**အဆီပြန်တဲ့အသားအရေအကြောင်း သိကောင်းစရာအဖြာဖြာ**
အဆီပြန်တဲ့အသားအရေတွေဟာ အမြဲပြောင်ဝင်းနေပြီး ညစ်နေသလိုလို ထင်ရတယ်နော်။ အရေပြားကလည်း ထူပြီးကြမ်းတယ်။ ချွေးပေါက်ကျယ်တွေ၊ ၀က်ခြံတွေနဲ့ အသားအရောင်မညီတာတွေလည်း တွေ့ရတတ်တယ်။ ဒီလိုဖြစ်ရတာဟာ အရေပြားက အဆီဂလင်းလေးတွေဟာ ပုံမှန်ထက်ပိုအလုပ်လုပ်ပြီး အဆီတွေကို လိုတာထက်ပိုထုတ်လို့ပဲနော်။ မျက်နှာရဲ့ တချို့နေရာက အဆီပြန်ပြီး ကျန်တဲ့နေရာမှာ အသားဟာ ပုံမှန်(သို့) ခြောက်သွေ့နေရင်တော့ ပေါင်းစပ်အသားအရေပါပဲ။
အဆီပြန်တဲ့အသားအရေ ပိုင်ရှင်တွေမှာ မကောင်းတဲ့အချက်တွေများပေမယ့် အရမ်းကောင်းတဲ့ အချက်လည်းရှိတယ်လေ။ ဒါကတော့ တခြားအသားအရေပိုင်ရှင်တွေထက် ဇရာဟာနှေးကွေးခြင်းပါပဲ။
အဆီပြန်တဲ့အသားအရေအကြောင်းကို သေချာသိထားမယ်ဆိုရင် ဆောင်ရန် ရှောင်ရန်လေးတွေလည်းသိပြီး သေချာလိုက်နာမယ်ဆိုရင် အဆီပြန်တဲ့အသားအရေရဲ့ မကောင်းတဲ့အချက်တွေကို ဖယ်ရှားနိုင်ပြီး ပိုနုပျိုလှပလာမှာနော်။ ဒီတော့ အဆီပြန်နေလို့ စိတ်ညစ်မနေပဲ အဆီပြန်တဲ့အသားအရေအကြောင်းကို ရင်နှင်းနဲ့အတူ လေ့လာကြည့်ရအောင်..။
♣ အဆီပြန်တဲ့ အသားအရေကို ဖြစ်စေတဲ့ အကြောင်းအရင်းများ ♣
- မျိုးရိုးလိုက်ခြင်း
- စားသောက်မူပုံစံ
- ဟော်မုန်းပမာဏ
- ကိုယ်ဝန်ဆောင်ချိန်
- သန္ဓေတားဆေးများ
- အလှကုန်ပစ္စည်းများ
- ပူအိုက်တဲ့ရာသီဥတု
အဆီပြန်ခြင်းဟာ ဟော်မုန်းများလှတဲ့ ဆယ်ကျော်သက်အရွယ်မှာ အများဆုံးကြုံတွေ့ရတယ်နော်။ ယျေဘုယအားဖြင့်တော့ အသက်ကြီးလာတာနဲ့အမျှ အဆီပြန်တာလည်း တဖြည်းဖြည်းနည်းလာပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ သွေးဆုံးချိန်မှာလည်း ဟော်မုန်းပမာဏမညီမျှမူတွေကြောင့် အဆီဂလင်းတွေ အရမ်းအလုပ်လုပ်ပြီး အဆီပြန်တတ်ပါသေးတယ်။
♣ အဆီပြန်တဲ့အသားအရေကို ထိန်းသိမ်းရမယ့်နည်းလမ်းများ ♣
အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေဟာမျက်နှာကိုသေချာသန့်စင်ပေးရတယ်နော်။ ချွေးပေါက်တွေ ပိတ်မနေအောင် မျက်နှာသစ်တိုင်း ရေများများနဲ့ သစ်ပေးပါ။ ရေနွေးနဲ့သစ်ရင် ပိုကောင်းပါတယ်။ ဒါပေမယ့် အဆီပြန်တာနည်းသွားအောင်ဆိုပြီး အပြင်းစားမျက်နှာသစ်ဆပ်ပြာတွေတော့ မသုံးလိုက်ပါနဲ့။ သင့်မျက်နှာအရေပြားက ပုံမှန်ရှိသင့်တဲ့ အဆီတွေပါ ပါသွားပြီး အရေပြားက အဖတ်တွေတောင် ကွာလာနိုင်လို့ပါပဲ။ မျက်နှာကို အလွန်အကျွံသန့်စင်မိတော့ တခြားဘေးထွက်ဆိုးကျိုးတွေပါ ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ ကုန်ခမ်းသွားတဲ့ သဘာဝအဆီတွေကို ပြန်လည်ဖြည့်တင်းနိုင်ဖို့ အဆီဂလင်းလေးတွေက ပိုအလုပ်လုပ်လို့ သင့်မျက်နှာ ပိုပြီးတော့တောင် အဆီပြန်လာအုံးမှာပါ။ သင့်အသားအရေကို အလွန်အမင်းသန့်စင်မိနေပါသလားမှာ ဖတ်ကြည့်နော်။
သင့်မျက်နှာသစ်ပြီးတိုင်း မျက်နှာအရေပြားအရမ်းတင်းပြီး ခြောက်သွေ့သွားစေတဲ့ အလှကုန်တွေကို ရှောင်ပါ။ ဒီပစ္စည်းတွေက အရေပြားရဲ့ အပေါ်ယံလွှာကိုကျူံ့သွားစေပြီး ချွေးပေါက်တွေကနေ အဆီတွေ ထွက်လာတာကို တားဆီးပေးတယ်လေ။ အဲဒီအခါ အဆီဖုတွေ ၀က်ခြံတွေ ဖြစ်လာတော့တာပေါ့။ အဲဒီတော့ သင့်အသားအရေနဲ့လည်း အဆင်ပြေမယ့် အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအတွက် ထုတ်ထားတဲ့ မျက်နှာသစ်ဆေးကို သေချာရွေးချယ်သုံးစွဲပေးပါ။ သင့်မျက်နှာလေး နူးညံ့စိုပြေနေအောင် မျက်နှာသစ်ပြီးတိုင်း Oil Free Moisturizer တစ်ခုခုကိုသုံးစွဲပေးဖို့ မမေ့နဲ့နော်။
တစ်နေ့ကို ၃ ကြိမ်ထက်ပိုပြီး မျက်နှာမသစ်မိပါစေနဲ့။ မျက်နှာသစ်တဲ့အခါမှာ လက်ထိပ်လေးတွေနဲ့
စက်ဝိုင်းသဏ္ဍန်အပေါ်ကို ပင့်တင်နှိပ်နယ်ပေးပါ။ ပြီးတော့ မျက်နှာပေါ်ကို မျက်နှာသစ်ဆေးနဲ့ တိုက်ရိုက်မပွတ်လိုက်ပါနဲ့။ ချွေးပေါက်တွေ ပိတ်သွားစေနိုင်လို့ပါ။ မျက်နှာသစ်ဆေးကို လက်ဝါး ပေါ်အရင်တင်ပြီး ရေနဲနဲနဲ့ ပွတ်ပြီးတော့မှ မျက်နှာပေါ်တင်ပါ။ မျက်နှာသစ်ကြသူတိုင်းအတွက်မှာ ၀င်လေ့လာကြည့်ပါအုံးနော်။
တစ်ပတ်ကို တစ်ကြိမ် မျက်နှာပေါင်းတင်ပေးရမယ်နော်။ အဆီပြန်တဲ့သူတွေအတွက်ကတော့ ရွံ့စေးပေါင်းတင်ဆေးက အကောင်းဆုံးပဲလေ။ ဒါပေမယ့် သင်က ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်ဆိုရင်တော့ အဖြူရောင် (သို့) ပန်းရောင်ရွံ့စေးတွေကို သုံးပေးပါ။
