Monday, April 22, 2013
ငုံးဥရဲ့အကျိုးကျေးဇူးများ
           ငုံးဥကိုတော့ မသိတဲ့လူဆိုတာ ရှားပါတယ်။ဒါပေမယ့် ငုံးဥထဲမှာ ဆိုရင် ဘယ်လိုအာဟာရ များစွာ ပါဝင်တာကိုတော့ သိတဲ့သူ ရှားပါးပါလိမ့်မယ်။
ငုံးဥထဲမှာ ပါတဲ့ အာဟာရတန်းဖိုးဟာဆိုရင် ကြက်ဥနှစ်လုံးစာနဲ့ညီမျှတယ်ဆိုတာကော သိကြပါသလား။ ငုံးဥဟာ လူ့ရဲ့ အဆုတ်နဲ့ သရက်ရွက်ကိုအားကောင်းစေပါတယ်။
ငုံးဥကို စားသုံးသင့်တဲ့ သူတွေကတော့ ကလေး တွေ၊ သက်ကြီးရွယ်အိုတွေ၊ သွေးအားနည်းတဲ့သူတွေ၊ ချူချာတဲ့သူနဲ့ မီးဖွား ပြီးခါစ မိခင်လောင်းတို့ပဲ ဖြစ်ပါတယ်။
ဦးနှောက်သွေးကြော ရှိတဲ့သူတွေကတော့ ငုံးဥကို ပမာဏများစွာ မစားသင့်ပါဘူး။ ငုံးဥမှာ ပရိုတင်း၊အဆီ၊သံဓာတ် လက်စီသင်(Lecithin)၊vitamin-A ၊ vitamin-B1 ၊ B2 calcium ၊ မီးစုန်းဓာတ်၊ဆိုဒီယမ်၊ မဂ္ဂနီဆီယမ် ၊ခယ်လီယမ်၊ကန့်ညို(ဆီလီနီယမ်)၊သတ္တုဓာတ် နဲ့ ကိုလက်စထရော တွေ လုံလောက်စွာ    ပါဝင်ပါတယ်။
ငုံးဥ၀ယ်ရာမှ လတ်ဆတ်ဖို့ က အရေးကြီးပါတယ်။အက်နေတဲ့၊အချိန်ကြာနေတဲ့ ငုံးဥကို မ၀ယ်ဖို့ သတိ ထားရပါမယ်။ငုံးဥကို ၀ယ်ပြီးနောက် ရေခဲသေတ္တာထဲ သိမ်းထားပါ။ဝယ်တဲ့နေ့ကစပြီး လ၀က်စာ အချိန်ထက် ကျော်ရင် အဲဒီငုံးဥကို လွင့်ပစ်လိုက်ပါ။
ငုံးဥကိုစားမယ်ဆိုရင် တစ်နေ့မှာ ၃လုံးကနေ ၅လုံးထိ စားသုံးဖို့ သင့်လျော်ပါတယ်။ငုံးဥမှာပါတဲ့ vitamin-B ဟာ ဆီးချိုရောဂါကို ကူညီကုသပေးပါတယ်။အဲဒါအပြင် ဖောရောင်ခြင်းနဲ့ အူလမ်းကြောင်းနာခြင်း ကိုပါ ကုသပေးနိုင်တယ်။ငုံးဥမှာ အဆီနဲ့ ကိုလက်စထရောတွေ ပါဝင်တာကြောင့် ၀နေတဲ့ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်။
ပါဝင်တဲ့ဓာတ်တွေကြောင့် သွေးကျ စေပြီး သွေးကြော ကောင်းမွန်အောင်ကာကွယ်ထိန်းပေးတယ်။သွေးကြော မှာ သွေးခဲခြင်း၊ သွေးခဲတာကြောင့်သွေးဖတ်ပိတ်ခြင်းတွေကို ကာကွယ်ပေးပါတယ်။နှလုံးသွေးကြော ရောဂါသည်တွေရဲ့ အားဖြည့် အစာလည်း ဖြစ်ပါ တယ်။ပါဝင်တဲ့ လက်စီသင်ဟာ ကြက်ဥ ထဲမှာ ပါဝင်တာထက် ၃၊၄ ဆပိုပါ တယ်။ငုံးဥဟာ သန္ဒေသားနဲ့ ကလေး ငယ်တွေ အတွက် အားကောင်းစေတာ မို့လို့ ကိုယ်ဝန်ဆောင်မိခင်တွေ ငုံးဥကို များများ စားပေးသင့်ပါတယ်။
၁။ ငုံးဥနဲ့ နွားနို့ကို တွဲစားမယ်ဆိုရင် သွေးအားနည်းသူ၊ကိုယ်ခန္ဒာအင်အားချည့်နဲ့နေသူ၊အစာအိမ် အားနည်းနေသူ အတွက် အကျိုးရှိပါတယ်။
၂။ ငုံးဥဆန်ပြုတ်စားမယ်ဆိုရင် သွေးတိုးသမားကို သွေးကျစေပါမယ်။ပြီးရင်အသည်းနဲ့ ကျောက်ကပ်ကို အားဖြည့်ပေးပါတယ်။
၃။ငုံးဥနဲ့တရုတ်ကြက်သွန်မြိတ်ကြော်တွဲစားရင် ကျောက်ကပ်အားနည်းခြင်း၊ခါးနာခြင်း၊ပန်းသေပန်းညိုးခြင်းကို ပြန်လှည်ကောင်းမွန်စေဖို့ ပြုပြင်ပေးပါတယ်။တီဘီရောဂါ၊အဆုတ်အားနည်းပြီး ချောင်း အကြာကြီး ဆိုးနေသူတွေကို ကောင်းမွန်အောင် တဖြည်းဖြည်း ရှင်းပေနိုင်ပါတယ်။
ဒါပေမယ့် ငုံးဥကို လိမ္မော်င်္သီးနဲ့ တွဲမစားသင့်ပါဘူး။တွဲစားမိရင်တော့ဝမ်းပျက်ခြင်း၊၀မ်းဖောရောင်ခြင်းနဲ့အစာမကြေခြင်းကို ဖြစ်ပေါ်စေပါတယ်။ပြီးဒါနဲ့ငုံးဥကိုဝက်အသည်းနဲ့တွဲမစားမိဖို့လိုအပ်ပါတယ်။ စားမိရင်တော့ လိပ်ခေါင်းရောဂါ ဖြစ်ပွားတတ်ပြီး အမည်းစက်တွေထွက်ပေါ်လာနိုင်ပါတယ်။
(ပြန်လည်မျှဝေပါသည်။)
Beauty Notes !!!!!!!!!!
**အဆီပြန်တဲ့အသားအရေအကြောင်း သိကောင်းစရာအဖြာဖြာ**
အဆီပြန်တဲ့အသားအရေတွေဟာ အမြဲပြောင်ဝင်းနေပြီး ညစ်နေသလိုလို ထင်ရတယ်နော်။ အရေပြားကလည်း ထူပြီးကြမ်းတယ်။ ချွေးပေါက်ကျယ်တွေ၊ ၀က်ခြံတွေနဲ့ အသားအရောင်မညီတာတွေလည်း တွေ့ရတတ်တယ်။ ဒီလိုဖြစ်ရတာဟာ အရေပြားက အဆီဂလင်းလေးတွေဟာ ပုံမှန်ထက်ပိုအလုပ်လုပ်ပြီး အဆီတွေကို လိုတာထက်ပိုထုတ်လို့ပဲနော်။ မျက်နှာရဲ့ တချို့နေရာက အဆီပြန်ပြီး ကျန်တဲ့နေရာမှာ အသားဟာ ပုံမှန်(သို့) ခြောက်သွေ့နေရင်တော့ ပေါင်းစပ်အသားအရေပါပဲ။
အဆီပြန်တဲ့အသားအရေ ပိုင်ရှင်တွေမှာ မကောင်းတဲ့အချက်တွေများပေမယ့် အရမ်းကောင်းတဲ့ အချက်လည်းရှိတယ်လေ။ ဒါကတော့ တခြားအသားအရေပိုင်ရှင်တွေထက် ဇရာဟာနှေးကွေးခြင်းပါပဲ။
အဆီပြန်တဲ့အသားအရေအကြောင်းကို သေချာသိထားမယ်ဆိုရင် ဆောင်ရန် ရှောင်ရန်လေးတွေလည်းသိပြီး သေချာလိုက်နာမယ်ဆိုရင် အဆီပြန်တဲ့အသားအရေရဲ့ မကောင်းတဲ့အချက်တွေကို ဖယ်ရှားနိုင်ပြီး ပိုနုပျိုလှပလာမှာနော်။ ဒီတော့ အဆီပြန်နေလို့ စိတ်ညစ်မနေပဲ အဆီပြန်တဲ့အသားအရေအကြောင်းကို ရင်နှင်းနဲ့အတူ လေ့လာကြည့်ရအောင်..။
♣ အဆီပြန်တဲ့ အသားအရေကို ဖြစ်စေတဲ့ အကြောင်းအရင်းများ ♣
- မျိုးရိုးလိုက်ခြင်း
- စားသောက်မူပုံစံ
- ဟော်မုန်းပမာဏ
- ကိုယ်ဝန်ဆောင်ချိန်
- သန္ဓေတားဆေးများ
- အလှကုန်ပစ္စည်းများ
- ပူအိုက်တဲ့ရာသီဥတု
အဆီပြန်ခြင်းဟာ ဟော်မုန်းများလှတဲ့ ဆယ်ကျော်သက်အရွယ်မှာ အများဆုံးကြုံတွေ့ရတယ်နော်။ ယျေဘုယအားဖြင့်တော့ အသက်ကြီးလာတာနဲ့အမျှ အဆီပြန်တာလည်း တဖြည်းဖြည်းနည်းလာပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ သွေးဆုံးချိန်မှာလည်း ဟော်မုန်းပမာဏမညီမျှမူတွေကြောင့် အဆီဂလင်းတွေ အရမ်းအလုပ်လုပ်ပြီး အဆီပြန်တတ်ပါသေးတယ်။
♣ အဆီပြန်တဲ့အသားအရေကို ထိန်းသိမ်းရမယ့်နည်းလမ်းများ ♣
အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေဟာမျက်နှာကိုသေချာသန့်စင်ပေးရတယ်နော်။ ချွေးပေါက်တွေ ပိတ်မနေအောင် မျက်နှာသစ်တိုင်း ရေများများနဲ့ သစ်ပေးပါ။ ရေနွေးနဲ့သစ်ရင် ပိုကောင်းပါတယ်။ ဒါပေမယ့် အဆီပြန်တာနည်းသွားအောင်ဆိုပြီး အပြင်းစားမျက်နှာသစ်ဆပ်ပြာတွေတော့ မသုံးလိုက်ပါနဲ့။ သင့်မျက်နှာအရေပြားက ပုံမှန်ရှိသင့်တဲ့ အဆီတွေပါ ပါသွားပြီး အရေပြားက အဖတ်တွေတောင် ကွာလာနိုင်လို့ပါပဲ။ မျက်နှာကို အလွန်အကျွံသန့်စင်မိတော့ တခြားဘေးထွက်ဆိုးကျိုးတွေပါ ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ ကုန်ခမ်းသွားတဲ့ သဘာဝအဆီတွေကို ပြန်လည်ဖြည့်တင်းနိုင်ဖို့ အဆီဂလင်းလေးတွေက ပိုအလုပ်လုပ်လို့ သင့်မျက်နှာ ပိုပြီးတော့တောင် အဆီပြန်လာအုံးမှာပါ။ သင့်အသားအရေကို အလွန်အမင်းသန့်စင်မိနေပါသလားမှာ ဖတ်ကြည့်နော်။
သင့်မျက်နှာသစ်ပြီးတိုင်း မျက်နှာအရေပြားအရမ်းတင်းပြီး ခြောက်သွေ့သွားစေတဲ့ အလှကုန်တွေကို ရှောင်ပါ။ ဒီပစ္စည်းတွေက အရေပြားရဲ့ အပေါ်ယံလွှာကိုကျူံ့သွားစေပြီး ချွေးပေါက်တွေကနေ အဆီတွေ ထွက်လာတာကို တားဆီးပေးတယ်လေ။ အဲဒီအခါ အဆီဖုတွေ ၀က်ခြံတွေ ဖြစ်လာတော့တာပေါ့။ အဲဒီတော့ သင့်အသားအရေနဲ့လည်း အဆင်ပြေမယ့် အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအတွက် ထုတ်ထားတဲ့ မျက်နှာသစ်ဆေးကို သေချာရွေးချယ်သုံးစွဲပေးပါ။ သင့်မျက်နှာလေး နူးညံ့စိုပြေနေအောင် မျက်နှာသစ်ပြီးတိုင်း Oil Free Moisturizer တစ်ခုခုကိုသုံးစွဲပေးဖို့ မမေ့နဲ့နော်။
တစ်နေ့ကို ၃ ကြိမ်ထက်ပိုပြီး မျက်နှာမသစ်မိပါစေနဲ့။ မျက်နှာသစ်တဲ့အခါမှာ လက်ထိပ်လေးတွေနဲ့
စက်ဝိုင်းသဏ္ဍန်အပေါ်ကို ပင့်တင်နှိပ်နယ်ပေးပါ။ ပြီးတော့ မျက်နှာပေါ်ကို မျက်နှာသစ်ဆေးနဲ့ တိုက်ရိုက်မပွတ်လိုက်ပါနဲ့။ ချွေးပေါက်တွေ ပိတ်သွားစေနိုင်လို့ပါ။ မျက်နှာသစ်ဆေးကို လက်ဝါး ပေါ်အရင်တင်ပြီး ရေနဲနဲနဲ့ ပွတ်ပြီးတော့မှ မျက်နှာပေါ်တင်ပါ။ မျက်နှာသစ်ကြသူတိုင်းအတွက်မှာ ၀င်လေ့လာကြည့်ပါအုံးနော်။
တစ်ပတ်ကို တစ်ကြိမ် မျက်နှာပေါင်းတင်ပေးရမယ်နော်။ အဆီပြန်တဲ့သူတွေအတွက်ကတော့ ရွံ့စေးပေါင်းတင်ဆေးက အကောင်းဆုံးပဲလေ။ ဒါပေမယ့် သင်က ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်ဆိုရင်တော့ အဖြူရောင် (သို့) ပန်းရောင်ရွံ့စေးတွေကို သုံးပေးပါ။
မိတ်ကပ်နဲ့ အလှကုန်ပစ္စည်းတွေ ၀ယ်တဲ့အခါ အဆီပြန်တဲ့ အသားအရေအတွက် ထုတ်လုပ်ထားတာတွေကိုပဲ ရွေးချယ်ဝယ်ယူပါ။ ဒါပေမယ့် အယ်ကိုဟောလ်ပါတာတွေကိုတော့   ဝေးဝေးကရှောင်နော်။ မိတ်ကပ်ကို ရေဓာတ်ကို အခြေခံပြီး ထုတ်ထားတဲ့မိတ်ကပ်က အဆီပြန် တဲ့အသားအရေတွေအတွက် ပိုကောင်းပါတယ်။ ပြီးတော့ မိတ်ကပ်ရောင်ကို ကိုယ့်အသား အရောင်ထက် တဆင့်ပိုလင်းတာကို လိမ်းပါ။ မဟုတ်ရင် အဆီပြန်လာတဲ့အခါ မျက်နှာက ညိုပြီးညစ်သွားမှာ။ ပြီးတော့ အဆီပြန်တဲ့သူတွေ ပေါင်ဒါကို အားကိုးလို့ရတယ်နော်။ ပေါင်ဒါမှုန့်လေးတွေက အဆီပြန်တာကို ထိန်းပေးနိုင်တယ်လေ။ အဲ့ဒီတော့ မနက်မိတ်ကပ် လိမ်းပြီးတာနဲ့ ပေါင်ဒါလိမ်းပါ။ လိုအပ်ရင် နေ့လည်တကြိမ် ထပ်လိမ်းပါ။ Mineral Loose Powder တွေက ပိုနူးညံ့ပြီးချွေးပေါက်တွေလဲ မပိတ်နိုင်တာမို့ ရွေးချယ်သင့်တယ်နော်။
