင်ဖွင့်တိုင်ပင်လာတတ်တယ်။
(၆) သားသမီးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ဉာဏ်တွေ ပိုမိုမြှင့်မားစေတယ်။

အထက်ကရလဒ်တွေရှိရင် ကလေးစကားကို နားထောင်တတ်ခဲ့ပြီလို့ ကျွန်တော်တို့ ယူဆလို့ရပါတယ်။ နားထောင်တတ်အောင် များများလေ့ကျင့်ဖို့ ကျွန်တော်အားပေးချင်ပါတယ်။ သားသမီးနဲ့မိဘကြား ဆက်ဆံရေးက ကိုယ်ပျိုးလိုက်တဲ့မျိုးစေ့ဖြစ်ပြီး သားသမီး ရှင်သန်ကြီးပြင်းရာလမ်းက တုန့်ပြန်မှုတွေဟာ အသီးအပွင့်ပဲဖြစ်ပါတယ်။ သန်မာတဲ့မျိုးစေ့နဲ့ ချိုမြိန်တဲ့အသီးဖြစ်ဖို့ ကလေးစကားကို ကျွန်တော်တို့ နားထောင်တတ်ပါစေ...

မူရင်းလင့် --- http://city.udn.com/58475/2690645

Fwd:  နိုင်းနိုင်းစနေ (Thursday, February 18, 2010)

Fwd : ဆရာဝန်နှင့် ပြသရန် လိုလာသည့် ရောဂါလက္ခဏာများ ?????

ယနေ့ ၂၁ ရာစုတွင် ကမ္ဘာ.ရွာဟု တင်စားရလောက်အောင် နေထိုင်မှုပုံစံစနစ် ပြောင်းလဲခြင်းနှင့်အတူ လူအများသည်လည်း ကျန်းမာရေး လိုက်စားလာကြသည်။ ရောဂါမဟုတ်သော်လည်း ခြောက်လတစ်ကြိမ် စမ်းသပ်စစ်ဆေးကြသည်။ ထိုစမ်းသပ်စစ်ဆေးရာမှ အောက်ပါ လက္ခဏာများကို တွေ့ရှိခဲ့ပါလျှင် ဆရာဝန်နှင့် ပြသရမည်။

ရင်ခေါင်း၊ နှလုံးနှင့် ပတ်သက်၍

ရင်ဘတ်၌ တစ်ခုခုနှင့် ဖိထားသလို ဆုတ်ညှစ်ထားသလို အောင့်ခြင်း (သို့) နာခြင်း၊ ဘယ်ဘက်ပခုံးမေးရိုးနှင့် ဘယ်ဘက်လက် အတွင်းဘက်တစ်လျှောက် အောင့်ခြင်း၊ နာခြင်း၊ ထိုသို့နာခြင်းသည် ကိုယ်လက်လှုပ်ရှားမှု ပြုသောအခါ၊ ထမင်းစားပြီးအခါ ပိုအောင့်ခြင်း၊ လှေကားထစ်အနည်းငယ် မြန်မြန်တက်မိသည်နှင့် တော်တော်လေး မောခြင်း၊ အသက်ရှုမဝဖြစ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းနည်းလုပ်ရုံနှင့် မောလာပြီး အနားယူမှ သက်သာလာခြင်း၊ နှလုံးခုန်ရင်တုန်ခြင်း၊ မကြာခဏဖြစ်ခြင်း၊ နှလုံးခုန်ခြင်းသည် တစ်ခါတစ်ရံ ပုံမှန်မဟုတ်ဘဲ မြန်ခြင်း (သို့) နှေးလွန်းခြင်း။

သွေးတိုးလေဖြတ်ခြင်းနှင့် ပတ်သက်၍

လက်နှင့်ခြေထောက် ရုတ်တရက် ထုံကျဉ်လာပြီး မလှုပ်ရှားချင်ဖြစ်လာခြင်း၊ ရက်အနည်းငယ်ကြာ ခေါင်းဆက်တိုက်ကိုက်ခြင်း၊ အကိုက်အခဲပျောက်ဆေး သောက်လည်း သက်သာမှုမရှိခြင်း၊ ရုတ်တရက်မျက်စိဝါခြင်း၊ ဦးခေါင်းတစ်ဖက်သို့ ရုတ်တရက်အလှည့် ခဏမျှ ချာချာလည်မူးသွားခြင်း၊ စကားပြောလျှင် လျှာလေးခြင်း။

အဆုတ်နှင့် ပတ်သက်၍

ချောင်းနှစ်ပတ်မှ လေးပတ်ကြာ ဆက်တိုက်ဆိုးခြင်း၊ ချောင်းဆိုးရာ၌ သွေးပါသော သလိပ်ထွက်ခြင်း၊ ကြာရှည်စွာ အသံဝင်၊ အသံအက်ခြင်း။