မိတ်ကပ်နဲ့ အလှကုန်ပစ္စည်းတွေ ၀ယ်တဲ့အခါ အဆီပြန်တဲ့ အသားအရေအတွက် ထုတ်လုပ်ထားတာတွေကိုပဲ ရွေးချယ်ဝယ်ယူပါ။ ဒါပေမယ့် အယ်ကိုဟောလ်ပါတာတွေကိုတော့ ဝေးဝေးကရှောင်နော်။ မိတ်ကပ်ကို ရေဓာတ်ကို အခြေခံပြီး ထုတ်ထားတဲ့မိတ်ကပ်က အဆီပြန် တဲ့အသားအရေတွေအတွက် ပိုကောင်းပါတယ်။ ပြီးတော့ မိတ်ကပ်ရောင်ကို ကိုယ့်အသား အရောင်ထက် တဆင့်ပိုလင်းတာကို လိမ်းပါ။ မဟုတ်ရင် အဆီပြန်လာတဲ့အခါ မျက်နှာက ညိုပြီးညစ်သွားမှာ။ ပြီးတော့ အဆီပြန်တဲ့သူတွေ ပေါင်ဒါကို အားကိုးလို့ရတယ်နော်။ ပေါင်ဒါမှုန့်လေးတွေက အဆီပြန်တာကို ထိန်းပေးနိုင်တယ်လေ။ အဲ့ဒီတော့ မနက်မိတ်ကပ် လိမ်းပြီးတာနဲ့ ပေါင်ဒါလိမ်းပါ။ လိုအပ်ရင် နေ့လည်တကြိမ် ထပ်လိမ်းပါ။ Mineral Loose Powder တွေက ပိုနူးညံ့ပြီးချွေးပေါက်တွေလဲ မပိတ်နိုင်တာမို့ ရွေးချယ်သင့်တယ်နော်။
**ဒူး၊ တံတောင်ဆစ်တွေ၊ ခြေမျက်စိတွေ မည်းနေရင်**
ဒူး၊ တံတောင်ဆစ်တွေ၊ ခြေမျက်စိတွေ မည်းနေရင် စကပ်အတို၊ ဘောင်းဘီအတိုလေးတွေလည်း ၀တ်လို့မရ၊ ဖိနပ်လှလှလေးတွေ စီးရင်တောင် မလှနဲ့ တကယ်စိတ်ညစ်ရတယ်နော်။ အဲဒီတော့ ရင်နှင်းသူငယ်ချင်းလေးတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ၀တ်ချင်တာဝတ်လို့ရအောင် တံတောင်ဆစ်၊ ဒူး၊ ခြေမျက်စိတွေ ဖြူစေတဲ့ နည်းလမ်းတွေကို ပြောပြမယ်နော်။
၁ . ဗီတာမင်အီး၊ သံပုရာရည်၊ ဂလစ်စရင်း လက္ဘ်ရည်ဇွန်းတစ်ဇွန်းစီနဲ့ နွားနို့စိမ်း စားပွဲတင်ဇွန်း ၄ ဇွန်းပေါင်းပြီး သမအောင်မွှေပါ။ ပြီးတော့မည်းနေတဲ့နေရာမှာ ပွတ်လိမ်းပြီး နှိပ်နယ်ပေးပါ။ ၁၅ မိနစ်လိမ်းထားပြီးရင်တော့ ရေဆေးချလိုက်ရုံပါပဲ။
၂ . သံပုရာသီး / သံပရိုသီးကို ခြမ်းပြီး အတွင်းသားနဲ့ပွတ်ပေးပါ။ ၁၅ မိနစ်လောက် ထားပြီးရင်တော့ ရေနွေးစွတ်ထားတဲ့ တဘက်လေးနဲ့ ပွတ်တိုက်ပေးရမှာပါ။
၃ . အုန်းဆီ လက်ဘက်ရည်ဇွန်း ၁ ဇွန်းနဲ့ သံပုရာရည်ဇွန်းတစ်ဝက်ကို ရောမွှေပြီးတော့လည်း သုံးနိုင်ပါတယ်နော်။ ၁၅ မိနစ်လောက် လိမ်းထားပြီးတော့ ရေနွေးစွတ်ထားတဲ့ တဘက်လေးနဲ့ပဲ ပွတ်တိုက်ပေးပါ။
၎ . ခန္ဓာကိုယ် ဂျီးတွန်းတဲ့အခါ Scrub တွေသုံးတဲ့အခါ ဒူးတွေကိုလည်း မကျန်ခဲ့ပါစေနဲ့။ ဒါပေမယ့် အရမ်းကြီးလည်း မပွတ်တိုက်ပါနဲ့။ အရမ်းကြမ်းကြမ်းကြီး ပွတ်တိုက်မိတဲ့အခါ အရေပြားက ပိုမည်းသွားနိုင်လို့ပါ။