**ဒူး၊ တံတောင်ဆစ်တွေ၊ ခြေမျက်စိတွေ မည်းနေရင်**
ဒူး၊ တံတောင်ဆစ်တွေ၊ ခြေမျက်စိတွေ မည်းနေရင် စကပ်အတို၊ ဘောင်းဘီအတိုလေးတွေလည်း ၀တ်လို့မရ၊ ဖိနပ်လှလှလေးတွေ စီးရင်တောင် မလှနဲ့ တကယ်စိတ်ညစ်ရတယ်နော်။ အဲဒီတော့ ရင်နှင်းသူငယ်ချင်းလေးတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ၀တ်ချင်တာဝတ်လို့ရအောင် တံတောင်ဆစ်၊ ဒူး၊ ခြေမျက်စိတွေ ဖြူစေတဲ့ နည်းလမ်းတွေကို ပြောပြမယ်နော်။
၁ . ဗီတာမင်အီး၊ သံပုရာရည်၊ ဂလစ်စရင်း လက္ဘ်ရည်ဇွန်းတစ်ဇွန်းစီနဲ့ နွားနို့စိမ်း စားပွဲတင်ဇွန်း ၄ ဇွန်းပေါင်းပြီး သမအောင်မွှေပါ။ ပြီးတော့မည်းနေတဲ့နေရာမှာ ပွတ်လိမ်းပြီး နှိပ်နယ်ပေးပါ။ ၁၅ မိနစ်လိမ်းထားပြီးရင်တော့ ရေဆေးချလိုက်ရုံပါပဲ။
၂ . သံပုရာသီး / သံပရိုသီးကို ခြမ်းပြီး အတွင်းသားနဲ့ပွတ်ပေးပါ။ ၁၅ မိနစ်လောက် ထားပြီးရင်တော့ ရေနွေးစွတ်ထားတဲ့ တဘက်လေးနဲ့ ပွတ်တိုက်ပေးရမှာပါ။
၃ . အုန်းဆီ လက်ဘက်ရည်ဇွန်း ၁ ဇွန်းနဲ့ သံပုရာရည်ဇွန်းတစ်ဝက်ကို ရောမွှေပြီးတော့လည်း သုံးနိုင်ပါတယ်နော်။ ၁၅ မိနစ်လောက် လိမ်းထားပြီးတော့ ရေနွေးစွတ်ထားတဲ့ တဘက်လေးနဲ့ပဲ ပွတ်တိုက်ပေးပါ။
၎ . ခန္ဓာကိုယ် ဂျီးတွန်းတဲ့အခါ Scrub တွေသုံးတဲ့အခါ ဒူးတွေကိုလည်း မကျန်ခဲ့ပါစေနဲ့။ ဒါပေမယ့် အရမ်းကြီးလည်း မပွတ်တိုက်ပါနဲ့။ အရမ်းကြမ်းကြမ်းကြီး ပွတ်တိုက်မိတဲ့အခါ အရေပြားက ပိုမည်းသွားနိုင်လို့ပါ။
၅ . အရေပြားတွေမှာ အစိုဓာတ်ရှိနေဖို့ကလည်း အရေးကြီးတာမို့ ညအိပ်ယာဝင်ခါနီး သံလွင်ဆီလိမ်းပြီး နှိပ်နယ်ပေးတာတို့ ဒါမှမဟုတ်ရင်လည်း သံလွင်ဆီကို တစ်နေ့ ၂ ကြိမ် လိမ်းပေးတာတို့ လုပ်ပေးနိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ အလှတွေ ပိုနိုင်ကြပါစေ..
♣ သဘာဝနည်းလမ်းတွေနဲ့ အသားအရေကိုထိန်းသိမ်းမယ် ♣
(၁) မျက်နှာမသစ်ခင် နာရီဝက်အလိုမှာ သံပရာရည်နဲ့ သခွားရည် လ္ဘက်ရည်ဇွန်းတစ်ဝက်စာစီကို ရောပြီး လိမ်းပေးပါ။
(၂) မိတ်ကပ်လိမ်းပြီး မိတ်ကပ်တွေ ကွက်မနေစေချင်ရင်တော့ သခွားရည်အနည်းငယ်ကို မျက်နှာရဲ့ အရမ်းအဆီပြန်တဲ့နေရာမှာ လိမ်းပေးပါ။ သခွားရည်သေချာခြောက်သွေ့သွားမှ မိတ်ကပ်ထပ်လိမ်းပေါ့။
(၃) အရမ်းအဆီပြန်တဲ့သူတွေကတော့ ရွံစေးနဲ့ မျက်နှာပေါင်းတင်လို့ ရတယ်နော်။ အစိမ်းရောင်ရွှံ့စေးမှုန့်နဲ့ ပျားရည်လက်ဘက်ရည်ဇွန်း ၁ ဇွန်းစီရောမွှေပါ။ မျက်လုံးတ၀ိုက်ကို ရှောင်ပြီး မျက်နှာအနှံ့လိမ်းပေးပါ။ ၁၅
မိနစ်ကြာတဲ့အခါ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပေးပါ။ ဒီနည်းကတော့ အရမ်းအဆီပြန်တဲ့သူတွေအတွက်ပဲနော်။
(၄) သံပရာရည်နဲ့ ရေကို ဆတူရောပြီး မျက်နှာမှာ လိမ်းပေးပါ။ ခြောက်သွားတဲ့အခါ ရေနွေးလေးနဲ့
မျက်နှာသစ်ပါ။ ပြီးတော့ ရေအေးလေးနဲ့ မျက်နှာထပ်သစ်ပါ။
♣ အာဟာရအကြံပြုချက် ♣
- အသားဓာတ်ပါတဲ့ အစားအစာတွေကို စားပါ။ (အသား၊ ငါး၊ ပဲ)
- လတ်ဆတ်တဲ့ အသီးအရွက်တွေ များများစားပေးပါ။
- သကြား၊ ဆားကို လျှော့စားပါ။
- ဗီတာမင် B2 ချို့တဲ့ရင်လည်း အဆီပြန်နိုင်ပါတယ်။ ဒါကြောင့် Vit B2 ကြွယ်ဝတဲ့ ပဲအမျိုးမျိုးနဲ့
Royal Jelly စားသုံးပေးပါ။ တဆေး၊ ဂျုံနဲ့ ကလီစာတွေမှာလည်း Vit B2 နဲ့ B5 ကြွယ်ဝစွာပါဝင်ပါတယ်။
- အသားအရေမှာ ရေဓာတ်ပြည့်ဝပြီး အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ဖို့ ရေကိုလည်းများများသောက်ပါ။
- အရက်၊ အချိုရည်၊ ချောကလက်နဲ့ ရယ်ဒီမိတ်အစားအစာတွေကိုရှောင်ပါ။
- အဆီလျှော့စားပါ။ အဆီများတဲ့ အစားအစာတွေ၊ ဆီကြော်မုန့်တွေ၊ ကြာနေတဲ့ စားစရာတွေ၊ တိရစ္ဆာန်အဆီတွေနဲ့ ၀က်သားရှောင်ပါ။ ကြော်ချက်ရာမှာ ဟင်းသီးဟင်းရွက်ဆီကိုသုံးပါ။ သံလွင်ဆီကတော့ အကောင်းဆုံးပါပဲ။
♣ အထွေထွေအကြံပြုချက် ♣
- ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်ရင် ချွေးပေါက်တွေကို ကျယ်စေပြီး အရေပြားအတွက်လည်း မကောင်းပါဘူး။
- တကိုယ်လုံးကို နှိပ်နယ်ပေးခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ သွေးလည်ပတ်မူကို ကောင်းစေပြီး အရေပြား
ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။
- Evening Primrose Oil မှာ Gamma Linolenic acid (FLA ) ပါဝင်လို့ အရေပြားရဲ့ ဆဲလ်တွေကို သန်စွမ်းစေပြီး ၊အစိုဓာတ်လည်းဖြည့်တင်း ပေးနိုင်လို့ သောက်သုံးသင့်ပါတယ်။
- အရေပြားက ဆဲလ်တွေကို ပြန်လည်ပြုပြင်တာဟာ အိပ်ချိန်မှာ လုပ်ဆောင်တာပါ။ ဒါကြောင့် အိပ်ရေး၀၀
အိပ်ဖို့ လိုပါတယ်။
- တကယ်လို့ အဆီပြန်တာက ဘယ်လိုနည်းနဲ့မှ မသက်သာပဲ ကြည့်မကောင်းအောင်ဆိုးနေပြီဆိုရင်တော့ အရေပြားရောဂါဖြစ်နိုင်တာမို့ အရေပြားအထူးကုတွေနဲ့ ပြသသင့်တယ်နော်။
အပေါ်ကနည်းလေးတွေအတိုင်း သေချာလိုက်လုပ်သွားမယ်ဆိုရင်မျက်နှာအဆီပြန်တာတွေ သက်သာသွားပြီး မျက်နှာလေးက ကြည်လင်ဝင်းပလာမှာပါ။
မွဲခြောက်နေသော ဆံပင်သား တောက်ပြောင်ချောမွတ်စေမည့် သဘာဝနည်းများ
အမျိုးသား ၇၄ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေကို စတင်တွေ့တွေ့ချင်း ဆံပင်ပုံစံကို  သတိထားမိတယ်လို့ လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အမျိုးသမီး တစ်ယောက်က လိုက်ဖက်တဲ့ ဆံပင်ပုံစံရှိပြီး ဆံပင်သားတွေ တောက်ပ သန်စွမ်းနေရင် အလှဂုဏ် ပိုမိုတင့်တယ် လာပါတယ်။ တကယ်လို့ ဆံပင်သားတွေ နွမ်းနယ်ပြီး ခြောက်သွေ့ပျက်စီးနေရင် အလှလည်း ညှိုးနွမ်းရ တတ်ပါတယ်။ ဆံပင်သားဟာ နေရောင်ခြည်ဒဏ် ကြာကြာခံရတာ၊ ခြောက်သွေ့တဲ့ ရာသီဥတုရှိတဲ့ အရပ်မှာ နေရတာ၊ အပူပေးမှု များတာတွေကြောင့်  တောက်ပမှု လျော့ကျပြီး ခြောက်သွေ့ မွဲခြောက် နေတတ်ပါတယ်။ ဆန့်ကျင်ဘက် ပုရိသတို့ကို ဆွဲဆောင်နိုင်ဖို့ဆိုရင် ဆံပင်သားကလည်း တောက်ပ ကျန်းမာလှပနေဖို့ လိုပါတယ်။ ဒါကြောင့် မွဲခြောက်နေတဲ့ ဆံပင်တွေ တောက်ပလာစေဖို့ လုပ်သင့်တဲ့ အိမ်တွင်း ကုထုံးတွေကို အကြံပြုလိုက်ပါရစေ။
ရှလကာရည်
သင့်ဆံပင်တွေ သန့်စင် သွားစေမယ့် ရှမ်ပူကို ရှာလို့မတွေ့ဘဲ ဖြစ်နေပါသလား။ ရှလကာရည်ကို သုံးလိုက်ပါ။ ရှလကာရည် ခွက် (Cup) တစ်ဝက်ကို မတ်ခွက်တစ်ခွက်စာ ရေထဲကို ရောထည့်ပြီး ခေါင်းလျှော်ပြီးစ ဆံပင်တွေကို နောက်ဆုံးအနေနဲ့ လောင်းချလိုက်ပါ။ ရေနဲ့ ပြန်ဆေးစရာ မလိုပါဘူး။ ဒီနည်းကို တစ်လမှာ နှစ်ကြိမ်-သုံးကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။ ရှလကာရည်မှာ ဆံပင်သားမှာ ကပ်ညိနေတဲ့ အညစ်အကြေး၊ ဖုန်မှုန့်၊ ဆီ စတာတွေကို ကင်းစင်စေနိုင်တဲ့ အာနိသင် ပါဝင်ပါတယ်။ ဒီနည်းလမ်းကို သုံးတာကြောင့် သင့်ဆံပင်သားဟာ အရင်ထက် ပိုတောက်ပြောင် ချောမွတ်လာတာကို တွေ့ရပါလိမ့်မယ်။
သံပုရာရည်
ဆံပင်ကို ရွှေရောင်ဆိုးထားရင် ဆံပင်ကို စုပြီး သံပရာရည်နဲ့ ပက်ဖျန်းပေးပါ။ နောက်တစ်နည်း အနေနဲ့ ရေမတ်ခွက် တစ်ခွက်ထဲကို သံပရာသီး နှစ်လုံး အရည်ညှစ်ထည့်ပြီး လျှော်ပြီးစ ဆံပင်သားပေါ် နောက်ဆုံးအနေနဲ့ လောင်းချလိုက်ပါ။ သံပုရာသီးထဲက စစ်ထရစ် အက်စစ်ဟာ ဆံပင်သားကို သန့်စင်သွားစေပြီးသံပရာရနံ့ စွဲကျန်စေကာ နေဒဏ်ကြောင့် နွမ်းနယ် ခြောက်သွေ့နေတဲ့ ဆံပင်သားကို သဘာဝကျကျ တောက်ပ နေစေပါတယ်။ သံပရာရည် ပက်ဖျန်းထားတဲ့ ဆံပင်ကို အသွားကျဲတဲ့ ဘီးနဲ့ ဖြီးပေးပါ။
မုန့်ဖုတ်ရာတွင် သုံးသော ဆော်ဒါမှုန့်
ဆော်ဒါမှုန့်ကို မျက်နှာ အရေပြား ကြေးချွတ်တဲ့ အခါမှာရော ဆံပင်သန့်စင်အောင် ဆေးကြောရာမှာပါ သုံးနိုင်ပါတယ်။ ဆော်ဒါမှုန့် တစ်ခွက်ကို ရေနည်းနည်းနဲ့ စေးပျစ်တဲ့ အထိ ရောမွှေပြီး ဆံပင်သားပေါ်မှာ ညီညီမျှမျှ သုတ်လိမ်းပေးပါ။ မိနစ် ၂၀ လောက် ထားပြီးမှ ရေအေးနဲ့ ဆေးကြောချလိုက်ပါ။ အချိန်မပေးနိုင်ရင် ရှမ်ပူနဲ့ ဆော်ဒါမှုန့် ထမင်းစားဇွန်း တစ်ဇွန်းကို ရောမွှေပြီး ဆံပင်သားပေါ် သုတ်လိမ်း ခေါင်းလျှော်ကာ ရေနဲ့ ဆေးချလိုက်ပါ။ ဆံပင်သားကို သန့်ရှင်း စင်ကြယ်စေတဲ့ အပြင် တောက်ပ သန်စွမ်းစေပါတယ်။
 ထောပတ်သီးနှင့် ဒိန်ချဉ်
ဆံပင်သားမှာ ဓာတုပစ္စည်းတွေကြောင့် ထိခိုက်ပျက်စီးမှုကို ပြန်လည်ပြုပြင်နိုင်ဖို့ ထောပတ်သီးနဲ့ ဒိန်ချဉ်က အသုံးဝင်ပါတယ်။ ဆံပင်သား ကျန်းမာဖို့နဲ့ ဆံပင်နှစ်ခွ ဖြစ်တာတွေ သက်သာစေဖို့ ထောပတ်သီး တစ်လုံးကို ချေပြီး ဒိန်ချဉ်နည်းနည်းနဲ့ သမအောင် မွှေပါ။ ပြီးရင် အဲဒီအရောကို ဆံပင်သားပေါ် လိမ်းကာ ပလတ်စတစ် ခေါင်းစွပ်စွပ်ထားပြီး တစ်နာရီကြာမှ ခေါင်းလျှော်ပါ။ ရေအေးနဲ့ ဆေးချပေးပါ။
TIPS !
