Wednesday, July 10, 2013

သိထားသင့်တဲ့ အသည်းရောင် ရောဂါများ .......



သိထားသင့်တဲ့ အသည်းရောင် အသားဝါ ဘီ ရောဂါ (အပိုင်း ၂)

( ပြီးခဲ့တဲ့အပတ်က အသည်းရောင် အသားဝါ A ရောဂါရဲ့ ရောဂါလက္ခဏာတွေအကြောင်း ပြောခဲ့ပါတယ်။ ) (para)အသည်းရောင် အသားဝါ ဘီနဲ့စီရောဂါကိုတော့ လူသိများကြပြီး အသည်းရောင် အသားဝါ အေရောဂါ ကိုတော့ လူသိနည်းပါသေးတယ်။ ဘာလို့လည်းဆိုတော့ အေရောဂါဟာ ကလေးတွေမှာပဲ ဖြစ်လေ့ရှိပြီးတော့ များသောအားဖြင့်လည်း ခဏလေး အသားဝါပြီး သူ့ဘာသာသူ ပျောက်သွားတတ်တော့ သိပ်ပြီး ဂရုမစိုက်မိကြ ဘူးပေါ့။ (para)အသည်းရောင် အသားဝါ အေရောဂါပိုးဟာ ဗိုင်းရပ်စ်ပိုးဖြစ်ပါတယ်၊ အရမ်းပဲကူးစက်လွယ်ပါတယ်။ အဓိကအားဖြင့်တော့ အစားအစာနဲ့ရေကနေ ကူးပါတယ်။ သူ့ရဲ့ထူးခြားချက်ကတော့ အသက်ငယ်တဲ့သူတွေ မှာ အဖြစ်များပြီး တစ်ခါဖြစ်ပြီးရင် နောက်ထပ်ပြန်မဖြစ်တော့ပါဘူး။ ယခုလက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေအရ အသက် (၃ဝ)အထိ အသည်းရောင်အေရောဂါ ဖြစ်နိုင်ပါတယ်။ (၃ဝ)ကျော်သွားပြီဆိုရင်တော့ အေရောဂါမဖြစ် နိုင်တော့ဘူးလို့ ပြောရပါမယ်။ (para)အသည်းရောင် အေရောဂါပိုးဟာ ရောဂါရှိတဲ့သူရဲ့ မစင်ထဲကနေ ပတ်ဝန်းကျင်တစ်ခုလုံးကို ပျံ့ပါ တယ်၊ ရေခဲထဲမှာဆိုရင် မသေဘဲ တစ်နှစ်လောက်အထိ ခံပါတယ်။ လူ့မစင်တွေကို မြေသြဇာအဖြစ်နဲ့သုံးပြီး စိုက်ပျိုးထားတဲ့ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ကန်ဇွန်းရွက် စတဲ့အသီးအနှံ လတ်လတ်ဆတ်ဆတ်တွေကို စားမယ်ဆိုရင် တော့ အေရောဂါပိုး ကူးစက်ဖို့ရာ များပါတယ်။ ရောဂါဖြစ်တဲ့ ကလေးတစ်ယောက်ဟာ အသားဝါပြီးနောက် (၃)ပတ်လောက် သူနဲ့နီးနီးစပ်စပ် နေတဲ့လူတွေကို ကူးနိုင်ပါတယ်။ သူကိုင်ထားတဲ့ပစ္စည်း၊ စားထားတဲ့ပန်းကန်၊ အဲဒီလို သူ့ပတ်ဝန်းကျင်မှာရှိတဲ့ပစ္စည်းအားလုံးဟာ အေပိုးတွေပျံ့နှံ့ပြီး ဘေးနားမှာ နေတဲ့သူအားလုံးကို ရောဂါ ကူးနိုင်တာပေါ့။ (para)ဒါကြောင့် ကိုယ့်ကလေး အသည်းရောင် အသားဝါ အေရောဂါဖြစ်လို့ ကျောင်းကိုလွှတ်မယ်ဆိုရင် သူများ ကလေးတွေကိုပါ ကူးစက်နိုင်တယ်ဆိုတာ သိထားဖို့လိုပါတယ်။ များသောအားဖြင့်တော့ ကလေးငယ်လေးတွေ မူကြိုကျောင်းမှာ၊ လူငယ်လေးတွေ ရေကူးသင်တန်းမှာ အဲဒီလို လူအများရှိတဲ့နေရာကနေ ကူးလာတာပါဘဲ။ (para)ရောဂါလက္ခဏာတွေကတော့ ဖျားတာနဲ့စလေ့ရှိပါတယ်၊ ဖျားခါစမှာ ငှက်ဖျား၊ တိုက်ဖွိုက်၊ သွေးလွန်တုပ် ကွေး၊ ရောဂါမျိုးစုံဆင်ကြပြီး အသားတွေဝါလာမှ အသည်းရောင် အသားဝါမှန်း သိလေ့ရှိပါတယ်။ (paraအနားယူ၊ လုံလောက်တဲ့ရေ၊ အချိုဓါတ် သောက်သုံးမယ်ဆိုရင် သူ့ဘာသာပျောက်သွားလေ့ရှိပါတယ်။ ရေတွေကို အလွန်အကျွံ (၆)ပုလင်း၊ (၇)ပုလင်း သောက်ဖို့မလိုပါ။ အချိုဓါတ်ရအောင်ဆိုပြီး ဂလူးကို့စ်တွေ (၁)ထုတ်လုံးကုန်အောင် နေ့စဉ် သောက်ဖို့လည်း မလိုပါဘူး။ အသည်းရောင် မြန်မြန်ပျောက်ဖို့အတွက် သံပုရာရည်တွေ မကြိုက်ဘဲ ဇွတ်မှိတ်မသောက်ပါနဲ့။ အာသီသရှိသလောက် ရေကိုသောက်ပြီး အရာရာကို သင့်တင့်လျောက်ပတ်စွာ လုံလုံလောက်လောက် စားသုံးရင် အလိုလိုပျောက်သွားမယ့် အသည်းရောင် A ရောဂါပါ။
သိထားသင့်တဲ့ အသည်းရောင် အသားဝါ ဘီ ရောဂါ (အပိုင်း ၄)

သိထားရမဲ့ အချက်တွေ (အနှစ်ချုပ်)

၁။ ဘယ်လို အသက်အရွယ်တွေဖြစ်မှာလဲ
မြန်မာနိုင်ငံမှာ အသက် (၁)နှစ်ကနေ အသက်(၃ဝ) အတွင်း ဖြစ်နိုင်ပါတယ်။

၂။ ဘာရောဂါ လက္ခဏာတွေ ရှိလဲ
ဖျားတာနဲ့ စတယ်။ တချို့လည်း ပျို့အန်ကြတယ်။ သုံး၊ လေးရက်ကြာမှ ဆီးဝါ၊ မျက်လုံးဝါလာတယ်။ ကလေးငယ်လေးတွေ အသားမဝါခင် ဖျားနေတုန်းမှာတော့၊ ငှက်ဖျား၊ တိုက်ဖွိုက်၊ သွေးလွန်တုတ်ကွေးဆိုပြီး လွဲမှား ထင်တတ်ကြတယ်။

၃။ ဘယ်ရာသီမှာ အဖြစ်များလဲ

ကျောင်းပိတ်ထားတဲ့ မတ်လကနေ မေလအတွင်းမှာ ကလေးငယ်တွေ အကြီးအကျယ် ဖြစ်ကြပါတယ်။

၎။ ဘယ်လိုသိမှာလဲ
အသားဝါလာပြီဆိုရင် (Anti-HAV lgM) ဆိုတဲ့ test ကို သွေးစစ်လိုက်လို့ Positive ဆိုရင် အသည်းရောင်အသားဝါ အေ ရောဂါ သေချာပြီပေါ့။

၅။ ဘယ်လိုကူးမှာလဲ
ရောဂါသည်နဲ့ နီးနီးစပ်စပ်နေရုံနဲ့လည်း ကူးနိုင်ပါတယ်။မသန့်တဲ့အစားအသောက်နဲ့ ရေကလည်း ကူးနိုင်ပါတယ်။
သိပ်ကို ကူးလွယ်ပြီး အကူးမြန်တဲ့ ရောဂါတစ်ခုပါ။ ရောဂါသည်နဲ့ ပစ္စည်းအားလုံး လုံးဝခွဲထားဖို့ လိုပါမယ်။

၆။ ဘယ်လိုကုမှာလဲ
အနားယူ၊ လုံလောက်တဲ့ အရည်၊ ကယ်လိုရီ ကျွေးပြီးကု၊ နီးစပ်ရာ ဆရာဝန်နဲ့ ပြပါ။ မလိုအပ်ဘဲ ရေတွေအများကြီး ဇွတ်မသောက်ခိုင်းပါနဲ့။ ဂလူးကို့စ်တွေ မတန်တဆဖျော်မတိုက်ပါနဲ့။ မကြိုက်ဘဲ၊ မသောက်ချင်ဘဲနဲ့ သံပုရာသီး၊ ရှောက်သီး၊ အချဉ်ရည်တွေ မတိုက်ပါနဲ့ ဆေးမြီးတိုတွေ မသုံးပါနဲ့။

၇။ နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်လဲ
အသည်းရောင် ဘီနဲ့ စီရောဂါပိုးတွေကတော့ ပိုးဝင်ပြီးရင် နာတာရှည်ပိုးသယ်ဆောင်တဲ့ အဆင့်ကို ရောက်သွားနိုင်ပြီး၊ နာတာရှည် အသည်းရောဂါတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အေရောဂါကတော့ ဖြစ်တုန်းပဲ ခံရပြီး ပျောက်သွားတာနဲ့ ပိုးလုံးဝ ကင်းစင်သွားပြီး နာတာရှည် အသည်းရောဂါ မဖြစ်နိုင်ပါဘူး။

၈။ ဘယ်လောက်အထိ အန္တရာယ်ရှိသလဲ၊ စိုးရိမ်ရသလဲ
ကလေးတစ်ယောက် အသည်းရောင်အသားဝါရောဂါ ဖြစ်ပြီဆိုကတည်းက မိဘ၊ ဆွေမျိုးအားလုံး ပူပင်သောက ဖြစ်ရပြီး၊ သိပ်ဝါလွန်းလို့ ရှိရင် ဆေးရုံတင်ကုရပါတယ်။
အခန့်မသင့်ရင် သည်းခြေလမ်းကြောင်းပိတ်ပြီး (Cholestasis)ရလို့ ဝါတာဟာ တော်တော်နဲ့ မကျဘဲ တစ်လကျော်လောက်အထိ ကြာသွားနိုင်တယ်။တစ်ခါတလေ ပျောက်ပြီး တစ်လလောက်ကြာမှ ပြန်ဝါတတ်တယ် (relapse) ။
ရှားရှားပါးပါး တစ်ယောက်တလေဟာ သိပ်ဝါလွန်းပြီး သတိလစ် (Hepatic Coma) ရပြီး အသက်ဆုံးပါး တတ်ပါတယ်။

၉။ ဘယ်လိုကာကွယ်မလဲ
တစ်ကိုယ်ရေသန့်ရှင်းမှု၊ ကျန်းမာရေးနဲ့ ကိုက်ညီအောင် သန့်ပြန့်တဲ့ အစားအစာကို စားပါ။ ဖြစ်နိုင်ရင်တော့ အသက် (၃ဝ)နှစ်အောက် ကလေး၊ လူငယ်တွေဟာ အသည်းရောင် အသားဝါ အေကာကွယ်ဆေး (HAVRIX) ထိုးထားသင့်ပါတယ်။

သိထားသင့်တဲ့အသည်းရောဂါတွေ (အပိုင်း-၇)

အသည်းရောင်အသားဝါရောဂါ(အသည်းရောင်အသားဝါရောဂါနဲ့လွဲနိုင်တဲ့ရောဂါတွေကို ပြောနေပါတယ်။)

