Sunday, March 24, 2013

ဆင်းရဲသား ရပ်ကွက်လေးတစ်ခုရဲ့ အဖြစ်အပျက်လေး.....

ဆင်းရဲသား ရပ်ကွက်လေးတစ်ခုရဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ လူတစ်စုအလှူလေးတစ်ခု လုပ်နေတယ် ...သူတို့
အလှူကထူးထူးခြားခြားပါပဲ ..ရပ်ကွက်ထဲက ကလေးငယ်လေးတွေအားလုံးကိုခေါ်ပြီး ထမင်းဟင်းတွေ ကျွေးမွေးတာပါ။

ဟင်းကတော့ ၀က်သားဟင်း၊ ငပိကြော်ချက်နဲ့တို့စရာအစုံ၊ ပဲတီချဉ်သုပ် နဲ့ ပဲနီလေးဟင်းချိုစသဖြင့်ဖွယ်ဖွယ်ရာရာပါပဲ
...ကလေးတစ်ယောက်ကို ၀က်သားတုံးကြီး နှစ်တုံးကျ ထမင်းပန်းကန်ထဲ ထည့်ပေးထားတယ် ..

ကလေးတွေ စားသောက် နေကြတဲ့အချိန်မှာ အလှူရှင်တွေ ကအားပါး တရ စားနေကြတဲ့ ကလေးတွေကိုလိုက်ကြည့်ပြီး
ပီတိဖြစ်နေတာပေါ့ ...ကလေးတွေ စားနေပုံကလည်း တကယ်ကို အားရစရာပါပဲ .သူတို့ခမျာ အသားဟင်းဆိုတာ ဒီလို
အလှူရှင်တွေလာမှပဲ စားရရှာတာကိုး ...

အဲ့လိုလိုက်ကြည့်နေရင်းနဲ့ ကလေးတစ်ယောက်ရဲ့ပန်းကန်ထဲမှာဝက်သားဟင်းမတွေ့ရဘဲငပိချက်တွေဟင်းရည်တွေနဲ့
ပဲ စားနေတာတွေ့တော့အလှူရှင်က ဟင်းထည့်ပေးနေတဲ့လူတွေကို လှမ်းမေးလိုက်ပါတယ် ...

"ဟေ့! ဒီကလေးပန်းကန်ထဲ ၀က်သားဟင်း မပါပါလား?"

အဲ့ဒီအခါ ဟင်းထည့်ပေးနေတဲ့သူတွေထဲက တစ်ယောက်က

" ကျွန်တော်တို့ ကုန်လုံးကို နှစ်တုံးစီ ထည့်ပေးပြီးသား အကို ~ ကလေးကို မေးကြည့်လိုက်ပါဦး" လို့ပြန်ပြောပါတယ်



အလှူရှင်လည်းကလေးကို မေးမယ်ဆိုတဲ့အတွေးနဲ့ကလေးဘက်ကို ပြန်လှည့်လိုက်တဲ့အခါထမင်းငုံ့စားနေတဲ့ကလေး

လေး ဆောင်းထားတဲ့ ဦးထုပ်အနွမ်းလေးအောက်ကနေ အဆီတွေ စီးကျလာတာကို တွေ့လိုက်ရတယ် ...

အဲ့ဒါနဲ့အလှူရှင်လည်း ဦးထုပ်ကို မ,ကြည့်လိုက်တော့ခေါင်းပေါ်တင်ထားတဲ့ဝက်သားတုံး (၂) တုံးကိုတွေ့လိုက်ရတယ်

အဲ့ဒီအခါ ကလေးလေးက မျက်ဝန်းထဲမှာ မျက်ရည်အပြည့်နဲ့ မော့ကြည့်ပြီး ပြောလိုက်တာက

..
..
..
..
..

" သားတို့အိမ်မှာအသားမစားရတာကြာပြီ၊ ၀က်သားဟင်းစားချင်တယ်ဆိုပြီး အမေက ခဏခဏပြောနေတော့သားလည်း
စားမယ်လုပ်တုန်း အမေ့ကိုသတိရပြီး အမေ့အတွက် ယူသွားမလို့ ဖွက်ထားတာပါ" တဲ့!


☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺


(ဂျာနယ်တစ်စောင်တွင်ပါသော မြန်မာပြည်အတွင်းမှ တကယ့်အဖြစ်အပျက်တစ်ခုအား
ပြန်လည်ခံစားရေးဖွဲ့ထားပါသည်!! )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...