ကွန်ဒီရှင်နာသုံးရန် မမေ့ပါနှင့်
ခေါင်းလျှော် ပြီးချိန်မှာ ဆံပင်ကို ကွန်ဒီရှင်နာသုံးပြီး ထိန်းသိမ်းဖို့ မမေ့ပါနဲ့။ ဆံပင်သားကို စိုပြည်စေကာ တောက်ပြောင် စေပါတယ်။ သင့်ဆံပင်က အဆီပြန်တဲ့ ဆံပင်ဆိုရင် ဆံပင်အဖျားတွေကို ကွန်ဒီရှင်နာလိမ်းပြီး ထိန်းသိမ်းပေးပါ။
သဘာဝအတိုင်း အခြောက်ခံပါ
ဆံပင် လေမှုတ်စက်ကို မကြာခဏ သုံးမိနေသလား။ အပူဒဏ်ကို တာရှည် ခံရတာကြောင့် ဆံပင်သားရှိ သဘာဝ အဆီတွေ လျော့ပါးကာ ဆံပင်မွဲခြောက် ထိခိုက် နေနိုင်ပါတယ်။ ဒါကြောင့် ဆံကေသာ တောက်ပြန် သန်စွမ်းဖို့ နောက်ထပ် လျှို့ဝှက်ချက်တစ်ခုက ဆံပင်ကို သဘာဝ အတိုင်း လေနဲ့ခြောက်သွေ့အောင် ထားပေးဖို့ပဲ ဖြစ်ပါတယ်။ ဆံပင် စိုစွတ်နေချိန်မှာ ဘယ်တော့မှ ဘီးမဖြီးပါနဲ့။
ပဝါကို ဆောင်ထားပါ
ခရီးသွားတဲ့ အခါ အထူးသဖြင့် စက်ဘီး၊ ဆိုင်ကယ် စီးတဲ့အခါတွေမှာ သင့်ခေါင်းကို ပဝါနဲ့ အုပ်ထားပေးပါ။ ဒါမှသာ ခရမ်းလွန် ရောင်ခြည်ဒဏ်၊ ဖုန်မှုန့်၊ ညစ်ညမ်းတဲ့ လေထုနဲ့ လေဒဏ်ကြောင့် ဆံပင်သား ထိခိုက်မှု မရှိအောင် ပဝါက ကာကွယ် ပေးနိုင်ပါတယ်။
Ref: Good Health
Source: http://www.yatanarpon.com.mm/news/news-46977
~လျော့ရဲနေသောအရေပြားတင်းရင်းလှပစေမည့်သဘာဝနည်းဖြင့်ပေါင်းတင်နည်းများ~
အရေပြား လျော့တွဲတာကအသက်အရွယ်ကြီးလာတာကြောင့် ဖြစ်ပေါ်လာတဲ့ မျက်နှာ အရေပြားရဲ့ သဘာဝဖြစ်စဉ် တစ်ခုပါ။ မေးအောက်ပိုင်းနဲ့ မျက်စိအောက်ပိုင်းတွေမှာ ပိုသိသာတတ်ပါတယ်။ အရေပြား လျော့တွဲတာက အရေပြား တင်းရင်းစေတဲ့ အီလက်စတင်နဲ့ ကော်လာဂျင်တို့ ဆုံးရှုံးမှုကြောင့် ဖြစ်ရတာပါ။ အရေပြား လျော့တွဲမှု ကင်းပြီး ပုံမှန်ဖြစ်စဉ် ပြန်ရဖို့ဆိုရင် အောက်ပါ အိမ်သုံးနည်းတွေကို လိုက်နာသင့်ပါတယ်။
ကြက်ဥအကာ၊ဘဲဥအကာဖြင့် ပေါင်းတင်နည်း...
ကြက်ဥအကာ/ဘဲဥအကာကို သံလွင်ဆီနဲ့ရောပြီး မျက်နှာပေါ်လိမ်းရင် အရေပြား လျော့တွဲမှုနဲ့ အရေးကြောင်းတွေကို လျော့ကျစေပါတယ်။ ကြက်ဥ/ဘဲဥအကာဟာ အရေပြားမှာ ကော်လာဂျင် ထုတ်လုပ်မှုကို ကောင်းစေပြီး သံလွင်ဆီက အသားအရေကို ရေဓာတ်ပြည့်ဝကာ စိုပြည်စေပါတယ်။ ဒီနှစ်ခုပေါင်းပြီး ပေါင်းတင်ပေးတာကြောင့် လျော့ရဲနေတဲ့ အရေပြားကို တင်းရင်းသွားစေတာပါ။
ငှက်ပျောသီးဖြင့် ပေါင်းတင်နည်း...
ကြိတ်ချေထားတဲ့ ငှက်ပျောသီးမှည့် တစ်လုံး၊ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်းနဲ့ သံလွင်ဆီ လက်ဖက်စားဇွန်း တစ်ဇွန်းတို့ကို ရောပြီး မျက်နှာပြင်အနှံ့ လိမ်းပေးတာကြောင့် အရေပြားကို တင်းရင်းစေပြီး ချက်ချင်း ကြည်လင် တောက်ပစေပါတယ်။ အရေပြားမှာ အစိုဓာတ် ရှိနေစေတဲ့အပြင် ဆီကြည်ထွက်ရှိမှုကို ထိန်းညှိပေးပါတယ်။
နနွင်းမှုန့်နှင့် ရေတို့ဖြင့် ပေါင်းတင်နည်း...
နနွင်းမှုန့်နဲ့ ရေကို စေးပျစ်အောင် ရောမွှေပြီး မျက်နှာ အရေပြားအနှံ့ ညီညီမျှမျှလိမ်းပါ။ပြီးရင်၁၅မိနစ်ကြာ ခြောက်သွေ့အောင်ထားပြီး ရေအေးနဲ့ ဆေးကြောလိုက်ပါ။ ဒီအိမ်တွင်းကုထုံးဟာ အသားအရေကို တင်းရင်း လှပစေပါတယ်။
စတော်ဘယ်ရီသီးနှင့်ဒိန်ချဉ်တို့ဖြင့် ပေါင်းတင်နည်း...
စတော်ဘယ်ရီသီး အနည်းငယ်ကို ကြိတ်ချေလိုက်ပါ။ ပြီးရင် ဒိန်ချဉ်နဲ့ရောပြီး အနှစ်သားရအောင် လုပ်ကာ မျက်နှာအနှံ့ သုတ်လိမ်းပေးပါ။ မိနစ် အနည်းငယ်ကြာမှ ရေနဲ့ ဆေးချလိုက်ပါ။ ဒီနည်းက တိုနာအနေနဲ့လည်း အသုံးဝင်တာကြောင့် ချွေးပေါက် ကျဉ်းစေပါတယ်။ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး မျက်နှာကို နုနယ် လှပစေပါတယ်။
ခရမ်းချဉ်သီးအနှစ်ရည်ဖြင့် ပေါင်းတင်နည်း...
ခရမ်းချဉ်သီးအရည်ကိုမျက်နှာအရေပြားအနှံ့သုတ်လိမ်းကာ စက်ဝိုင်းပုံစံအတိုင်း ညင်ညင်သာသာ နှိပ်နယ်ပါ။ အချိန် ငါးမိနစ်ကြာမှ ရေအေးနဲ့ ဆေးကြောရမှာ ဖြစ်ပါတယ်။ ခရမ်းချဉ်သီး အရည်ကို အဆတ်မပြတ် လိမ်းတာကြောင့် လျော့တွဲနေတဲ့ အရေပြားကို တင်းရင်းစေပြီး ချွေးပေါက်ကျဉ်းကာ အသားအရေကို ကြည်လင် တောက်ပစေပါတယ်။
ပင်လယ်ဆားဖြင့် ကြေးချွတ်ပါ...