ဆေးတွေကြောင့်ဖြစ်တဲ့ အသည်းရောင် အသားဝါ

ကျွန်တော့် လူနာအမျိုးသမီးတစ်ယောက် အသားတွေ ဝါထိန်ပြီး ရောက်လာပါတယ်။ အသက်က (၄ဝ)လောက်၊ အိမ်ထောင်ရှိပြီး ကလေးတစ်ယောက်နဲ့၊ ဆေးရုံတက်ဖို့ကို မနည်းပြောယူရတယ်။ သိပ်ဝါလွန်း တော့ အသက်အန္တရာယ်ရှိပါတယ်၊ မတက်လို့မဖြစ်ပါဘူးဆိုတော့မှ ဆေးရုံတက်ပါတယ်။ အရက်လည်း မသောက်၊ သွေးလည်း မသွင်းဘူးဘူး၊ သူပြောတာကတော့ မူဆယ်ကို ခဏသွားရင်းနဲ့ ဆီးသွားရတာ နည်းနည်းအောင့်တော့ မိတ်ဆွေတစ်ယောက်က တရုတ်ပြည်ကလာတဲ့ အရွက်ခြောက်တွေတစ်ထုတ်ကြီးပေး တယ်တဲ့၊ အဲဒီအရွက်ကို ကျိုပြီးသောက်ရင် ဆီးနဲ့ပတ်သက်တဲ့ရောဂါအားလုံးပျောက်တယ်လို့ ပြောတယ်တဲ့။ ဒါနဲ့ သူလည်း ပျောက်ချင်ဇောနဲ့ အဲဒီအရွက်တွေကို ကျိုပြီး တစ်နေ့ (၃)ကြိမ်လောက်၊ တစ်ပတ်သောက် လိုက်တယ်တဲ့၊ ဆီးကျင်တာလည်း ကောင်းသွားတယ်တဲ့၊ အဲဒီအရွက်တွေသောက်ပြီး (၂) ပတ်လောက်ကစပြီး ဆီးတွေကော၊ အသားတွေကော ဝါလာပြီး ရန်ကုန်ကို ချက်ခြင်းပြေးလာခဲ့တာပဲလို့ ပြောပါတယ်။ လူနာက ဘာပဲပြောပြော၊ ဆိုင်ဆိုင်၊ မဆိုင်ဆိုင်၊ သူပြောတဲ့ အချက်အလက်တွေအားလုံးကို နားထောင်ရမယ်၊ မှတ်သားထားရမယ်။ လူနာပြောပြတဲ့ ရောဂါနဲ့ပတ်သက်လို့ သိရတဲ့၊ သိသင့်တာမှန်သမျှကို မှတ်သားထားပြီး ရောဂါရှာဖွေဖေါ်ထုတ်ရာမှာ အသုံးချရမှာပါ။ ခေတ်မီစမ်းသပ်၊ ရောဂါရှာဖွေဖေါ်ထုတ်တဲ့ သွေးစစ်၊ ဓါတ်မှန်ရိုက်၊ စတဲ့ ကိရိယာမျိုးစုံ ပေါ်နေပေမယ့်လို့လည်း အဲဒီ နောက်ဆုံးပေါ်စက်တွေနဲ့ စမ်းသပ်ကြည့်ရုံနဲ့ လည်း မပြီးသေးပါဘူး၊ အားလုံးစစ်ဆေးပြီး ရောဂါ မပေါ်သေးတာတွေလည်း ရှိသေးတယ်။ လူနာဆီက ရောဂါ၊ သတင်း၊ အချက်အလက်တွေနဲ့ ခေတ်မီစက်တွေရဲ့ စမ်းသပ်စစ်ဆေးချက်တွေ ပေါင်းစပ်မှသာ အဓိပ္ပါယ်ပေါ်လွင်ပြီး ရောဂါမှန်ကို သိရမှာပါ။ ဒါကြောင့် ဒီ လူနာအမျိုးသမီး ပြောတဲ့ အရွက်တွေကျိုပြီး သောက်တယ်ဆိုတာကိုလည်း သတိပြုရမှာပါ၊ ဒီ ဆေးမြီးတို အရွက်ခြောက်တွေကြောင့်များ အသည်းထိသွား သလားဆိုတာ စဉ်းစားထားရမယ့် အချက်တစ်ချက်ပါ။
အခု ကျွန်တော် ပြောနေတဲ့ အသားဝါအမျိုးသမီးကို ဆေးရုံတင်ပြီး သွေးတွေစစ်လိုက်တော့ အသည်းရောင် အသားဝါဆိုတာတော့ သေချာသွားပြီ။ တစ်ဆင့်ထပ်ပြီး ဘီပိုး၊ စီပိုးတွေ စစ်လိုက်တော့ ဘာ အသည်းရောင် အသားဝါပိုးမှ မရှိဘူး၊ စဉ်းစားရ နည်းနည်းခက်လာပြီ။ အမျိုးသမီးလည်းဖြစ်တယ်၊ အရက်မသောက်ဘူးလို့လည်း ပြောတယ်ဆိုပေမယ့်လို့ အရက်သောက်တာကို အမှန်မပြောဘဲ ထိန်ချန် ထားတာလည်း ဖြစ်နိုင်သေးတယ်။ ဒါနဲ့ တစ်ဆင့်ထပ်ပြီး အရက်သောက်လို့ ဖြစ်တာလားဆိုပြီး သွေးတွေစစ် ကြည့်တော့လည်း အရက်ကြောင့်ဖြစ်တဲ့ အသည်းဒဏ်ရာရပုံနဲ့ မတူပါဘူး၊ သွေးနီဥတွေများ ပေါက်ကွဲသလား စစ်ကြည့်တယ်၊ ဘာလက္ခဏာမှ မတွေ့ရဘူး။ ကြေးဆိပ်သင့် မသင့်၊ ဝီလ်ဆင်ရောဂါ (Wilson's disease) ဟုတ်မဟုတ်လည်း စစ်ကြည့်တော့၊ မဟုတ်ဘူး။ တယ်လီဗေးရှင်ဓါတ်မှန် (Ultrasound) နဲ့ ကွန်ပြူတာ စီတီဓါတ်မှန် (CT scan)တွေ ရိုက်ကြည့်တော့လည်း သည်းခြေလမ်းကြောင်းပိတ်တာ လုံးဝ မတွေ့ရဘူး။ ဖြစ်တာကတော့ အသည်းရောင် အသားဝါပဲ။ နောက်ဆုံး သေချာသည်ထက် သေချာအောင် သည်းခြေ လမ်းကြောင်းတစ်လျှောက်ကို အီးအာရ်စီပီ (ERCP) မှန်ပြောင်းကြည့်နည်းပါ ကြည့်လိုက်သေးတယ်။ သည်းခြေလမ်းကြောင်းဟာ ပွင့်နေတယ်၊ ရှင်းနေတယ်။ ဆိုလိုတာက ခေတ်မီနည်းစနစ်တွေနဲ့ အားလုံး စစ်ဆေးပြီးတာတောင် ဒီလူနာဟာ အသည်းရောင်အသားဝါဆိုတာပဲသိတယ်။
ဘာကြောင့်ဖြစ်တယ် ဆိုတာတော့ မသိရသေးပါဘူး၊ နောက်ဆုံးတော့ လူနာပြောတဲ့ ဆေးရွက် အထုတ်ကြီး ကျိုသောက်လို့ဖြစ်တဲ့ အသည်းရောင် အသားဝါပဲ ဖြစ်မယ်လို့ ယူဆလိုက်ရပါတယ်။ လူနာဟာ တော်တော်လေး အခြေအနေဆိုး သွားလို့ မနည်းကုယူရပါတယ်။ (၁)လလောက်ကြာမှ အသည်းရောင် အသားဝါ ပျောက်ပါတယ်။ လူနာနဲ့ လူနာရှင်ကတော့ နားမလည်နိုင်ဘူးပေါ့။ အသည်းရောင် အသားဝါဖြစ်တာကိုများ ဒီလောက် ဇာချဲ့နေလိုက် တာ၊ အရွက်တွေ ကျိုသောက်လို့ ပြောတာလည်း မယုံဘူး၊ ဟိုဟာတွေလျှောက်စစ်၊ ဒီဟာတွေ လျှောက်စစ်နဲ့ ဆိုပြီး တဖျစ်တောက်တောက် ငြီးနေပါတယ်။
နေကောင်းသွားတော့ ကျွန်တော်က နောက်တစ်ဆင့် ထပ်ပြီး လုပ်ခိုင်းပါသေးတယ်။
ခင်ဗျားဖြစ်တဲ့ အသည်းရောင် အသားဝါရောဂါဟာ ခင်ဗျားပြောသလို ဆေးမြီးတို၊ ဆေးရွက်တွေသောက်လို့ ဆေးကြောင့် ဖြစ်တဲ့ အသည်းရောင် အသားဝါရောဂါ (Drug-induced Hepatitis) နဲ့ပဲ တူပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ ပိုက်ဆံလည်း တတ်နိုင်တာပဲ၊ စင်္ကာပူသွားပြကြည့်ပါဦးလား၊ နောက် အသည်းပါရဂူတစ်ယောက်ရဲ့ ထင်မြင်ချက် ယူကြည့်ရတာပေါ့လို့ပြောပြီး စင်္ကာပူနိုင်ငံ National University Hospital က အသည်းပါရဂူဆီကို ရောဂါဖြစ်စဉ် အပြည့်အစုံကိုရေးပြီး လွှတ်လိုက်ပါတယ်။ ဟိုက အသည်းပါရဂူလည်း အကုန်လုံး ပြန်စစ် ကြည့်ပြီး ဒီလူနာဟာ မင်းထင်သလို ဆေးကြောင့်ဖြစ်တဲ့ အသည်းရောင် အသားဝါပါပဲ ဆိုပြီး ပြန်လွှတ်လိုက် ပါတယ်။ ဆေးမြီးတိုတွေနဲ့ပတ်သက်လို့ သင်ခန်းစာယူစရာ ဖြစ်ရပ်လေးပါ။

မှတ်သားထားရမည့်အချက်တွေ

ဆေးမြီးတိုတွေ သုံးကြတဲ့သူတွေ အဆင်မသင့်ရင် အဲဒီဆေးမြီးတိုတွေကြောင့် အသည်းရောင် အသားဝါ ရတတ်ပါတယ်၊ အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်လာနိုင်ပါတယ်။
သိထားသင့်တဲ့ အသည်းရောဂါတွေ (အပိုင်း-၈)

အသည်းရောင်အသားဝါရောဂါ
(အသည်းရောင်အသားဝါရောဂါနဲ့ လွဲနိုင်တဲ့ရောဂါတွေကို ပြောနေပါတယ်။)

အရက်နဲ့အသည်းရောင်အသားဝါ
ကျွန်တော့်ဆေးခန်းကို လူနာတစ်ယောက်လာပြပါတယ်၊ လူငယ်တစ်ဦးပါ၊ အသက် (၂၅)နှစ် ပတ်ဝန်းကျုင်ပေါ့။ စိတ်ပူနေတဲ့ အမေ၊ အစ်မနဲ့ ဆွေမျိုးတွေက ဝိုင်းဝိုင်းလည်။ "ဆရာ မောင်လေးကို ကယ်ပါဦး၊ မလေးကပြန်လာတာ၊ (၂)ရက်ပဲရှိသေးတယ်။ အသည်းရောင် အသားဝါဖြစ်လို့ မလေးက ပြန်လွှတ်လိုက်တာ။ ကောင်လေးက တော်တော်ရိုးတာ၊ ဒီကောင်က အိမ်မှာ အငယ်ဆုံးလေ စိုးရိမ်လွန်းလို့ ဂရုစိုက်ကုပေးပါ ဆရာရယ်"လို့ သူ့အစ်မကြီးကပြောပါတယ်။ ကြည့်လိုက်တော့လည်း မျက်လုံးတွေ၊ အသားတွေက ဝါထိန်နေတာပဲ။ ဓမင်း ဆေးရုံတက်မှ ဖြစ်မယ်ဓ ဆိုပြီး ဆေးရုံတင်လိုက်ပါတယ်။ ဆေးရုံပေါ်မှာ တော်တော်လေး ဂရုစိုက်ပြီး ကုရပါတယ်။ အသားဝါသိပ်ဆိုးလွန်းရင် သတိလစ်သွားတတ်လို့ အထူးကိုအားစိုက်ပြီး ကုရပါတယ်။ သွေးတွေ စစ်ကြည့်လိုက်တော့ ဒီလူငယ်လေးမှာ အသည်းရောင် အသားဝါ ဘီပိုးလည်း မရှိဘူး၊ စီပိုးလည်း မရှိဘူး။ "မင်းအရက်သောက်လား" မေးတော့လည်း "ကျွန်တော် မသောက်တတ်ဘူး" ဖြေတယ်။ ဒါနဲ့ သူ့အိမ်ကလူတွေ မရှိတဲ့ အချိန်မှာ "မင်းက မလေးမှာ ဘာအလုပ် လုပ်လဲ" လို့ မေးတော့ "ကျွန်တော် တရုတ်သူဌေးရဲ့ အထည်စက်ရုံမှာ လုပ်တယ်" လို့ဖြေတယ်။ ဒါနဲ့ "တရုတ်ဆိုတော့ တရုတ်နှစ်ကူးမှာ မင်းတို့ဝန်ထမ်းတွေကို တရုတ်သူဌေးက အရက်မတိုက်ဘူးလား" လို့ ဆက်မေးလိုက်တယ်။ အဲဒီတော့ "နှစ်ကူးတုန်းကတော့ အရက်သောက်ရတယ် ဆရာ" လို့ ဖြေတယ်။ ဒါနဲ့ "တရုတ်နှစ်ကူးက (၅)ရက် လောက် အလုပ်ပိတ်တာကွ၊ မင်းတို့ ဘယ်လို အရက်သောက်ဖြစ်ကြသလဲ" လို့ မေးတော့ "မပြောပါနဲ့ ဆရာရယ်၊ (၅)ရက်လုံး နေ့ရော၊ ညရော ကျွန်တော်တို့ အရက် သောက်လိုက်ကြတာ ရေတောင် မသောက်ဖြစ်ဘူး။ ဘာမှလည်း မစားဖြစ်ဘူး။ မလေးမှာ တရုတ်နှစ်ကူးက ရှယ်ပဲ ဆရာရေ" လို့ပြောပါတယ်။ "မင်း အဲဒီလိုသောက်ပြီး ဘယ်လောက်ကြာတော့ အသားဝါလာလဲ" လို့ ထပ်မေး လိုက်တော့ "သိပ်မကြာဘူးဆရာ။ အဲဒီလို ရက်ဆက် အရက်တွေသောက်ပြီးတော့ ဆီးတွေဝါလာတာပဲ။ ဒါနဲ့ မလေးဆရာဝန်နဲ့ပြပြီး ကျွန်တော် မြန်မာပြည်ကို ပြန်လာခဲ့တာ"။
အမျိုးအဆွေ၊ အသိုင်းအဝိုင်းကတော့ ရိုးလှတဲ့ကောင်လေး။ သူတို့မျက်စိထဲမှာ ကောင်လေးပဲ မြင်နေသေးတယ်။ ဘာလို့အသားဝါမှန်းမသိ၊ အသည်းရောင် ဘာလို့ဖြစ်မှန်းမသိ၊ စိုးရိမ်စိတ်တွေအပြည့်နဲ့၊ သူတို့ရဲ့ ရိုးလှချည့်ရဲ့ဆိုတဲ့ကောင်လေး၊ မလေးမှာ အရက်တွေ အလွန်အကျွံ သောက်လာခဲ့လို့ အသည်းရောင်မယ်ဆိုတာ ဘယ်လိုမှ တွေးမိမှာ မဟုတ်ဘူး။
ကျွန်တော့်အနေနဲ့ကတော့ တွေ့ပေါင်း များလှပြီ။ ပြီးခဲ့တဲ့ လေးနှစ်လောက်တုန်းက ဆရာဝန်ကြီး တစ်ယောက်က သူ့ရဲ့လူနာ အမျိုးသမီးတစ်ယောက်ကို သူ့တပည့်ဆရာဝန်တစ်ယောက်နဲ့အတူ ကျွန်တော့်ဆီ လွှတ်လိုက်ပါတယ်၊ စာလေးတစ်စောင်လည်း ရေးပေးလိုက်ပါတယ်။ "ဆရာရေ၊ ဒီအမျိုးသမီးဟာ ဘီပိုး၊ စီပိုး၊ အသည်းရောင်ပိုးတွေ ဘာမှမရှိပဲနဲ့ အသည်းရောင်အသားဝါဖြစ်နေလို့ ဘာလို့အသည်းရောင်မှန်းမသိဘူး၊ သေချာလေး စစ်ဆေးပြီး ဆရာ့ရဲ့ထင်မြင်ချက်လေးပြောပြီး ကုပေးပါဦး" လို့ ပြောပါတယ်။ လူနာ အမျိုးသမီးကလည်း အသက်(၃ဝ) ပတ်ဝန်းကျင်၊ လွှတ်လိုက်တဲ့ဆရာဝန်ကြီးကလည်း ကိုယ့်ဆီကို တကူးတက လွှတ်လိုက်တာဆိုတော့ သေချာတော့ကြည့်ပေးရမယ်၊ ပေါ့ပေါ့တော့ လုပ်လို့မရဘူးလို့ တွေးမိပါတယ်။ ပထမဆုံး ကျွန်တော်က သု့ကို မေးလိုက်တာကတော့ "နင် အရက်သောက်ရင် ရေမရောပဲ သောက်လား၊ ရေများများနဲ့ ရောသောက်လား၊ အမြည်းကော စားရဲ့လား" ၊ ချက်ခြင်းပဲ လူနာအမျိုးသမီးက "ဆရာကျွန်မ ဘယ်တော့မှ ရေမရောပဲ မသောက်ဘူး၊ ပြီးတော့ အရက်သောက်ရင်လည်း အမြည်းကို သေချာစားတယ်" လို့ ဖြေပါတယ်။ ဒါဟာ ကျွန်တော်ရဲ့ စစ်ဆေးမေးမြန်းတဲ့ နည်းစံနစ်ပဲ။ "နင်အရက်သောက်လား" လို့ မေးရင် ခါးခါးသီးသီးငြင်းမယ်၊ အခုလို မလိမ့်တပတ်နဲ့ ရေရောလား၊ မရောလားလို့ မေးလိုက်တော့ အရက်သောက်တယ်ဆိုတာ အငိုက်မိသွားပြီး သောက်တယ်လို့ ဖြေမိသွားတာပေါ့။ ဒါနဲ့ပဲ လူနာအမျိုးသမီး ဟာ အရက်သောက်မှန်းတော့ သိသွားပြီ။ ဆက်ပြီး သေချာစမ်းသပ်ကြည့်လိုက်တော့ အဲဒီအမျိုးသမီးဟာ အရက်သောက်လို့ဖြစ်တဲ့ အသည်းရောင် အသားဝါရောဂါ ဖြစ်နေတာကို တွေ့ရတယ်။ ကျွန်တော့်မိတ်ဆွေ ဆရာဝန်ကြီးရဲ့ တပည့်တွေက အသက်(၃ဝ) ပတ်ဝန်းကျင် အမျိုးသမီးဆိုတော့ အားနာပြီး၊ အရက်သောက်၊ မသောက်၊ မမေးကြဘူးလေ။ အဲဒီတော့ အရက်ကြောင့် အသည်းရောင် အသားဝါ ဖြစ်တယ်ဆိုတာကို မသိလိုက်ပဲ၊ လွတ်သွားတာပေါ့။
အခုပြောခဲ့တာတွေဟာ တကယ့်ဖြစ်ရပ်မှန်တွေပါ။ တစ်ခါတလေရောက်တော့ အရက်ကြောင့် အသည်းရောင် အသားဝါဖြစ်တတ်တယ်ဆိုတာကို သတိလက်လွတ်ဖြစ်သွားလို့၊ ဒါမှမဟုတ် လူနာက ထိန်ချန် ပြီး မပြောလို့၊ ဒါမှမဟုတ် ကိုယ်ကမေးရမှာ အားနာလို့ မမေးမိရင်၊ အရက်ကြောင့် အသည်းရောင်အသားဝါ ရောဂါဖြစ်တာကို မသိလိုက်ပဲ ဖြစ်သွားနိုင်ပါတယ်။ အဲဒီလိုဆိုရင် အသည်းရောင် အသားဝါရောဂါကို ကုတာ နည်းစံနစ်တွေ လွဲသွားပြီး လူနာ အသက်ဆုံးရှုံးသွားနိုင်ပါတယ်။

