Thursday, July 18, 2013

Fwd : လက်ရှိကုမ္ပဏီမှာဘယ်လောက်ကြာအောင်လုပ်မှာလဲ ? ? ? ? ? အခန်း(၂)

 “ကြိုးစားမှုနဲ့ ရွေးချယ်မှု”

လှေတစ်စင်းကို မြင်ယောင်လိုက်ပါ။ လှေရဲ့ ဘယ်ဘက်လှေနံမှာ “ကြိုးစားမှု” လို့ ရေးလိုက်ပါ။ လှေရဲ့ ညာဘက်လှေနံမှာတော့ “ရွေးချယ်မှု”လို့ ရေးလိုက်ပါ။

အခန်း(၁)မှာပြောခဲ့သလို လက်ရှိအလုပ်က တက်လမ်းမရှိဘူး ဆိုရင် Change အပြောင်းအလဲကို လုပ်ရဲရမယ်။ တိုးတက်ဖို့ အလားအလာတွေ မရှိတဲ့ နေရာမှာ အချိန်တွေ အကုန်မခံရပါဘူး။ ရိုးသားပြီးကြိုးစားနေရုံမျှဖြင့် မတိုးတက် မအောင်မြင်နိုင်ပါ။ ရွေးချယ်တတ်ဖို့ လည်း လိုပါသေးတယ်။ လှေလှော်သလိုပါပဲ။

ကဲ စလှော်ရအောင်။ အရင်ဆုံး “ကြိုးစားမှု” ဘက်ခြမ်းကိုပဲ တက်နဲ့ခတ်ကြည့်ပါ။ လှေဟာ တည့်တည့် သွားပါသလား။ မသွားပါဘူး။ လှေဟာ ညာဘက်ကိုပါနေပြီး ခတ်လေခတ်လေ ညာကိုဝိုက်ပြီး လည်နေပါလိမ့်မယ်။ ခဏနားပါဦး။ ကဲ အခုတော့ “ရွေးချယ်မှု” ဘက်ကိုခတ်ကြည့်ရအောင်။ ဘယ်လိုလဲ။ ခုနကရဲ့ ဆန့်ကျင်ဘက်ကို လည်နေတယ်မဟုတ်လား။ ဟုတ်ပါတယ်။ လှေလှော်တဲ့အခါ ဘယ်ကိုချည်း ခတ်လို့ မရသလို ညာကိုချည်းခတ်လို့လည်းမရပါဘူး။ ဘယ်နှစ်ချက်ဆို ညာနှစ်ချက် မျှခတ်မှ လှေက ရှေ့တည့်တည့် သွားမှာပါ။

ဒီလိုပါပဲ လုပ်ငန်းခွင်ထဲမှာလည်း “ကြိုးစားမှု”ချည်းပဲရှိလို့မရပြန်ဘူး။ ကိုယ်က အစွမ်းကုန် အရိုးကြေကြေ အရေခမ်းခမ်း ကြိုးစားနေပေမဲ့ ကုမ္ပဏီက ကိုယ့်အတွက် ဘယ်လိုမှ တိုးတက်မှု မရှိနိုင်ဘူးဆိုရင် ကိုယ်လည်း ဘယ်တော့မှ တိုးတက်မှု မရှိနိုင်ပါဘူး။ ဒီကနေ့ သင့်အထင်မှာ မအောင်မြင်ဘူးလို့ ယူဆတဲ့ လူတွေကို လိုက်မေးကြည့်ပါ။ ဥပမာ ဆိုက်ကားနင်းတဲ့ ဦးလေးကြီးတစ်ယောက်ဆိုပါတော့။ (ဆက်ရန်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...