၅ . အရေပြားတွေမှာ အစိုဓာတ်ရှိနေဖို့ကလည်း အရေးကြီးတာမို့ ညအိပ်ယာဝင်ခါနီး သံလွင်ဆီလိမ်းပြီး နှိပ်နယ်ပေးတာတို့ ဒါမှမဟုတ်ရင်လည်း သံလွင်ဆီကို တစ်နေ့ ၂ ကြိမ် လိမ်းပေးတာတို့ လုပ်ပေးနိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ အလှတွေ ပိုနိုင်ကြပါစေ..
♣ သဘာဝနည်းလမ်းတွေနဲ့ အသားအရေကိုထိန်းသိမ်းမယ် ♣ဒူး၊ တံတောင်ဆစ်တွေ၊ ခြေမျက်စိတွေ မည်းနေရင် စကပ်အတို၊ ဘောင်းဘီအတိုလေးတွေလည်း ၀တ်လို့မရ၊ ဖိနပ်လှလှလေးတွေ စီးရင်တောင် မလှနဲ့ တကယ်စိတ်ညစ်ရတယ်နော်။ အဲဒီတော့ ရင်နှင်းသူငယ်ချင်းလေးတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ၀တ်ချင်တာဝတ်လို့ရအောင် တံတောင်ဆစ်၊ ဒူး၊ ခြေမျက်စိတွေ ဖြူစေတဲ့ နည်းလမ်းတွေကို ပြောပြမယ်နော်။
၁ . ဗီတာမင်အီး၊ သံပုရာရည်၊ ဂလစ်စရင်း လက္ဘ်ရည်ဇွန်းတစ်ဇွန်းစီနဲ့ နွားနို့စိမ်း စားပွဲတင်ဇွန်း ၄ ဇွန်းပေါင်းပြီး သမအောင်မွှေပါ။ ပြီးတော့မည်းနေတဲ့နေရာမှာ ပွတ်လိမ်းပြီး နှိပ်နယ်ပေးပါ။ ၁၅ မိနစ်လိမ်းထားပြီးရင်တော့ ရေဆေးချလိုက်ရုံပါပဲ။
၂ . သံပုရာသီး / သံပရိုသီးကို ခြမ်းပြီး အတွင်းသားနဲ့ပွတ်ပေးပါ။ ၁၅ မိနစ်လောက် ထားပြီးရင်တော့ ရေနွေးစွတ်ထားတဲ့ တဘက်လေးနဲ့ ပွတ်တိုက်ပေးရမှာပါ။
၃ . အုန်းဆီ လက်ဘက်ရည်ဇွန်း ၁ ဇွန်းနဲ့ သံပုရာရည်ဇွန်းတစ်ဝက်ကို ရောမွှေပြီးတော့လည်း သုံးနိုင်ပါတယ်နော်။ ၁၅ မိနစ်လောက် လိမ်းထားပြီးတော့ ရေနွေးစွတ်ထားတဲ့ တဘက်လေးနဲ့ပဲ ပွတ်တိုက်ပေးပါ။
၎ . ခန္ဓာကိုယ် ဂျီးတွန်းတဲ့အခါ Scrub တွေသုံးတဲ့အခါ ဒူးတွေကိုလည်း မကျန်ခဲ့ပါစေနဲ့။ ဒါပေမယ့် အရမ်းကြီးလည်း မပွတ်တိုက်ပါနဲ့။ အရမ်းကြမ်းကြမ်းကြီး ပွတ်တိုက်မိတဲ့အခါ အရေပြားက ပိုမည်းသွားနိုင်လို့ပါ။
၅ . အရေပြားတွေမှာ အစိုဓာတ်ရှိနေဖို့ကလည်း အရေးကြီးတာမို့ ညအိပ်ယာဝင်ခါနီး သံလွင်ဆီလိမ်းပြီး နှိပ်နယ်ပေးတာတို့ ဒါမှမဟုတ်ရင်လည်း သံလွင်ဆီကို တစ်နေ့ ၂ ကြိမ် လိမ်းပေးတာတို့ လုပ်ပေးနိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ အလှတွေ ပိုနိုင်ကြပါစေ..