မှတ်သားရမယ့် အချက်တွေ

၁။ အသည်းရောင်အသားဝါဖြစ်တဲ့ လူနာမှန်သမျှကို အရက်သောက်၊ မသောက်၊ နည်းနည်းများများ၊ ဘယ်လောက်သောက်သလဲဆိုတာ အသေးစိတ်မေးဖို့ လိုပါလိမ့်မယ်။
၂။ အရက်ဟာ အသည်းရောင် အသားဝါ ဖြစ်တတ်ပါတယ်။
သိထားသင့်တဲ့ အသည်းရောဂါတွေ (အပိုင်း-၉)

အသားဝါ၊ မျက်လုံးဝါရင်

အသားဝါ၊ မျက်လုံးဝါတာကို ဆေးပညာအခေါ်အရ ဂျွန်းဒစ်(စ်) (Jaundice) လို့ ခေါ်ပါတယ်။ သွေးထဲမှာ ဘီလီရူဘင် (bilirubin) လို့ ခေါ်တဲ့ အဝါဓါတ်များလာလို့ ဒီလိုဝါတာပါ။

အသားဝါ၊ မျက်လုံးဝါဖြစ်တဲ့လူနာက "ဆရာ ကျွန်တော် အသားတွေဝါနေလို့ လာပြတာ"လို့ ပြောလေ့ရှိပါတယ်။ ဝါတာ သိပ်မသေချာတဲ့ လူနာတွေမှာဆိုရင် သေချာအောင် ကျွန်တော်က ဒီလိုမေးလေ့ရှိပါတယ်။ "ခင်ဗျား ဆီး ဘာအရောင်သွားလဲ"။ အဲဒီလိုမေးလိုက်တဲ့အခါမှာ ကျွန်တော်ကလည်း ဆေးခန်းထိုင်ရင် စားပွဲပေါ်မှာ လ္ဘ္ဘက်ခြောက် အရောင်ရင့်ရင့် ခတ်ထားတဲ့ ရေနွေးကြမ်းကို ဖန်ခွက်ကြီးနဲ့အပြည့်ထည့်ပြီး သောက်လေ့ရှိတော့ လူနာက အဲဒီ ဖန်ခွက်ကြီးကို ကြည့်၊ လက်ညှိုးထိုးပြီး "ဆီး အရောင်က တော်တော်လေးရင့်တယ်၊ ဆရာသောက်နေတဲ့ ရေနွေးကြမ်းအရောင် လောက်ပဲ"လို့ဖြေရင် သေချာပြီ။ ဒီလူနာတော့ ဂျွန်းဒစ်(စ်) ဖြစ်နေပြီလို့ တွက်လို့ရတယ်။ ဘာလို့လည်းဆိုတော့ လူနာတွေဟာ ဂျွန်းဒစ်(စ်) ဖြစ်နေရင် ဆီးအရောင်ရင့်ရင့်ကြီးတွေ သွားလေ့ ရှိတော့ တစ်ခါတလေ အသားဝါ၊ မဝါ သိပ်မသေချာတဲ့ လူနာတွေမှာ ဆီးအရောင်မေးပြီးတော့ အသားဝါ ဟုတ်၊ မဟုတ် လှမ်းပြီး ချက် (check) လိုက်ရတယ်။ တော်တော်လေး အသုံးကျတဲ့ မေးခွန်းပါ။ "ဆရာ ကျွန်တော့် ဆီးက ဖြူပြီး ကြည်နေတာပဲ၊ လုံးဝ မဝါဘူး" ဆိုရင်တော့၊ ဒီလူမှာ ဂျွန်းဒစ်(စ်) မရှိဘူးလို့ အကြမ်းဖျဉ်းတွက်လို့ ရပါတယ်။ အဲလိုဆီးအရောင် မေးပြီးတော့မှ သဘာဝ အလင်းရောင် ကောင်းကောင်းရတဲ့ နေရာကို ခေါ်သွားပြီး လူနာ မျက်လုံးကို သေချာ ကြည့်ရတယ်။ မျက်လုံးက ဝါတာ မသေမချာဖြစ်နေရင် လျှာကို မ ခိုင်းပြီး လျှာအောက်ကို ထပ်ကြည့်ပါတယ်။ ရောဂါ ဖြစ်ခါစမှာ လူနာ အများစုဟာ အသားဝါ၊ မျက်လုံးဝါတာကို မသိကြပါဘူး။ ကျွန်တော့် စမ်းသပ်ခန်းထဲကတော့ မီးချောင်း (၈) ချောင်းထွန်းထားတော့ အသားဝါ၊ မျက်လုံးဝါကို ထင်ထင်ရှားရှား တစ်ခါတည်း တန်းသိပါတယ်။ ဒါကြောင့် အသားဝါ၊ မျက်လုံးဝါ ဖြစ်မဖြစ် သိချင်ရင် အလင်းရောင် ကောင်းကောင်းမှာ မျက်လုံးကို သေချာကြည့်ပါ။ ဆီးအရောင်ကိုလည်း အလင်းရောင် ကောင်းကောင်းနဲ့ ကြည့်ပါ။ ဒါမှသာ ဂျွန်းဒစ်(စ်)ဖြစ် မဖြစ် သေချာသိနိုင်ပါမယ်။

နောက်တစ်ခု ပြောချင်တာက အသားဝါ၊ မျက်လုံးဝါ တိုင်းပဲ အသည်းရောင်တာမဟုတ်ဘူး။ ဒီအချက်ကို အသားဝါ၊ မျက်လုံးဝါ ဖြစ်နိုင်တဲ့ ရောဂါတွေမျိုးစုံပြောပြီး ရှင်းပြပြီးပါပြီ။ ဒီအပတ်တော့ အသားဝါ၊ မျက်လုံးဝါ ဂျွန်းဒစ်(စ်)ဖြစ်ပြီဆိုရင် ဘာရောဂါတွေ ဖြစ်နိုင်လဲဆိုတာ ခြုံပြီး ပြန်ပြောချင်ပါတယ်။ ဒါမှသာ လူနာတစ်ယောက်အနေနဲ့ အသားဝါ၊ မျက်လုံးဝါ ဖြစ်လာရင် ဘာရောဂါတွေ ဖြစ်နိုင်တယ်ဆိုတာကို စနစ်တကျ စဉ်းစားနိုင်ပါတယ်။ အဲတော့မှ လူနာက ဆရာဝန်ကိုပြတဲ့ အခါမှာ ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးဖို့ လိုအပ်တဲ့ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ တင်ပြပေးနိုင်ပါလိမ့်မယ်။

ဘီလီရူဘင် အဝါဓါတ်ဖြစ်စဉ်

အသားဝါ၊ မျက်လုံးဝါတာဟာ သွေးထဲမှာ ဘီလီရူဘင် အဝါဓါတ်တွေ များလို့ဖြစ်တာဆိုတော့ ပထမဦးဆုံး ဘီလီရူဘင်ရဲ့ ကိုယ်ထဲမှာ ဖြစ်စဉ်ကို နားလည်ဖို့လိုပါလိမ့်မယ်။
ဘီလီရူဘင်ဆိုတာဟာ သွေးနီဥတွေ အသက်ကြီးလာလို့ဒါမှမဟုတ် ရောဂါကြောင့် ပျက်စီးသွားတဲ့အခါမှာ သွေးနီဥထဲကနေ ဟေမိုဂလိုဘင် (haemoglobin) ဆိုတာထွက်လာပါတယ်။ ဟေမိုဂလိုဘင်တွေ ဓါတ်ကွဲ၊ ဓါတ်ပျက်ဖြစ်သွားတဲ့အခါမှာ ဘီလီရူဘင်တွေ ထွက်လာပါတယ်။ အဲဒီ ဘီလီရူဘင် တွေဟာ အသည်းထဲကို ရောက်သွားပြီး အသည်းကနေ သည်းခြေရည် အဖြစ်နဲ့ သည်းခြေလမ်းကြောင်းကနေ အူထဲကို စွန့်ထုတ်ပြစ်ရပါတယ်။ ဒါ ပုံမှန်၊ သာမန်လူကောင်းတစ်ယောက်မှာ နေ့စဉ်ဖြစ်ပျက်နေတဲ့ ဘီလီရူဘင် သံသရာပါ။

အသားဝါ၊ မျက်လုံးဝါ ဂျွန်းဒစ်(စ်) ဘာကြောင့်ဖြစ်
ဂျွန်းဒစ်(စ်)ဖြစ်တာဟာ ဘီလီရူဘင် အဝါဓါတ်များလို့ ဖြစ်တာဆိုတော့ အဝါဓါတ်တွေ သွေးထဲမှာ ဘာကြောင့် များလာနိုင်တယ်ဆိုတာ အဆင့်ဆင့် စဉ်းစားကြည့်ကြရအောင်။
ပထမဦးဆုံး ဖြစ်နိုင်တာကတော့ လူတစ်ယောက်မှာ သွေးနီဥတွေ အများကြီး ပေါက်ကွဲလို့ ဘီလီရူဘင်တွေ ပိုထွက်လာရင် ဂျွန်းဒစ်(စ်)ဖြစ်တယ်။ ဒါကြောင့် သွေးနီဥတွေ သာမန်ပျက်စီးနှုန်းထက် ပိုပြီး များများပျက်နိုင်တဲ့ ရောဂါမှန်သမျှမှာ အသားဝါ၊ မျက်လုံးဝါ ဖြစ်နိုင်ပါတယ်။
ဒုတိယ အနေနဲ့ကတော့ ဘီလီရူဘင်က ပုံမှန်ပဲ ထွက်တယ်၊ အဲဒီပုံမှန်ထွက်တဲ့ အဝါဓါတ်ပမာဏကို အသည်းက စွန့်ထုတ်မပြစ်နိုင်ရင်အဝါဓါတ်တွေ သွေးထဲမှာ မြင့်တက်လာပြီး အသားဝါ၊ မျက်လုံးဝါလာမယ်။ ဆိုလိုတာက အသည်းမှာ ရောဂါတစ်ခုခုဖြစ်နေရင်လည်း ဂျွန်းဒစ်(စ်) ဖြစ်မှာဘဲ။
တတိယအချက်ကတော့ ဘီလီရူဘင် ထွက်တာလည်း ပုံမှန်၊ အသည်းကလည်း ပုံမှန် အလုပ်လုပ်တယ် ထွက်သမျှ ဘီလီရူဘင်တွေကို ပုံမှန်စွန့်ထုတ်ပြစ်နိုင်တယ်။ ဒါပေမယ့် စွန့်ထုတ်လိုက်တဲ့ ဘီလီရူဘင်တွေပါတဲ့ သည်းခြေရည်တွေ သွားရမယ့် သည်းခြေလမ်းကြောင်းမှာ တစ်ခုခု ပိတ်နေရင်လည်း အသားဝါ၊ မျက်လုံးဝါမှာပဲ။
ဒီလိုအကြောင်းသုံးကြောင်းကြောင့် ဂျွန်းဒစ်(စ်) ဖြစ်နိုင်တာကို အသေးစိတ်ဆက်ပြီး ရှင်းပြသွားပါမယ်။

သိထားသင့်တဲ့ အသည်းရောဂါတွေ (အပိုင်း-၁၂)