တစ်ပတ်တစ်ကြိမ် ပင်လယ်ဆားခတ်ထားတဲ့ ကြက်သီးနွေးရေနဲ့ ရေချိုးလိုက်ရင် အရေပြားကို တင်းရင်းစေပြီး ငယ်နုတဲ့အသွင်အပြင် ဖြစ်စေပါတယ်။
post by နှင်းဆီဖူးလေးများ-Love BUDS
ဆံပင်ကလေးများ တောက်ပြောင်စေဖို့
မရောနေ့(ဇ်)ဖြင့်လည်းကောင်း၊ ဒိန်ချဉ်ဖြင့်လည်းကောင်း၊ ရှားစောင်း လက်ပတ်နှင့် ပျားရည်ဖြင့် လည်း ကောင်း၊ ဗနီကာဖြင့်လည်းကောင်း၊ ရှီး ထောပတ်နှင့် ဆံပင်ပေါင်းဆီများ ဖြစ်သောသံလွင်ဆီ၊ အုန်းဆီ၊ ကြက် ဆူဆီ၊ လာဗင်ဒါဆီ၊ ရို့စ်မေရီအဆီထဲမှ တစ်မျိုးမျိုးကို ပျားရည် (၁)စက်ဖြင့် လိမ်းခြင်း၊ ပေါင်းခြင်းဖြင့် သဘာဝ အတိုင်း ပျော့ပြောင်း၊ တောက်ပြောင် သောဆံပင်မျိုးကို ရရှိလာပါမည်။
ဤနည်းများထဲမှ (၁)နည်းကို ဖော်ပြလိုက်ပါသည်။ (၁) ပန်းကန်လုံး (၁)လုံးထဲသို့ သံလွင်ဆီ အုန်းဆီ၊ ကြက်ဆူဆီ၊ လာဗင်ဒါဆီ၊ ရိုစ့်မေရီဆီ၊ ဗံဒါဆီ၊ ကယ်မိုမိုင်းလ်ဆီကို ရော ထည့်ပါ။ (ရှာရခက်သော၊ အဆင် သင့်မဖြစ် သောဆီ(၁)မျိုး (၂)မျိုးကို မထည့် လျှင်လည်း ရပါသည်။)
(၂)အခြားပန်းကန်လုံးထဲတွင် ရှီး ထောပတ်(၁)ခွက်၊ ထောပတ်သီး၊ ဂျို ဂျိုးဘ၊ ဂျုံစေ့ဆံအဆီကို ပျားရည် တစ်စက်နှင့်ရောပါ။
(၃)ပန်းကန်လုံး နှစ်လုံးထဲမှ အရော အစပ်များကို ပေါင်းလိုက်ပါ။
(၄)ဆံပင်အနှံ့လိမ်းပြီး (၂၀) (၃၀)မိနစ် ထားပါ။
(၅) ရေနှင့်ဆေးပါ။ သဘာဝလေ နှင့်ပင် အခြောက်ခံပါ။
ချောမွတ်တောက်ပြောင်သောဆံပင် များကို တွေ့ရှိပါလိမ့်မည်။
Fwd: ထူး Health Updates Journal
နေ့စဉ်လိမ်း မိတ်ကပ် အမှား (၅) မျိုး
မိတ်ကပ်လိမ်းခြင်းပညာဟာ မွေးရာပါ တတ်မြောက်လာ တတ်တဲ့ အတတ်ပညာ မဟုတ်သော်ငြားလည်း လေ့လာခြင်း သင်ယူခြင်း လေ့ကျင့်ခြင်းဖြင့် ပိုမို တိုးတက် ကောင်းမွန် လာစေနိုင်တဲ့ ပညာအဖြစ် ကဗျာ ယုံကြည်တာကြောင့် မိတ်ကပ်သင်စ ရွှေမြန်မာမလေးများ အများစု မှားလေ့ မှားထ ရှိတတ်ကြတဲ့ မိတ်ကပ်အမှား (၅) မျိုးကို ကို သတိပြု တိုးတက်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။
၁) မိတ်ကပ်အရောင် မှားလိမ်းခြင်း
ကိုယ့်အသားအရောင်ထက်ပို နက်သော (သို့) ကိုယ့်အသားအရောင်ထက်ပိုဖြူသော Foundation ကိုလိမ်းခြင်းဟာ အကြီးမားဆုံးနဲ့ အလွဲဆုံးသော အမှားတစ်ခုဖြစ်ပါတယ်။ ဒီလိုမမှားရလေအောင် မိတ်ကပ်အရည် ၀ယ်ယူသောအခါမှာ မှန်ကန်စွာ စမ်းသပ်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ မိန်းကလေးအများစုဟာ မိတ်ကပ်အရည်ဝယ်ယူသောအခါမှာ မိမိ လက်ဖမိုး လက်ဖျံတွေ မှာ အလွယ်တကူစမ်းလိမ်း ရွေးခြယ်ခြင်း မလုပ်သင့်ပါဘူး။ မိမိ မျက်နှာ အသားအရေ နှင့် အနီးစပ်ဆုံး သဘာဝအကျဆုံး အရောင်ကို ရွေးခြယ်ဖို့ ပါးမေးရိုး နှင့် လည်ပင်း ပေါ်မှာ စမ်းလိမ်းခြင်းဖြင့် မှန်ကန်သော အရောင်ကို ရွေးခြယ်ဝယ်ယူနိုင်ပါတယ်။
၂) ခြောက်သွေ့သောအသား ပေါ်မိတ်ကပ်လိမ်းခြင်း
ခြောက်သွေ့ အသားပတ်နေသော (သို့) အဖတ်လိုက် အရေခွံကွာနေသော အသားရေပေါ်သို့ မိတ်ကပ်လိမ်းခြင်းဟာ အင်မတန် ကြည့်ရဆိုးသာ လွဲမှားမှုတစ်ခုဖြစ်ပါတယ်။ ဒါဆို ခြောက်သွေ့သော အသားအရေပေါ်ကို ဘယ်လိုမိတ်ကပ်လိမ်းကြမလဲ။ အရင်ဆုံး မိတ်ကပ်မလိမ်းခင် အသားအရေကို သေချာပြင်ဆင်ဖို့ လိုပါတယ်။ အသားပတ်နေသော အသားအရေအတွက် moiturizer ခံပြီး အဖတ်ဖတ် ထနေသော အရေခွံများ ကွာကျသည်အထိ စောင့်ခြင်း ၊ အသားမပတ်သော်လည်း အလွန်ခြောက်နေသော အသားအရေအတွက် moiturizer နှင့် primer အစိုခံပြီးမှသာ မိတ်ကပ်အရည်ကိုလိမ်းသင့်ပါတယ်။ ခြောက်သွေ့သော အသားအရေပိုင်ရှင်များအတွက် ဒီနည်းက တစ်ကြိမ်တစ်ခါအတွက် အလွယ်နည်းသာဖြစ်ပြီး တကယ် ရေရှည်မှာ ကိုယ့်ရဲ့ ပျက်စီးခြောက်သွေ့နေတဲ့အပေါ်ယံအသားလွှာ ကို ဆဲလ်အသစ်မြန်မြန် လဲစေဖို့ exfoliate တစ်ပတ်ကို ၂ ကြိမ်မှ ၃ ကြိမ် လုပ်ပေးခြင်းဖြင့် တင်းရင်းလှပသော အသားအရေ ကို တည်ဆောက်နိုင်ပါတယ်။
၃) Contouring အလုပ်များခြင်း
အလှဓာတ်ပုံတွေထဲမှာ ပါးရိုးထင်ပေါ်ပြီး မျက်နှာကြွလာအောင်၊ ပါးပိန်သွားအောင် အရိပ်ထည့်ရတဲ့ Contouring ကို နေ့စဉ်လိမ်းမိတ်ကပ်မှာ အလွန်အကြွံ လိမ်းခြယ်ခြင်းဟာလည်း ဆိုးရွားတဲ့ လွဲမှားမှုတစ်ခုပါပဲ။ ဓာတ်ပုံထဲမှာ လှပေမယ့် အပြင်မှာတော့ ပိုမလှတဲ့အပြင် ထူးဆန်းနေတတ်ပါတယ်။ နေ့စဉ်လိမ်းမိတ်ကပ်အတွက် Contouring လုပ်ခြင်းထက် ပါးနီဖျော့ဖျော့လေးသာ လိမ်းခြင်းဖြင့် သဘာဝ ကျကျ လှလှပပ နေ့စဉ်လိမ်းမိတ်ကပ် ကို လိမ်းခြယ်ဖို့ တိုက်တွန်းလိုပါတယ်။
၎) lip liner ထင်းထင်း ဆိုးခြင်း
နှုတ်ခမ်းနီအတွင်းသားအရောင် နှင့်ခွဲထွက်ပြီး lip liner ကို သိသိသာသာထင်ထင်ရှားရှားကွပ်လိမ်းခြင်း ဟာလည်း မိတ်ကပ်အလိမ်းမှားထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ တကယ်တော့ lip liner ဟာ အတွင်းက နှုတ်ခမ်းသားအရောင် နဲ့ အရောင်ပြေး ဖြစ်အောင် လိမ်းခြယ် အသုံးပြုသင့်သော အရာ ဖြစ်ပါတယ်။
၅) မျက်ခုံးမွှေးအရောင် နှင့် ဆံပင်အရောင် သိသိသာသာ ကွာခြားခြင်း
ဆံပင်အရောင် ဆိုးခြင်း မကင်းသောခေတ်မှာ ကိုယ်ဆိုးထားတဲ့ ဆံပင်အရောင် နှင့် မတူသော မျက်ခုံးမွှေးအရောင်ကို ဆိုးခြင်းဟာလည်း အဆိုးရွားဆုံးမဟုတ်သော်ငြားလည်း မသင့်တော်သော မဖြစ်သင့်သော အမှားထဲမှာ ပါဝင်ပါတယ်။ အမည်းရောင်ဆံပင် ပိုင်ရှင်များ ဟာ ခဲရောင်ဖျော့ဖျော့ မျက်ခုံးမွှေးရောင်ကို ဆိုးသင့်ပြီး ၊ ရွှေအိုရောင် အညိုရောင် ဆံပင်ပိုင်ရှင်များ အညိုဖျော့ (သို့) အရင့်ကို ဆိုးသင့်ပါတယ်။
ကဲ ဒီမိတ်ကပ်လိမ်း အမှားလေးတွေကို ဂရုတစိုက် ပြုပြင်ရင်းနဲ့ နေ့စဉ်မိတ်ကပ်လိမ်းခြင်း တိုးတက်လာစေရန် ရည်ရွယ်ရင်း
from-Myanmar News Update
ails and Health လက်သည်းကပြောပြနေတဲ့ ကျန်းမာရေး
မျက်လုံးဟာ လူ့ဝိဥာဉ်ရဲ့တံခါးပေါက်လို့ တင့်စားသလိုဘဲ လက်သည်းခြေသည်းကလဲ အတူတူဘဲလို့ အရေပြားအထူးကု ဆရာဝန်တွေက ဆိုကြတယ်။ ဖတ်တဲ့သူ စိတ်ဝင်စားအောင် တမင်ပြောတာ မဟုတ်ပါ။ လူနာ လက်သည်းအရောင် ကြည့်ပြီး ဆေးအစစ်ခိုင်းတော့ အဆုပ်ထဲမှာ အရည်အောင်းနေတာ တွေ့နိုင်ပါတယ်။ အသဲရောင်ရောဂါ၊ နှလုံးရောဂါရှိတာကိုပါ လက်သည်းကနေဖေါ်ပြေနေနိုင်တယ်။ ဖန်းဂတ်စ် (မှို) ပိုးနဲ့ သွေးအားနည်းတာဆိုရင်လဲ ကြည့်တာနဲ့ တန်းသိပါတယ်။ အတွင်းထဲက ရောဂါဝေဒနာကို သဲလွန်းအဖြစ် ဆရာဝန်တွေက သုံးပါတယ်။ ဥပမာ (လူးပတ်စ်) ရောဂါ ဖြစ်နေသူမှာ သူများနဲ့မတူတဲ့သွေးကြောလေးတွေကို လက်သည်းအခြေမှာ မြင်နိုင်တယ်။ ပျောက်နိုင်ခဲလှတဲ့ (ဆိုရီယေးဆစ်) ရောဂါရှိနေရင် ၁ဝ% မှာ လက်သည်း ကွဲနေ ခွက်နေတာမြင်နိုင်တယ်။ လက်သည်းခြောက်နေ၊ ကြွတ်ဆတ်နေပြီး ကွဲအက်လွယ်နေရင် လည်ပင်းကြီးရောဂါလား စစ်ဆေးရမယ်။
၁။ Pale Nails ဖြူရော်ရော်
• Anemia သွေးအား (သံဓါတ်) နည်း၊
• Congestive heart failure နှလုံးရောဂါ၊
• Liver disease အသဲရောဂါ၊
• Malnutrition အာစာရချို့တဲ့ရောဂါ၊
၂။ White Nails လက်သည်းဖြူ
• Hepatitis အသည်းရောင်၊ ပုံထဲမှာ ဝါနေတာကိုလည်းမြင်ရတာဟာ (ဂျွန်းဒစ်) အသာဝါပါဖြစ်နေလို့။
၃။ Yellow Nails ဝါပြီး အခြေမှာ ခပ်ပြာပြာ
• Diabetes ဆီးချို
• Fungal infection ဖန်းဂတ်စ် မှိုရောဂါ၊ ပိုဆိုးလာရင် အခေကြတိုဝင်ပြီး လက်သည်းတွေထူမယ်၊ ကွာချလွယ်မယ်။
• Thyroid disease လည်ပင်းကြီးရောဂါ၊
• Lung disease အဆုပ်ရောဂါ၊
• Psoriasis (ဆိုရီယေးဆစ်) နှင်းကူနဲ့ဆင်တဲ့ရောဂါ။
၎။ Bluish Nails လက်သည်းပြာ
• Oxygen အောက်စီဂျင်နည်းနေခြင်း၊ အသက်မရှူခြင်း၊ အသက်ရှူမဝခြင်း၊
• Pneumonia နူမိုးနီးယား၊
• Heart problems နှလုံးမကောင်းခြင်း။
၅။ Rippled or pitted Nails ဖေါင်းကြွလက်သည်း
• Psoriasis (ဆိုရီယေးဆစ်) နှင်းကူနဲ့ဆင်တဲ့ရောဂါ။
• Inflammatory arthritis အဆစ်ရောင်ရောဂါ၊
၆။ Cracked or Split Nails ကွဲအက် လက်သည်း
• Thyroid disease လည်ပင်းကြီးရောဂါ၊
• Fungal infection ဖန်းဂတ်စ် မှိုရောဂါရှိနေရင် ကွဲအက်တာအပြင် ခပ်ဝါဝါနေမယ်။
၇။ Puffy Nail Fold ရောင်နေတဲ့လက်သည်း
• inflammation of the nail fold လက်သည်းအခြေရောင်ရမ်းနေခြင်း၊ နီနေတာလဲ မြင်ရမယ်။
• Lupus (လူးပတ်စ်) တွယ်ဆက်တစ်ရှူးရောဂါ၊
၈။ Dark Lines လက်သည်းအောက်ထဲမှာ အနက်ရောင်မျဉ်း
• Melanoma အရေပြားကင်ဆာ။
၉။ Gnawed Nails မလှမပလက်သည်း
• Nails biting လက်သည်းကိုက်တတ်တဲ့အကျင့်၊
• Anxiety စိုးရိမ်စိတ်ကဲနေခြင်း၊
၁ဝ။ Nails Are Puzzle ကျန်းမာရေးပဟေဠိ
လက်သည်းမှာ တခုခုထူးခြားနေရင် ကိုယ်ထဲမှာ ဘာဖြစ်နေသလဲ ဆေးစစ်သင့်တယ်။ Dermatologist အရေပြားအထူးကုဆရာဝန်ပြပါ။
ဒေါက်တာတင့်ဆွေ
မျက်စိညောင်းခြင်းကို ကုသနည်းများ
ဒီနေ့ခေတ် ဘဝနေထိုင်မှု ပုံစံကြောင့် လူတွေ အိပ်ရေးပျက်တာ ၊ တီဗီ၊ ကွန်ပျူတာ အကြည့်များတာ၊ အင်တာနက် အသုံးများ တာတွေ ဖြစ်လာပါတယ်။ အိပ်ရေး ပျက်တာကြောင့် မျက်လုံး ဖောင်းအစ်တာနဲ့ မျက်စိညောင်းညာ တာတွေ ဖြစ်လာပါတယ်။ ညောင်းညာ ပင်ပန်း နေတဲ့ မျက်စိဟာ ကြည့်ရတာ သက်သောင့် သက်သာ မဖြစ်ရုံမက ဆွဲဆောင်မှုလည်း မရှိတော့ ပါဘူး။ မျက်စိညောင်းညာမှု ဖြစ်ရသော အကြောင်းရင်း အိပ်ရေး ပျက်တာက မျက်စိ ညောင်းညာမှု ဖြစ်စေတဲ့ အဓိက အကြောင်း ရင်းပါ။ တခြား အကြောင်းရင်း တွေက စိတ်ဖိစီးမှု များ တာ၊ မျက်ကပ် မှန်ကြောင့် စပ်ဖျဉ်းဖျဉ်း ဖြစ်တာ၊ ရေဓာတ်ခမ်း ခြောက်တာ၊ ဆေးကု သမှု တချို့၊ ကွန်ပျူတာ အသုံးများတာ၊ နှာခေါင်း ပိတ်တာ၊ စာဖတ်များ တာနဲ့ တောက်ပတဲ့ အလင်းရောင် ကို ကြာကြာ ကြည့်မိတာ တွေကြောင့် ဖြစ်တတ် ပါတယ်။
မျက်စိညောင်ညာသော အဓိက လက္ခဏာများ မျက်စိ ညောင်းညာတဲ့ အဓိက အကြောင်းရင်းတွေ ကတော့-
- မျက်စိကို ဖွင့်ထားရင်တောင် လေးလံပြီး မသက်မသာ ခံစား ရတာ၊
- မျက်စိစပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ မသက်မသာဖြစ်တာ၊
- မျက်စိခြောက်သွေ့တာ၊ မျက်စိနာတာ၊ မျက်ရည်ကျတာ၊
- ခေါင်းကိုက်တာနဲ့ အလင်းရောင်နဲ့ ထိတွေ့ရင် ကျိန်းစပ်စပ် ဖြစ်တာတို့ ဖြစ်ကြပါတယ်။
မျက်စိညောင်းညာမှု သက်သာစေရန်
