Thursday, July 18, 2013

င်္Fwd : လက်ရှိကုမ္ပဏီမှာဘယ်လောက်ကြာအောင်လုပ်မှာလဲ ? ? ? ? ? အခန်း(၅)

သူဌေးထက်တော်သော ဝန်ထမ်းများ......

ဒါနည်းနည်း ဆန်းသွားပြီ။ ဒီခေါင်းစဉ်ကို ကျွန်တော်ရွတ်တော့ မိတ်ဆွေတစ်ယောက်က ပြောတယ်။ ဟ သူဌေးထက်တော်မှတော့ သူဌေးထက်ချမ်းသာနေမှာပေါ့တဲ့။ ကျွန်တော်က ပြန်နောက်လိုက်တယ် သူဌေးထက်ချမ်းသာတာ သူဌေးကတော်ပေါ့လို့။
မှန်က ဒီလိုရှိပါတယ်။
သူဌေးတွေက ဘယ်လိုလုပ်သလဲဆိုတာကိုနားမလည်ဘူး ဘာကြောင့်လုပ်ရသလဲဆိုတာပဲ နားလည်ပါတယ်။ ဝန်ထမ်းဆိုတာကတော့ ဘာကြောင့်လုပ်ရသလဲဆိုတာကို နားမလည်ပါဘူး။ ဘယ်လိုလုပ်သလဲဆိုတာတော့ ကောင်းကောင်းနားလည်ပါတယ်။ ဒီစကားက တော်တော် တာသွားပါတယ်။

ဥပမာ သူဌေးက ဒီ လူခေါင်တဲ့ ရပ်ကွက်ထဲမှာ မြေဝယ်ပြီး တိုက်ဆောက်ချင်တယ်။ ဘာကြောင့်လဲဆိုတော့ နောက်၆နှစ်ဆို ဒီပတ်ဝန်းကျင်မှာ ဖြစ်လာမယ့် လူဦးရေသိပ်သည်းဆနဲ့ မြို့ပြပေါက်ကွဲမှုကို ကောင်းကောင်းမြင်နေလို့ပဲ။ အဲ ပရောဂျက် မန်နေဂျာကတော့ ဒါတွေ သူမသိဘူး သူဌေးက ဆောက်ဆို ဆောက်လိုက်တာပဲ ဘယ်လိုပရောဂျက်ဆွဲ ရမလဲ ဆိုတာ ကောင်းကောင်းနားလည်တယ်လေ။

ဒီ အချက်ကိုပဲ လက်တွေ့လုပ်ငန်းခွင်ထဲမှာ ချိန်ထိုးကြည့်နိုင်ပါတယ်။

အင်တာတိန်းမန့် ကုမ္ပဏီတစ်ခုမှာ သူဌေးက စတိတ်စင်မှာပြုလုပ်တဲ့ ပါဖောင်းမန်တွေကို သူ့ရုံးခန်းထဲကတီဗီကနေတဆင့် ကြည့်ချင်လို့ ပြင်ထိန်းလုပ်သားကိုခေါ်ပြီး လုပ်ခိုင်းခဲ့ပါတယ် ပြင်ထိန်းလုပ်သားက ကျွမ်းကျင်စွာပဲ တပ်ဆင်ပေးပြီးတဲ့အခါမှာတော့ သူဌေးကသူ့ကို ဆူပါတော့တယ်။ ရုံးခန်းထဲမှာ တီဗီနဲ့ စပီကာသာ တပ်ဆင်ခဲ့ပြီး အသံအတိုးအကျယ်လုပ်နိုင်တဲ့ အမ်ပလီဖိုင်ယာ အသေးစားလေးကိုတော့ စတိတ်စင်မှာသာ တပ်ဆင်ထားလို့ပါ။ ပြင်ထိန်းကိုမေးတော့ သူက အမ်ပလီဖိုင်ယာကို စတိတ်စင်မှာ တပ်ဆင်တာ ပိုမိုလွယ်ကူလို့လို့ ဖြေပါတယ်။ သူဌေးက သူ့ရုံးခန်းထဲကနေ ရုပ်လည်းကြည့်မယ် အသံလည်းကြားချင်တယ် လိုရင်လိုသလို အတိုးအချဲ့လည်း လုပ်ချင်တယ်။ ဒါကြောင့် တပ်ဆင်ခိုင်းတာဖြစ်ပါတယ်။ ဒါကို မသိတော့ ပြင်ထိန်းက လွယ်သလို လုပ်လိုက်တာဖြစ်ပါတယ်။ သူသာ ဘာကြောင့်တပ်ဆင်တာလဲ သိခဲ့ရင် ပိုကောင်းတဲ့ လုပ်ဆောင်ချက်ကို လုပ်ဆောင်လို့ရတာပေါ့။
ဝန်ထမ်းတစ်ယောက်သာ ဘာကြောင့်လုပ်သလဲ ဆိုတာလည်းသိမယ် ဘယ်လိုလုပ်သလဲဆိုတာလဲ သိမယ်ဆိုရင် သူဟာ သူဌေးထက်တော်သွားပြီ။ ဘာကြောင့်လည်းဆိုရင် သူဌေးက ဘယ်လိုလုပ်သလဲ ဆိုတာ မသိဘူးလေ။ ဒါဆို ကျွန်တော့်မိတ်ဆွေပြောသလို သူဌေးထက်ပိုချမ်းသာရမှာပေါ့ ။ ဟုတ်ပါတယ် ။ ဘာကြောင့်လုပ်ရသလဲရော ဘယ်လိုလုပ်ရသလဲရော သိလို့ကတော့ သူဟာ သူဌေးထက်ပိုတော်လို့ သူဌေးထက်ချမ်းသာရပါမယ်။ အခုချက်ချင်းတော မဟုတ်ဘူးပေါ့ ။ အဲဒီသူဌေး အခု အသက်ဘယ်လောက်လဲ မေးလိုက်ပါ။ အခု ဘယ်လောက်ချမ်းသာလဲ မေးလိုက်ပါ။ အဲ သူ အဲဒီသူဌေးအသက်ရောက်ရင် အဲဒီသူဌေးထက်ချမ်းသာနေလိမ့်မယ်။ သေချာတယ်။
ဒီတော့ အောင်မြင်ဖို့ချမ်းသာဖို့ ခဏထားပါ နေ့စဉ်လုပ်ငန်းခွင်ထဲမှာ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ အလုပ်လုပ်နိုင်အောင်လို့ ဘာပဲလုပ်လုပ် ဘာကြောင့်လုပ်သလဲရော ဘယ်လိုလုပ်သလဲရော သိအောင်ကြိုးစားကြပါ။ တစ်နည်း သူဌေးထက်တော်အောင်ကြိုးစားကြပါ။ ဒါဆို လုပ်ငန်းခွင်ထဲမှာ သူများထက် ထက်မြက်သူတစ်ယောက်အနေနဲ့ တိုးတက်မှုတွေကို ရရှိပြီး သူဌေးလိုအသက်အရွယ်မျိုးရောက်ရင် သူဌေးထက်ချမ်းသာနိုင်မှာ မလွဲပါ။
ကဲ အခုသင့်သူဌေးရဲ့ အသက်နဲ့ ပိုင်ဆိုင်မှုကို ဒိုင်ယာရီထဲမှာ ခပ်ကြီးကြီးလေး ရေးမှတ်လိုက်စမ်းပါ။:)
အခန်း(၆)
ဆက်ပါဦးမည် ။ ကျေးဇူးတင်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...