Thursday, July 11, 2013

Fwd : Career Management And Development .....

              ကျွန်တော် ဒီတစ်ခါတော့ ဆရာကြီး ဒေါက်တာအောင်ထွန်းသက် ဟောပြောခဲ့တဲ့ Career Management And Development ဆိုတဲ့ခေါင်းစဉ်လေးကို ပြန်လည်ဖောက်သည်ချခြင်းပါ..။ လိုအပ်တဲ့ ဘာသာပြန်မှု အမှား အယွင်း တွေရှိခဲ့ရင်တော့ ခွင့်လွှတ်ပေးပါ ကျွန်တော်သိသလောက်လေးကို ပြန်လည် မျှဝေခြင်းဖြစ်လို့ပါပဲ...။
အဲဒီရာထူးတွေရဖို့အတွက် ကျွန်တော်တို့ Career Management လှေကားထစ်တက်သလို တက်ရမယ်လို့ ခေါက်ရိုးကျိုးနေတဲ့တွေးခေါ်မှုတွေ တွေးခေါ်မိမှာပါ..။ အခု မြန်မာပြည် ကုမ္ပဏီတော်များများမှာ သစ္စာရှိစွာ၊ ခေါက်ရိုးကျိုးစွာ လုပ်နေတဲ့လူတွေ တော်တော် များများရှိပါတယ်..။ အဲဒါတွေက မလုပ်မရှူပ်မပြုတ်ဆိုတဲ့ သမရိုးကျိုး ဖြစ်နေတဲ့ပုံစံတွေပါ..။ Career မှာ အဲလို မျိုးလုပ်ဖို့ကို တွန်းအားမပေးချင်ပါဘူး ..။ ကျွန်တော်တို့ အလုပ်လုပ်တော့ ရာထူးတစ်ခုရပါတယ်.. ဥပမာ Law နဲ့ဘွဲ့ရတဲ့လူတစ်ယောက် ရှေ့နေလုပ်တယ်ဆိုပါတော့ မွေးတည်းက ရှေ့နေ၊ သေတဲ့အထိ ရှေ့နေ အလုပ်ကို လုပ်သွားတယ်ဆိုရင် အဲဒါ Career မဟုတ်ပါဘူး ..။ ဘာကြောင့်ရှေ့နေလုပ်ရတာလဲ၊ ဘာကြောင့်ဆရာဝန် လုပ်ရတာလဲ၊ အင်ဂျင်နီယာ ဘာကြောင့်လုပ်ရတာလဲ ။ 

ပြီးတော့ ရာထူး .............Career ဟာ ရာထူးမဟုတ်ပါဘူး ..။
သင်က ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တယ်ဆိုပါတော့…

သင့်ကို သင်ကုမ္ပဏီက သင့်ဘ၀တစ်ခုလုံးအတွက် မပိုင်ပါစေနဲ့..။
သင့်ရဲ့ လုပ်ငန်းတာဝန်တွေကို သတ်မှတ်ထားခြင်းမျိုး သင့်ကိုသင် မပြုလုပ်ပါနဲ့။ ကျွန်တော်တို့က ခိုင်းတာလုပ်ဖို့ မွေးလာတာမဟုတ်ပါဘူး ..။ မိဘကတော့ တစ်မျိုးပေါ့ ကျန်တဲ့လူတွေ အတွက် ခိုင်းတာကို ဘာမှ လုပ်ဖို့မလိုပါဘူး ..။

သင့်ရဲ့ ရာထူး ခေါင်းစဉ်ကို သတ်မှတ်ထားတာမျိုး သင့်ကိုသင် မဖြစ်ပါစေနဲ့..။

သင်က ကုမ္ပဏီရဲ့ ၀န်ထမ်းတစ်ယောက် မဟုတ်ပါဘူး..။ အလုပ်သမား မဟုတ်ပါဘူး ။ လူစွမ်းအား အရင်းအမြစ် တစ်ခုလည်း မဟုတ်ပါဘူး ..။ Resource ဆိုတာက ရေလည်း အရင်းအမြစ်ပါပဲ.၊ ရေနံဆိုတာလည်း အရင်းအမြစ်ပါပဲ..အဲဒါအကုန်လုံး Resource တွေပါ..။ အဲဒါတွေအကုန်လုံးမဟုတ်ဘူးဆိုရင် ... သင်က ဘာလဲ..။

့သင်က Brand ဆိုတဲ့အမှတ်တံဆိပ် တစ်ခုပါပဲ..။

Brand ဆိုတာကတော့ အမှန်ခြစ်လေးတွေ့လိုက်တာ ကျွန်တော်တို့အကုန်လုံး Nike ဆိုတဲ့အမှတ်တံဆိပ်ကို ပြေးမြင်ကျမှာပါ..။