(၁) ရေခဲ သေတ္တာထဲမှာ အေးခဲအောင် သိမ်းထားတဲ့ လက်ဖက် အိတ်နှစ် အိတ်ကို ယူပြီး မျက်စိ ပေါ်ကို မိနစ် ၂၀ ကြာ တင်ထား ပါ။ မျက်စိလန်းဆန်းပြီး ညောင်းညာမှု သက်သာသွား ပါလိမ့်မယ်။
(၂) လတ်လတ် ဆတ်ဆတ် လှီးဖြတ်ထားတဲ့ သခွားသီး စိတ်ကို မျက်စိပေါ်မှာ မိနစ် ၃၀ ကြာ တင်လိုက်ပါ။ ပြီးရင် မျက်စိကို ရေအေးနဲ့ ဆေးကြောသန့်စင် ပေးပါ။
(၃) နှင်းဆီ ရေထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်စိပေါ်မှာ ၁၅ မိနစ်ခန့်တင်ပါ။
(၄) အေးခဲနေတဲ့ နို့ထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်ခွံပေါ်မှာ မိနစ် အနည်းငယ်ကြာ တင်ပေးပါ။ မျက်စိ ဖောင်းအစ်မှု လျော့ကျ စေပြီး လန်းဆန်း သွားပါလိမ့်မယ်။
(၅) ရေခဲ သေတတ္တာထဲ ထည့်ထားတဲ့ ဇွန်းနှစ်ချောင်းကို မျက်စိပေါ် တင်ပေးရင် မျက်စိညောင်းညာမှု လျော့ပါး သွားပါ လိမ့်မယ်။
(၆) ရေဓာတ် ခန်းခြောက်မှုကြောင့် မျက်စိ ညောင်းညာမှု မဖြစ် အောင် တစ်နေ့လုံး ရေများများ သောက်ပေး ရပါမယ်။
(၇) မျက်စိကို သန့်ရှင်းတဲ့ ရေခဲရေနဲ့ မကြာခဏ ဆေးကြော ပေးတာက မျက်စိ ညောင်းညာမှု၊ ယားယံမှုနဲ့ နွမ်းနယ်မှု သက်သာ စေပါတယ်။
ကြယ်စင်
BY GOOD HEALTH
အပူလောင်နာများကို သက်သာပျောက်ကင်းနိုင်သော သဘာဝနည်းလမ်းများ
အပူလောင်နာများကို သဘာဝနည်းလမ်းများအရ သက် သာပျောက်ကင်းအောင် ပြုလုပ်နိုင် သည်။
- ဒန်းရွက်ကို ထောင်းပြီး ရေနှင့်ရော ၍ အပူလောင်သည့်နေရာကို အုပ်ပေးပါ။
- ကွမ်းရွက်ကို ချေ၍ သကြားနှင့် ရောပြီးလိမ်းပါ။
- ပျားရည်သည်လည်း အပူလောင် သည့်အနာများကို ထိရောက်စေ သည်။
- လက်အပူလောင်ပါက နို့ခွက်တွင် (၁၅)မိနစ်ခန့်စိမ်ထားပါ။
- သလဲသီးအခွံကို လှီးပြီး အပူ လောင်သည့်အနာပေါ်တွင် အုပ်ခြင်း ဖြင့် အနာကျက်စေသည်။
- ကြက်ဥအကာနှစ်ကို လိမ်းပေးလျှင် လည်း အပူနာကို သက်သာပျောက် ကင်းစေနိုင်သည်။
- တစောင်းလက်ပတ်ကို လှီး၍ အတွင်းမှ ဂျယ်လီကဲ့သို့ အစေးကို အုံခြင်းဖြင့်လည်း အပူကို သက်သာ စေသည်။
- ညောင်ရွက်ကို ချေ၍ ထောပတ်ဆီ (Ghee)ဖြင့် ရောလိမ်းနိုင်သည်။
- လက်ဖက်ရည်(၂)ဇွန်းစာ ဒိန်ချဉ်ကို (၁၅) မိနစ်လိမ်းထားနိုင်သည်။
- ကြက်သွန်နီသို့မဟုတ် အာလူးကို အကွင်းလှီး၍ အုံထားနိုင်သည်။
- ငှက်ပျောသီးကိုချေ၍ အုံခြင်းဖြင့် အပူလောင်သည့်အခါ အရည်ကြည် ဖုမတည်အောင် ကာကွယ်ပေးနိုင် သည်။
ရေနွေးပူပူလက်ပေါ်ကျပြီးလောင်ပါသလား။ဒါမှမဟုတ်မီးဖိုကိုင်မိလို.လက်ပူသွားသလား။ဒါဆိုရင်လက်(သို.မဟုတ်)
အပူလောင်တဲ.အစိတ်အပိုင်းကိုရေအေးအေးလေးလောင်းချလိုက်ပါ။
ပြီးတာနဲ.ချက်ချင်းရှားစောင်းလက်ပက်မှအရွက်တစ်ရွက်ကိုဓားနဲ.ဖြတ်ပြီး
အတွင်းမှဂျလ်လေးဖြင်.ပွတ်သပ်လိမ်းပေးပါ။သင်.အိမ်မှာရှားစောင်းလက်ပက်
ပင်မရှိဘူးဆိုပါကမီးဖိုချောင်ထဲကအားလူးကိုရေးစင် စင်အောင်ဆေးပြီး
အကွင်းလိုက်လှီးကာအပူလောင်တဲ.နေရာပေါ်ကပ်ပေးပါ။ပွတ်ပေးလို.ရပါက
ပွတ်ပေးပါ။ပြီးရင်ပျားရည်လေးသုတ်ပေးပါ။ပိုးသတ်နိုင်တဲ.ဂုဏ်သတ္တိရှိပါတယ်။
ထူး
Health Updates Journal
ချွးပေါက်ကျဉ်းပြီး တင်းရင်းတဲ့အသားအရေဖြစ်စေဖို့
သင့်ချွေးပေါက်တွေဟာ မှန်ဘီလူးအောက်ရောက်နေသလို ကျယ်နေလို့ စိတ်ညစ်နေလား??? စိတ်မညစ်ပါနဲ့။ ချွေးပေါက်ကျဉ်းစေတဲ့ လွယ်ကူတဲ့နည်းလေးတွေရှိပါတယ်။ ချွေးပေါက်လေးတွေ ပြန်ကျဉ်းအောင်က အပေါ်က ချွေးပေါက်ကျယ်စေတဲ့အကြောင်းတွေကိုလည်း သတိထားရပါမယ်။
ပြီးတော့ ချွေးပေါက်လေးတွေ ကျဉ်းသွားအောင် လုပ်ဆောင်ရမှာတွေကို ပြောပြပေးမယ်နော်။
အသားအရေထိန်းသိမ်းမယ်
- အဆီပိုတွေနဲ့ ဆဲလ်သေတွေကြောင့် ချွေးပေါက်တွေပိုကျယ်လာစေပြီး ၀က်ခြံတွေလည်း ဖြစ်စေတော့ အသားအရေကို သေချာသန့်စင်ပေးဖို့ အရေးကြီးတယ်နော်။
- တစ်ရက်ကို ၂ ကြိမ် ကိုယ့်အသားအရေနဲ့ အဆင်ပြေတဲ့ Facial Cleanser နဲ့ မျက်နှာသစ်ပေးပါ။
- ညဘက် ဘယ်လောက်ပဲအိပ်ချင်နေပါစေ မိတ်ကပ်တွေဖျက်ပြီးမှ အိပ်ပါ။
- မျက်နှာသစ်ပြီးတိုင်း Toner သုံးပေးရမယ်နော်။
- ဗီတာမင်စီပါတဲ့ ခရမ်တွေကို လိမ်းပေးရင်လည်း အသားအရေကို သန့်စင်စေသလို အသားအရေကို တင်းရင်းစေတဲ့ ကော်လာဂျင် ထုတ်လုပ်မှုကို အားပေးလို့ ချွေးပေါက်တွေကျဉ်းစေဖို့ အထောက်အကူ ပေးပါတယ်။
- ဆဲလ်အသေတွေကို သေချာဖယ်ရှားနိုင်ဖို့ တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် Scrud နဲ့ မျက်နှာချေးချွတ်ပါ။
- တစ်ပတ်ကိုတစ်ကြိမ် မျက်နှာပေါင်းတင်ပေးဖို့လည်း မမေ့ပါနဲ့။ ချွေးပေါက်တွေကို သန့်စင်စေတဲ့ မျက်နှာပေါင်းတင်ကပ်ခွာ (Pore refining mark) ကို သုံးပေးတာပိုကောင်းပါတယ်နော်။
- Alpha Hydroxy Acid (AHA) 10% ပါတဲ့ လိမ်းဆေးတွေကို သုံးပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
နေရောင်ခြည်ဒဏ်က ကာကွယ်မယ်
- နေရောင်ခြည်က အသားအရေရဲ့ တကယ့်ရန်သူပဲနော်။
- ချွေးပေါက်တွေကျယ်စေတဲ့ အဓိကအချက်လည်း ဖြစ်နေတော့ ဒီဆိုးကျိုးအရမ်းပေးတဲ့ နေရောင်ခြည်ဒဏ်ကို ကာကွယ်မယ်။
- နေရောင်ကာကွယ်ဆေးတွေ လိမ်းမယ်။
- နေကာမျက်မှန်၊ ထီး၊ ဦးထုပ်ပါမှ အပြင်ထွက်ကြမယ်လေ။
မိတ်ကပ်ကို အားမကိုးပါနဲ့
- ချွေးပေါက်တွေကို ဖုံးအောင်ဆိုပြီး မိတ်ကပ်တွေကို အထူကြီးလိမ်းမလို့လား။ မလုပ်လိုက်နဲ့နော်။
- သင့်အရေပြားလေး ကောင်းကောင်းအသက်ရှုပါစေလား။
- မိတ်ကပ်ကို အထူကြီးလိမ်းလေလေ ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး အသားအရေကို ပိုထိခိုက်လေလေပဲလေ။
- မျက်နှာပြောင်ဖြစ်နေမှာဆိုးရင်တော့ ပေါင်ဒါမှုန့်တွေ၊ ပေါင်ဒါခဲ (Powder Cake) တွေ လိမ်းရင်ကို OK တယ်နော်။
- Oil Control အမျိုးအစားကိုပဲ ရွေးချယ်ဖို့တော့ မမေ့ပါနဲ့။
- မိတ်ကပ်လိမ်းတာ နဲလေ ကောင်းလေပါနော်။
- မိတ်ကပ်လိမ်းရင် အသုံးပြုတဲ့ ရေမြုပ်၊ ဘရှပ် စတာတွေကိုလည်း အမြဲသန့်ရှင်းအောင်ထားပါ။
- ရေမြုပ်၊ ဘရှပ်တွေပေါ်မှာရှိနေတဲ့ အဆီတွေ ဘက်တီးရီးယားတွေဟာ သင့်ချွေးပေါက်တွေထဲကို ၀င်ပြီး ကောင်းကောင်းဒုက္ခပေးနိုင်တယ်လေ။
- အဲဒီတော့ ရေမြုပ်၊ ဘရှပ်တွေကို အမြဲသန့်ရှင်းနေအောင် ဂရုစိုက်ရမယ်နော်။
ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်မှုပုံစံပြောင်းမယ်
- ရေကို များများသောက်ပါ။ ဒါမှ ခန္ဓာကိုယ်ထဲက အညစ်အကြေး အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မှာလေ။
- အသီးအရွက်၊ အဆီနည်းတဲ့အသား၊ ငါး များများစားပါ။
- ရယ်ဒီမိတ်စားစရာတွေ၊ အချိုတွေ၊ အဆီအဆိမ့်တွေ၊ ကော်ဖီတွေက အရေပြားက အဆီထုတ်လုပ်မှုကို များစေလို့ ချွေးပေါက်ထဲမှာ အဆီတွေကြောင့် ချွေးပေါက်ပိုကျယ်လာစေသလို ချွေးပေါက်ပိတ်ပြီး ၀က်ခြံတွေပါ ဖြစ်စေနိုင်လို့ ဝေးဝေးက ရှောင်ရမယ်နော်။
ချွေးပေါက်လေးတွေ ပြန်ကျဉ်းစေမယ့် သဘာဝရဲ့စွမ်းအားများ
ဆဲလ်အသေတွေကို ပုံမှန်ဖယ်ရှားခြင်းဟာ ချွေးပေါက်တွေကို ပြန်ကျဉ်းစေမယ့် အကောင်းဆုံးနည်းပါပဲ။ ဆဲလ်အသေတွေကို ဖယ်ရှားတာကို အိမ်မှာပဲ သဘာဝပစ္စည်းတွေနဲ့ လုပ်လို့ရတယ်နော်။
- အရင်ဆုံး မျက်နှာသစ်ပါ။
- ပြီးတော့ မျက်နှာသုတ်ပုဝါကို ရေနွေးဆွတ် အရေညှစ်ပြီး မျက်နှာပေါ်ခဏတင်ထားပါ။
- ဒါမှ ချွေးပေါက်တွေကို ပွင့်စေပြီး ဆဲလ်သေတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်စေပါတယ်။
- ဂျုံ (သို့) မုန့်ဖုတ်ဆော်ဒါနဲ့ ရေကို ဆတူရောပြီး မျက်နှာပေါ်လိမ်းပါ။
- ခဏနေရင် ရေဆေးချလိုက်ရုံပါပဲ။
- တစ်ပတ်မှာ တစ်ခါထက်တော့ ပိုပြီး မလုပ်မိစေနဲ့နော်.. အလွန်အကျွံလုပ်ရင် အသားအရေကို ထိခိုက်သွားနိုင်တယ်လေ။
ချွေးပေါက်လေးတွေကျဉ်းစေတဲ့ အကုန်အကျလည်းမများ လွယ်ကူအစွမ်းထက်တဲ့ သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်နည်းတွေကိုလည်း လေ့လာကြည့်ရအောင်..။
သခွားသီးနဲ့ ထောပတ်သီး မျက်နှာပေါင်းတင်ဆေး
- ပါးပါးလှီးထားတဲ့ သခွားသီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ထောပတ်သီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ကြက်ဥအကာ တစ်လုံး၊ နို့မှုန့် လ္ဘက်ရည်ဇွန်း ၂ ဇွန်းအားလုံးကို သေချာသမပြီး ပျစ်ပျစ်လေးဖြစ်သွားအောင် Blender နဲ့ ရောမွှေလိုက်နော်။
- ရရှိလာတဲ့ အနှစ်ကို မျက်နှာနဲ့ လည်ပင်းမှာ နှံ့စပ်အောင်လိမ်းပေးပါ။
- ၃၀ မိနစ် (သို့) ခြောက်သွားတဲ့အခါ ရေနွေးနွေးလေးနဲ့ အရင်ဆေးချပြီး ရေအေးနဲ့ ပြန်ဆေးလိုက်ပါ။
- မျက်နှာနဲ့ လည်ပင်းကို ခြောက်သွေ့အောင် သုတ်ပြီးတဲ့အခါ သင့်ချွေးပေါက်လေးတွေကျဉ်းပြီး နူးညံ့ချောမွေ့နေတဲ့ မျက်နှာလေးကို တွေ့ပြီး သင်လည်း အရမ်းကို ပျော်ရွှင်သွားမှာနော်။
ကြက်ဥနဲ့ သံပုရာသီး မျက်နှာပေါင်းတင်ဆေး
- သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီး ကြက်ဥအကာတစ်လုံးနဲ့ ၃ မိနစ်ခန့်ကြာအောင် ခေါက်မွှေပါ။
- ပြီးတော့ မျက်လုံးတ၀ှိက်ကို ချန်ထားပြီး မျက်နှာအနှံ့လိမ်းလိုက်ပါ။
- ၃၀ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးချပြီး အစိုဓာတ်ထိန်းခရမ်တစ်ခုခု လိမ်းပေးလိုက်ရင် ချွေးပေါက်လေးတွေကျဉ်းပြီး လန်းဆန်းချောမွေ့နေတဲ့ မျက်နှာလေးကို ရရှိပါလိမ့်မယ်နော်။
ငှက်ပျောသီးနဲ့ ပျားရည် မျက်နှာပေါင်းတင်ဆေး
- ဒါကတော့ အလွယ်ဆုံးနည်းလေးပါပဲ။
- ချေထားတဲ့ ငှက်ပျောသီးနဲ့ ပျားရည်ကိုရော သမအောင်မွှေပြီး အနှစ်ပျစ်ပျစ်လေးရလာတဲ့အခါ မျက်နှာပေါ်မှာ လိမ်းပါ။
- ၁၀ မိနစ်နေရင် ရေနွေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။
- အရမ်းလွယ်တယ်နော်.. ဒါပေမယ့် အရမ်းလည်း အစွမ်းထက်ပါတယ်။
- ငှက်ပျောသီးမှာပါတဲ့ သဘာဝအက်စစ်က ဆဲလ်ဟောင်းတွေကို ဖယ်ရှားပေးပြီး ပျားရည်က အသားအရေကို နူးညံ့ချောမွေ့စေတယ်လေ။
- ဒီနည်းနဲ့ပဲ ချွေးပေါက်လေးတွေကို ကျဉ်းစေတာပါ။
- ငှက်ပျောသီးအစား ချေထားတဲ့ စပျစ်သီး (သို့) စတော်ဘယ်ရီသီးနဲ့ ပျားရည်ကို ရောပြီးတော့လည်း လုပ်လို့ရတယ်နော်။
ချက်ချင်းလက်ငင်း ချွေးပေါက်ကျဉ်းစေ
- ချက်ချင်းလက်ငင်း ချွေးပေါက်ကျဉ်းစေဆိုတော့ စိတ်ဝင်စားသွားပြီ ဟုတ် ??