အသည်းမကောင်းရင် ဘာဖြစ်မှာလဲ
အသည်းကို ဒဏ်ရာတစ်မျိုးမျိုးရရင် ပထမဆုံး အသည်းရောင်ပြီး အသားဝါမယ်၊ အဲဒီ အသည်းရောင်တဲ့ ရောဂါတွေအကြောင်း ပြောပြီးပါပြီ။ အဲဒီလို အသည်းရောင်တာကနေ တဆင့်တက် ပြီးသွားတော့ အသည်းဒဏ်ရာရတာပျောက်ပြီး အနာရွတ်ကျန်မယ်၊ အသည်းရောင်တာ ခဏတဖြုတ် မဟုတ်ဘဲ ကြာသွားရင် အသည်းမှာ အနာရွတ်တွေထင်ပြီးရင်း ထင်နေမှာပေါ့။ အဲဒီလိုနဲ့ အသည်းတစ်ခုလုံး အနာရွတ်တွေများလွန်းရင် နာတာရှည် အသည်းရောဂါတွေဖြစ်တဲ့ အသည်းခြောက်ရောဂါ ဖြစ်မှာပေါ့။ အသည်းခြောက်ရင် လူတစ်ယောက်မှာ ဘယ်လိုဖြစ်မှာလဲ၊ ဘာတွေဖြစ်မလဲ၊ ဘာလက္ခဏာတွေ ပေါ်မလဲ ဆိုတာ ဆက်ပြောချင်ပါတယ်။

ရောဂါလက္ခဏာတွေ

အသည်းခြောက်ရောဂါလို့ပြောလို့ လူနာကို အိပ်ရာထဲလဲနေပြီး ရက်ပိုင်း၊ လပိုင်းအတွင်း သေမယ် လို့ မထင်လိုက်ပါနဲ့၊ အသည်းဟာ တော်တော်လေးကို ဒဏ်ခံနိုင်ပါတယ်။ အသည်းရဲ့ သုံးပုံနှစ်ပုံလောက် ပျက်သွားပြီး တစ်ပုံလောက်ကောင်းသေးရင်ကို သူအလုပ်တွေသူ ပုံမှန်လုပ်နိုင်ပါတယ်။ အသည်းခြောက်ပြီလို့ ပြောလိုက်ပြီး လပိုင်းအတွင်း သေသွားတဲ့သူရှိသလို၊ နှစ်ပေါင်းများစွာ ဘာမှမဖြစ်တဲ့ လူတွေလည်းရှိပါတယ်။ ဆိုလိုတာက အသည်းခြောက်တာနဲ့ အသည်းပျက်သွားတာက တခြားစီပါ။ ဆရာဝန်က "ခင်ဗျား အသည်း ခြောက်နေပြီ" လို့ပြောလိုက်လို့ စိတ်ဓါတ်မကျပါနဲ့။ အသည်းကမာပြီးခြောက်နေတောင် အသည်းကောင်း ကောင်းအလုပ်လုပ်နေနိုင်သေးရင် သက်တမ်းစေ့နေရပါတယ်။ အကြောင်းတစ်ခုခုကြောင့် ဗိုက်ကိုဖွင့်ပြီး ခွဲရင်းနဲ့ လုံးဝကို ဗြုတ်တွေထပြီး မာနေတဲ့ အသည်းကြီးကို ဆရာဝန်ကိုယ်တိုင် မျက်စေ့နဲ့မြင်ခဲ့ရတယ်။ အဲဒီလို သေချာပေါက် အသည်းခြောက်နေတဲ့ လူနာတွေတောင် နောင်နှစ်ပေါင်းများစွာ ဘာမှ မဖြစ်တာကို တွေ့ခဲ့ဘူးပါတယ်။ အဲဒီလိုပဲ အသည်းအသားစ (Liver Biopsy) ယူကြည့်ပြီး အသည်းခြောက်တယ် (Cirrhosis) လို့တွေ့ပြီး ဘာရောဂါလက္ခဏာမှမပြဘဲ သက်တမ်းစေ့နေသွားတာလည်း ကြုံခဲ့ပါတယ်။ ဒါကြောင့် လူနာတစ်ယောက်ကို စမ်းသပ်စစ်ဆေးရင်း အသည်းခြောက်တာကို တွေ့လိုက်တာနဲ့ လူနာကို ဓခင်ဗျားတော့ သိပ်နေရတော့မှာ မဟုတ်ဘူးဓ လို့များ ရောင်လို့တောင် သွားမပြောလိုက်ပါနဲ့။ လူတစ်ယောက် နဲ့တစ်ယောက် အသည်းခြောက်တဲ့အခြေအနေတွေ ကွာခြားလွန်းပါတယ်။ အသည်း ဘယ်လောက် ပျက်နေပြီလဲဆိုတာက လူတစ်ယောက် ဘာရောဂါလက္ခဏာတွေ ပေါ်မလဲ၊ ဘယ်လောက်နေရမလဲဆိုတာကို အဆုံးအဖြတ်ပေးတာပါ။ ပြန်ပြောရမယ်ဆိုရင်တော့ အသည်းတစ်ခုလုံးဟာ ခြောက်နေပေမယ့်လည်း အသည်းပျက်တဲ့အဆင့်မရောက်သေးရင်၊ အသည်းဟာ သူ့တာဝန်တွေ သူလုပ်နိုင်သေးရင် အဲဒီလူနာမှာ ဘာရောဂါလက္ခဏာမှ ပေါ်မှာမဟုတ်ပါဘူး။ လူနာကို ပြင်ပရုပ်ရည် သွင်ပြင်ကို ကြည့်လို့၊ ဆရာဝန် သေချာ စမ်းသပ်ကြည့်လို့တောင် တစ်ခါတလေ လူနာတစ်ယောက်ရဲ့ ကိုယ်အထဲမှာ အသည်းခြောက်နေတယ်၊ မာနေတယ်ဆိုတာကို မသိနိုင်ပါဘူး။ အဲဒီလို လူမျိုးတွေမှာ အသည်းမာတာ၊ ခြောက်တာကနေ တဖြည်းဖြည်းနဲ့ အသည်းပျက်လာပြီဆိုတော့မှ အသည်းဟာသူလုပ်ရမယ့် အလုပ်တာဝန်တွေကိုမလုပ်နိုင်တော့ဘဲတစ်စ၊တစ်စ ချို့ယွင်းလာတော့တာပဲ၊ အဲဒီတော့မှအသည်းမကောင်းတဲ့ လက္ခဏာတွေပေါ်လာမှာပေါ့။ ဒါပေမယ့်လည်း တချို့လူနာတွေမှာတော့ စမ်းသပ်စစ်ဆေးကြည့်လိုက်ရင် အသည်းခြောက်နေပြီဆိုတာကို တစ်ခါတည်း သိနိုင်ပါတယ်။

အသည်းခြောက်ပြီ အသည်းပျက်ပြီဆိုရင်

အသည်း မာမယ်၊ ခြောက်မယ်၊ ပြီးတော့ အသည်း စပျက်ပြီဆိုရင် ပေါ်လာမယ့် ရောဂါလက္ခဏာတွေ ကို အကြမ်းပြောရမယ်ဆိုရင်တော့၊
၁။ အကြောင်းမဲ့ အထွေထွေကျန်းမာရေး ချို့တဲ့မယ်။
၂။ အသားဝါမယ်။
၃။ ခြေထောက်ရောင်၊ ဗိုက်ဖေါင်း၊ ရေဖျင်းစွဲမယ်။
၎။ သွေးမတိတ်ဘူး။
၅။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေပေါ်လာမယ်။
၆။ မကြာ မကြာ ဖျား၊ ရောဂါပိုးမျိုးစုံဝင်မယ်။
၇။ အရေပြား၊ လက်သည်း စတဲ့ အပြင်ပန်းလက္ခဏာတွေ ပေါ်လာမယ်။
အသည်းခြောက်ပြီး အသည်းပျက်ရင် ဒီလို ရောဂါလက္ခဏာတွေ ပေါ်လာနိုင်တယ်ဆိုတာ အကြမ်း ပြောပြီး လက္ခဏာတစ်ခုစီအကြောင်းကို ဆက်ပြောသွားပါမယ်။

၁။ အကြောင်းမဲ့ အထွေထွေကျန်းမာရေး ချို့တဲ့မယ်
ကျွန်တော့်တပည့် ဆရာဝန်မလေးတစ်ယောက်ရဲ့အမေဟာ ဘာကြောင့်မှန်းမသိဘဲ ပေါင်ချိန် တွေကျတယ်ဆိုပြီး ရောဂါရှာတယ်။ လုပ်သင့်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ အကုန်လုပ်တာပဲ၊ ဘာရောဂါမှ ရှာမတွေ့ဘူး။ သွေးတွေစစ်၊ ဓါတ်မှန်တွေရိုက်နဲ့၊ ချာချာလည်နေတာပဲ။ ဆီးချိုလည်းမဟုတ်၊ တီဘီလည်း မဟုတ်၊ လည်ပင်းကြီးလည်းမဟုတ်၊ ဘာရောဂါမှ ရှာလို့မတွေ့ဘူး။ ခြောက်လအတွင်းမှာ ပေါင်(၂ဝ)လောက် ကျသွားတယ်။ သမီးဆရာဝန်မလည်း စိတ်ပျက်လက်ပျက်နဲ့ အားဆေးသွင်း၊ အားဆေးထိုး၊ ဆေးတိုက်၊ ဒါပဲ လုပ်စရာရှိတယ်လေ၊ ရောဂါကလည်း ရှာမတွေ့ဘူးကိုး။ ကြည့်ရင်းကြည့်ရင်းနဲ့ ရုပ်လည်း ကျလာတယ်၊ စိတ်လည်းကျတယ်၊ လုပ်စရာလည်းကုန်နေပြီ။ အဲဒီလိုနဲ့ခြောက်လလောက်ကြာတော့ အဲဒီ ဆရာဝန်မ အမေဟာ ရုတ်တရက် သွေးတွေအန်လိုက်တော့ အစာအိမ်ရောဂါပဲဆိုပြီး ဗိုက်ကိုခွဲစိတ်ပြီး ဖွင့်လိုက်တော့မှ အသည်းက လုံးဝကိုခြောက်ပြီး ကျုံ့နေတာကို တွေ့ရတယ်။ အဲဒီတော့မှ လူနာဝိတ်ကျနေ တာဟာ အသည်းခြောက်ရောဂါကြောင့်ပါလားဆိုတာ သိရတော့တယ်။ သင်ခန်းစာကတော့ ဒီလူနာဟာ အသည်းခြောက်နေတာ နှစ်ပေါင်းများစွာ ကြာပြီနေမှာပေါ့။ အသည်းစပျက်ပြီး အသည်းရဲ့ လုပ်ငန်းတွေကို မလုပ်နိုင်ဘဲ အထွေထွေချွတ်ခြုံကျလို့ ဝိတ်တွေ ကျတာပေါ့၊ အစပထမတော့ ရောဂါတွေရှာမတွေ့ဘဲ အသည်းခြောက်တယ် ဆိုတာကို နောက်ဆုံးမှ သိတော့တာပဲ။ အခုပြောတဲ့ လူနာလိုပဲ မကြာမကြာ တွေ့ရတာကတော့ ဘာကြောင့်မှန်းမသိပဲ၊ နေမကောင်းဘူးဆိုပြီး ဆေးလာစစ်တော့မှ အသည်းခြောက်နေတာ ကို တွေ့ရတယ်။ အဲဒီလို ဘာဖြစ်မှန်းမသိဘဲ အထွေထွေရောဂါရှာတာမှာ အသည်းကောင်း၊ မကောင်းဆိုတာကို စစ်ဖို့ရာ ကျန်မသွားဖို့၊ ဂရုစိုက်ပါ။ ရောဂါရှာတာမှာ အသည်းနဲ့ပတ်သက်တဲ့ စစ်စရာတွေကို စစ်ဖြစ်အောင် စစ်ပါ။ ဒါကြောင့် အကြောင်းရှာမရဘ၊ဲ ဘာမှန်းမသိဘဲ၊ နေမကောင်းဘူး ဆိုပြီးဖြစ်နေရင်၊ အသည်းခြောက်ရောဂါ၊ အသည်းပျက်ရောဂါကို မမေ့ပါနဲ့လို့ပြောချင်ပါတယ်။

သိထားသင့်တဲ့ အသည်းရောဂါတွေ (အပိုင်း-၁၃)

(အသည်းခြောက်ရောဂါရဲ့ လက္ခဏာတွေ အသည်းပျက်ပြီးဘာတွေ ဖြစ်မယ်ဆိုတာ ပြောနေပါတယ်။)
၂။ အသားဝါမယ်
အသည်းခြောက်ရောဂါရဲ့ အသိသာဆုံး ရောဂါလက္ခဏာကတော့ မျက်လုံးဝါ၊ အသားဝါ၊ ဆီးဝါပဲပေါ့။ အခုခေတ်မှာတော့ ကျန်းမာရေး ပညာပေး အစီအစဉ်တွေ၊ စာစောင် မဂ္ဂဇင်းတွေ များလာပြီး ပြည်သူ လူထုရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာတွေ ကလည်း တိုးတက်လာတော့ အသားဝါ၊ မျက်လုံးဝါပြီဆိုတာနဲ့ အသည်းရောဂါမှန်းတန်းပြီး သိပါတယ်။ အသည်းပျက်ပြီဆိုတာနဲ့ အဝါဓါတ်တွေ စွန့်ထုတ်မပစ်နိုင်တော့ သွေးထဲမှာ အဝါဓါတ်တွေ တက်လာပြီး မျက်လုံး၊ အသား ဆီးတွေ အားလုံး ဝါတော့တာပေါ့။ အသည်း ပျက်တာဟာ ခဏတဖြုတ်မဟုတ်ပဲ အသည်းခြောက်လို့ ဖြစ်တာဆိုရင် မျက်လုံးဝါတာဟာ ပြန်မပျောက်တော့ဘူး။ အမြဲတန်း မျက်လုံး ဝါတာတာလေး ရှိနေတော့မှာ။

