Sunday, March 17, 2013

ရွေးချယ်မှု .......

Photo

အချစ်တစ်ခုကို ကိုယ်က ဦးနှောက်နဲ့ ဖြစ်ဖြစ်နှလုံးသားနဲ့ ဖြစ်ဖြစ် ကိုယ်ရွေးချယ်လိုက်တဲ့ အချစ်တစ်ခုဟာ

ကိုယ့်အတွက်စိတ်ချမ်းသာမှုတွေပေးနိုင်မဲ့ အချစ်တစ်ခု ဖြစ်ဖို့ လိုအပ်တယ် စိတ်ချမ်းသာမှသာ သာယာပျော်ရွှင်တဲ့ မိသားစုဘ၀လေးကိုရရှိလာနိုင်မှာ ဖြစ်ပါတယ်...

ကိုယ်ရွေးချယ်လိုက်တဲ့အချစ်တစ်ခု က ကိုယ့်အတွက် စိတ်ချမ်းသာမှုမပေးနိုင်ခဲ့ဘူးဆိုရင်တော့ သူတစ်ပါးအမြင်မှာ ကိုယ်က ဘယ်လိုပဲ လေးစားအထင်ကြီးစရာဖြစ်နေခဲ့ပါစေ.....

ကိုယ်ကိုတိုင်စိတ်မချမ်းသာနိုင်တဲ့အတွက် ပျော်ရွင်စရာမိသားစုဘ၀လေးက တော်တော်လေးကိုကြိုးစားမှုနဲ့ ရယူရမှာ ဖြစ်ပါတယ် ကိုယ်ရွေးချယ်လိုက်တဲ့အချစ်တစ်ခုမမှားစေဖို့ အတွက် ဘ၀တစ်ခုကိုထူထောင်တော့မယ် ဆို သေချာစဉ်းစားပြီးမှ ရွေးချယ်ဆုံးဖြတ်သင့်ပါတယ် အချစ်တစ်ခုထဲနဲ့ လဲ ဘ၀ကိုမထူထောင်နိုင် သလို ငွေကြေးတစ်ခုအတွက်နဲ့ လည်း ဘ၀ ကို အလွယ်တကူ မရွေးချယ်သင့်ပါဘူး....
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...