(၁) မျက်နှာမသစ်ခင် နာရီဝက်အလိုမှာ သံပရာရည်နဲ့ သခွားရည် လ္ဘက်ရည်ဇွန်းတစ်ဝက်စာစီကို ရောပြီး လိမ်းပေးပါ။
(၂) မိတ်ကပ်လိမ်းပြီး မိတ်ကပ်တွေ ကွက်မနေစေချင်ရင်တော့ သခွားရည်အနည်းငယ်ကို မျက်နှာရဲ့ အရမ်းအဆီပြန်တဲ့နေရာမှာ လိမ်းပေးပါ။ သခွားရည်သေချာခြောက်သွေ့သွားမှ မိတ်ကပ်ထပ်လိမ်းပေါ့။
(၃) အရမ်းအဆီပြန်တဲ့သူတွေကတော့ ရွံစေးနဲ့ မျက်နှာပေါင်းတင်လို့ ရတယ်နော်။ အစိမ်းရောင်ရွှံ့စေးမှုန့်နဲ့ ပျားရည်လက်ဘက်ရည်ဇွန်း ၁ ဇွန်းစီရောမွှေပါ။ မျက်လုံးတ၀ိုက်ကို ရှောင်ပြီး မျက်နှာအနှံ့လိမ်းပေးပါ။ ၁၅
မိနစ်ကြာတဲ့အခါ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပေးပါ။ ဒီနည်းကတော့ အရမ်းအဆီပြန်တဲ့သူတွေအတွက်ပဲနော်။
(၄) သံပရာရည်နဲ့ ရေကို ဆတူရောပြီး မျက်နှာမှာ လိမ်းပေးပါ။ ခြောက်သွားတဲ့အခါ ရေနွေးလေးနဲ့
မျက်နှာသစ်ပါ။ ပြီးတော့ ရေအေးလေးနဲ့ မျက်နှာထပ်သစ်ပါ။
♣ အာဟာရအကြံပြုချက် ♣
- အသားဓာတ်ပါတဲ့ အစားအစာတွေကို စားပါ။ (အသား၊ ငါး၊ ပဲ)
- လတ်ဆတ်တဲ့ အသီးအရွက်တွေ များများစားပေးပါ။
- သကြား၊ ဆားကို လျှော့စားပါ။
- ဗီတာမင် B2 ချို့တဲ့ရင်လည်း အဆီပြန်နိုင်ပါတယ်။ ဒါကြောင့် Vit B2 ကြွယ်ဝတဲ့ ပဲအမျိုးမျိုးနဲ့
Royal Jelly စားသုံးပေးပါ။ တဆေး၊ ဂျုံနဲ့ ကလီစာတွေမှာလည်း Vit B2 နဲ့ B5 ကြွယ်ဝစွာပါဝင်ပါတယ်။
- အသားအရေမှာ ရေဓာတ်ပြည့်ဝပြီး အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ဖို့ ရေကိုလည်းများများသောက်ပါ။
- အရက်၊ အချိုရည်၊ ချောကလက်နဲ့ ရယ်ဒီမိတ်အစားအစာတွေကိုရှောင်ပါ။
- အဆီလျှော့စားပါ။ အဆီများတဲ့ အစားအစာတွေ၊ ဆီကြော်မုန့်တွေ၊ ကြာနေတဲ့ စားစရာတွေ၊ တိရစ္ဆာန်အဆီတွေနဲ့ ၀က်သားရှောင်ပါ။ ကြော်ချက်ရာမှာ ဟင်းသီးဟင်းရွက်ဆီကိုသုံးပါ။ သံလွင်ဆီကတော့ အကောင်းဆုံးပါပဲ။
♣ အထွေထွေအကြံပြုချက် ♣
- ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်ရင် ချွေးပေါက်တွေကို ကျယ်စေပြီး အရေပြားအတွက်လည်း မကောင်းပါဘူး။
- တကိုယ်လုံးကို နှိပ်နယ်ပေးခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ သွေးလည်ပတ်မူကို ကောင်းစေပြီး အရေပြား
ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။
- Evening Primrose Oil မှာ Gamma Linolenic acid (FLA ) ပါဝင်လို့ အရေပြားရဲ့ ဆဲလ်တွေကို သန်စွမ်းစေပြီး ၊အစိုဓာတ်လည်းဖြည့်တင်း ပေးနိုင်လို့ သောက်သုံးသင့်ပါတယ်။
- အရေပြားက ဆဲလ်တွေကို ပြန်လည်ပြုပြင်တာဟာ အိပ်ချိန်မှာ လုပ်ဆောင်တာပါ။ ဒါကြောင့် အိပ်ရေး၀၀
အိပ်ဖို့ လိုပါတယ်။
- တကယ်လို့ အဆီပြန်တာက ဘယ်လိုနည်းနဲ့မှ မသက်သာပဲ ကြည့်မကောင်းအောင်ဆိုးနေပြီဆိုရင်တော့ အရေပြားရောဂါဖြစ်နိုင်တာမို့ အရေပြားအထူးကုတွေနဲ့ ပြသသင့်တယ်နော်။
အပေါ်ကနည်းလေးတွေအတိုင်း သေချာလိုက်လုပ်သွားမယ်ဆိုရင်မျက်နှာအဆီပြန်တာတွေ သက်သာသွားပြီး မျက်နှာလေးက ကြည်လင်ဝင်းပလာမှာပါ။
မွဲခြောက်နေသော ဆံပင်သား တောက်ပြောင်ချောမွတ်စေမည့် သဘာဝနည်းများ
အမျိုးသား ၇၄ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေကို စတင်တွေ့တွေ့ချင်း ဆံပင်ပုံစံကို သတိထားမိတယ်လို့ လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အမျိုးသမီး တစ်ယောက်က လိုက်ဖက်တဲ့ ဆံပင်ပုံစံရှိပြီး ဆံပင်သားတွေ တောက်ပ သန်စွမ်းနေရင် အလှဂုဏ် ပိုမိုတင့်တယ် လာပါတယ်။ တကယ်လို့ ဆံပင်သားတွေ နွမ်းနယ်ပြီး ခြောက်သွေ့ပျက်စီးနေရင် အလှလည်း ညှိုးနွမ်းရ တတ်ပါတယ်။ ဆံပင်သားဟာ နေရောင်ခြည်ဒဏ် ကြာကြာခံရတာ၊ ခြောက်သွေ့တဲ့ ရာသီဥတုရှိတဲ့ အရပ်မှာ နေရတာ၊ အပူပေးမှု များတာတွေကြောင့် တောက်ပမှု လျော့ကျပြီး ခြောက်သွေ့ မွဲခြောက် နေတတ်ပါတယ်။ ဆန့်ကျင်ဘက် ပုရိသတို့ကို ဆွဲဆောင်နိုင်ဖို့ဆိုရင် ဆံပင်သားကလည်း တောက်ပ ကျန်းမာလှပနေဖို့ လိုပါတယ်။ ဒါကြောင့် မွဲခြောက်နေတဲ့ ဆံပင်တွေ တောက်ပလာစေဖို့ လုပ်သင့်တဲ့ အိမ်တွင်း ကုထုံးတွေကို အကြံပြုလိုက်ပါရစေ။
