Tuesday, July 9, 2013

မိန်းမသားများ အောင်မြင်ခြင်းအကြောင်းတရား ......

လောကကြီးမှာ လူဖြစ်ရတာခြင်းအတူတူ ဒီထဲကမှ မိန်းမသားဖြစ်ရတာခြင်းအတူတူ အောင်မြင်မှုမတူ ဘာကြောင့်များ အခြေနေတွေ ကွာခြားနေရတာပါလဲ။ အောင်မြင်ထင်ရှား မိန်းမသားတွေ ကတော့ အောက်ပါ အချက်အလက်တွေကို ပိုင်ဆိုင်နေတယ်ဆိုတာ သတိထားမိစေဖို့ တင်ပြလိုက်ပါတယ်။

(၁) ထူးကဲတဲ့ ဝီရိယရှိကြတယ်
အောင်မြင်ထင်ရှားမိန်းမသားတိုင်းမှာ သူများထက်ထူးတဲ့ ဝီရိယကို ပိုင်ဆိုင် ထားကြတယ်ဆိုတာ မမေ့သင့်ပါဘူး။ အချိန်တန်ရင် သူ့အလိုလို ဖြစ်သွားမှာ ဆိုတဲ့ စကားကို လုံးဝအယုံအကြည်မရှိတဲ့ မိန်းမသားများပေါ့။ သူတို့ဟာ သူတို့ လုပ်ဆောင်စရာရှိသမျှကို ကြိုတင်ပြင်ဆင်တတ်ပြီး သူများထက်အရင် ဦးစွာပြီးစီးစေခြင်းဖြင့် အောင်မြင်မှုကို ရယူတတ်ပါတယ်။

(၂) ကတိတစ်လုံး စကားတစ်ခွန်းကို တန်ဖိုးထားတတ်ကြတယ်
သူတို့ဟာ ပြောပြီးသားစကားတစ်ခွန်း ပြန်ပြင်ဖို့အတွက်ကိုအင်မတန်ဝန်လေး တတ်ကြပါတယ်။ ပေးပြီးသားကတိအတွက် ဖျက်ရမယ်ဆိုရင်တော့ အ သက်သာ အသေခံချင်တော့တယ်ဆိုတဲ့ အစားမျိုးပေါ့။ အောင်မြင်ထင်ရှား မိန်းမသားများဟာ ဒီလို စကားတည်ခြင်း ကတိမြဲခြင်းတို့နဲ့ပဲ သူ့ပတ်ဝန်း ကျင်က ပြိုင်ဘက်တွေကို ကျော်လွှာအနိုင်ရသွားတတ်မြဲပါ။

(၃) ကိုယ်ကျင့်တရားကို တန်ဖိုးထားတယ်
ပုထုဇဉ်ဆိုတာကတော့ ဖောက်ပြန်တတ်တဲ့ သဘာဝရှိကြတာချည်းပါပဲ။ ဒါပေမဲ့ အောင်မြင်ထင်ရှား မိန်းမသားတွေကတော့ ဖောက်ပြန်ချင်တဲ့စိတ်ကို သူတို့ရဲ့ ဟီရိသြတ္တပ တရားက ပြန်လည်ထိန်းချုပ်ပြီး ကြည့်လိုက်တာနဲ့ တည်ကြည်ခြင်း အပေါင်းစုလို့ သူတို့ရဲ့မြဲမြံတဲ့ ကိုယ်ကျင့်တရားကြောင့် လူကြည်ညိုစရာ အလိုလိုဖြစ်နေတတ်တာ သူတို့ရဲ့ သဘာဝပါ။

(၄) ကိုယ်ချင်းစာစိတ်ရှိကြတယ်
ကိုယ်ချင်းစာစိတ်မရှိရင် အောင်မြင်ပေမယ့် မထင်ရှားဘူး၊ ထင်ရှားမှုရှိလည်း မအောင်မြင်ဘူး။ အောင်မြင်ထင်ရှားနေပြီဆိုရင်တော့ သေချာပါတယ် သူ ဟာ ကိုယ်ချင်းစာတရားရှိသူ ဖြစ်ပါတယ်။ ကိုယ်တွေ ကိုယ်တွေ ချင်းသာ စာနာတတ်သူကတော့ လူမုန်းများတတ်ပြီးကိုယ်တွေက အများကို စာနာ တတ်မှသာ လူချစ်လူခင်များတဲ့ အောင်မြင်ထင်ရှားသူအစစ်ပါ။

(၅) သူများရဲ့အရည်အချင်းကို တန်ဖိုးထားတယ်
တကယ့်အောင်မြင်ထင်ရှားသူတွေဟာ ကိုယ့်အရည်အချင်းတွေ တိုးမြင့်နေဖို့ ပဲ ကြိုစား၊ ကိုယ့်အရည်အချင်းကိုဘဲ ကိုယ်အသိအမှတ်ပြုတဲ့တစ်ကိုယ်တော် သမားမဟုတ်ပါဘူး။ သူတို့ဟာ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ အရည်အချင်း ရှိသူ မှန်သမျှကို ချီးမြှင့်အားပေးလိုတဲ့ စိတ်ထားပိုင်ရှင်တွေပါ။

(၆) ဒေါသကို ထိန်းချုပ်နိုင်ကြတယ်
အင်မတန်သိသာတဲ့အချက်ပါ၊ သူတို့ဟာ ဖြစ်ပျက်ကြုံဆုံလာရတဲ့ အကြောင်း အရာမှန်သမျှအပေါ်မှာ သွေးအေးစွာ ဖြေရှင်းနိုင်သူတွေပါ၊ ဒေါသထွက်ခဲ့ရင်တောင် လျင်မြန်စွာ ပြန်လည်ထိန်းချုပ်နိုင်တဲ့ အသိတရားတွေ ပိုင်ဆိုင်တတ် ကြပါတယ်။ ဒေါသထွက်လွန်းလို့ ရင်တွင်းဆူပွက်နေခဲ့ရင်တောင် သူ့ဒေါသ ကိုသူပဲ အသိခံပြီး ဒေါသကြောင့် အမှားတရားတွေကို ဖန်တီးမယ့်သူမျိုး မဟုတ်ပါဘူး။
ကမ္ဘာပေါ်ရှိ အမျိုးသား၊ အမျိုးသမီးများအားလုံး ထက်မြက်အောင်မြင်သော သူများဖြစ်နိုင်ကြပါစေဟု ဆန္ဒပြုလျက်.......

2 comments:

  1. ရန်ကုန် ဆေးခန်းလိပ်စာလေးသိချင်တယ် ဆေးခန်းလါပြချင်လို့ပါ ကျေးဇူးပြုပြီးလမ်းညွန်ပါ

    ReplyDelete
  2. ရန်ကုန် ဆေးခန်းလိပ်စာလေးသိချင်တယ် ဆေးခန်းလါပြချင်လို့ပါ ကျေးဇူးပြုပြီးလမ်းညွန်ပါ

    ReplyDelete

Related Posts Plugin for WordPress, Blogger...