၃။ ခြေထောက်ရောင်၊ ဗိုက်ဖောင်း၊ ရေဖျဉ်းစွဲမယ်။
အသည်းခြောက်ရောဂါဖြစ်နေရာကနေ အသည်းစပျက်ပြီဆိုရင် ကိုယ်ထဲမှာ အငန်ဓါတ်ဖြစ်တဲ့ ဆိုဒီယမ်တွေ များလာပြီး ခြေဖမိုးလေးတွေ စရောင်မယ်။ နောက်ခြေထောက် တစ်ခုလုံးရောင်လာပြီး ညို့သကျည်းပေါ် နှိပ်ကြည့်ရင် ချိုင့်သွားမယ်။ အဲဒီထက်မှ ပိုဆိုးလာရင် ဗိုက်ထဲမှာ ရေဝင်ပြီး ရေဖျဉ်းစွဲလို့ ဗိုက်ကြီး ဖောင်းလာမယ်။
ခြေထောက် နည်းနည်းရောင်ရင် အသည်းခြောက်တာနဲ့ ကျောက်ကပ်နဲ့လည်း လွဲတတ်ပါတယ်။ ခြေထောက်ရောင်တယ်၊ ဖောတယ်ဆိုတာကို ကျောက်ကပ်ရောဂါကြောင့် ဖြစ်တယ်လို့ လူအများစုက ထင်ကြပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွေ့အကြုံကို ပြောရရင်တော့ ခြေထောက်ရောင်တဲ့ လူနာ အများစုဟာ အသည်းခြောက်တဲ့ သူတွေပါ။ ခြေထောက်ရောင်တာ၊ ဖောတာဟာ အဓိကအားဖြင့် အသည်းခြောက်လို့ ဖြစ်တာပါ။
တစ်ခါတလေ ရောက်တော့လည်း အသည်းခြောက်ရောဂါဟာ ခြေထောက်ရောင်တာက မစပဲ ရေဖျဉ်းစွဲတာက စတတ်ပါတယ်။ လူကြည့်တော့လည်း အကောင်းကြီး ဗိုက်လေးဖောင်းလို့ ဆိုတော့ ရုတ်တရက် အမျိုးသမီးတွေမှာ ဆိုရင် ရေဖျဉ်းရှိလို့ ဗိုက်ဖောင်းတာနဲ့ ကိုယ်ဝန်နဲ့တောင် လွဲတက်ပါတယ်။
တစ်ခါက ဆေးရုံကြီးဌာနတစ်ခုက အလုပ်သမား အမျိုးသမီးဝန်ထမ်း ခပ်ငယ်ငယ်တစ်ယောက်ဟာ ဗိုက်လေး ဖောင်းဖောင်းလာပါတယ်။ ဒီကလေးမလေးကလည်း လက်ထပ်ထားတာ သိပ်မကြာသေးတော့ သူ့ဌာနက လူတွေက "ဒီကောင်မလေးတော့ ကိုယ်ဝန်ရပြီ" ဆိုပြီးတော့ သဘောကျကြနဲ့ နောက်ကြ၊ ပြောင်ကြ၊ နောက် တဖြည်းဖြည်းနဲ့ ဗိုက်သိပ်တင်းလာတော့မှ ကျွန်တော့်ဆီကို ရောက်လာပါတယ်။ စမ်းသပ်ကြည့်လိုက်တော့မှ သူတို့ ထင်ထားတဲ့ ကိုယ်ဝန်မဟုတ်ဘဲ ရေဖျဉ်းဖြစ်နေတာကို တွေ့ရတယ်။ ဒါကြောင့် ရေဖျဉ်းစွဲတာဟာ ကိုယ်ဝန်တို့၊ ဝပြီး ဗိုက်စူတာတို့နဲ့ လွဲတတ်ပါတယ်လို့ပြောချင်ပါတယ်။ ရေဖျဉ်းစွဲ ဖြစ်ခါစ အနေအထားမျိုးမှာ ဂရုတစိုက် သေသေချာချာမကြည့်ဘူးဆိုရင် ဒီ့အပြင် ဗိုက်ဖောင်းတာတွေနဲ့ လွဲတတ်ပါတယ်။ ဒါကြောင့် ဗိုက်လေး နည်းနည်း စူလာရင် ရေဖျဉ်းများ ဖြစ်မလားဆိုတဲ့ သတိလေး ရှိကြပါ။
ဒီနေရာမှာ ရောင်တာ၊ ရေဖျဉ်းစွဲတာနဲ့ ပတ်သက်ပြီး အထူးသတိပေးချင်တာတစ်ခုကတော့ နွယ်ချိုဟာ ရေဖျဉ်းဖြစ်တတ်ပါတယ်ဆိုဒါပါပဲ။ ဘာလို့လဲဆိုတော့ နွယ်ချိုဟာ ကိုယ်ထဲမှာ ဆိုဒီယမ်ဓါတ် များစေတာကြောင့်ပါ။ နွယ်ချိုစားလိုက်ရင် ဆိုဒီယမ်ဓါတ်ဟာ ကိုယ်ထဲက မထွက်တော့ပါဘူး။ နွယ်ချိုပါနိုင်တာတွေကတော့ လျှက်ဆား၊ လျှာပွတ်ဆေး၊ ဇီးထုပ်၊ အချဉ်ထုပ်၊ ဟိုအရွက်၊ ဒီအမြစ်တွေနဲ့ ဖေါ်ထားတဲ့ ဆေးမြီးတိုတွေပါ။ အသည်းခြောက်တဲ့ လူနာတစ်ယောက်ဟာ ဆေးခန်းမှာ မှန်မှန် လာပြနေရာ ကနေ ရုတ်တရက် ဗိုက်ဖောင်းပြီး ရေဖျဉ်းကြီး စွဲလာရင် ဒီလူနာတော့ နွယ်ချိုပါတဲ့ ဆေးမြီးတို တစ်ခုခု စားလိုက်ပြီသာ တွက်တော့။ နွယ်ချိုဟာ အဲဒီလောက်တောင် ဆိုးပါတယ်။ ဒါကြောင့် နွယ်ချိုက အသည်းခြောက်တဲ့ လူတွေနဲ့ မတည့်ဘူးလို့ ပြောလိုက်ပါရစေ။ ရေဖျဉ်းဖြစ်စေတတ်တဲ့ နောက်ထပ် အစားအစာ တစ်ခုကတော့ ဟင်းချိုမှုန့်ပါ။ ဟင်းချိုမှုန့်ဆိုတာကလည်း ဆိုဒီယမ်ပါတော့ ဆိုင်တွေကနေ အပြင်စာတွေ ခဏခဏ ဝယ်စားရင်လည်း၊ ဟင်းချိုမှုန့်တွေ ပါပြီး ဗိုက်ကြီး ဖောင်းလာတတ်ပါတယ်။ အသည်းသမားတွေ၊ အချိုမှုန့်နဲ့ မတည့်ပါ။
ရေဖျဉ်းစွဲ၊ ဖောရောင်ဖြစ်တတ်တာ နောက်တစ်မျိုးကတော့ ဆိုဒီယမ်ဓါတ်များတဲ့ ဆော်ဒါမှုန့် ပါတာတွေ စားမိလို့ပါပဲ။ ကျွန်တော်တို့ မြန်မာတွေကလည်း ဆော်ဒါပါတဲ့ အစားအစာတွေ တော်တော်လေး စားကြတယ်။ ဆော်ဒါကို အစားအသောက်တွေ ပွအောင်သုံးကြတာ။ အဲဒီတော့ ဆော်ဒါပါတဲ့ အစားအစာ တွေကို စားလိုက်တော့ ဆော်ဒါတွေ ကိုယ်ထဲရောက်သွားပြီး ဗိုက်ကြီးလည်း ပွလာတော့တာပေါ့။ ဆော်ဒါမှုန့် သုံးထားတဲ့ အစားအစာ တချို့ကို ပြောပါဆိုရင် နံပြား၊ အီကြာကွေး၊ ဘူးသီးကြော်၊ ကြက်သွန်ကြော်၊ စတဲ့ အကြော်တွေ၊ ခေါက်ဆွဲ၊ ပေါင်မုန့်၊ ဘီစကစ်မုန့်၊ ကိတ်မုန့်ပေါ့။ ဒီ့အပြင်လည်း ဆော်ဒါပါတဲ့ အစားအသောက်တွေ အများကြီး ရှိပါသေးတယ်။ ဒီလိုရောင်တတ်၊ ဖောတတ်တာကြောင့် ဆော်ဒါဟာလည်း အသည်းနဲ့ မတည့်ပါဘူး။
မြန်မာတွေ နေ့စဉ် ထမင်းစားတာမှာ မကင်းနိုင်တဲ့၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်တွေဟာလည်း အသည်းခြောက်တဲ့ လူနာတစ်ယောက်အတွက် ဖောဘို့၊ ရောင်ဘို့၊ ရေဖျဉ်းစွဲဖို့ အတွက် တော်တော်ကို ဖြစ်စေနိုင်တဲ့ အစားအသောက်တွေပါ။ အထူးသဖြင့် ကျွန်တော့်လူနာတွေ ငါးပိရည်ကိုရှောင်ဖို့ တော်တော်လေး အခက်အခဲတွေ့ကြပါတယ်။ ခြေထောက်ရောင်၊ ရေဖျဉ်းစွဲနေလည်း ငါးပိရည်လေးတော့ စားလိုက်ချင်သေးတာပဲ။

မှတ်သားဖို့
- ခြေထောက်ရောင်တာ၊ ဖောတာဟာ အဓိက အသည်းခြောက်လို့ ဖြစ်တာပါ။
- ဗိုက်လေးစူပြီဆိုတာနဲ့ ရေဖျဉ်းဖြစ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။
- အသည်းခြောက်တဲ့ လူတစ်ယောက်ဟာ နွယ်ချို၊ ဟင်းချိုမှုန့်၊ ဆော်ဒါမှုန့်၊ ငါးပိရည်တွေ စားရင် ရေဖျဉ်းစွဲ၊ ခြေထောက်ဖောတာ ပိုပြီး ဖြစ်လွယ်ပါတယ်။

သိထားသင့်တဲ့ အသည်းရောဂါတွေ (အပိုင်း-၁၅)

(အသည်းခြောက်ရောဂါရဲ့ လက္ခဏာတွေ အသည်းပျက်ပြီးဘာတွေ ဖြစ်မယ်ဆိုတာ ပြောနေပါတယ်။)

၅။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ပေါ်မယ် (Hepatic Encepphaliopathy)
လွန်ခဲ့တဲ့ နှစ်အတော်ကြာက လူနာတစ်ယောက်ဟာ စိတ်တွေ ဂရောက်ဂယက်ဖြစ်ပြီး စိတ်ရောဂါကု ဆေးရုံကို ရောက်သွားပါတယ်။ ဦးနှောက်ကို လျှပ်စစ်စီးပြီးကု၊ စိတ်ရောဂါဆေးတွေနဲ့ ကု၊ အဲဒီလိုကုလေ ပိုဆိုးလေဖြစ်ပြီး နောက်ဆုံး ရေဖျဉ်းဝင်၊ မျက်စိဝါလာတော့မှ အသည်းရောဂါမှန်းသိပြီး ကျွန်တော့်ဆီကို ရောက်လာပါတယ်။ အသည်းခြောက်ရင် အဲဒီလို စိတ်ပိုင်းဆိုင်ရာရောဂါလက္ခဏာ ဆိုးဆိုးဝါးဝါးကြီးတွေ ပေါ်လာတတ်ပါတယ်။ တစ်ခါတလေရောက်တော့လည်း သိပ်ဆိုးဆိုးကြီးမဟုတ်ပဲ နေ့စဉ် ပြုမူလုပ်ဆောင် တာတွေ မသိမသာလေး လွဲမယ်၊ သတိတွေမေ့၊ နေ့နဲ့ည အိပ်တာတွေပြောင်းပြန် ဖြစ်သလို ဟာမျိုးလေး တွေလည်း ဖြစ်တတ်ပါတယ်။ ပြောတာဆိုတာတွေနဲ့ ဟိုနည်းနည်း၊ ဒီနည်းနည်း လွဲတတ်တာတွေ ဖြစ်နိုင်ပါတယ်။ အဲဒီမှာ အသည်းပျက်တာနဲ့ စိတ်ရောဂါ လွဲတော့တာပဲ။
ဒီလို အသည်းမကောင်းလို့ အသည်းကြောင့် ဦးနှောက်ကို ထိခိုက်ပြီး စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ပေါ်လာတာကို ဟက်ပက်တစ် အင်ဆက်ဖက်လိုပက်သီ (Hepatic Enchephalopathy) လို့ ခေါ်ပါတယ်။ ဟက်ပက်တစ် (Hepatic) ဆိုတာ အသည်းကြောင့်၊ အင်ဆက်ဖက်လို (Enchepalo) ဆိုတာ ဦးနှောက်၊ ပက်သီ (Pathy) ဆိုတာ ရောဂါလို့ အဓိပ္ပါယ်ရပါတယ်။ အားလုံးပေါင်းပြီး ဟက်ပက်တစ် အင်ဆက်ဖက်လိုပက်သီလို့ ပြောလိုက်တော့ အသည်းကြောင့် ဦးနှောက်ရောဂါ ရတယ်လို့ အဓိပ္ပါယ်ရပါတယ်။ အသည်းခြောက်ရောဂါသည်တွေမှာ ဘာလို့ ဒီလို အင်ဆက်ဖက်လိုပက်သီဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ပေါ်လာရတာလည်း ဆိုတော့ အသည်းမကောင်းဘူးဆိုတာနဲ့ လူ့ကိုယ်ထဲမှာ အမိုးနီးယား ဓါတ်တွေများလာပြီး အမိုးနီးယားတွေ ဦးနှောက်ကို ထိလို့ စိတ်တွေ ဖောက်တာပါ။ ဘယ်လိုဖြစ်လို့ အသည်းမကောင်းရင် အမိုးနီးယားတွေများရတာလည်း ဆိုတာကို ဆက်ရှင်းပြသွားပါမယ်။
ကျွန်တော်တို့ဟာ နေ့စဉ် ပရိုတိန်းတွေကို စားနေကြပါတယ်။ ပရိုတိန်းဆိုတာကတော့ အသား၊ ငါး၊ နို့၊ ကြက်ဥ၊ ဘဲဥနဲ့ ပဲအမျိုးမျိုးလို ဟာတွေကို ခေါ်တာပေါ့။ အဲဒီ စားလိုက်တဲ့ ပရိုတိန်းတွေဟာ အူထဲကို ရောက်သွားရင် ဘက်တီးရီးယားပိုးတွေနဲ့ တွေ့ပြီး အမိုးနီးယား (Ammonia) ဆိုတဲ့ ဓါတ်ထွက်လာတယ်။ အူထဲက ထွက်လာတဲ့ အမိုးနီးယားတွေဟာ သွေးပြန်ကြောက တစ်ဆင့် အသည်းထဲကို ရောက်လာပါတယ်။ အမိုးနီးယားတွေဟာ လူအတွက်ကောင်းကျိုးမပေးဘဲ အန္တရာယ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အသည်းဟာ သူ့ထဲရောက်လာတဲ့ အဆိပ်အတောက်တွေကို ချေဖျက်ဖို့ တာဝန်ရှိတော့ ပုံမှန်အတိုင်းဆိုရင် အသည်းထဲကို ဝင်လာတဲ့ အမိုးနီးယားတွေကို ယူရီးယား (Urea) အဖြစ်ပြောင်းပစ်လိုက်ပြီး ကျောက်ကပ်ကတစ်ဆင့် ဆီးထဲကနေ ထုတ်ပစ်တယ်။ ကျွန်တော်တို့ ဆီးသွားရင် စူးရှရှနဲ့ မွှန်နေအောင် နံတာဟာ ဆီးထဲမှာ ပါတဲ့ အမိုးနီးယား၊ ယူရီးယားတွေကြောင့်ပဲ။ မကောင်းတာတွေကို စွန့်ပစ်တာပေါ့။
ပြန်ပြောရရင်တော့ လူကောင်းတစ်ယောက်ရဲ့ ပုံမှန်အလုပ်လုပ်နေတဲ့ အသည်းဟာ လူ့ကိုယ်ထဲမှာ နေ့စဉ်ထွက်နေတဲ့ အမိုးနီးယားတွေကို နိုင်နိုင်နင်းနင်း ချေဖျက်ပြီး ယူရီးယားအဖြစ်နဲ့ ဆီးထဲကတစ်ဆင့် စွန့်ထုတ်ပစ်နေရပါတယ်။ အသည်းခြောက်တယ်၊ အသည်းမကောင်းတော့ဘူးဆိုတာနဲ့ ဒီ အမိုးနီးယားဓါတ် တွေကို အသည်းက ရှင်းမပစ်နိုင်တော့ဘူး။ အဲဒီမှာတင် သွေးထဲ အမိုးနီးယားတွေ လျှံတက်လာပြီး လူကို ဒုက္ခပေးတော့တာပေါ့။ အမိုးနီးယားရဲ့ ဒဏ်ကို အဓိကခံရတာကတော့ ဦးနှောက်ပါပဲ။ ဦးနှောက်ထဲမှာ ရှိတဲ့ အာရုံကြောဆဲလ်လေးတွေဟာ အမိုးနီးယားနဲ့ တွေ့တာနဲ့ ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပါဘူး။ အကျိုးဆက်ကတော့ ရှေ့မှာပြောခဲ့တဲ့အတိုင်း ဟက်ပတစ်အင်ဆက်ပလိုပသီဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာတွေ ပေါ်လာတာပေါ့။
ပရိုတိန်းတွေ များများစားမယ်၊ ဥပမာပြောရရင် ကြက်ဥ အကာတွေ များများစားတာဟာ အသည်းသမားတွေ အတွက် ကောင်းတယ်လို့ အများက ယူဆလက်ခံထားကြပါတယ်။ ဒါဟာ မှန်သင့်သလောက်မှန်ပါတယ်။ အကုန် မမှန်ပါဘူး။ ဘာလို့လည်းဆိုတော့ အသည်းခြောက်ပြီး အသည်းက ကောင်းကောင်းအလုပ်လုပ်နေတဲ့ လူတွေ အတွက်တော့ ပရိုတိန်းများများစားပေးတာဟာ ကောင်းပါတယ်။ ပရိုတိန်းဟာ ခန္ဓာကိုယ်အတွက် အကျိုးပြုမယ်။ ပရိုတိန်းက တစ်ဆင့် ထွက်လာတဲ့ အမိုးနီးယားတွေကိုလည်း ဘယ်လောက်ပဲ ပိုထွက်လာထွက်လာ ကောင်းကောင်းအလုပ်လုပ်နေတဲ့ အသည်းက အကုန်လုံး ချေဖျက်ပစ်မယ်လေ။ အဲဒီတော့ အမိုးနီးယားက လူအတွက် ဘာအန္တရာယ်မှ မသက်ရောက်နိုင်ဘူး။ ဒါပေမယ့်လို့ အသည်းလည်းခြောက်တယ၊် အသည်းလည်းပျက်နေတယ်ဆိုတဲ့ လူရောက်တော့ ပရိုတိန်း များများစားတာနဲ့ အမိုးနီးယားများများထွက်လာမယ်။ အသည်းက မကောင်းတော့ ပိုထွက်လာတဲ့ အမိုးနီးယားတွေကို မဖျက်နိုင်တော့ဘူး။ အဲဒီတော့ ဦးနှောက်ကိုထိရော။ စိတ်တွေ မမှန်တော့ပဲ စိတ်ရောဂါ လက္ခဏာတွေ ပေါ်မှာပေါ့။ ဟက်ပက်တစ် အင်ဆက်ဖက်လိုပက်သီ ဖြစ်ပြီပေါ့။ အဲဒါကြောင့် အသည်းမကောင်းရင် ပရိုတိန်းများများစားရမယ်ဆိုတာ မဟုတ်ဘူး။ အသည်းခြောက်ပြီး အသည်းပျက် နေရင် ပရိုတိန်းတောင် လျှော့ကျွေးရတယ်။ အသည်းအခြေအနေ သိပ်ပြီး ဆိုးလာမယ်၊ မျက်လုံးတွေ ဝါထိန်နေမယ်၊ ရေဖျဉ်းတွေစွဲမယ်ဆိုရင်တော့ ပရိုတိန်းဓါတ် ပါတာတွေကို လုံးဝ ရှောင်မှဖြစ်ပါမယ်။