အစာအူလမ်းကြောင်းနှင့် ပတ်သက်၍

ရုတ်တရက် အစာပျက်ခြင်း၊ ယခင်စားသောက်နေကျ အစားအစာမစားတော့ခြင်း၊ အစာမျိုခက်ခဲခြင်း၊ ဝမ်းဗိုက်အပေါ်ပိုင်းအောင့်ပြီး ညဘက်အိပ်ရာမှ နိုးလာခြင်း၊ ဝမ်းဗိုက်အပေါ်ပိုင်းအောင့်နေပြီး အစာစားမှ သက်သာခြင်း၊ ကတ္တရာစေးကဲ့သို့ ဝမ်းလည်းသွားခြင်း၊ ဝမ်းကိုက်ဝမ်းပျက် တစ်လှည့်စီဖြစ်နေခြင်း၊ ဝမ်းမသွားခင် သွေးများစအိုမှ ကျခြင်း၊ ဝမ်းဗိုက် ချက်ပတ်လည်၌ ရစ်ပြီးနာခြင်း၊ ထိုနာကျင်မှုသည် ဝမ်းဗိုက်ညာဘက်ပိုင်းသို့ ရွေ့သွားခြင်း၊ အထိမခံနိုင်အောင် နာခြင်း။

အသည်းနှင့် ပတ်သက်၍

ပုံမှန်အရက်သောက်ရာမှ အရက်အရသာသည် ယခင်ကဲ့သို့ မကောင်းခြင်း၊ အရက်အနည်းငယ်သာ သောက်ရုံဖြင့် ခေါင်းအလွန် ကိုက်လာပြီး ဆက်မသောက်နိုင်အောင် မူးလာခြင်း၊ မသောက်နိုင်ခြင်း၊ ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းတင်းပြီး အောင့်နေခြင်း၊ ကားဆိုင်ကယ်ခုန်လျှင် ထိုနေရာမှ ပိုပြီးအောင့်ခြင်း။

ကျောက်ကပ်ဆီးလမ်းကြောင်း

ဆီးသွားလျှင် နာကျင်ခြင်း၊ ဆီးပူဆီးအောင့်ခြင်း၊ ခါးရိုးဘေးကျောဘက် အောင့်ခြင်း၊ ဆီးဝါခြင်း၊ နည်းခြင်း၊ ဆီးသွားခက်ခဲခြင်း၊ ယခင်လို ဆီးပန်း၍ မထွက်ခြင်း။

ကိုယ်ပိုင်ဇီဝလုပ်ငန်းများ ပျက်စီးမှု

ရက်ပိုင်းလပိုင်းအတွင်း အတော်ပိန်သွားခြင်း (သို့) ဝခြင်း၊ လူနုံးချည့်ပြီး ဆီးမကြာခဏသွားခြင်း၊ ခြေလက်တို့ မကြာခဏနာခြင်း၊ အနာဖြစ်ခြင်း၊ အနာတော်ရုံဖြင့် မပျောက်ခြင်း၊ ခြေဆစ်လက်ဆစ်နာခြင်း၊ အိပ်ရာမှလန့်နိုးပြီး အဆစ်နီရဲ၍ ရောင်ခြင်း၊ အစာစားနိုင်သော်လည်း ကိုယ်အလေးချိန်လျော့ခြင်း၊ နှလုံးခုန်မြန်ခြင်း။

ဦးခေါင်းကျောရိုးအာရုံကြော

လနှင့်ချပြီး ခေါင်းပြင်းထန်စွာ ကိုက်ခြင်း၊ မည်သည့် အကိုက်အခဲဆေးသောက်၍ မသက်သာခြင်း၊ ခေါင်းမူးဝေခြင်း၊ ခေါင်းကိုက်နေသည့် အပြင် ပျို့ခြင်း၊ အန်ခြင်း ခါးနှင့် ခြေထောက်တစ်ဖက်နာခြင်း၊ အလေးအပင်တစ်ခုခုမလိုက်ပြီး ခါးနာခြင်း။

မျက်စိ

ရုတ်တရက် မျက်စိဝေဝါးပြီး မှုန်ခြင်း၊ အာရုံစိုက်ပြီး တစ်နေရာသို့ အကြာကြီးကြည့်၍ မရခြင်း၊ အလင်းထွက်နေရာ (မီးသီးမီးချောင်း) ကြည့်ပါ။ ၎င်းဘေးပတ်လည်၌ အရောင်များ ဖြာထွက်နေခြင်း၊ ခေါင်းကိုက်ပြီး မျက်စိထဲမှ အောင့်နေမှုကြာရှည်ခြင်း။

ဖော်ပြပါ အခြေအနေလက္ခဏာများ ဖြစ်ပေါ်ပါက မိသားစုဆရာဝန်၊ ဆေးရုံ၊ ဆေးခန်းသို့ ပြသပြီး ကုသရန် လိုအပ်ကြောင်း ရေးသားလိုက်ရပါသည်။

ဒေါက်တာလွင်သန့် (ဆေး-၂)
BY FLOWER NEWS JOURNAL

Fwd: "... သူငယ်ချင်း (၈)မျိုး ..."