ထို့အတူပဲ အခြားသူတွေက ကျွန်တော်တို့ကိုတွေ့လိုက်တာ နဲ့ ကျွန်တော်တို့မှာရှိတဲ့ အရည်အချင်းတွေ၊ အကျင့်တွေ၊ လုပ်ငန်း ကျွမ်းကျင်မှုတွေအပြင် ပေါင်းသင်းဆက်ဆံရေး တွေကို ပြေးမြင်ကျမှာပါ..။
လူတစ်ဦး တစ်ယောက်ချင်းတိုင်းမှာ ထူးခြားတဲ့ အရည်အချင်းတွေ ရှိပါတယ်.။ Career Management မှာ မိမိကိုယ်ကို ရောင်းဖို့လိုပါတယ်. ကိုယ့် Brand က သူများ Brand နဲ့တူစရာမလိုပါဘူး .. ထူးခြားတဲ့ Brand မျိုး ဖြစ်ရပါမယ်.။

ကျွန်တော်တို့ကိုယ်တိုင် အများမြင်မှာ ကောင်းမွန်တဲ့ Brand တစ်ခုကို ဖန်တီးတည်ဆောက်နိုင်ပြီး အဲဒါကတော့ မိမိအရည်အချင်းနဲ့ စိတ်အားထက်သန်မှု မှုပေါ်မှာ မူတည်ပါတယ်..။
။ ရာထူးက Career မဟုတ်ဘူး. အတွေးအခေါ် တွေကို ပြင်မှရမှာပါ..။ Manager ကနေ GM ကနေ MD စသည်ဖြင့် ဖြစ်နိုင်ပါတယ်.. ဒါပေမဲ့ အရေးကြီးတာက ကိုယ့်ခံယူချက်ကို အသုံးချဖို့ အရေးကြီးပါတယ်.ရာထူးက အရေးမကြီးပါဘူး ..။ အဓိက ၀ါသနာပါပဲ။ အဓိက Career ကို ကြည့်ပုံကြည့်နည်း လိုပါတယ်..။

Career ဟာ ဘာလဲ လို့ မေးရင် ---

ကျွမ်းကျင်မှုအသစ်တွေနဲ့ အတွေ့အကြုံသစ်တွေကို သင်ယူနိုင်ရမယ်..။အရင်တုန်းက မကိုင်ဖူးတဲ့ Software တွေကို ကိုယ် ကိုင်နိုင်ရင်၊ အရင်တုန်းက မလုပ်ဖူးတဲ့ အလုပ်ကို လုပ်ဖူးရင် အဲဒါ Career Development ပါပဲ..။ နောက်တစ်ခုက အတွေ့အကြုံသစ်တွေရအောင် ကြိုးစားရပါမယ်.. အရင်တုန်းက မစွမ်းဆောင်နိုင်တာတွေ စွမ်းဆောင်နိုင်ရင် Career လို့ဆိုပါတယ်..။

အသစ်အသစ်သော လုပ်နိုင်စွမ်းအား တွေ တိုးတက်မှုရှိရပါမယ်..။ ကိုယ်နဲ့အတူ လုပ်ဖော်ကိုင်ဖက်တွေ တိုးပွားလာဖို့လိုပါတယ်..။ ကုမ္ပဏီတစ်ခုတည်းမှာ အတည်တကျ လုပ်ပြီး မနေပါနဲ့ ..ပြောင်းနေပါ..။ အဲလို ပြောင်းနေလေ ကိုယ်နဲ့ အတူ လုပ်ဖော်ကိုင်ဖက်တွေ တိုးပွားလေပါပဲ.။

ကိုယ့်ကို အမြဲ တမ်း Reinvent ပြန်လုပ်ပါ.. ။ အမြဲတမ်း ကိုယ့်ကို အသစ်ဖြစ်အောင် နေရပါမယ်.။ တစ်ခါလာလည်း ဒီအတိုင်း၊ နောက်တစ်ခါလာလည်း ဒီအတိုင်းပဲ လုပ်မနေပါနဲ့.. အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး ညှိယူရပါမယ်..။ Skill အသစ်တွေ ရအောင်၊ Experience အသစ်တွေရအောင် ရှာရပါမယ်..။

လုပ်ငန်းတစ်ခု လုပ်တော့မယ်ဆိုတိုင်း ပိုက်ဆံကြောင့်မို့လို့ ကျွန်တော်တို့ မချစ်တဲ့အလုပ်ကို မချစ်သော်လည်း အောင့်ကာနမ်းပုံစံမျိုးနဲ့လုပ်နေစရာမလိုပါဘူး ..။ ထိုနည်းတူပဲ မိဘကြောင့်၊ ညီအစ်ကို မောင်နှမကြောင့်၊ အထက်အရာရှိကြောင့် စိတ်ညစ်ခံပြီး ကိုယ်မကြိုက်တဲ့ အလုပ်ကို လုပ်နေစရာမလိုပါဘူး…ဒီအလုပ်ကြီး မကြိုက်လည်း လစာအတွက် လုပ်နေရတာမျိုး မလုပ်ပါနဲ့..။