- ချွေးပေါက်တွေ ချက်ချင်းကျဉ်းစေဖို့အတွက် အအေးဓာတ်ကို သုံးရမှာပါ။
- နို့ထဲမှာပါတဲ့ လက်တစ်အက်စစ်လို့ခေါ်တဲ့ Alpha Hydroxy Acid ဟာ အသားအရေကို နူးညံ့ချောမွေ့စေသလို ဆဲလ်အသစ်ပွားတာကိုလည်း အားပေးတယ်လေ။
- အဲဒီတော့ အအေးဓာတ်နဲ့ နို့ရဲ့ အစွမ်းတွေကို အသုံးချပြီး ချွေးပေါက်တွေကျဉ်းအောင် လုပ်ကြစို့နော်။
- အ၀တ်သန့်သန့်တစ်ခုကို အအေးခံထားတဲ့နို့ထဲ နှစ်လိုက်ပါ။
- အ၀တ်မှာ ပိုနေတဲ့နို့တွေကို ညှစ်လိုက်ပြီး အ၀တ်ကိုမျက်နှာပေါ် ကပ်ထားပါ။
- ၅-၁၀ မိနစ်ကြာတဲ့အခါ အ၀တ်ကိုဖယ်ပြီး ရေအေးအေးလေးနဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။
- ဒီနည်းလေးဟာ ချွေးပေါက်တွေကို ယာယီကျဉ်းသွားစေပြီး အသားအရေကို ချောမွေ့သွားစေသလို ချွေးပေါက်တွေထဲကို မိတ်ကပ်တွေ မ၀င်အောင်လည်း ကာကွယ်ပေးပါတယ်။
- အားလုံးအတွက် အသုံးတည့်မှာပါနော်။
ရင်နှင်းအပေါ်မှာ ပြောပြခဲ့တာလေးတွေကို သေချာလိုက်လုပ်ပေးရင် ချွေးပေါက်လေးတွေ တဖြည်းဖြည်းကျဉ်းလာမယ့်အပြင် အသားအရေလည်း တကယ်ကို လှလာမှာနော်။ ချွေးပေါက်တွေကျဉ်းပြီး တင်းရင်းချောမွေ့လှပတဲ့ မျက်နှာလေးကို မြန်မြန်ပိုင်ဆိုင်နိုင်ပါစေရှင်။
:pray
from-အလှအပရေးရာဆွေးနွေးကြမယ်(Beauty Talk)
မည်းနေတဲ့ တံတောင် ဆစ်ကြောင့် စိတ်မညစ်နဲ့
ကိုရီးယား ကားတွေ ခေတ်စား လာတာနဲ့ အမျှ ကိုရီးယား ဖက်ရှင်တွေ ကိုရီးယား အလှကုန်တွေ ခေတ်စားလာပြီး ယောကျာ်းလေးတွေရော မိန်းကလေးပါ ကိုရီးယား စတိုင်လ်လေးတွေ ပြင်ဆင် လာကြပါတယ်။
ဒီလို ပြင်ဆင်လာကြရာမှာ မျက်နှာလေးကို မိတ်ကပ်ဖွေးနေ အောင်လိမ်းပြီး ဖက်ရှင်ကျအောင် ဝတ်လိုက်ရင် Perfect ဖြစ်သွားပြီလို့ တော်တော် များများက ထင်နေ ကြတယ်။ ခန္ဓာကိုယ် အသားအရေကို ဂရုစိုက်ဖို့ မေ့နေကြတယ်။ လူတော်တော် များများက တံတောင်ဆစ်နဲ့ ဒူးခေါင်းမှာ မည်းညစ်ပြီး အသားအရောင် မညီမညာ ဖြစ်နေ ကြပါတယ်။ အထူးသဖြင့် စကတ်တို ဝတ်တဲ့ မိန်းကလေးတွေနဲ့ ဘောင်းဘီတို ဝတ်တဲ့ ယောကျာ်းလေးတွေ အတွက်တော့ ပြဿနာ တစ်ရပ်ပဲပေါ့။ မျက်နှာမှာ မိတ်ကပ် ဖွေးနေအောင်လိမ်း၊ ဖက်ရှင် ကျအောင် ဝတ်ထားပေမယ့် တံတောင်ဆစ်နဲ့ ဒူးခေါင်းက မည်းညစ် နေတော့ ကြည့်လို့ ကောင်းပါ့မလား။
တံတောင်ဆစ်၊ ဒူးခေါင်းမည်း ရခြင်း အကြောင်းရင်း
အကြောင်းရင်း ကတော့ တံတောင်ဆစ်နဲ့ ဒူးခေါင်းကို အလွန်အကျွံ အသုံးပြုလို့ ဖြစ်ပါတယ်။ စားပွဲခုံမှာ တံတောင်ဆစ်နဲ့ အကြာကြီး ထောက်ထား တာတို့၊ ဒူးအကြာကြီး ထောက်တာတို့ အဲဒီလို ရုတ်တရက် သတိမထားမိ လိုက်တဲ့ အကြောင်း လေးတွေကြောင့်ပေါ့။
ဒီတံတောင်ဆစ်၊ ဒူးခေါင်းက အမည်းကွက်တွေ ပျောက်ကင်းပြီး လှပတဲ့ အသားအရေကို ရရှိစေဖို့ အခုပြောပြမယ့် ငွေအကုန်အကျ သက်သာပြီး တစ်နေ့ တစ်ကြိမ် ပုံမှန်သာ လုပ်ပေး သွားဖို့ လိုအပ်မယ့်နည်း လမ်းလေးတွေ ကို စမ်းသပ် ကြည့်ပါလား။
ကုသမှု(၁)
သံပရာရည်၊ ဆားနဲ့ သကြား ညိုတို့ကို ရောစပ်ပြီး မည်းညစ်နေတဲ့ တံတောင်နဲ့ ဒူးခေါင်းမှာ ငြင်ငြင် သာသာလေး ပွတ်ပေးပါ။ သံပရာရည်ဟာ သဘာဝ ချေးချွတ်နိုင်စွမ်း ရှိတဲ့အတွက် အသားအရေကို ကြည်လင်စေပြီး သကြားညိုနဲ့ ဆားကတော့ အစိုဓာတ်ကို ပြန်လည် ဖြည့်တင်းပေးပါတယ်။ ဆားကလည်း အံဩစရာ ကောင်းလောက်အောင် အသားအရေကို သန့်ရှင်းစေတဲ့ သဘာဝ ချေးချွတ် ပစ္စည်း ဖြစ်ပါတယ်။ သကြားညိုက အရေပြား ဆဲလ်အ သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို တောက်ပ စေတဲ့ အပြင် ခန္ဓာကိုယ် သွေးလည်ပတ် ခြင်းကိုလည်း လှုံ့ဆော် ပေးပါတယ်။ သကြားရည်က မျက်လုံး တစ်ဝိုက်မှာ ဖြစ်ပေါ်တတ်တဲ့ အရေးအကြောင်း တွေကို လျော့နည်း စေပါတယ်။ ဒီအဆင့်တွေ ပြီးသွားတဲ့နောက် အုန်းဆီ အနည်းငယ်ကို တံတောင်နဲ့ ဒူးခေါင်းမှာ ပွတ်လိမ်းပေးပါ။ အုန်းဆီက အရေပြားမှာ ကုန်ခမ်းသွားတဲ့ ဗီတာမင်တွေကို ပြန်လည် ဖြည့်တင်း ပေးပြီး အရေပြား ဆဲလ်တွေကို လှုံ့ဆော်ပေးပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်လောက် ပုံမှန် လုပ်ပေး နိုင်ပါတယ်။
ကုသမှု(၂)
အာလူးဖျော်ရည်က သဘာဝ အတိုင်း အမည်းစက်၊ အမည်းကွက် တွေကို သက်သာ ပျောက်ကင်းစေ နိုင်စွမ်း ရှိပါတယ်။ ဈေးနှုန်း သက်သာပြီး နေရာတိုင်းမှာ အလွယ်တကူ ရရှိနိုင်တဲ့ ပစ္စည်းဖြစ်ပါတယ်။ အာလူး အရည်ကို မည်းညစ်ခြောက် သွေ့နေတဲ့ တံတောင်ဆစ်နဲ့ ဒူးခေါင်းမှာ ပွတ်လိမ်း ပေးခြင်းဖြင့် အမည်းကွက်တွေကို သက်သာ စေပါတယ်။ တစ်နေ့တစ်ကြိမ် ပုံမှန်လုပ် ပေးမယ်ဆိုရင် သုံးလအတွင်း အမည်းကွက် တွေကို သိသိသာသာ လျော့နည်း စေနိုင်ပါတယ်။
ကုသမှု(၃)
အလှဆီ (Glycerine) စားပွဲ တင်ဇွန်းတစ်ဝက်၊ နွားနို့နှစ်ဇွန်း၊ နနွင်းမှုန့် စားပွဲတင်ဇွန်း တစ်ဇွန်းရဲ့ လေးပုံတစ်ပုံကို နှံ့အောင်မွှေပြီး တံတောင်နဲ့ ဒူးခေါင်းမှာ နေ့စဉ် မိနစ် (၂၀)ခန့် လိမ်းထား ပေးပါ။ ထို့နောက် ရေဖြင့် ဆေးချပါ။ အမည်း ကွက်တွေကို တဖြည်းဖြည်းပျောက် ကင်းစေပြီး အရေပြားကို နူးညံ့ စေပါတယ်။
from-Royal Hero Media
လက်ချောင်းလေးတွေ အသုံးပြုပြီး ဝေဒနာ ကုသ ကြည့်ရအောင်
(၁)တော်ရုံနဲ့ အိပ်မပျော်တတ်သူ ဖြစ်နေပါ သလား ?
အနှိပ်ခံပြီးရင် အိပ်ပျော်တာ ပိုမို မြန်ဆန်တယ်လို့ အိပ်မပျော် တတ်သူတွေက ပြောကြပါတယ်။ လေ့လာမှု တစ်ခု အရလည်း တစ်နေ့ကို နှစ်ကြိမ် နှုန်းနဲ့ ၁ဝ ရက်ကြာ အနှိပ်ခံပြီး နောက်ပိုင်းမှာ အိပ်စက်မှု ဆိုင်ရာ ပြဿနာတွေ အားလုံး ဖြေရှင်း သွားနိုင်တယ်လို့ သိရပါတယ်။
မိမိဘာသာ လုပ်ကြည့်ပါ
သင့် လက်မထိပ်နဲ့ လက်ညှိုးထိပ် ကို ပုံ(Finger 1)မှာ ပြထားတဲ့ အတိုင်း ငါးမိနစ်ခန့် ဖိထားပေးပါ။ လက်မထိပ်ဟာ အိပ်ပျော်မှု ကောင်းစေပြီး အိပ်/ထ စက်ဝန်းကို ညီမျှမှု ရှိအောင် ထိန်းချုပ် ပေးထားတဲ့ ဦးနှောက် အတွင်းမှ Pineal အကျိတ်နဲ့ ဆက်စပ်မှု ရှိတာကြောင့် လို့ ဆိုပါတယ်။
(၂)စိတ်ဖိစီးမှု များလို့ ခေါင်းကိုက် နေပါ သလား?