ရှလကာရည်
သင့်ဆံပင်တွေ သန့်စင် သွားစေမယ့် ရှမ်ပူကို ရှာလို့မတွေ့ဘဲ ဖြစ်နေပါသလား။ ရှလကာရည်ကို သုံးလိုက်ပါ။ ရှလကာရည် ခွက် (Cup) တစ်ဝက်ကို မတ်ခွက်တစ်ခွက်စာ ရေထဲကို ရောထည့်ပြီး ခေါင်းလျှော်ပြီးစ ဆံပင်တွေကို နောက်ဆုံးအနေနဲ့ လောင်းချလိုက်ပါ။ ရေနဲ့ ပြန်ဆေးစရာ မလိုပါဘူး။ ဒီနည်းကို တစ်လမှာ နှစ်ကြိမ်-သုံးကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။ ရှလကာရည်မှာ ဆံပင်သားမှာ ကပ်ညိနေတဲ့ အညစ်အကြေး၊ ဖုန်မှုန့်၊ ဆီ စတာတွေကို ကင်းစင်စေနိုင်တဲ့ အာနိသင် ပါဝင်ပါတယ်။ ဒီနည်းလမ်းကို သုံးတာကြောင့် သင့်ဆံပင်သားဟာ အရင်ထက် ပိုတောက်ပြောင် ချောမွတ်လာတာကို တွေ့ရပါလိမ့်မယ်။
သံပုရာရည်
ဆံပင်ကို ရွှေရောင်ဆိုးထားရင် ဆံပင်ကို စုပြီး သံပရာရည်နဲ့ ပက်ဖျန်းပေးပါ။ နောက်တစ်နည်း အနေနဲ့ ရေမတ်ခွက် တစ်ခွက်ထဲကို သံပရာသီး နှစ်လုံး အရည်ညှစ်ထည့်ပြီး လျှော်ပြီးစ ဆံပင်သားပေါ် နောက်ဆုံးအနေနဲ့ လောင်းချလိုက်ပါ။ သံပုရာသီးထဲက စစ်ထရစ် အက်စစ်ဟာ ဆံပင်သားကို သန့်စင်သွားစေပြီးသံပရာရနံ့ စွဲကျန်စေကာ နေဒဏ်ကြောင့် နွမ်းနယ် ခြောက်သွေ့နေတဲ့ ဆံပင်သားကို သဘာဝကျကျ တောက်ပ နေစေပါတယ်။ သံပရာရည် ပက်ဖျန်းထားတဲ့ ဆံပင်ကို အသွားကျဲတဲ့ ဘီးနဲ့ ဖြီးပေးပါ။
မုန့်ဖုတ်ရာတွင် သုံးသော ဆော်ဒါမှုန့်
ဆော်ဒါမှုန့်ကို မျက်နှာ အရေပြား ကြေးချွတ်တဲ့ အခါမှာရော ဆံပင်သန့်စင်အောင် ဆေးကြောရာမှာပါ သုံးနိုင်ပါတယ်။ ဆော်ဒါမှုန့် တစ်ခွက်ကို ရေနည်းနည်းနဲ့ စေးပျစ်တဲ့ အထိ ရောမွှေပြီး ဆံပင်သားပေါ်မှာ ညီညီမျှမျှ သုတ်လိမ်းပေးပါ။ မိနစ် ၂၀ လောက် ထားပြီးမှ ရေအေးနဲ့ ဆေးကြောချလိုက်ပါ။ အချိန်မပေးနိုင်ရင် ရှမ်ပူနဲ့ ဆော်ဒါမှုန့် ထမင်းစားဇွန်း တစ်ဇွန်းကို ရောမွှေပြီး ဆံပင်သားပေါ် သုတ်လိမ်း ခေါင်းလျှော်ကာ ရေနဲ့ ဆေးချလိုက်ပါ။ ဆံပင်သားကို သန့်ရှင်း စင်ကြယ်စေတဲ့ အပြင် တောက်ပ သန်စွမ်းစေပါတယ်။