ကိုယ်ဝါသနာပါတာကိုလုပ်၊ ကိုယ်တကယ်ချစ်တာကို လုပ်၊ ကိုယ်ကြိုက်တာကို လုပ်ပါ..။ အဲဒီလုပ်တဲ့အလုပ်အတွက် မိမိမှာရှိတဲ့ အကောင်းဆုံးတွေကို ပေးဆပ်ပါ..။

ကိုယ်က သန့်ရှင်းရေး အလုပ်မှာ ပျော်နေရင်တောင် ကိုယ်တိုက်တဲ့ ကြမ်းပြင် အပြောင်လက်ဆုံး၊ အသန့်ရှင်းဆုံး ဖြစ်ရမယ်..။ တိုက်တဲ့ကြမ်းကို ပြောင်အောင် တိုက်ဖို့က ကိုယ့်တာဝန်..ပါပဲ။ ကိုယ်က ကားမောင်းသမားဖြစ်ရင်လည်း ကားသမားထဲမှာ အတော်ဆုံး၊ အကောင်းဆုံး၊ စိတ်အချရဆုံးဖြစ်အောင် လုပ်ရမယ်…။ လူတိုင်း အခွင့်အရေးကို လိုချင်ကျပါတယ်.. အခွင့်အရေးကိုလိုချင်ရင် အိမ်မှာ အိပ်နေလို့ မရပါဘူး. .. အခွင့်အရေးဆိုတာ ရှာမှ ရမှာပါ..။ ရှာတက်အောင် အရင် လုပ်ရပါမယ်..။ အလုပ်ထဲမှာ လုပ်ပီဆိုကလည်းက ပူးပေါင်းဆောင်ရွက်တက်မှုရှိရပါတယ်.. အဲဒီအတွက် Team လိုပါတယ်. ။ဥပမာ ဘောလုံး အသင်းဆိုပါတော့ … ဂိုးသမားကလည်းအရေးကြီးတယ်၊ ရှေ့တန်း ၊ အလယ်တန်း ၊ နောက်တန်း အကုန်လုံးအရေးကြီးပါတယ်..အဲလိုပါပဲ ကုမ္ပဏီမှာလည်း လူတိုင်းအရေးကြီးပါတယ်..။ MD တစ်ယောက်တည်း အရေးကြီးတာမဟုတ်ပါဘူး၊ အားလုံးသူ့ဟာနဲ့သူ သူ့အလုပ်နဲ့သူ အကုန် အရေးကြီးပါတယ်။

လူတစ်ယောက်အတွက် Learning Journey ဟာ အရေးကြီးသလို သူ့ကို ချည်းကပ်ပုံကလည်း အရေးကြီးပါတယ်..။ လေ့လာပုံ၊ လေ့လာနည်းတွေ အသိတရား ရအောင် ရှာတဲ့ပုံစံတွေ ကျွန်တော်တို့ တွေ လေ့လာကြည်ရအောင် ။ လူတစ်ယောက်ဟာ သင်တန်းဘာကြောင့်တက်လဲမေးရင် အရင်တုန်းက မလုပ်တက်တဲ့ Unconscious /Incompetence မသိတာတွေ ၊ မတက်တာတွေ ကို သင်တန်းပြီးသွားတဲ့အခါ သိအောင်၊ တက်အောင် အလေးထားဖို့လိုပါတယ်.။

(၁) Unconscious / Incompetence လို့ဆိုပါတယ်..။ ကျွန်တော်တို့အရည်အချင်းကို ညံ့ဖျင်းတာကိုလည်း မသိသလို၊ အရည်အချင်း ဘယ်လိုကောင်းအောင် လုပ်ရမယ်ဆိုတာ ကျွန်တော်တို့ကိုယ်တိုင် သတိမပြုမိတဲ့ အဆင့်ပါ။

(၂) Conscious/Incompetence လို့ဆိုပါတယ်..။ ကျွန်တော်တို့ အရည်အချင်းက ညံ့ဖျင်းပေမဲ့၊ အဲဒီအရည်အချင်းကို ဘယ်လိုကောင်းအောင် လုပ်ရမလဲဆိုတာ ကျွန်တော်တို့ကိုယ်တိုင် သတိပြုမိလာပါပီ..။ တိုးတက်မှုရှိလာတဲ့အဆင့်လို့ ဆိုနိုင်ပါတယ်..။ ဒီအဆင့်က နည်းနည်းပူလောင် ပါတယ်..။ ကိုယ့်မှာ လောဘတွေ ရှိလာပါပီ..။ ပညာလောဘက တော့ ရှိတာ ကောင်းပါတယ်.. သေတဲ့အထိသာ ဆက်ရှာပါ..။