လက်မနဲ့ လက်ညှိုးကြားက အသားဆိုင် နေရာကို ဖိအားပေးပါ။ ဒီလို ဖိအား ပေးတာကြောင့် စိတ်ပျော်ရွှင်ပြီး ခံစားမှု ကောင်းစေကာ တက်ကြွမှု ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ ဒီလို ဖိနှိပ်တာကြောင့် ရရှိတဲ့ အကျိုးကျေးဇူးဟာ ၁ဝ အောင်စစာ ကော်ဖီ တစ်ခွက် သောက်တာနဲ့ ညီမျှတဲ့ စွမ်းအင် အမြန် ရရှိစေတယ်လို့ သုတေသီ တွေက ဆိုပါတယ်။
မိမိဘာသာ လုပ်ကြည့်ပါ
ပုံ(Finger 2)မှာ ပြထားတဲ့ အတိုင်း လက်တစ်ဖက်ရဲ့ လက်မနဲ့ လက်ညှိုးကို ယူပြီး တခြား လက်တစ်ဖက်ရဲ့ လက်မနဲ့ လက်ညှိုးကြား V ပုံသဏ္ဌာန် နေရာကို ဖိနှိပ် ပေးပါ။ ငါးမိနစ်ခန့် ဖိညှစ် ထားတာကြောင့် ခေါင်းကိုက်တာနဲ့ ပင်ပန်းတာတွေ သက်သာ သွားနိုင် ပါတယ်။ သင် ကိုယ်ဝန် ဆောင်ထား ရရင်တော့ ဒီလို ဖိနှိပ်မှုမျိုး မလုပ်မိ ပါစေနဲ့။ ဗိုက်နာ(contraction) လာနိုင်လို့ပါ။
(၃)ဓမ္မတာ လာလို့ ကိုက်ခဲ နေပါ သလား?
အပ်စိုက် ကုထုံးကြောင့် စိတ်တိုတာ၊ စိတ်ခံစားမှု မကောင်းတာနဲ့ ဗိုက်အောင့်တာ လိုမျိုး အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ဓမ္မတာ အကြို ဝေဒနာတွေကို ၄၇ ရာခိုင်နှုန်းခန့် သက်သာ သွားနိုင်တယ် လို့ လေ့လာမှု အရ သိရပါတယ်။
မိမိ ဘာသာ လုပ်ကြည့်ပါ
လက်ဖမိုးကို သင့် မျက်နှာဘက် ထားပြီး လက်ကောက်ဝတ် အဆစ်ရဲ့ အပေါ် နေရာကို ပုံ(Finger 3 )မှာ ပြထားတဲ့ အတိုင်း စက္ကန့် ၃ဝ ခန့် ဖိနှိပ်ပါ။ တခြား လက်ကောက်ဝတ် နေရာ ကိုလည်း အဲဒီအတိုင်း ဖိနှိပ်ပါ။ သားအိမ်နဲ့ သက်ဆိုင်တဲ့ နေရာ ဖြစ်ပြီး ဗိုက်အောင့်တာ၊ လေပွတာနဲ့ ဓမ္မတာ အကြို ဝေဒနာတွေ သက်သာ သွားနိုင် ပါတယ်။
(၄)အစာမကြေလို့ ဗိုက်အောင့် နေပါ သလား?
New Jersey Memorial ဆေးရုံမှ လေ့လာမှု အရ ဝမ်းဗိုက် နာကျင်သူ ၁ဝ ယောက် အနက် ၉ ယောက်ဟာ အပ်စိုက် ကုထုံးကြောင့် ဝေဒနာသက်သာသွား တယ်လို့ သိရပါတယ်။ တခြားလေ့လာမှု တစ်ခုအရလည်း ဝမ်းပျက်ဝမ်းလျှောသူ တွေ ၁ဝဝ ရာခိုင်နှုန်း ဟာလည်း ဒီကုထုံးကြောင့် ခြောက်နာရီ အတွင်း ဝေဒနာ သက်သာ သွားတယ်လို့ ဆိုပါတယ်။
မိမိ ဘာသာ လုပ်ကြည့်ပါ
သင်ရဲ့ ဘယ်ဘက်လက်ကို သင့်မျက်နှာဘက်မှာ ထားပြီး သင့်လက်မနဲ့ လက်အရင်း အောက်က အသားစိုင် နေရာကို ပုံ(Finger 4)မှာ ပြထားတဲ့ အတိုင်း ဖိနှိပ် ပေးပါ။ ပြီးရင် သင့် လက်မကို လက်သန်းဆစ် အောက် ရောက်တဲ့ အထိ ဖိအားပေးပြီး ဆက်ဆွဲ သွားပါ။ ငါးမိနစ်ခန့် ပြုလုပ် တာကြောင့် အစာအိမ်နဲ့ ပတ်သက်တဲ့ ဝေဒနာတွေ သက်သာ သွားနိုင် ပါတယ်။
(၅)နှာပိတ် နေပါ သလား?
လက်ချောင်း ၁ဝ ချောင်း စလုံးရဲ့ ထိပ်ပိုင်းဟာ ဦးနှောက် နဲ့ နှာခေါင်း လိုဏ်ခေါင်း (Sinus) တွေနဲ့ ဆက်စပ်မှု ရှိပြီး လက်ချောင်းထိပ် တွေကို ဖိနှိပ် ထားတာကြောင့် နှာစေး၊ နှာပိတ်တာ သက်သာ နိုင်တယ် လို့ ဆိုပါတယ်။
မိမိ ဘာသာ လုပ်ကြည့်ပါ
ပုံ(Finger 5)မှာ ပြထားတဲ့ အတိုင်း သင့်လက်မနဲ့ လက်ညှိုးကို အသုံးပြုပြီး လက်ချောင်း တိုင်းရဲ့ ထိပ်ပိုင်းကို တစ်စက္ကန့်စီ ခန့် ဖိကိုင်ထားပါ။ နာကျင်မှု ဝေဒနာ ခံစားရရင် အဲဒီ နေရာကို အထူး အလေး ထားပြီး နည်းနည်း ကြာကြာလေး ဖိထားပေးပါ။
credit to SweSone Media Group
Monday, April 8, 2013
မေးခွန်းများ...????????
               ချော်လဲဘူးပါသလား မေးလျှင် တော်တော် အူကြောင်ကြောင်နိုင်လိုက်လေခြင်းဟု ထင်ကောင်းထင်ကြမည်။ ဖူးသစ်စ မနက်ခင်းတစ်ခုနှင့်  ကစားဖူးပါသလား သို့ မဟုတ် အရွယ်ရောက်လာပြီးမှ အကြိမ်ကြိမ်ချော်လဲဘူး ပါသလား။ အကယ်၍ သင်သည် အရွယ်ရောက်မှ ချော်လဲလေ့ ရှိတတ်ခဲ့လျှင် သင့်၏ကလေးဘ၀၌ လွဲချော်မှု အတော်အတန် ရှိခဲ့ပေလိမ့်မည် ဖြစ်သည်။ သေချာတာကတော့ ကျွန်တော့်တို့ သည် ကလေးဘ၀၌  ဒဏ်ရာများတော့ ရခဲ့ဘူးပါလိမ့်မည်။ အဖေးတက်လာသော အနာလေးများ ယားယံခြင်း၌ သာယာတတ်မည်ဆိုပါက သင်သည်အောက်ပါစာများ ဖတ်ရန် မည်သို့ မျှ မသင့်လျှော်ပါ။
                 ကလေးချစ်သူ တော်တော်များများ ကျွန်တော်တွေ့ ဖူးသည်။သို့ သော် ကလေး ကိုချစ်ခြင်းထက် ကလေးကြောင့်ရသော မိမိတို့ ၏ ပျော်ရွှင်မှုကို ပိုမို၍ ချစ်ခင်နေကြခြင်းကို တွေ့ နေရသည်။ကလေးတို့ မည်သည် လူနုနယ်ခြင်း ထက်ပို၍ စိတ်လည်း အလွန်နုနယ်တတ်သည်ကို သတိထားမိရန်လိုအပ်သည်။
                      မေးခွန်းတို့ သဘောသဘာဝ အရ နှစ်မျိုးနှစ်စားသာ ရှိပါသည်။ကိုယ်က သူတစ်ပါးကို မေးသော မေးခွန်းနှင့် သူတစ်ပါးက ကိုယ့်ကို မေးသော မေးခွန်းများပင် ဖြစ်သည်။(ကျွန်တော် ဆိုလိုသည့် နမ်စား သူတစ်ပါး ဆိုသည်မှာ သက်ရှိရော သက်မဲ့ပါ ပါဝင်သည်) တစ်စိမ်းတွေနှင့်ဆက်ဆံရာ ၌ ကျွန်တော်တို့ သည် မေးခွန်းတော်တော် များကို မေးမြန်းခဲ့သလို ဖြေဆိုခဲ့ပြီးလည်း ဖြစ်ခဲ့သည်။မေးခွန်းများ၏ အဖြူစင်ဆုံး အချိန်မှာ စကားပြောတတ်ခါစ ကလေးဘ၀ ပင်။သူတို့ သည် အစပင်ဖြစ်သည်။သူတို့ ကို သူတို့  လူဟုပင် မသိကြ၊ သူတို့ သိသည်မှာ မိဘ နှစ်ပါးနှင့် မြင်နေကျ လူအနည်းငယ်သာ။
                  ကလေး ဘ၀သည် အလွန်ဖြူစင်သည်ဟု သူများတွေ ပြောတာ ရေးတာရော သီချင်းထဲမှာပါ ကျွန်တော်ကြားခဲ့ရသည်။မေးခွန်းတွေ အတွက် သူတို့ မှာ အဖြေမရှိ။ထို့ ကြောင့် လူကြီးတွေအတွက် အသက်ရှိသော ကစားစရာ အရုပ်ဖြစ်ခဲ့သည်။လူကြီးတွေသည် သူတို့ ကိုယ်တိုင် မဖြေနိုင်သော မေးခွန်းတစ်ချို့ ဖြင့် ကလေးများကို စ ကြသည်။ဥပမာ "သား ဖေဖေနဲ့ မေမေ ဘယ်သူ့ ကို ပိုချစ်လဲ" ။ ကလေးငယ်အတွက် တကယ့်ကိုပြဿနာပင်။မိဘ နှစ်ပါး ရှိလျှင် ပိုဆိုးသည်။ထိုအခါ လက်ဖ၀ါး အချင်းချင်းပွတ်၍သော်လည်းကောင်း ခေါင်းငုံ့ ၍သော်လည်းကောင်း မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်၍သော်လည်းကောင်း သူတို့ ၏် အနေရခက်မှု ဖြေရှင်းရခက်မှုကို လူကြီးများ သိအောင် ပြကြသည်။ဒါကို လူကြီးများက ရယ်စရာဟု သဘောထားကြသည်။ဤသည်မှာ ကလေးငယ်အတွက် အနှုတ်လက္ခဏာ သို့ မဟုတ် ဒဏ်ရာပင်ဖြစ်သည်။ တစ်ချို့ က ကလေးဝတ်ထားသော အကျီကို အကြောင်းပြု၍ စကြသည်။"မင်းအင်္ကျီက အစုတ်ကြီး အသစ်မ၀တ်ဖူးလား" ထို သို့  အစခံလိုက်ရသော ကလေးသည် ပြည့်ပြည့်စုံစုံထဲက ဆိုလျှင်အကြောင်းမရှိ။ဆင်းရဲနွမ်းပါသော မိသားစုမှ ဆင်းသက်လာခဲ့လျှင် ကလေးရော သူ့ မိသားစုပါ အကျိုးယုတ်လှသည်။သူသည် သူ့ အကျှီင်္အကြောင်း သူ့ မိဘကို ပြောမည်။ အသစ်မဆင်နိုင်သော မိဘ သည် ကလေးငယ်ကို ဆူမည်။တစ်ချို့ က ရိုက်နှုက်မည်။ကြီးစွာသော သိမ်ငယ်ခြင်းတို့ ဖြင့် ငိုကြွေးနေသော ကလေးငယ်သည် အလွန် အန္တရယ်များလှသည်။အကျီအစုတ်လေးနဲ့ အတူ လမ်မှားပေါင်း များစွာကို ၀တ်ဆင်ရန် သူဝန်လေးတော့မည် မဟုတ်ပါ။
                    ကလေးတို့ မည်သည် အသစ်အဆန်းကို သဘောကျကြသည်။ကလေးကစား စရာများကို သူတို့ စိတ်ထဲ၌ လက်တွေ့ ဘ၀ဟုမှတ်ယူသည်။ကားရုပ်တစ်ခုဆိုပါဆို့ ။သူတို့ မောင်းသည် သူတို့ စိတ်ထဲ၌ အပြင်မှာ မောင်းနေသလို ။ သေနတ် တစ်လက်ဆိုပါဆို့ ။သူတို့ ကိုယ်သူတို့  ကြီးမားသည့်တိုက်ပွဲ တစ်ခု ရင်ဆိုင်နေရသလို။စင်စစ် သူတို့ ကစားနေကြခြင်း မဟုတ်။ သူတို့ သွားနေကြခြင်းဖြစ်သည်။သူတို့ ရွေးခြယ်နေကြခြင်း ဖြစ်သည်။ဒါကို သူတို့ နှင့်နီးကပ်စွာ ရှိနေသော မိဘ နှစ်ပါး သို့ မဟုတ် အုပ်ထိန်းသူတို့ က လေးလေးနက်နက် သတိပြုရန်လိုသည်။ သူတို့ ၏ မျှော်လင့်ချက် သူတို့ ဖွင့်အန်လာသော တောင့်တမှု  တနည်း မေးခွန်းတို့ အား အလွယ်တကူ မရှောင်တိမ်းသင့်။
                   ကျွန်တော့်အဖေ သည် ကျွန်တော့်ကို ပညာတတ်တစ်ယောက် ဖြစ်စေချင်ခဲ့သည်။ ငယ်ငယ်လေးကတည်းက ကျွန်တော့်ပညာရေး၌ သူကိုယ်တိုင် ကြပ်မတ်သည်။ကျွန်တော်သည် အဖေ့ ကျေးဇူးနှင့် သူငယ်တန်း မှ တတိယ တန်းအထိ ပထမ ချည်းစွဲခဲ့သည်။ မှတ်မှတ်ရရ လေးတန်း ကျောင်းသား အရွယ် ။ စာမေးပွဲ နီးစဉ် ကာလ ဖြစ်သည်။ကျွန်တော့်အိမ်ဘေးမှာ ကျွန်တော့်သူငယ်ချင်းများ ဆော့နေသည်ကို ကျွန်တော် မြင်နေကြားနေရသည်။ ကျွန်တော့် လက်ထဲမှာ သင်္ချာ စာအုပ်နှင့် ပုစ္ဆာများကို တစ်ခုပြီး တစ်ခု ရွေးနေသော ကျွန်တော့်အဖေ။ကျွန်တော့် အာရုံသည် သူ့ ထံမှာ မရှိ။ ရယ်မောသံ ကစားသံတို့ ကြား ရောက်နေသည်။ကျွန်တော့်အဖေ သည် ကျွန်တော် တွက်ရန် ပုစ္ဆာများအား ရွေးပြီးသည် နှင့် ကျွန်တော့်ကို တွက်ခိုင်းတော့သည်။ ကျွန်တော် မတွက်ခင် သူ့ ကို မရဲတရဲ တောင်းဆိုကြည့်သည်။ အလွန်ရိုးသားသော မေးခွန်း ဖြစ်သည်။ သား တွက်ပြီးရင် ဆော့လို့  ရမလား ဖေဖေ ဟူ၍။သူက ပြုံး၍ ကျွန်တော့် စကားကို လက်ခံသဘောတူသည်။ ကျွန်တော်လည်း တွက်သည်။ သူငယ်ချင်းများ ကစားနေသော ရယ်သံများက ကျွန်တော့်ကို စိတ်လှုပ်ရှားနေစေသည်။သူပေးသော ပုစ္ဆာများ တွက်ပြီး ကျွန်တော် ဆင်း ကစားရန်ပြင်သော အခါ သူ တားသည်။ နေပူနေသော ကြောင့် ပေးမကစား နိုင်ပါ ဟူ၍။ ကျွန်တော် ငိုတော့ သည်။သူ ချော့သည်။မရ။ကြာတော့ ကျွန်တော် အရိုက်ခံ လိုက်ရသည်။ ကစား ခွင့်မရ ခဲ့ပါ။
Fwd:  ညီဇံလှ(ရေးချင်နေတာ တွေ..အက်ဆေး ဆရာ ကိုသူရိယမျိုးကြောင့် ရေးဖြစ်လိုက်တာပါ)
Fwd : ခွင့်လွှတ်ခြင်း အနုပညာ.....