Photo: "... သူငယ်ချင်း (၈)မျိုး ..." -.-.-.-.-.-.-.-.-.-.-.-.-.-.-.-.- (၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း ----------------------------- သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့ သင့်ကိုအမြဲကူညီအားပေးတယ်။ ဒီလို သူငယ်ချင်းမျိုးကို ဆရာအမျိုးအစားလို့ခေါ်တယ်။ သူတို့က သင့်ရဲ့ဆရာဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။ သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာ သူတို့က သင့်ကို အကြံဉာဏ်တွေပေးနိုင်တယ်။ လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက သင့်စိတ်ကို ထောက်ကူပေးတဲ့သူဖြစ်တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတုယူထိုက်သူလည်းဖြစ်တယ်။ (၂) ဖေးမကူညီတဲ့သူငယ်ချင်း ------------------------------ သင့်ကို ဆုံးမလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကိုချီးမွမ်းစကားပြောတဲ့ သူငယ်ချင်း... ဒီလိုသူငယ်ချင်းမျိုးက "နင့် ငါ့ကိုကူ၊ ငါ နင့်ကိုကူ"ဆိုတဲ့ အချင်းချင်းကူညီအားပေးတဲ့သူဖြစ် တယ်။ ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန်လွန်းတယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲတွေကို ကူညီမျှဝေဖြေရှင်းပေးတယ်။ သင့်ရင်ထဲက ဖိအားကို လျော့ချပေးတယ်။ သူတို့ရဲ့ယုံကြည်မှုက သင့်အတွက် စိတ်ဓာတ်အားဆေးဖြစ်တယ်။ (၃) စိတ်တူကိုယ်တူတဲ့သူငယ်ချင်း ---------------------------------- သင်နဲ့ ဝါသနာတူသူက သင်နဲ့ပေါင်းဖက်ဖို့ အသင့်တော်ဆုံး သူငယ်ချင်းဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးနဲ့ အတူနေချိန် သင့်စိတ်က သူတို့စိတ်နဲ့ အာရုံခံစားမှုချင်းတူတယ်။ ဒါကို "နားလည်မှု"လို့ခေါ်တယ်။ သင့်ပြောတဲ့စကား၊ သင့်တွေးတဲ့အတွေးတွေက သူတို့အတွေးတွေနဲ့ ထပ်တူနီးနီးကျတယ်။ စိတ်ချင်းကူညီအားပေးတဲ့ ခံစားမှုမျိုးကိုရတယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်ကိုယ်သင် အသိအမှတ်ပြုလာအောင် ကူညီပေးသလို သင့်ဝါသနာ၊ သင့်ရည်မှန်းချက်၊ သင့်အကြိုက်တွေကို သူတို့နဲ့အတူ မျှဝေခံစားနိုင်တယ်။ ဒီလို မျှဝေခံစားမှုမျိုးက သင့်စိတ်ကို လုံခြုံစေတယ်။ မိမိကိုယ့်ကို ယုံကြည်မှုရှိစေတယ်။ စိတ်ကူးကို အလွယ်တကူ အကောင်အထည်ပေါ်စေတယ်။ သင့်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းစေပါတယ်။ (၄) တံတားခင်းပေးတဲ့ သူငယ်ချင်း ---------------------------------- ဒီလိုလူမျိုးက ကူညီတဲ့သူငယ်ချင်း အမျိုးအစားဖြစ်တယ်။ သင် အားရကျေနပ် ပျော်ရွှင်ချိန်မှာ သူတို့ရဲ့အရိပ်တွေက သင့်အနားမှာရှိမနေဘူး။ သင့် စိတ်ညစ်အားငယ် ကြေကွဲချိန်ကျမှ သင့်ရှေ့မှောက် ရောက်လာတတ်သူတွေဖြစ်တယ်။ သင်ယုံကြည်စိတ်ချရတဲ့ ကူညီမှုမျိုးကို သူတို့ပေးတယ်။ မျှော်လင့်ချက်နဲ့ အခွင့်အရေးကို သင်ပြန်မြင်ရဖို့ သူတို့စွမ်းဆောင်ပေးတယ်။ စိတ်ဓာတ်တွေ အရောင်တောက်အောင် သူတို့မပြတ်ကူညီပေးတတ်တယ်။ (၅) အားပေးဖော် သူငယ်ချင်း ----------------------------- ဒီလိုလူမျိုးက သင့်ကိုပေါ့ပါးလန်းဆန်းစေတဲ့ သူငယ်ချင်းဖြစ်တယ်။ တချို့သူငယ်ချင်းတွေက သင့်ကိုခင်မင်ရင်းနှီးပြီးတာနဲ့ သင့်ကို တခြားစိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။ သင့်စိတ်တွေ မွန်းကြပ်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ သူတို့က သင့်ရင်ဖွင့်သံကို ပထမဦးဆုံး နားထောင်ပေးသူတွေဖြစ်တယ်။ ဒီလို သူငယ်ချင်းမျိုးက သင့်အတွက် အကောင်းဆုံးနားထောင်သူဖြစ်တယ်။ သင့်စိတ်ကို ဖြေလျော့စေတယ်။ သူတို့နဲ့ပေါင်းသင်းရတာ သင့်ကို ဘာစိတ်ဖိအားမှ မရှိစေတဲ့အပြင် သင့်ရင်ထဲက မွန်းကြပ်နေတဲ့အရာတွေကို ထွက်ပေါက်ပေးစေတယ်။ သင့်ရဲ့ တည်ငြိမ်အေးချမ်းတဲ့စိတ်ကို အသစ်တစ်ဖန် မွေးဖွားစေပါတယ်။ (၆) အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း ----------------------------------------- သင့်ကို ဆန်းသစ်တဲ့အမြင်၊ ဆန်းသစ်တဲ့အခွင့်အရေးတွေကို တွေ့မြင်စေတဲ့သူငယ်ချင်းဖြစ်တယ် ။ ဒီလိုသူငယ်ချင်းမျိုးလည်း ဘဝမှာ မရှိလို့မဖြစ်ပါဘူး။ သူတို့ဟာ သင့်ရဲ့ "ကမ္ဘာ့စာကြည့်တိုက်"ဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်အသိဉာဏ်၊ ဗဟုသုတ၊ ပေါင်းသင်းဆက်ဆံရေးကို ကျယ်ပြန့်စေတယ်။ သင့်ကို မတူတဲ့စိတ်ခံစားမှုမျိုးကို ခံစားစေတယ်။ သင့်ကို မြင့်မြင့်ရပ်၊ ဝေးဝေးလှမ်းကြည့်တတ်ဖို့ သင်ပေးသူတွေဖြစ်တယ်။ (၇) လမ်းပြသူ သူငယ်ချင်း --------------------------- သင့်စိတ်ကူးအတွေးတွေကို သန့်ရှင်းကူညီပေးသူ၊ လမ်းပြအကြံပြုတဲ့ သူငယ်ချင်းမျိုးဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက လမ်းပြမီး အမျိုးအစားဖြစ်တယ်။ လူတိုင်းမှာ လိုအပ်ချက်နဲ့ အကူအညီဆိုတာ လိုအပ်တယ်။ တချို့အခက်အခဲတွေကို သင့်ကိုယ်ပိုင်စွမ်းအားနဲ့ ဖြေရှင်းဖို့မလွယ်ကူတဲ့အခါ ဒီလိုသူငယ်ချင်းမျိုးက သင့်ကို စိတ်ပါလက်ပါကူညီပြီး အသင့်တော်ဆုံး အကြံတွေကိုပေးတယ်။ သင့်စိတ်ရှုပ်ထွေးတဲ့အခါ၊ စိတ်ညစ်တဲ့အခါပဲဖြစ်ဖြစ် သူတို့ကို သင်ရင်ဖွင့်နိုင်တယ်။ သူတို့က ရှုပ်ထွေးနေတဲ့ သင့်စိတ်ကို ကူညီသန့်ရှင်းပေးပြီး ကြည်လင်တဲ့ဖက်ကို လမ်းညွှန်ပေးတယ်။ (၈) သင့်ကိုအဖော်ပြုတဲ့ သူငယ်ချင်း ------------------------------------ ကောင်းတဲ့သတင်းပဲဖြစ်ဖြစ်၊ ဆိုးတဲ့သတင်းပဲဖြစ်ဖြစ် သူတို့ကိုအရင် သင်ပြောပြတယ်။ သူတို့ဟာ သင်နဲ့ အမြဲအတူရှိနေတယ်။ ဒီလိုသူငယ်ချင်းမျိုးက ပင်လယ်ထက်ကျယ်တဲ့ ရင်ခွင်ရှိတယ်။ တောင်တန်းတွေလို မြင့်မားတဲ့ စိတ်သဘောထားရှိတယ်။ သူတို့ကို သင်ဘယ်အချိန်သွားရှာခဲ့ရှာခဲ့ သူတို့က သင့်ကိုနွေးနွေးထွေးထွေး ကြိုဆိုတယ်။ သူတို့က သင့်အတွက် စိတ်ပြည့်ဝ၊ တည်ငြိမ်စေတဲ့ သူငယ်ချင်းဖြစ်တယ်။ တစ်ခါတလေ ပြောစရာ စကားများများစားစား မရှိချင်နေ သင့်အနားမှာ သူတို့ရှိတယ်ဆိုရင်ပဲ သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။ သူငယ်ချင်းတွေနဲ့ အမြဲမဆက်သွယ်တိုင်း၊ အမြဲမတွေ့ဆုံမိတိုင်း မေ့သွားပြီလို့ မဆိုနိုင်ပါဘူး။ သူငယ်ချင်းဆိုတာ ဟောင်းနွမ်းသွားလို့ရပေမယ့် ခင်မင်ရင်းနှီးမှုက ယုတ်လျော့သွားလို့ မရဘူး။ သင့်ဘဝတစ်သက်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းကောင်း ဘယ်နှယောက်ရှိနိုင်မလဲ? တကယ်လို့ အထက်က သူငယ်ချင်းမျိုးနဲ့ သင်ကြုံဆုံလာတဲ့အခါ သူတို့ကို တန်ဖိုးထားမြတ်နိုးလိုက်ပါ။ Credit - True War မှ ကူးယူဖော်ပြပေးပါသည် .. - Ko Ko Waizayantar
(၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း
-----------------------------

သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့ သင့်ကိုအမြဲကူညီအားပေးတယ်။ ဒီလို သူငယ်ချင်းမျိုးကို ဆရာအမျိုးအစားလို့ခေါ်တယ်။ သူတို့က သင့်ရဲ့ဆရာဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။ သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာ သူတို့က သင့်ကို အကြံဉာဏ်တွေပေးနိုင်တယ်။ လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက သင့်စိတ်ကို ထောက်ကူပေးတဲ့သူဖြစ်တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတုယူထိုက်သူလည်းဖြစ်တယ်။


(၂) ဖေးမကူညီတဲ့သူငယ်ချင်း
------------------------------

သင့်ကို ဆုံးမလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကိုချီးမွမ်းစကားပြောတဲ့ သူငယ်ချင်း... ဒီလိုသူငယ်ချင်းမျိုးက "နင့် ငါ့ကိုကူ၊ ငါ နင့်ကိုကူ"ဆိုတဲ့ အချင်းချင်းကူညီအားပေးတဲ့သူဖြစ် တယ်။ ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန်လွန်းတယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲတွေကို ကူညီမျှဝေဖြေရှင်းပေးတယ်။ သင့်ရင်ထဲက ဖိအားကို လျော့ချပေးတယ်။ သူတို့ရဲ့ယုံကြည်မှုက သင့်အတွက် စိတ်ဓာတ်အားဆေးဖြစ်တယ်။


(၃) စိတ်တူကိုယ်တူတဲ့သူငယ်ချင်း
----------------------------------

သင်နဲ့ ဝါသနာတူသူက သင်နဲ့ပေါင်းဖက်ဖို့ အသင့်တော်ဆုံး သူငယ်ချင်းဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးနဲ့ အတူနေချိန် သင့်စိတ်က သူတို့စိတ်နဲ့ အာရုံခံစားမှုချင်းတူတယ်။ ဒါကို "နားလည်မှု"လို့ခေါ်တယ်။ သင့်ပြောတဲ့စကား၊ သင့်တွေးတဲ့အတွေးတွေက သူတို့အတွေးတွေနဲ့ ထပ်တူနီးနီးကျတယ်။ စိတ်ချင်းကူညီအားပေးတဲ့ ခံစားမှုမျိုးကိုရတယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်ကိုယ်သင် အသိအမှတ်ပြုလာအောင် ကူညီပေးသလို သင့်ဝါသနာ၊ သင့်ရည်မှန်းချက်၊ သင့်အကြိုက်တွေကို သူတို့နဲ့အတူ မျှဝေခံစားနိုင်တယ်။ ဒီလို မျှဝေခံစားမှုမျိုးက သင့်စိတ်ကို လုံခြုံစေတယ်။ မိမိကိုယ့်ကို ယုံကြည်မှုရှိစေတယ်။ စိတ်ကူးကို အလွယ်တကူ အကောင်အထည်ပေါ်စေတယ်။ သင့်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းစေပါတယ်။


(၄) တံတားခင်းပေးတဲ့ သူငယ်ချင်း
----------------------------------

ဒီလိုလူမျိုးက ကူညီတဲ့သူငယ်ချင်း အမျိုးအစားဖြစ်တယ်။ သင် အားရကျေနပ် ပျော်ရွှင်ချိန်မှာ သူတို့ရဲ့အရိပ်တွေက သင့်အနားမှာရှိမနေဘူး။ သင့် စိတ်ညစ်အားငယ် ကြေကွဲချိန်ကျမှ သင့်ရှေ့မှောက် ရောက်လာတတ်သူတွေဖြစ်တယ်။ သင်ယုံကြည်စိတ်ချရတဲ့ ကူညီမှုမျိုးကို သူတို့ပေးတယ်။ မျှော်လင့်ချက်နဲ့ အခွင့်အရေးကို သင်ပြန်မြင်ရဖို့ သူတို့စွမ်းဆောင်ပေးတယ်။ စိတ်ဓာတ်တွေ အရောင်တောက်အောင် သူတို့မပြတ်ကူညီပေးတတ်တယ်။


(၅) အားပေးဖော် သူငယ်ချင်း
-----------------------------

ဒီလိုလူမျိုးက သင့်ကိုပေါ့ပါးလန်းဆန်းစေတဲ့ သူငယ်ချင်းဖြစ်တယ်။ တချို့သူငယ်ချင်းတွေက သင့်ကိုခင်မင်ရင်းနှီးပြီးတာနဲ့ သင့်ကို တခြားစိတ်တူကိုယ်တူ
သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။ သင့်စိတ်တွေ မွန်းကြပ်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ သူတို့က သင့်ရင်ဖွင့်သံကို ပထမဦးဆုံး နားထောင်ပေးသူတွေဖြစ်တယ်။ ဒီလို သူငယ်ချင်းမျိုးက သင့်အတွက် အကောင်းဆုံးနားထောင်သူဖြစ်တယ်။ သင့်စိတ်ကို ဖြေလျော့စေတယ်။ သူတို့နဲ့ပေါင်းသင်းရတာ သင့်ကို ဘာစိတ်ဖိအားမှ မရှိစေတဲ့အပြင် သင့်ရင်ထဲက မွန်းကြပ်နေတဲ့အရာတွေကို ထွက်ပေါက်ပေးစေတယ်။ သင့်ရဲ့ တည်ငြိမ်အေးချမ်းတဲ့စိတ်ကို အသစ်တစ်ဖန် မွေးဖွားစေပါတယ်။