(၃) Conscious/Competence လို့ဆိုပါတယ်..။ ကျွန်တော်တို့ဆီမှာရှိတဲ့ အကောင်းဆုံးအရည်အချင်းတွေကို သိသလို၊ အဲဒီအရည်အချင်းတွေကို ဘယ်လိုအသုံးချရမလဲဆိုတာ ကောင်းကောင်းသိတဲ့အဆင့်ပါ..။ ပိုမိုကောင်း မွန်လာတဲ့အဆင့်လို့ ဆိုနိုင်ပါတယ်..။

(၄) Unconscious/Competence လို့ဆိုပါတယ်.. သူကလွန်မြောက်အဆင့်လို့တောင် ဆိုနိုင်ပါတယ်..။ ကျွန်တော်တို့ဆီမှာအရည်အချင်းကောင်းတွေရှိပြီး၊ မသိစိတ်ကနေ သူ့ကို ပြန်အသုံးချနေတဲ့ အဆင့်လို့ တောင်ဆိုနိုင်ပါတယ်..။ ဥပမာ - ပန်းချီဆရာတစ်ယောက်ဟာ သူဈာန်ဝင်နေတုန်းအချိန်မှာ ပန်းချီကားကို ဆွဲနေပေမဲ့ ပြီးသွားတဲ့အခါ အပြင်လူတစ်ယောက် ပန်းချီကားကို ဘယ်လိုဆွဲရတာလဲ မေးရင် သူပြန်မဖြေ နိုင်တဲ့ပုံစံမျိုးပါ..။ လူအတော်များများ အဲဒီအဆင့်ကို မရောက်ကျပါဘူး… နံပါတ် (၃) အဆင့်နဲ့တင် ကျေနပ် လိုက်ရတဲ့လူတွေများပါတယ်..။

အလုပ်အကိုင် လုပ်မယ်ဆိုရင် Your choice ဆိုတဲ့ သင့်ရဲ့ ရွေးချယ်မှုကို အားပေးသင့်ပါတယ်.။ ကိုယ်ကြိုက်တာကို ကိုယ်လုပ်ပါ .. မကြိုက်ရင် မလုပ်နဲ့..။ အဲဒါကို သိရှိထားဖို့ လိုပါတယ်.။ ကိုယ့်မှာ ရှိတဲ့ ပါရမီကို အစွမ်းကုန် အသုံးချနိုင်တဲ့ အခွင့်အလမ်း လိုပါတယ်..။ အောင်မြင်မူရဖို့ ပါရမီဆိုတဲ့ Talent လိုပါတယ်.. အောင်မြင်တယ်ဆိုတာ ငွေရတာကို ပြောတာမဟုတ်ဘူး၊ ရာထူးရှိတာကိုလည်း ဆိုလိုတာမဟုတ်ဘူး၊ ကျေနပ်မှု တစ်ခုရတာကို အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်..။ ရုံးအတွင်းမှာ လူကြီးရှိပြီဆိုရင် ရယ်သံတွေ၊ ရင်းနှီးချစ်ခင်မှုတွေ ၀န်ထမ်းတွေကြားမှာမရှိတော့ပါဘူး..။ ဒီနေ့ ခေတ်လူကြီးတွေက ကြောက်စရာမလိုပါဘူး ..။ အဲဒါတွေကို ပြင်ဖို့လိုပါတယ်.။ ရုံးမှာ ရယ်သံတွေ ရှိဖို့လိုတယ်..။ ကိုယ်ပျော်တဲ့အလုပ်ကို လုပ်ဖို့လိုပါတယ်.. အလုပ်ရှားမှာ မကြောက်ပါနဲ့..။ ကိုယ်တကယ်ဝါသနာပါတဲ့အလုပ်၊ ကိုယ်တကယ်ပါရမီရှိတဲ့အလုပ်ကိုပဲလုပ်ပါ..။ မကြောက်ပါနဲ့..။ ဒီအလုပ်မရှိရင် ဒီထက်ကောင်းတဲ့အလုပ်လာပါလိမ့်မယ်..။

လူတိုင်းမှာကတော့ သူတို့ရဲ့အရည်အချင်းတွေနဲ့ ထိုက်တန်တဲ့ အခွင့်အလမ်း တွေရှိပြီသားမို့လို့… အောင်မြင်မှုကို ရယူပြီး ပျော်ရွှင်မှုကို ခံစားလိုက်နိုင်တာ အကောင်းဆုံးပါပဲ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...