မှတ်သားဖို့
- အသည်းခြောက်ရင်၊ အသည်းမကောင်းရင်၊ စိတ်ပိုင်းဆိုင်ရာ စိတ်ရောဂါ လက္ခဏာတွေ ပေါ်လာမယ်။
- တစ်ခါတလေ အသည်းခြောက်ရောဂါကြောင့် ပေါ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေကို တကယ့် စိတ်ရောဂါနဲ့ လွဲမှားနိုင်ပါတယ်။ အဲဒီလို လွဲပြီး စိတ်ရောဂါလိုကုမိရင် အသည်းကို ထိခိုက်ပြီး အသည်းရောဂါပိုဆိုးနိုင်ပါတယ်။
- အသည်းရောဂါဖြစ်တိုင်း ပရိုတိန်းအများကြီး ကျွေးရမယ်ဆိုတာ မဟုတ်ပါဘူး။
- အသည်းမကောင်းရင်၊ အလုပ်မလုပ်ရင်၊ ပရိုတိန်းလျှော့ကျွေးပါ။

သိထားသင့်တဲ့ အသည်းရောဂါတွေ (အပိုင်း-၁၆)

(အသည်းခြောက်ရောဂါရဲ့ လက္ခဏာတွေ အသည်းပျက်ပြီးဘာတွေ ဖြစ်မယ်ဆိုတာ ပြောနေပါတယ်။)

၆။ မကြာမကြာဖျား၊ ရောဂါပိုးမျိုးစုံဝင်မယ်။

မဒေါက်မြို့က ဒေါ်စန်းဆိုတဲ့ အသည်းခြောက်တဲ့ လူနာတစ်ယောက်ဟာ ရန်ကုန်ဆေးရုံကြီး အသည်းရောဂါ အထူးကုဌာနကို ဖျားလို့ဆိုပြီး အကြိမ်တော်တော်များများ ဆေးရုံတက်ရပါတယ်။ သူလည်း ဖျားတာနဲ့ နီးရာ ဆရာဝန်ဆီ သွားပြ၊ မဒေါက်ကဆိုတော့ ငှက်ဖျားထင်ပြီး ကု၊ နောက်တော့ တိုက်ဖွိုက်လို့ အမည်တပ်လိုက်ပြန်ရော။ တစ်ခါတစ်ခါ ဖျားရင်လည်း လနဲ့ချီပြီး ကြာတော့ တီဘီလို့လည်း ထင်ကြပြန် တယ်။ အသည်းရောဂါ အထူးကုဌာနရောက်လာတော့ ကျွန်တော်တို့က အသည်းခြောက်တဲ့ လူနာတွေ ဟာ ဘတ်တီးရီးယားပိုးတွေ ဝင်ပြီး ဒီလို မကြာမကြာ ဖျားတက်တယ်ဆိုတာကို သဘောပေါက်လို့ ဒေါ်စန်းဖျား တာဟာ အသည်းခြောက်လို့ဖျားတာလို့ သိပါတယ်။ ဒါကြောင့်ပိုးသတ်ဆေး (Antibiotics) ခပ်ပြင်းပြင်းလေး တွေကို အသားဆေး အကြောဆေး၊ လိုသလို၊ ထိထိရောက်ရောက်ပေးပြီး ကုလိုက်ရင် မဒေါက် ဒေါ်စန်း အဖျားကျသွားပါတယ်။
ဘာလို့ မဒေါက် ဒေါ်စန်းအကြောင်း ပြောရသလဲဆိုတော့ အသည်းခြောက်ရင် အသည်းမကောင်းရင် ဘတ်တီးရီးယားပိုးတွေ ကိုယ်ထဲကို ပြန့်နိုင်တယ်၊ ဖျားနိုင်တယ်ဆိုတာ သိအောင် လူနာတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို ဥပမာတစ်ခုအနေနဲ့ တင်ပြရတာပါ။ ကျွန်တော် အမြဲပြောလေ့ ရှိတာကတော့ အသည်းဆိုတာ ဟာ မော်တော်ကားက ဓါတ်ဆီ၊ ဒီဇယ် ဖစ်လတာ (Filter) လိုပါပဲ။ ကားတွေမှာ အဲဒီ အစစ် (Filter) တွေဟာဆီထဲမှာ ပါလာတဲ့ အမှုန်အမွှား၊ အမှိုက်သရိုက်၊ ရေတို့ကို ကားအင်ဂျင် အစိတ်အပိုင်းတွေထဲ ရောက်မသွားအောင် စစ်ထားပြီး ထိန်းထားတဲ့တာဝန်ကို လုပ်ရတာပါ။ ဖစ်လတာမကောင်းရင်၊ ကား ခဏခဏ ဒုက္ခရောက်ပါလိမ့်မယ်။ ဆီပိတ်မယ်၊ ဂျီးပိတ်မယ်၊ စက်ရပ်သွားမယ်၊ ကားအင်ဂျင်တုန်မယ်၊ ခါမယ်၊ ဆန့်ငင်ဆန့်ငင်ဖြစ်မယ်။ အသည်းဟာလည်း ကားဖစ်လတာလို လူကိုယ်ထဲကို ဝင်လာတဲ့ မကောင်းတာ မှန်သမျှကို တားရတဲ့၊ ထိန်းရတဲ့ တာဝန်ယူရပါတယ်၊ တစ်သဘောထဲပဲ။ ဒါကြောင့် ကားဖစ်လတာ မကောင်းရင် ဒုက္ခရောက်သလို အသည်းမကောင်းရင် လူလည်း ရောဂါပြဿနာမျိုးစုံ ရင်ဆိုင်ရပါလိမ့်မယ်။ ပါးစပ်ကနေ ကိုယ်ထဲကို ဝင်လာတဲ့ အစာ၊ အာဟာရ၊ ပိုးမွှား၊ ဆေး၊ အဆိပ်အတောက်၊ အရက် အားလုံး အူကနေ စုပ်ယူပြီး အသည်းသွေးပြန်ကြော Portal Vein ကနေ အသည်းထဲ ရောက်တယ်။ အသည်းက ဖစ်လတာပဲ သူ့ထဲ ရောက်လာတဲ့ မကောင်းတာ မှန်သမျှကို ထိန်းသိမ်းဖို့က သူ့တာဝန်ပဲ။ အသည်းဟာ ဒီမကောင်းတာတွေထဲက ဖျက်နိုင်တာတွေကို ဖျက်ဆီးပစ်တယ်။ ဥပမာ အရက်၊ အသည်းထဲ ရောက်တာနဲ့ အရက်ကို အသည်းက ဓာတုဗေဒ နည်းအရ ပျက်သွားအောင် ဖျက်ပစ်လိုက်တယ်။ ဒီလိုပဲ သူချေဖျက်နိုင်တာ မှန်သမျှကို ဖျက်ပစ်တယ်။ ဝင်လာတဲ့ ဘတ်တီးရီးယား ပိုးတွေကို သတ်ပစ်တယ်။ မချေဖျက်နိုင်ဘူး၊ ဘာမှ လုပ်မရဘူးဆိုတဲ့ တချို့ ဓာတုဗေဒ ပစ္စည်းတွေ ရောက်တော့ အသည်းထဲမှာ တင်ကျန်ခဲ့တယ်။ ဓါတ်ဆီ ဖစ်လတာထဲမှာ အမှုန်တွေ ကျန်ခဲ့သလိုပေါ့။ ဥပမာ ပြောရရင်၊ ကြက်တွေ၊ ဝက်တွေ၊ နွားတွေဟာ ပတ်ဝန်းကျင်မှာရှိတဲ့ စိုက်ပျိုးရေးမှာ သုံးတဲ့ ပိုးသတ်ဆေး ဖျန်းထားတဲ့ အသီးအနှံ၊ အစားအသောက်တွေကို စားမိတယ်ဆိုရင်ဘဲ အဲဒီပိုးသတ်ဆေးတွေဟာ တိရစ္ဆာန်တွေရဲ့ အသည်းထဲမှာပဲ ကျန်နေခဲ့တယ်။ ဒါကြောင့် တချို့ လူတွေက တိရစ္ဆာန်အသည်းတွေကို မစားဘူး၊ ကြက်သည်း၊ ဝက်သည်း မစားဘူး။ အသည်းဆိုတာ အညစ်အကြေး အားလုံး စုရာနေရာ၊ ထိန်းထားရာနေရာ ဖြစ်လို့တဲ့။ လူမှာလည်း အဲဒီလိုပဲပေါ့။ လူကို အန္တရာယ်ပေးမယ့် ပိုးမွှား အဆိပ်အတောက်တွေကို အသည်းကပဲ တာဝန်ယူပြီး ရှင်းရတာ။ အဲဒီတော့ အသည်းခြောက်ပြီး အသည်း အလုပ်မလုပ်ဘူးဆိုရင် ဒီလို အဆိပ်အတောက် ပိုးမွှားတွေဟာ အသည်းထဲက လျှံထွက်လာပြီး သွေးထဲကနေ တစ်ကိုယ်လုံးပျံ့မယ်။ အဖျားတက်စေတတ်တဲ့ ဓာတုဗေဒပစ္စည်း ပိုင်ရိုဂျင် (Pyrogen) တွေကိုလည်း အသည်းက မဖျက်နိုင်တော့ပဲ သွေးထဲရောက်ပြီး အဖျားတက်မယ်။ ဘတ်တီးရီးယား ပိုးတွေကိုလည်း အသည်းက သတ်မပစ်နိုင်တော့ သွေးထဲကို ပိုးတွေရောက်ပြီး ဆက်ပတစ်ဆီးမီးယား (Septiceaemia) ဖြစ်မယ်။ ဖျားမယ်။ ဒါကြောင့် အသည်းခြောက်တဲ့ သူတွေ ဖျားတယ်ဆိုရင် နှစ်ခု စဉ်းစားရပါမယ်။ ဘတ်တီးရီးယား ပိုးတွေကြောင့် ဆက်ပတစ်ဆီးမီးယား ဖြစ်ပြီးတော့ ဖျားတာလား၊ ဒါမှမဟုတ် ပိုင်ရိုဂျင်တွေ အသည်းကိုကျော်ပြီး သွေးထဲ ရောက်သွားလို့လည်း ဖျားတာလား ဆိုတာပေါ့ ။
အထူးသဖြင့် အသည်းခြောက်သွားပြီး နောက်ဆုံးအဆင့် အသည်းရောဂါ (End Stage Liver Disease) အီးအက်စ်အယ်လ်ဒီ (ESLD) ရောက်နေရင် အသည်းထဲမှာ ရှိတဲ့ ဘတ်တီးရီးယားတွေကို သတ်တဲ့ ကပ်ပါးဆဲလ် (Kupffer cells) တွေ အလုပ်မလုပ်နိုင်တော့ပဲ မကြာမကြာ ရောဂါပိုးမျိုးစုံ ဝင်တတ်ပါတယ်။ ဆီးပိုးဝင်မယ်၊ အဆုတ်ရောင်မယ်၊ အဆိုးဆုံးနဲ့ မကြာမကြာတွေ့ရတာကတော့ အသည်းခြောက် ရေဖျဉ်းစွဲ နေတဲ့ သူတွေမှာ ရေဖျဉ်းထဲကို ပိုးဝင်ပြီး ဗိုက်တစ်ခုလုံး အလိုလို ပိုးဝင်ပြီး ရောင်တဲ့ (Spontaneous Bacterial Peritonitis - SBP) ဖြစ်တတ်ပါတယ်။ ပြီးတော့ အသည်းခြောက်တဲ့သူတွေ သွေးအန်မယ်ဆိုရင်လည်း ပိုးက အလိုလိုဝင်လာတတ်ပါတယ်။ အသည်းခြောက်တဲ့သူတွေ ဆေးကုတာနဲ့ ပတ်သက်လို့ တစ်ခုခုလုပ်မယ်၊ ဥပမာ သွားနုတ်မယ်၊ အနာလေးခွဲမယ် အဲဒါမျိုးလုပ်မယ်ဆိုရင် အသည်းက ပိုးမသတ်နိုင်လို့ ပိုးအရမ်း ဝင်လွယ်ပါတယ်။အသက် အန္တရာယ်ရှိတဲ့အဆင့်အထိ ဆက်ပတစ်ဆီးမီးယားပိုး ပျံ့တဲ့ အဖြစ်ကို ရောက်သွား နိုင်ပါတယ်။
မှတ်သားဖို့