ထောပတ်သီးနှင့် ဒိန်ချဉ်
ဆံပင်သားမှာ ဓာတုပစ္စည်းတွေကြောင့် ထိခိုက်ပျက်စီးမှုကို ပြန်လည်ပြုပြင်နိုင်ဖို့ ထောပတ်သီးနဲ့ ဒိန်ချဉ်က အသုံးဝင်ပါတယ်။ ဆံပင်သား ကျန်းမာဖို့နဲ့ ဆံပင်နှစ်ခွ ဖြစ်တာတွေ သက်သာစေဖို့ ထောပတ်သီး တစ်လုံးကို ချေပြီး ဒိန်ချဉ်နည်းနည်းနဲ့ သမအောင် မွှေပါ။ ပြီးရင် အဲဒီအရောကို ဆံပင်သားပေါ် လိမ်းကာ ပလတ်စတစ် ခေါင်းစွပ်စွပ်ထားပြီး တစ်နာရီကြာမှ ခေါင်းလျှော်ပါ။ ရေအေးနဲ့ ဆေးချပေးပါ။
TIPS !
ကွန်ဒီရှင်နာသုံးရန် မမေ့ပါနှင့်
ခေါင်းလျှော် ပြီးချိန်မှာ ဆံပင်ကို ကွန်ဒီရှင်နာသုံးပြီး ထိန်းသိမ်းဖို့ မမေ့ပါနဲ့။ ဆံပင်သားကို စိုပြည်စေကာ တောက်ပြောင် စေပါတယ်။ သင့်ဆံပင်က အဆီပြန်တဲ့ ဆံပင်ဆိုရင် ဆံပင်အဖျားတွေကို ကွန်ဒီရှင်နာလိမ်းပြီး ထိန်းသိမ်းပေးပါ။
သဘာဝအတိုင်း အခြောက်ခံပါ
ဆံပင် လေမှုတ်စက်ကို မကြာခဏ သုံးမိနေသလား။ အပူဒဏ်ကို တာရှည် ခံရတာကြောင့် ဆံပင်သားရှိ သဘာဝ အဆီတွေ လျော့ပါးကာ ဆံပင်မွဲခြောက် ထိခိုက် နေနိုင်ပါတယ်။ ဒါကြောင့် ဆံကေသာ တောက်ပြန် သန်စွမ်းဖို့ နောက်ထပ် လျှို့ဝှက်ချက်တစ်ခုက ဆံပင်ကို သဘာဝ အတိုင်း လေနဲ့ခြောက်သွေ့အောင် ထားပေးဖို့ပဲ ဖြစ်ပါတယ်။ ဆံပင် စိုစွတ်နေချိန်မှာ ဘယ်တော့မှ ဘီးမဖြီးပါနဲ့။
ပဝါကို ဆောင်ထားပါ
ခရီးသွားတဲ့ အခါ အထူးသဖြင့် စက်ဘီး၊ ဆိုင်ကယ် စီးတဲ့အခါတွေမှာ သင့်ခေါင်းကို ပဝါနဲ့ အုပ်ထားပေးပါ။ ဒါမှသာ ခရမ်းလွန် ရောင်ခြည်ဒဏ်၊ ဖုန်မှုန့်၊ ညစ်ညမ်းတဲ့ လေထုနဲ့ လေဒဏ်ကြောင့် ဆံပင်သား ထိခိုက်မှု မရှိအောင် ပဝါက ကာကွယ် ပေးနိုင်ပါတယ်။
Ref: Good Health
Source: http://www.yatanarpon.com.mm/news/news-46977
Ref: Good Health
Source: http://www.yatanarpon.com.mm/news/news-46977
No comments:
Post a Comment