Friday, March 29, 2013

သနားစရာလည်းဖြစ် မွေးရကျိုးနပ်မယ့် ကလေးတစ်ယောက်အကြောင်း ....


ပီတိ အခမဲ့ဆေးခန်းမှ မျက်ရည်ဝဲစရာကောင်းလောက်အောင် ပီတိလည်းဖြစ် .....


အများအားဖြင့် မိဘမေတ္တာကိုဘဲစာဖွဲ့ဖြစ်ကြတာများပါတယ်။ခလေးငယ်တို့ရဲ့ မိဘအပေါ် တွယ်တာမြတ်နိုးမှု့ ကတော့ ထင်သာမြင်သာမရှိပေမယ့် တွေ့တွေ့နေရပါတယ် အဲ့ဒီအထဲကတစ်ခုပါ ။
မိခင်အပေါ် သိပ်အလိုက်သိရှာတဲ့ ခလေးတစ်ယောက်ပါ ။
ပါတ်ဝန်းကျင်ချစ်အောင်လဲနေတတ်ပါတယ် ဆေးခန်းကိုသူတို့သားအမိရောက်လာတိုင်း လမ်းစရိတ်တောင် ပြည့်စုံအောင်ပါမလာနိုင်ပါဘူး ။လိုအပ်လို့ ပုလင်းချိတ်ရတော့မယ်ဆို အနည်းဆုံး သုံးနာရီလောက် ကြာတတ်ပါတယ် ။ပုလင်းချိတ်ထားရတဲ့မိခင်အပေါ့အလေးကိစ္စကစ ဂရုတစ်စိုက်ပြုစုနေတဲ့ ခလေးကို ပါတ်ဝန်းကျင်ကဘဝတူလူနာတွေ သူနာပြုတွေက သတိထားမိလာတော့ ခလေးကိုသနားစိတ်ဝင်လာပြီး ခလေးတွက် မုန့်လေးတွေ အစာပြေစားစရာလေးတွေ တတ်နိုင်သလောက် ပေးကြကျွေးကြပါတယ် ။ဒါပေမယ့်ခလေးအနေနဲ့ သူကိုယ်တိုင်ဆာလောင်နေပေမယ့် သူ့မိခင်နိုးလာတဲ့အထိ ဘယ်လောက်ကြာကြာစောင့်ဆိုင်းနေပြီး အမေဗိုက်ဆာမှာစိုးလို့ ဆိုပြီး အမေ့ကိုတယုတယခွံ့ကျွေးပြီးကျန်တဲ့တစ်ဝက်ကိုမှစားတတ်တဲ့ ခလေးတစ်ယောက်ကို `ပီတိ´အခမဲ့ဆေးခန်းရဲ့ နေ့ရက်တွေထဲမှာ သတိတယမှတ်မိနေပါတယ် ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...