(၆) အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း
-----------------------------------------

သင့်ကို ဆန်းသစ်တဲ့အမြင်၊ ဆန်းသစ်တဲ့အခွင့်အရေးတွေကို တွေ့မြင်စေတဲ့သူငယ်ချင်းဖြစ်တယ်
။ ဒီလိုသူငယ်ချင်းမျိုးလည်း ဘဝမှာ မရှိလို့မဖြစ်ပါဘူး။ သူတို့ဟာ သင့်ရဲ့ "ကမ္ဘာ့စာကြည့်တိုက်"ဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်အသိဉာဏ်၊ ဗဟုသုတ၊ ပေါင်းသင်းဆက်ဆံရေးကို ကျယ်ပြန့်စေတယ်။ သင့်ကို မတူတဲ့စိတ်ခံစားမှုမျိုးကို ခံစားစေတယ်။ သင့်ကို မြင့်မြင့်ရပ်၊ ဝေးဝေးလှမ်းကြည့်တတ်ဖို့ သင်ပေးသူတွေဖြစ်တယ်။


(၇) လမ်းပြသူ သူငယ်ချင်း
---------------------------

သင့်စိတ်ကူးအတွေးတွေကို သန့်ရှင်းကူညီပေးသူ၊ လမ်းပြအကြံပြုတဲ့ သူငယ်ချင်းမျိုးဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက လမ်းပြမီး အမျိုးအစားဖြစ်တယ်။ လူတိုင်းမှာ လိုအပ်ချက်နဲ့ အကူအညီဆိုတာ လိုအပ်တယ်။ တချို့အခက်အခဲတွေကို သင့်ကိုယ်ပိုင်စွမ်းအားနဲ့ ဖြေရှင်းဖို့မလွယ်ကူတဲ့အခါ ဒီလိုသူငယ်ချင်းမျိုးက သင့်ကို စိတ်ပါလက်ပါကူညီပြီး အသင့်တော်ဆုံး အကြံတွေကိုပေးတယ်။ သင့်စိတ်ရှုပ်ထွေးတဲ့အခါ၊ စိတ်ညစ်တဲ့အခါပဲဖြစ်ဖြစ် သူတို့ကို သင်ရင်ဖွင့်နိုင်တယ်။ သူတို့က ရှုပ်ထွေးနေတဲ့ သင့်စိတ်ကို ကူညီသန့်ရှင်းပေးပြီး ကြည်လင်တဲ့ဖက်ကို လမ်းညွှန်ပေးတယ်။


(၈) သင့်ကိုအဖော်ပြုတဲ့ သူငယ်ချင်း
------------------------------------

ကောင်းတဲ့သတင်းပဲဖြစ်ဖြစ်၊ ဆိုးတဲ့သတင်းပဲဖြစ်ဖြစ် သူတို့ကိုအရင် သင်ပြောပြတယ်။ သူတို့ဟာ သင်နဲ့ အမြဲအတူရှိနေတယ်။ ဒီလိုသူငယ်ချင်းမျိုးက ပင်လယ်ထက်ကျယ်တဲ့ ရင်ခွင်ရှိတယ်။ တောင်တန်းတွေလို မြင့်မားတဲ့ စိတ်သဘောထားရှိတယ်။ သူတို့ကို သင်ဘယ်အချိန်သွားရှာခဲ့ရှာခဲ့ သူတို့က သင့်ကိုနွေးနွေးထွေးထွေး ကြိုဆိုတယ်။ သူတို့က သင့်အတွက် စိတ်ပြည့်ဝ၊ တည်ငြိမ်စေတဲ့ သူငယ်ချင်းဖြစ်တယ်။ တစ်ခါတလေ ပြောစရာ စကားများများစားစား မရှိချင်နေ သင့်အနားမှာ သူတို့ရှိတယ်ဆိုရင်ပဲ သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။

သူငယ်ချင်းတွေနဲ့ အမြဲမဆက်သွယ်တိုင်း၊ အမြဲမတွေ့ဆုံမိတိုင်း မေ့သွားပြီလို့ မဆိုနိုင်ပါဘူး။ သူငယ်ချင်းဆိုတာ ဟောင်းနွမ်းသွားလို့ရပေမယ့် ခင်မင်ရင်းနှီးမှုက ယုတ်လျော့သွားလို့ မရဘူး။ သင့်ဘဝတစ်သက်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းကောင်း ဘယ်နှယောက်ရှိနိုင်မလဲ? တကယ်လို့ အထက်က သူငယ်ချင်းမျိုးနဲ့ သင်ကြုံဆုံလာတဲ့အခါ သူတို့ကို တန်ဖိုးထားမြတ်နိုးလိုက်ပါ။
Credit - True War မှ ကူးယူဖော်ပြပေးပါသည် ..

Fwd : မြန်မာပြည်မှမြန်မာလူမျိုးဖေ့ဘုတ်မှတဆင့်တင်ပြသည်။

Thursday, July 11, 2013

လင်ကွန်းဧ။် ' မ ' ဆယ်လုံး ....