ခွင့်လွှတ်ခြင်းသည် လှပသော အရာတစ်ခု ဖြစ်သော်လည်း ပြုလုပ်ရန် လွယ်ကူသော အရာတစ်ခု မဟုတ်ပေ။
တစ်စုံတစ်ယောက်က သင့်အား ပြင်းထန်စွာ နာကျင်စေသောအခါ သင့်အနေနှင့် အာဃာတတရားကို
ဖယ်ရှားရန်အတွက် အလွန်ပင် ခဲယဉ်းပေလိမ့်မည်။ သို့သော် ခွင့်လွှတ်ခြင်းသည် ဖြစ်နိင်သော အရာတစ်ခုဖြစ်ပြီးသင့်အား ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အကျိုးရှိစေမည် ဖြစ်၏။
ခွင့်လွှတ်တတ်သော သူများသည် စိတ်ဓါတ်ကျမှု၊ စိတ်ဆိုးဒေါသဖြစ်မှု၊ စိတ်တင်းကျပ်မှု နည်းပါးပြီး
ပိုမို၍ အလားအလာကောင်းသော သူများ ဖြစ်ကြပြီး ခွင့်လွှတ်ခြင်းသည် ကျန်ုပ်တို့၏ ကိုယ်တွင်းအင်္ဂါများကို
ထိခိုက်ပျက်စီးမှုမှ ကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေကာ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်စေသည်ဟု“Forgive for Good” စာအုပ်ကို ရေးသားသူ ပါရဂူ “Frederic Luskin” က ပြောကြားခဲ့သည်
Fwd : ကလေးငယ်.....
ကလေးစကားကို ရင်ဘတ်နဲ့ သေသေချာချာနားထောင်ပေးပါ
ဘယ်အရာကမှ ရင်ဘတ်နဲ့နားထောင်တာလောက် ကလေးငယ်ကို ပိုဂရုစိုက်ခံရတယ်လို့ ထင်စေတဲ့အရာ မရှိတော့ပါဘူး။ သေသေချာချာ နားထောင်တတ်သူတစ်ယောက် ဖြစ်ချင်ပါသလား? ကလေးပြောတဲ့စကားကို နားတစ်ဘက်ထဲနဲ့ နားမထောင်ပါနဲ့။ လုပ်လက်စအလုပ်ကို ရပ်ပြီး သူပြောတဲ့စကားကို စိတ်ဝင်တစားနားထောင်ပေးပါ။ သူပြောလိုရာကို ပြောပြီးတဲ့အထိ စိတ်ရှည်ရှည်ထား နားထောင်ပေးပါ။ ကြားဖြတ်ပြီး စကားမပြောပါနဲ့။ အလျင်စလို မဖြေရှင်းပါနဲ့၊ မြန်မြန် မပြောခိုင်းပါနဲ့။ သူပြောတဲ့အကြောင်းအရာကို သင် ဆယ်ခါနားထောင်ခဲ့ဖူးလည်း သေသေချာချာ စိတ်ပါလက်ပါ ထပ်နားထောင်ပေးလိုက်ပါ။ ကလေးငယ်ကို ကျောင်းပို့ကျောင်းကြိုချိန် ဒါမှမဟုတ် ညအိပ်ရာဝင် ချော့သိပ်တဲ့အချိန်တွေဟာ နားထောင်ရအကောင်းဆုံးအချိန်တွေ ဖြစ်ပါတယ်။
ကလေးစကားကို ရင်ဘတ်နဲ့ သေသေချာချာနားထောင်ပေးပါ
ဘယ်အရာကမှ ရင်ဘတ်နဲ့နားထောင်တာလောက် ကလေးငယ်ကို ပိုဂရုစိုက်ခံရတယ်လို့ ထင်စေတဲ့အရာ မရှိတော့ပါဘူး။ သေသေချာချာ နားထောင်တတ်သူတစ်ယောက် ဖြစ်ချင်ပါသလား? ကလေးပြောတဲ့စကားကို နားတစ်ဘက်ထဲနဲ့ နားမထောင်ပါနဲ့။ လုပ်လက်စအလုပ်ကို ရပ်ပြီး သူပြောတဲ့စကားကို စိတ်ဝင်တစားနားထောင်ပေးပါ။ သူပြောလိုရာကို ပြောပြီးတဲ့အထိ စိတ်ရှည်ရှည်ထား နားထောင်ပေးပါ။ ကြားဖြတ်ပြီး စကားမပြောပါနဲ့။ အလျင်စလို မဖြေရှင်းပါနဲ့၊ မြန်မြန် မပြောခိုင်းပါနဲ့။ သူပြောတဲ့အကြောင်းအရာကို သင် ဆယ်ခါနားထောင်ခဲ့ဖူးလည်း သေသေချာချာ စိတ်ပါလက်ပါ ထပ်နားထောင်ပေးလိုက်ပါ။ ကလေးငယ်ကို ကျောင်းပို့ကျောင်းကြိုချိန် ဒါမှမဟုတ် ညအိပ်ရာဝင် ချော့သိပ်တဲ့အချိန်တွေဟာ နားထောင်ရအကောင်းဆုံးအချိန်တွေ ဖြစ်ပါတယ်။
.
ကလေးငယ်ကို ဆော့ကစားဖို့အချိန်ပေးပါ။ နေ့စဉ်ဘဝကို စည်းကမ်းချက်တွေနဲ့ သတ်မှတ်မထားပါနဲ့
အမေရိကန် ကလေးပညာဖွံ့ဖြိုးရေး ပညာရှင် Thomas. Armstrongက လွတ်လွတ်လပ်လပ်ဆော့ကစားခြင်းက အစီအစဉ်ဆွဲပြီး သတ်မှတ်တဲ့ကစားနည်းတွေထက် ကျောင်းနေစ ကလေးငယ်တွေကို ပိုကျန်းမာစေတယ်လို့ဆိုတယ်။
ကလေးငယ်ရဲ့အချိန်တွေကို ကျောင်းစာ၊ သင်တန်းတွေနဲ့ ပြည့်ကျပ်အောင် မိဘတွေ စီစဉ်မထားသင့်ပါဘူး။ ကလေးငယ်တိုင်းဟာ အားလပ်ချိန်၊ လွတ်လွတ်လပ်လပ် ဆော့ကစားချိန်တွေကို လိုအပ်ပါတယ်။ ဒီလိုမှ သူတို့ရဲ့တွေးတောစွမ်းရည်တွေကို အတားအဆီးမရှိ ထုတ်ဖော်နိုင်မှာဖြစ်တယ်။
...
ပင့်ကူအိမ်ဖွဲ့နေတာကို သူတို့စိမ်ပြေနပြေ ကြည့်ပါစေ။ ပိုးစုန်းကြူး ဘာလို့အလင်းဖြာသလဲဆိုတာကို သူတို့လေ့လာပါစေ။ သူတို့ရဲ့သဘာဝအတိုင်း သူတို့စိတ်ဝင်စားတဲ့ လောကကြီးအကြောင်းကို သူတို့စူးစမ်းပါစေ။ သင်လည်း သင်ခြေလှမ်းကိုအရှိန်လျော့၊ အချိန်ဇယားတွေကိုဘေးဖယ်ပြီး ကလေးတွေနဲ့ စည်းဝါးကျကျဘဝကို ခံစားကြည့်နိုင်ပါတယ်။
.
See More
ကလေးငယ်ကို ဆော့ကစားဖို့အချိန်ပေးပါ။ နေ့စဉ်ဘဝကို စည်းကမ်းချက်တွေနဲ့ သတ်မှတ်မထားပါနဲ့
အမေရိကန် ကလေးပညာဖွံ့ဖြိုးရေး ပညာရှင် Thomas. Armstrongက လွတ်လွတ်လပ်လပ်ဆော့ကစားခြင်းက အစီအစဉ်ဆွဲပြီး သတ်မှတ်တဲ့ကစားနည်းတွေထက် ကျောင်းနေစ ကလေးငယ်တွေကို ပိုကျန်းမာစေတယ်လို့ဆိုတယ်။
ကလေးငယ်ရဲ့အချိန်တွေကို ကျောင်းစာ၊ သင်တန်းတွေနဲ့ ပြည့်ကျပ်အောင် မိဘတွေ စီစဉ်မထားသင့်ပါဘူး။ ကလေးငယ်တိုင်းဟာ အားလပ်ချိန်၊ လွတ်လွတ်လပ်လပ် ဆော့ကစားချိန်တွေကို လိုအပ်ပါတယ်။ ဒီလိုမှ သူတို့ရဲ့တွေးတောစွမ်းရည်တွေကို အတားအဆီးမရှိ ထုတ်ဖော်နိုင်မှာဖြစ်တယ်။
ပင့်ကူအိမ်ဖွဲ့နေတာကို သူတို့စိမ်ပြေနပြေ ကြည့်ပါစေ။ ပိုးစုန်းကြူး ဘာလို့အလင်းဖြာသလဲဆိုတာကို သူတို့လေ့လာပါစေ။ သူတို့ရဲ့သဘာဝအတိုင်း သူတို့စိတ်ဝင်စားတဲ့ လောကကြီးအကြောင်းကို သူတို့စူးစမ်းပါစေ။ သင်လည်း သင်ခြေလှမ်းကိုအရှိန်လျော့၊ အချိန်ဇယားတွေကိုဘေးဖယ်ပြီး ကလေးတွေနဲ့ စည်းဝါးကျကျဘဝကို ခံစားကြည့်နိုင်ပါတယ်။
.
ဆန်းသစ်တဲ့ ချီးမွမ်းမှုတွေရှိပါစေ
ကလေးငယ်မှာ ကောင်းတဲ့အပြုအမူတွေရှိတဲ့အခါ "ကောင်းတယ်"ဆိုတဲ့ စကားတစ်ခွန်းသာမက တိကျတဲ့ချီးကျူးမှုတချို့လည်း လိုအပ်ပါတယ်။ သူရဲ့ဘယ်အပြုအမူက လူကိုပိုသတိထားမိစေကြောင်း ဒါမှမဟုတ် အရင်တစ်ခေါက်ထက် ပိုတိုးတက်လာကြောင်း အသေးစိပ်တချို့ကို ပြောသင့်ပါတယ်။ ဥပမာ "ဒီမနက် ကျောင်းပေါက်စောင့်ဦးဦးကို သမီးအရင်စနှုတ်ဆက်လိုက်တယ်နော်.... သမီးသိပ်လိမ္မာတာပဲ" ဆိုသလိုမျိုး။
ဒါပေမဲ့ ကလေးငယ်တွေကို ချီးကျူး၊ ချီးမွမ်းတဲ့နေရာမှာ သူတို့အတွက်မှားယွင်းတဲ့အကျင့်မဖြစ်အောင်လည်း သတိထားရပါတယ်။ တချို့မိဘတွေက လက်ဆောင်၊ ငွေကြေးတွေသုံးပြီး ကလေးငယ်ကို ချီးမွမ်းကြတယ်။ ဒီလိုအချိန်မှာ ကလေးငယ်ရဲ့ အဓိကစိတ်က ကောင်းမွန်တဲ့အပြုအမူပေါ် မဟုတ်တော့ဘဲ လက်ဆောင်ငွေကြေးတွေအပေါ် သက်ရောက်သွားတတ်တယ်။ ကိစ္စတစ်ခုဆောင်ရွက်ပြီးတိုင်း ရလာတဲ့အောင်မြင်မှုနဲ့ အားရကျေနပ်မှုကို ကလေးငယ်ခံစားတတ်အာင် မိဘတွေကသိစေသင့်ပါတယ်။ လက်ဆောင်ပစ္စည်းနဲ့ ချီးကျူးတာမျိုး မဖြစ်သင့်ပါဘူး။
.
Related Posts Plugin for WordPress, Blogger...