အသည်းခြောက်ရင်၊ အသည်း အလုပ်မလုပ်ရင်

၁။ မကြာမကြာဖျားတတ်ပါတယ်။
၂။ ရောဂါပိုးမျိုးစုံ ဝင်တတ်ပါတယ်၊ အသက်အန္တရာယ်ရှိတဲ့ အဆင့်ထိ ရောက်နိုင်ပါတယ်။
၃။ အဲဒီလို ပိုးဝင်ရင် ပိုးသတ်ဆေးတွေကို အချိန်မီ ထိထိမိမိ လိုရင် လိုသလို အသားဆေး၊ အကြော ဆေးထိုးပြီး ကုဖို့ လိုပါတယ်။

ပါမောက္ခခင်မောင်ဝင်း (အသည်း)
ဌာနမှူး/အသည်းအထူးကုဆရာဝန်ကြီး
အသည်းရောဂါအထူးကုဌာန
ရန်ကုန်ဆေးရုံကြီး
Primary biliary cirrhosis အရက်ကြောင့်ဖြစ်တာမဟုတ်တဲ့ အသဲခြောက်ရောဂါ
http://2.bp.blogspot.com/-zc5aYZlRMao/ULj2RhRFcJI/AAAAAAAAafU/-qYF4Yn_7mM/s200/Primary%2Bbiliary%2Bcirrhosis.jpg

ကျွန်တော်တို့က ရန်ကုန်မှာနေပါတယ်။ ကျွန်တော့်အမေက အသက် (၄၇)နှစ်ပါ။ လွန်ခဲ့တဲ့ ၄ လလောက်က သွေးစစ်ပြီး ဆရာဝန်က PBC လို့ပြောပါတယ်။ Anitbody ကို စင်္ကာပူကိုပို့ပြီးစစ်တာ Positive ဖြစ်နေပါတယ်။ ကျွန်တော်တို့က မောင်နှစ်မ နှစ်ယောက်တည်းရှိတာပါ။ အမေ့အတွက် အရမ်းစိုးရိမ်ပူပန် နေရပါတယ်။ အခုပြနေတဲ့ဆရာဝန်ကတော့ မစိုးရိမ်နဲ့လို့ ပြောပါတယ်။ အခုနောက်ဆုံးသွေးစစ်ထားတဲ့ Bilirubin result က 0.8 ပါ။ ပထမကတော့ 1.5 ရှိပါတယ်။ ဒီရောပါက ဆေးသောက်ပြီး ထိန်းထားလို့ ရ-မရ သိချင်လို့ပါ။ လူနာ အနေနဲ့ ဘယ်လိုမျိုး ဆောင်ရန်-ရှောင်ရန်တွေ လုပ်ဆောင်ရမလဲ သိချင်ပါတယ်။

Primary biliary cirrhosis ဆိုတာ အသဲထဲက အရည်တွေစီးဆင်းတဲ့ Bile ducts ပြွန်လေးတွေမှာ ရောင်ပြီး ရောဂါရတာ ဖြစ်တယ်။ သည်းခြေရည်တွေ မစီးနိုင်တော့ရာကနေ အသဲခြောက်လာတာပါ။ ဘာလို့ဖြစ်သလဲ တိတိကျကျ မပြောနိုင်ဘူး။ Autoimmune disorder (အော်တို-အင်မြူးန်) ရောဂါ၊ ခုခံအား ကမောက်ကမ ဖြစ်တာကနေ ရောဂါရတယ်။ ကိုယ့်ဟာကို ရန်သူထင်ပြီး တိုက်ခိုက်လို့ ဒီရောဂါ ဖြစ်လာတာမျိုး။

၂၅% ဟာ သွေးစစ်ရာကနေသိလာတယ်။ လူနာတဝက်ကျော်မှာ ရောဂါရှိတာသိတဲ့အချိန် ဘာမှမခံစားရသေးဘူး။ တဖြေးဖြေးနဲ့ ဒါတွေဖြစ်လာမယ်။
အားယုတ်တယ်လို့ ၆၅% ကပြောတယ်။
ယားတယ်လို့ ၅၅% ကပြောတယ်။
အသဲကြီးနေတာ ၂၅%၊
အစက်အပျောက်တွေပေါ်နေတာ ၂၅%၊
ဘေလုံးကြီးနေသူ ၁၅%၊
အသားဝါဖြစ်သူ ၁ဝ%၊
မျက်စိခြောက်၊ အာခေါင်ခြောက် ၅ဝ-၇၅%၊
ဗိုက်အောင့်၊ အရေပြားအောက်မှာ အဆီလာစု၊ မျက်ခွံမှာ အဝါစက်ဖြစ်။ ဝမ်းထဲအဆီပါ၊ လက်ဖဝါးနီရဲ၊ ပင့်ကူလိုသွေးကြောတွေဖြာထွက်၊ ကြွက်သားတွေလှီ၊ ခြေထောက်ရောင်၊ ဖျဉ်းစွဲ။

နာတာရှည် ဆက်တိုးလာ ဆိုးလာတဲ့ အသဲရောဂါဖြစ်တယ်။ အမျိုးသမီးတွေမှာ ၇၅-၉ဝ% ဖြစ်တယ်။ အသက်အားဖြင့် ၃၉ နှစ်မျာအများဆုံး။ ၃ဝ-၆၅ နှစ်အတွင်အများဆုံးဖြစ်ကြတယ်။ အငယ်ဆုံး ၂၂ နှစ်သမီး၊ အကြီးဆုံး ၉၃ နှစ်ဖြစ်ဘူးတယ်။ ယောက်ျားတွေလဲ ကံမကောင်းပါ။ hepatocellular carcinoma အသဲကင်ဆာပိုဖြစ်တယ်။

ဓါတ်ခွဲခန်း
- Aminotransferases alanine aminotransferase (ALT) နဲ့ aspartate aminotransferase (AST) တွေ မြင့်တက်နေမယ်။
- Alkaline phosphatase (ALP),
γ -glutamyl transpeptidase (GGTP) နဲ့ immunoglobulin levels (IgM) တွေ သိသိသာသာမြင်နေမယ်။
- Lipid levels နဲ့ Cholesterol levels (HDL) တွေလဲ မြင့်နေနိုင်တယ်။ ဒါတွေမြင့်နေရင်တော့ atherosclerosis သွေးကြော ကျဉ်းတဲ့အန္တရာယ် ရှိနိုင်တယ်။
- Bilirubin level မြင်နေတာကိုကြည့်ပြီး အသဲအစားထိုးရနိုင်တယ်။
- Prothrombin time များနေတယ်ဆိုတာဟာ Portal hypertension ဖြစ်နေတာကိုပြနေတယ်။
- Albumin level နည်းမယ်၊
- Ceruloplasmin, Bile acids နဲ့ Serum hyaluronate တွေလဲ မြင့်ချင်မြင့်နေမယ်။ အမြဲတော့ မဟုတ်ဘူး။

သွေးထဲမှာ Antimitochondrial antibodies (AMAs) ရှိနေတဲ့အချက်စာ အဓိကကျတယ်။ လူနာတွေရဲ့ ၉ဝ-၉၅% ရှိမယ်။
anti-M2, anti-M4, anti-M8, and anti-M9 တွေဟာ ဆိုးလာတာကိုပြတယ်။
Profile A (only anti-M9) ဒါမှမဟုတ်
Profile B (anti-M9) နဲ့/ဒါမှမဟုတ် anti-M2positive by enzyme-linked immunosorbent assay [ELISA] ဆိုရင်
Profile C (anti-M2, anti-M4 နဲ့/ဒါမှမဟုတ် anti-M8positive by ELISA) နဲ့
Profile D (anti-M2, anti-M4 နဲ့/ဒါမှမဟုတ် anti-M8positive by ELISA and complement-fixation test တွေထက် အလားအလာကောင်းတာကိုပြတယ်။

Antinuclear antibodies (ANAs) ကို လူနာ ၂ဝ-၅ဝ% မှာတွေ့တယ်။ တချို့မှာ လူကိုစစ်ဆေးကြည့်တော့ ဒီရောဂါ လက္စဏာတွေ ပြနေပေမဲ့ AMA မပြတာလဲရှိနိုင်တယ်။ (အာလ်ထွာဆောင်း)၊ CT နဲ့ MRI တွေကို ဆက်စစ်ဆေးသင့်တယ်။ Anti-mitochondrial antibodies ၉၅% အပေါင်းပြမယ်။ Serum alkaline phosphatase အရေးကြီးတယ်။ Liver biopsy လုပ်နိုင်တယ်။

Treatment ဘယ်လိုကုသမလဲ ဆေးကုသမှုရဲ့ရည်ရွယ်ချက်က ခံစားနေရတာတွေသက်သာစေဘို့နဲ့ နောက်ဆက် ဖြစ်မှာတွေ ကာကွယ်ဘို့ ဖြစ်တယ်။
Medical Care ဆေးဝါးတွေ
Ursodeoxycholic acid (UDCA) ဆေးကို အများဆုံးသုံးတယ်။ ရောဂါဆက်တိုးနေတာကို နှေးစေမယ်။ ရောဂါ နောက်ကျနေရင် ထိရောက်မှုက မသေခြာဘူး။ ၁ နှစ်ဆေးပေးပြီးနောက်မှာ ဓါတ်ခွဲစစ်ဆေးချက်တွေက တိုးတက်လာသူဆိုရင် အသက်ရှင်နှုန်းဟာ လူကောင်းတွေလိုဘဲ။
Corticosteroids (ကော်တီကို-စတီရွိုက်) ဆေး၊ ရောဂါလက္စဏာတွေသက်သာစေမယ်။ ဒီဆေးကြောင့် အရိုးပျော့စေနိုင်တာ သတိထားဘို့လိုတယ်။
Ursodeoxycholic acid က သွေးထဲရောက်နေတဲ့ သည်းခြေရည်ကို ထုတ်ပေးမယ်။ တချို့ ၄ နှစ်အထိ ဆေးပေးတယ်။
ဝမ်းသွားရာကနေကုန်သွားမဲ့ Vitamins A, K, and D တွေကိုပြန်ဖြည့်ပေးတယ်။ ကယ်လ်စီယမ် ကိုလဲပေးပြီး အရိုးအားနည်းတာ သက်သာစေမယ်။
Antipruritic treatment အယားသက်သာဆေးတွေ။
o Antihistamines (အင်တီဟစ်တမင်း) ဆေးကို အများဆုံးသုံးတယ်။
o Cholestyramine (Colestipol) ဆေးက အူထဲက ယားစေတတ်တဲ့ သည်းခြေဓါတ်ဆားတွေကို ရှင်းပေးမယ်။
o ဒီဆေးတွေနဲ့ မသက်သာသူတွေကို Rifampin (ရီဖန်ပင်) ဆိုတဲ့ တီဘီ ဆေးကိုလဲ သုံးနိုင်တယ်။
o Dronabinol (Marinol) နဲ့ Plasmapheresis ဆေးတွေကလဲသက်သာစေတယ်။

အလားအလာ တယောက်နဲ့ တယောက် မတူပါ။ ၁ဝ နှစ်တာရောဂါရှိထားသူတချို့၊ ရောဂါဆိုးလာသူ (Bilirubin level များ၊ Prothrombin time များ၊ Albumin နည်းသူ) အတွက် Liver transplantation အသဲအစားထိုးခွဲစိတ်တာ လုပ်ရတယ်။

နောက်ဆက်တွဲဖြစ်နိုင်တာတွေကတော့ သွေးယို၊ ဦးနှောက်ထိခိုက်၊ အရည်နဲ့ ဓါတ်ဆား အချိုးအဆ ပြောင်း၊ ကျောက်ကပ်ထိခိုက်၊ အစာစုပ်မယူနိုင်၊ အာဟာရချို့တဲ့၊ အရိုးအားနည်းတာတွေဖြစ်တယ်။