၁။ ချွေတာစုဆောင်းခြင်းကို အားမပေးပဲ မချမ်းသာနိုင်ပါ ။

၂။ အားကြီးသူတွေကို အစိတ်စိတ် ခွဲခြင်းဖြင့် အားငယ်သူများကို မကူညီနိုင်ပါ ။

၃။ အားကြီးသူကို အားပျော့အောင်လုပ်ခြင်းဖြင့် အားနည်းသူကို အားပြည့်လာအောင် မလုပ်နိုင်ပါ ။

၎။ လစာပေးနေသူတွေကို နှိမ်ချခြင်းဖြင့် လစာ ရသူတွေကိုဧ။် လစာကို တိုးမြင့်မပေးနိုင်ပါ ။

၅။ ချမ်းသာသူတွေကို ပျက်စီးစေခြင်းဖြင့် ဆင်းရဲသားများကို မကူညီနိုင်ပါ ။

၆။ ၀င်ငွေထက် ပိုသုံးခြင်းဖြင့် ဒုက္ခမှ မလွတ်မြောက်နိုင်ပါ ။

၇။ ချေးငှားထားသော ငွေဖြင့်လုံခြုံမှု မရရှိနိုင်ပါ ။

၉။ လူသားဧ။် လုပ်ကိုင်လိုစိတ်၊ လွတ်လွတ်လပ်လပ် လုပ်ကိုင်လိုစိတ်ကို ဖယ်ရှားခြင်းဖြင့် သတ္တိနှင့် ကိုယ်ကျင့် စာရိတ္တကို
မတည်ဆောက်နိုင်ပါ ။

၉။ လူတို.အနေဖြင့် သူတို.ကိုယ်တိုင်လုပ်နိုင်သော ကိစ္စ၊ သူတို.အတွက် သူတို.ကိုယ်တိုင် လုပ်သင့်သော ကိစ္စများကို
လုပ်ပေးနေခြင်းအားဖြင့် သင်သည် လူများအား ထာဝရ မကူညီနိုင်ပါ ။

၁၀။ လူတန်းစားမုန်းတီးမှု အုံကြွအောင်လုပ်ခြင်းဖြင့် ညီရင်းအစ်ကို စိတ်ဓါတ်မျိုး တိုးတက်မလာနိုင်ပါ ။

Fwd : ရွှေအိမ်စည်

ဘဝမှာအောင်မြင်ကြီးပွားချင်ရင် မိတ်ဆွေကောင်းကိုရှာပါ .....

ဘဝမှာအောင်မြင်ကြီးပွားချင်ရင် မိတ်ဆွေကောင်းကိုရှာပါ။


ကျွန်တော်တို့ ဘဝတစ်လျှောက်မှာ မိတ်ဆွေအပေါင်းအသင်းများစွာကို တွေ့ခဲ့၊ ကြုံခဲ့၊ ခင်မင်ရင်းနှီးခဲ့ကြတယ်။ အဲဒီအထဲမှာ မိတ်ဆွေစစ်တွေလည်း ပါချင်ပါမယ်။ မိတ်ဆွေတုတွေလည်း ပါချင်ပါမယ်။

ဒါပေမဲ့ လူငယ်ဘဝမှာ သူငယ်ချင်းမိတ်ဆွေတွေက လွှမ်းမိုးထားတတ်ကြပါတယ်။ ငယ်ရွယ်သူ လူငယ်တွေအတွက်ဆို အပေါင်းအသင်းက ပိုပြီးတော့တောင်မှ အရေးကြီးပါတယ်။ အပေါင်းသင်းကောင်းနဲ့ တွေ့မှာသာ ကောင်းမွန်တိုးတက်နိုင်မှာပါ။

ဥပမာပြောရရင် ကိုယ်ပေါင်းတဲ့ အပေါင်းအသင်းက “ဆေးလိပ်သောက်တာ မကောင်းဘူးကွ”ဆိုရင် ကိုယ့်အနေနဲ့ ဆေးလိပ်ကိုင်ဖို့ အလွန်ပဲခက်ခဲတတ်သလို၊ အပေါင်းအသင်းက “ဆေးလိပ်သောက်တာ ကောင်းလိုက်တာ” လို့ ညွှန်းနေရင်တော့ ကိုယ်တိုင်အတူတူပဲ ဆေးလိပ်သောက်ဖို့အတွက် အဖော်ဖြစ်သွားတတ်ပါတယ်။

အပေါင်းအသင်းဆိုတာက လူတစ်ယောက်အတွက် ကောင်းတာတွေကို ဖြစ်စေသလို၊ မကောင်တာတွေကိုလည်း ဖြစ်စေပါတယ်။ “အပေါင်းအသင်းကြောင့် ဂုဏ်တက်၊ အပေါင်းအသင်းကြောင့် ဂုဏ်ပျက်” ဆိုတဲ့စကားလိုပါပဲ အပေါင်းအသင်းဟာ ဘ၀မှာ အလွန်အရေးကြီးပါတယ်။

