Monday, April 8, 2013

Fwd : ကလေးငယ်.....

ကလေးစကားကို ရင်ဘတ်နဲ့ သေသေချာချာနားထောင်ပေးပါ

ဘယ်အရာကမှ ရင်ဘတ်နဲ့နားထောင်တာလောက် ကလေးငယ်ကို ပိုဂရုစိုက်ခံရတယ်လို့ ထင်စေတဲ့အရာ မရှိတော့ပါဘူး။ သေသေချာချာ နားထောင်တတ်သူတစ်ယောက် ဖြစ်ချင်ပါသလား? ကလေးပြောတဲ့စကားကို နားတစ်ဘက်ထဲနဲ့ နားမထောင်ပါနဲ့။ လုပ်လက်စအလုပ်ကို ရပ်ပြီး သူပြောတဲ့စကားကို စိတ်ဝင်တစားနားထောင်ပေးပါ။ သူပြောလိုရာကို ပြောပြီးတဲ့အထိ စိတ်ရှည်ရှည်ထား နားထောင်ပေးပါ။ ကြားဖြတ်ပြီး စကားမပြောပါနဲ့။ အလျင်စလို မဖြေရှင်းပါနဲ့၊ မြန်မြန် မပြောခိုင်းပါနဲ့။ သူပြောတဲ့အကြောင်းအရာကို သင် ဆယ်ခါနားထောင်ခဲ့ဖူးလည်း သေသေချာချာ စိတ်ပါလက်ပါ ထပ်နားထောင်ပေးလိုက်ပါ။ ကလေးငယ်ကို ကျောင်းပို့ကျောင်းကြိုချိန် ဒါမှမဟုတ် ညအိပ်ရာဝင် ချော့သိပ်တဲ့အချိန်တွေဟာ နားထောင်ရအကောင်းဆုံးအချိန်တွေ ဖြစ်ပါတယ်။

.
ကလေးငယ်ကို ဆော့ကစားဖို့အချိန်ပေးပါ။ နေ့စဉ်ဘဝကို စည်းကမ်းချက်တွေနဲ့ သတ်မှတ်မထားပါနဲ့

အမေရိကန် ကလေးပညာဖွံ့ဖြိုးရေး ပညာရှင် Thomas. Armstrongက လွတ်လွတ်လပ်လပ်ဆော့ကစားခြင်းက အစီအစဉ်ဆွဲပြီး သတ်မှတ်တဲ့ကစားနည်းတွေထက် ကျောင်းနေစ ကလေးငယ်တွေကို ပိုကျန်းမာစေတယ်လို့ဆိုတယ်။

ကလေးငယ်ရဲ့အချိန်တွေကို ကျောင်းစာ၊ သင်တန်းတွေနဲ့ ပြည့်ကျပ်အောင် မိဘတွေ စီစဉ်မထားသင့်ပါဘူး။ ကလေးငယ်တိုင်းဟာ အားလပ်ချိန်၊ လွတ်လွတ်လပ်လပ် ဆော့ကစားချိန်တွေကို လိုအပ်ပါတယ်။ ဒီလိုမှ သူတို့ရဲ့တွေးတောစွမ်းရည်တွေကို အတားအဆီးမရှိ ထုတ်ဖော်နိုင်မှာဖြစ်တယ်။
...
ပင့်ကူအိမ်ဖွဲ့နေတာကို သူတို့စိမ်ပြေနပြေ ကြည့်ပါစေ။ ပိုးစုန်းကြူး ဘာလို့အလင်းဖြာသလဲဆိုတာကို သူတို့လေ့လာပါစေ။ သူတို့ရဲ့သဘာဝအတိုင်း သူတို့စိတ်ဝင်စားတဲ့ လောကကြီးအကြောင်းကို သူတို့စူးစမ်းပါစေ။ သင်လည်း သင်ခြေလှမ်းကိုအရှိန်လျော့၊ အချိန်ဇယားတွေကိုဘေးဖယ်ပြီး ကလေးတွေနဲ့ စည်းဝါးကျကျဘဝကို ခံစားကြည့်နိုင်ပါတယ်။
.
See More

ဆန်းသစ်တဲ့ ချီးမွမ်းမှုတွေရှိပါစေ

ကလေးငယ်မှာ ကောင်းတဲ့အပြုအမူတွေရှိတဲ့အခါ "ကောင်းတယ်"ဆိုတဲ့ စကားတစ်ခွန်းသာမက တိကျတဲ့ချီးကျူးမှုတချို့လည်း လိုအပ်ပါတယ်။ သူရဲ့ဘယ်အပြုအမူက လူကိုပိုသတိထားမိစေကြောင်း ဒါမှမဟုတ် အရင်တစ်ခေါက်ထက် ပိုတိုးတက်လာကြောင်း အသေးစိပ်တချို့ကို ပြောသင့်ပါတယ်။ ဥပမာ "ဒီမနက် ကျောင်းပေါက်စောင့်ဦးဦးကို သမီးအရင်စနှုတ်ဆက်လိုက်တယ်နော်.... သမီးသိပ်လိမ္မာတာပဲ" ဆိုသလိုမျိုး။

ဒါပေမဲ့ ကလေးငယ်တွေကို ချီးကျူး၊ ချီးမွမ်းတဲ့နေရာမှာ သူတို့အတွက်မှားယွင်းတဲ့အကျင့်မဖြစ်အောင်လည်း သတိထားရပါတယ်။ တချို့မိဘတွေက လက်ဆောင်၊ ငွေကြေးတွေသုံးပြီး ကလေးငယ်ကို ချီးမွမ်းကြတယ်။ ဒီလိုအချိန်မှာ ကလေးငယ်ရဲ့ အဓိကစိတ်က ကောင်းမွန်တဲ့အပြုအမူပေါ် မဟုတ်တော့ဘဲ လက်ဆောင်ငွေကြေးတွေအပေါ် သက်ရောက်သွားတတ်တယ်။ ကိစ္စတစ်ခုဆောင်ရွက်ပြီးတိုင်း ရလာတဲ့အောင်မြင်မှုနဲ့ အားရကျေနပ်မှုကို ကလေးငယ်ခံစားတတ်အာင် မိဘတွေကသိစေသင့်ပါတယ်။ လက်ဆောင်ပစ္စည်းနဲ့ ချီးကျူးတာမျိုး မဖြစ်သင့်ပါဘူး။
.
 
No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...