တစ်ခါတလေ အကျင့်မကောင်းတဲ့ သူငယ်ချင်းနဲ့ ပေါင်းသင်းမိတဲ့အခါ ကိုယ်ဟာလဲ သူ့အကျင့်တွေထဲမှာ ပါသွားတတ်ကြတယ်။ “ပါပသ္မိံရမတိမနော၊ စိတ်ဟာမကောင်းမှုမှာ မွေ့လျော်တယ်” လို့ မြတ်ဗုဒ္ဓက ဆိုထားတာမို့ မကောင်းတာမှာ ပျော်ပါးတတ်တဲ့စိတ်က မကောင်းတဲ့သူနဲ့ပေါင်းပြီး မကောင်းတာလုပ်ဖို့ ဝန်လေးနေမှာမဟုတ်တာ အသေအချာပါ။

တချို့အပေါင်းသင်းတွေကြတော့ ကိုယ်ကအစစအရာရာ စေတနာတွေနဲ့ သူ့အပေါ်ကို မိတ်ဆွေစစ်လိုကောင်းပေမယ့် ကိုယ့်ကိုယ်ပြန်ပြီး မကောင်းကြံ၊ စေတနာမှန်ကို စော်ကားသွားကြသူတွေလည်း ဒုနဲ့ဒေးပါပဲ။ သူတို့နဲ့ ပေါင်းသင်းနေမယ်ဆိုရင် နာမည်ပျက်ရတာတွေ၊ လူအထင်သေးခံရတာတွေ၊ မတူမတန်ဆက်ဆံခံရတာတွေ အများကြီးတွေ့နေရမှာ မလွဲပါဘူး။

ဒါ့အပြင် အပေါင်းသင်းမကောင်းလို့ စည်းစိမ်တွေပျက်ဖို့ကလည်း တကယ့်အလွယ်လေးပါပဲ။ တချို့ဆိုရင် ဘဝတွေတောင်မှ ပျက်ခဲ့ကြတာ ရှိခဲ့တယ်ဆိုတော့ အပေါင်းအသင်းဟာ ဘဝမှာ ပေါင်းသင်းဆက်ဆံတတ်ဖို့ရာ အထူးလိုအပ်လှပါတယ်။

ဒါကြောင့်လည်း အပေါင်းအသင်းကောင်းကို လူတိုင်းကလိုချင်ကြပြီး ရှာဖွေတတ်ကြတယ်။ တွေ့ဖို့ကတော့ အလွန်ပဲခက်ပါတယ်။ အပေါင်းအသင်းကောင်း ရဖို့အတွက် ဘာတွေလိုအပ်လဲလို့ တချို့ကလည်း မေးကြတယ်။ ကျွန်တော့်အမြင်ကတော့ “အပေါင်းသင်းကောင်းကို လိုချင်တဲ့လူဟာ ကိုယ်ကိုတိုင်က အပေါင်းအသင်းကောင်းဖြစ်မှသာ တွေ့ရမှာပါ” လို့ ပြောပါရစေ။

ပေါင်းသင်းရမဲ့ အပေါင်းအသင်းမိတ်ဆွေတွေကို ရှာဖွေဖို့အတွက် ဒီနေရမှာ မပေါင်းသင်းအပ်တဲ့ မိတ်ဆွေလေးမျိုးကိုဖေါ်ပြလိုက်ပါတယ်။

၁။ ယူသာယူတတ်သောမိတ်ဆွေ။
၂။ နှုတ်မျှ ဖြင့်သာလျှင် ပေးတတ်သောမိတ်ဆွေ။
၃။ အကြိုက်ကိုလိုက်၍ ပြောဆိုတတ်သောမိတ်ဆွေ၊
၎။ ပျက်စီးကြောင်း၌ အပေါင်းအဖော်ဖြစ်သောမိတ်ဆွေ။
(ဒီဃနိကာယ်၊ ပါထိကဝဂ်ပါဠိတော်၊ သိင်္ဂါလသုတ်)

ဒီမပေါင်းသင်းအပ်တဲ့ မိတ်ဆွေတွေကို ပေါင်းသင်းနေသမျှ ဘယ်တော့မှာ အောင်မြင်ကြီးပွား လိမ့်မည်မဟုတ်ပါ။ ကြီးပွားနေကြတယ်ဆိုရင်လည်း ခဏတာပဲဖြစ်မှာပါ။ ဒီလိုလူမျိုးတွေနဲ့ မပေါင်းသင်းရခြင်းကလည်း မင်္ဂလာတစ်ပါးပဲ မဟုတ်ပါလား။

ကျွန်တော့်သူငယ်ချင်းတွေလည်း ဘဝမှာအောင်မြင်ကြီးပွားချင်တယ်ဆိုရင် မပေါင်းသင့်တဲ့ မိတ်ဆွေတုတွေကို ရှောင်ရှားကြဖို့ လိုအပ်သလို အပေါင်အသင်းကောင်းတွေနဲ့ တွေဆုံဖို့လည်း အလွန်လိုအပ်လှတာမို့ မိတ်ကောင်းဆွေကောင်းတွေနဲ့ တွေ့နိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

ဘဝနဲ့ဆန္ဒ တစ်သားတည်းကျပါစေ….
Fwd : လင်းမြတ်(ပန်းတောင်း)
Related Posts Plugin for WordPress, Blogger...