ရောဂါရှိမှန်းသိချိန်မယ် ဘာမှ မခံစားရသေးသူတွေက နောက်ထပ် ၁၆ နှစ်အသက်ရှင်မယ်။ ခံစားနေရသူဆိုရင် ၇့၅% ရှင်မယ်။ ဒါက ယေဘုယျကိန်းဂဏန်းသာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၁-၂ဝ၁၂
သင့် အသဲကို ချစ်ပါသလား။ အသဲကိုချစ်ရင် အသဲပျက်စီးစေနိုင်တဲ့ အဓိကအကြောင်းရင်းတွေ သိထားသင့်တယ်နော်
1 နောက်ကျမှ အိပ်ခြင်းနဲ့  နေမြင့်မှထခြင်းတို့ က အဓိကအကြောင်းရင်းဖြစ်ပါသတဲ့
2 မနက်တွင်ဆီးသွားသောအမှု မပြုခြင်း
3 အစားအသောက်များ လွန်ကဲစွာစားသောက်ခြင်း
4 မနက်စာ စားသုံးရန် မေ့လျော့ခြင်း
5 ဆေးများ လွန်ကဲစွာသုံးစွဲခြင်း
6 အစားအသောက်များ တာရှည်ခံစေရန်ပြုလုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများ (preservatives) ၊ ဖြည့်စွက်ပစ္စည်းများ (food additives) ၊ ဆိုးဆေးများ ( food colorings)၊ အချိုတု သကြားတု (artificial sweeteners) များလွန်ကဲစွာအသုံးပြုခြင်း
7 ကျန်းမာရေးနှင့် မညီညွတ်သော စားသုံးဆီများ သုံးစွဲခြင်း
အကြော် ကြော်ရာတွင် အကောင်းဆုံးချက်ပြုတ်ဆီဖြစ်သော သံလွင်ဆီကို အသုံးပြုရင်တောင်မှ တတ်နိုင်သမျှဆီနည်းနည်း ဘဲသုံးသင့်ပါသတဲ့
ကျန်းမာရေးအားနည်းသူများ မောပန်းနေချိန်တွင် ကြော်ထားသောအစားအစာများ စားသုံးခြင်း မပြုသင့်တဲ့
8 ဥအစိမ်းနဲ့ သားစိမ်းငါးစိမ်းများ စားသုံးခြင်းကလည်း အသဲကိုပျက်စီးစေသတဲ့
အရွက်ကြော်များကိုလည်းတကြိမ်ထဲကုန်အောင်စားပါတဲ့။ နေ့ ဖို့ ညစာချန်ထားခြင်းမပြုပါနဲ့ တဲ့။

Ref: Doctor of Pharmacy

credit to Myanmar Pharmaceuticals
Myanmar News Update
ကင်ဆာရောဂါ၏ ရှေ့ပြေးလက္ခဏာများ

၁။ ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းခြင်း

မိန်းကလေးအများစုက ကိုယ်အလေးချိန် လျော့နည်းသွားတာကို သဘောကျတတ်ကြပါတယ်။ လေ့ကျင့်ခန်း မလုပ်ပါဘဲ၊ အစားအသောက် လျော့စားတာမျိုး မရှိပါဘဲ တစ်လအတွင်း ကိုယ်အလေးချိန် ၁၀ ပေါင်လောက် ရုတ်တရက် ကျသွားတဲ့အခါ စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းတာက ကင်ဆာရောဂါနဲ့ ဆက်စပ်မှုရှိသလို တခြားအကြောင်းဖြစ်တဲ့ သိုင်းရွိုက်ဂလင်းရဲ့ လုပ်ဆောင်မှုတွေ များနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ပြသပါ။ ဆရာဝန်က သိုင်းရွိုက်ဂလင်းနဲ့ ပတ်သက်တဲ့ စစ်ဆေးမှုတွေ၊ ခန္ဓာကိုယ်ရဲ့ တခြားအင်္ဂါ အစိတ်အပိုင်းတွေကို CT ရိုက်ပြီး စစ်ဆေးတာတွေ ပြုလုပ်ပေးပါလိမ့်မယ်။

၂။ လေပွခြင်း

လေပွတာက အများစုမှာ ဖြစ်လေ့ဖြစ်ထ ရှိတတ်ကြပါတယ်။ ဒါပေမဲ့ သားဥအိမ်ကင်ဆာမှာလည်း လေပွတာ ဖြစ်စေနိုင်ပါတယ်။ သားဥအိမ်ကင်ဆာမှာ တခြားလက္ခဏာတွေ အနေနဲ့ ဝမ်းဗိုက်နာကျင်တာ၊ တင်ပါးဆုံရိုးတွေ နာကျင်တာ၊ အစာနည်းနည်းပဲ စားပြီး ပြည့်အင့်နေတာ၊ ဆီးသွားချင်တာနဲ့ ထွက်ကျတာကြောင့် အိမ်သာကို အပြေးသွားရတာတွေပါ ဖြစ်နိုင်ပါတယ်။ လေပွတာကို နေ့စဉ်ခံစားနေရပြီး ရက်သတ္တပတ် အနည်းငယ်အထိ ခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။

၃။ ရင်သားတွင် ပြောင်းလဲမှုဖြစ်ခြင်း

အမျိုးသမီးအများစုက ရင်သားကို ကိုယ်တိုင်စမ်းသပ်မှုတွေ ပြုလုပ်တတ်ကြပါတယ်။ ရင်သားမှာ တစ်ခုခု ထူးခြားတိုင်း ကင်ဆာရဲ့ လက္ခဏာလို့တော့ ပြောလို့မရပါဘူး။ ရင်သားတစ်ဝိုက်မှာ ရှိတဲ့ အရေပြားနီရဲတာ၊ ထူလာတာတွေက ကင်ဆာရဲ့ လက္ခဏာ တစ်ရပ်ဖြစ်ဖို့ အလွန်ခဲယဉ်းပေမယ့် ပြောင်းလဲမှု တစ်စုံတစ်ရာ ရှိလာတဲ့အခါ ဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှု ခံယူတာက အကောင်းဆုံးပါ။ အဖု၊ အကျိတ် စတဲ့ပြောင်းလဲမှု တစ်စုံတစ်ရာကို သင်သတိထားမိခဲ့ရင်လည်း ဆရာဝန်နဲ့ ပြသ စစ်ဆေးရပါမယ်။ ရင်သားမှာ ပြောင်းလဲမှု တစ်စုံတစ်ရာကြောင့် ဆရာဝန်က သင်ရဲ့ရောဂါ ရာဇဝင်ကို မေးမြန်းတာ၊ ရင်သားကို စစ်ဆေးတာ၊ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်တာတွေကို ဆောင်ရွက်ပါလိမ့်မယ်။

၎။ ရာသီလာရက် မဟုတ်ဘဲ သွေးဆင်းခြင်း

သွေးမဆုံးခင် အမျိုးသမီးတွေ အနေနဲ့ ရာသီလာချိန် မတိုင်ခင် သွေးဆင်းတာက စောတတ်ကြပေမယ့် သွေးဆုံးပြီး အမျိုးသမီးတွေမှာ ရာသီသွေး ပြန်ဆင်းတယ် ဆိုရင်တော့ သတိထားဖို့ လိုပါတယ်။ သားအိမ်ကင်ဆာရဲ့ အစောဆုံး လက္ခဏာရပ် ဖြစ်နိုင်တာကြောင့် သားဖွားမီးယပ် အထူးကုနဲ့ ပြသတိုင်ပင်ဖို့ လိုပါတယ်။

၅။ အသားအရေ ပြောင်းလဲခြင်း

အများစုက အရေပြားကင်ဆာ ရောဂါကို ကြိုတင်သိမြင်နိုင်ဖို့ အရေပြားမှာရှိတဲ့ မှဲ့တွေရဲ့ ပြောင်းလဲမှုကို ကြည့်ရှုစစ်ဆေးရမယ် ဆိုတာ သိပြီးသား ဖြစ်ပါလိမ့်မယ်။ မှဲ့တွေတင်မကဘဲ အသားအရေရဲ့ အရောင်ပြောင်းလဲမှု၊ အရေပြားက သွေးထွက်တာ၊ အရေပြားကွာကျမှု များတာတွေကိုလည်း ကြည့်ရှုစစ်ဆေးဖို့ လိုပါတယ်။ ထူးခြားမှုတစ်ခုခု ရှိပါက အချိန်ကြာကြာ စောင့်မနေဘဲ အရေပြား အထူးကုဆရာဝန်နဲ့ ပြသစစ်ဆေးပါ။

၆။ မျိုချရခက်ခဲခြင်း

အစားအသောက်စားရာမှာ သင့်အနေနဲ့ မျိုချရ ခက်ခဲနေပါသလား။ အစာအမာတွေ အစား အရည်ပြောင်းစားပေမယ့် မျိုချရ ခက်ခဲတာ မသက်သာဘဲ ဖြစ်နေပါသလား။ အစာအိမ်ကင်ဆာရဲ့ လက္ခဏာရပ် တစ်ခုဖြစ်တာကြောင့် ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ လိုအပ်ပါတယ်။

၇။ ဆီး၊ ဝမ်းတွင် သွေးပါခြင်း

ဆီးသွားတဲ့အခါ ဆီးထဲမှာ သွေးပါတာ၊ ဝမ်းသွားတဲ့အခါ ဝမ်းထဲမှာ သွေးပါတွေက အူမကြီးကင်ဆာရဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ကတော့ မိန်းမကိုယ်က ဆင်းတဲ့ ရာသီသွေးနဲ့ ခွဲခြားသိဖို့ လိုပါတယ်။ ဆရာဝန်ဆီ ပြသပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။ ဆီးအိတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာတွေ ဟုတ်၊ မဟုတ်ပါ စစ်ဆေးပါလိမ့်မယ်။

၈။ ဝမ်းဗိုက်နာကျင်ခြင်းအပေါ် စိတ်မသက်မသာ ဖြစ်နေခြင်း

တချို့အမျိုးသမီးတွေက ဝမ်းဗိုက်ရဲ့ နာကျင်မှု ခံစားရတဲ့အပေါ်မှာ စိတ်ဓာတ် ကျဆင်းတာမျိုး ရှိတတ်ပါတယ်။ စိတ်ဓာတ်ကျဆင်းမှုနဲ့ ပန်ကရိယ ကင်ဆာက ဆက်စပ်မှု ရှိနေပေမယ့် ဘာကြောင့်ဖြစ်ရတဲ့ အကြောင်းပြချက်ကိုတော့ ရှင်းပြရ ခက်ခဲတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

၉။ အစာမကြေခြင်း

အမျိုးသမီးအများစုက ကိုယ်ဝန်ဆောင်ခါစမှာ အစာမကြေတာ၊ ကိုယ်အလေးချိန် အနည်းငယ် တက်လာတာမျိုး တွေကြုံတွေ့နိုင်ပါတယ်။ ဒါပေမဲ့ အကြောင်း တစ်စုံတစ်ရာမရှိဘဲ အစာမကြေ ဖြစ်နေတယ်ဆိုရင်တော့ အစာရေမျိုကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ လည်ချောင်းကင်ဆာတွေရဲ့ ရှေ့ပြေးလက္ခဏာ တစ်ရပ် ဖြစ်နိုင်တာကြောင့် ပေါ့ဆ မနေသင့်ပါဘူး။ ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။

၁၀။ ပါးစပ်အတွင်း ပြောင်းလဲခြင်း

ဆေးလိပ်သောက်သူတွေရဲ့ ခံတွင်းမှာ အဖြူရောင် အဖတ်လေးတွေ၊ လျှာပေါ်မှာ အဖြူရောင် အစက်အပြောက်တွေ တွေ့ရှိပါက သတိပေး လက္ခဏာရပ် ဖြစ်နိုင်ပါတယ်။ ဒါတွေက ခံတွင်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာရပ်တွေ ဖြစ်နိုင်တာကြောင့်ပါ။

၁၁။ နာကျင်ခြင်း

အသက်အရွယ် ရလာသူတွေမှာ နာကျင်တယ်၊ ကိုက်ခဲတယ် ပြောတတ်ကြပါတယ်။ အဲလို နာကျင်ကိုက်ခဲမှုတွေက နေရာအတိအကျ မပြနိုင်ဘဲ ဝိုးတိုးဝါးတား ဖြစ်နေမယ်ဆိုရင် ကင်ဆာရောဂါရဲ့ အစောဆုံး လက္ခဏာရပ် ဖြစ်နိုင်ပါတယ်။ တကယ်တော့ ကင်ဆာဖြစ်တဲ့ နေရာက နာကျင်တာတော့ မဟုတ်ပါဘူး။ နာကျင်မှုတွေကို ဆက်တိုက်ခံစားနေရတယ် ဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး စစ်ဆေးမှုကို ခံယူပါ။

၁၂။ ပြန်ရည်ကြော အကျိတ်များ ပြောင်းလဲခြင်း

သင်ရဲ့လည်ပင်းနဲ့ ချိုင်းကြားမှာရတဲ့ ပြန်ရည်ကြော အကျိတ်တွေ ရောင်ရမ်းတာ၊ အဖုအကျိတ် ဖြစ်တာတွေ တွေ့ရှိပါက ဆရာဝန်နဲ့ပြသပါ။

၁၃။ ဖျားနာခြင်း

တုပ်ကွေးဖြစ်တာ၊ ပိုးမွှားကူးစက်တာတွေကြောင့် ဖျားနာမှုတွေ ခံစားရနိုင်တယ် ဆိုပေမယ့် မကြာခဏ ဖျားနာနေရင်တော့ ဂရုပြုသင့်ပါတယ်။ ကင်ဆာရောဂါက စဖြစ်တဲ့ နေရာကနေ တခြားတစ်နေရာကို ပျံ့နှံ့နေတဲ့ တချို့ ကင်ဆာရောဂါ တွေမှာလည်း ဖျားနာတာကို ဖြစ်စေပါတယ်။ အသားဝါပြီး ဖျားနာတယ်ဆိုရင်တော့ သင့်အသည်း အတွက်ပါ အလေးထား ဂရုပြုဖို့ လိုအပ်ပါတယ်။

၁၄။ နုံးခွေခြင်း

နုံးခွေတာက ကင်ဆာရောဂါနဲ့ ပတ်သက်ပြီး လွတ်သွားနိုင်တဲ့ အချက်တစ်ချက်ပါပဲ။ နုံးခွေတာက သွေးကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ ရောဂါတွေရဲ့ အစောဆုံး လက္ခဏာတစ်ရပ် ဖြစ်နေနိုင်တာကြောင့်ပါ။

၁၅။ ချောင်းဆိုးရက် ကြာရှည်နေခြင်း

တုပ်ကွေး အအေးမိတာ၊ ဓာတ်မတည့်တာတွေရဲ့ နောက်ဆက်တွဲ အဖြစ် ချောင်းဆိုး ကျန်ခဲ့နိုင်ပါတယ်။ ဒါပေမဲ့ ချောင်းဆိုးတာက သုံး- လေးပတ်ကြာ ချောင်းဆိုးနေရင်တော့ ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့ လိုပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
By Good Health Originally posted


ကျန်းမာရေးအတွက် စုစည်းမိတာလေးတွေပါ။

၁. အသည်းနဲ့ ကလီစာများသည် လုပ်ဆောင်မှုတူသည့်အပြင်ဆက်စပ်နေကြသည် ။ ထို့ကြောင့် အသည်း တွင် တစ်ခုခုဖြစ်ပါက ကလီစာများတွင်လည်းတစ်ခုခုဖြစ်နိုင်သည် ။ ကလီစာတွင် တစ်ခုခုဖြစ်လျှင် အသည်း တွင်လည်းထိခိုက်နိုင်သည် ။

၂. အသည်းမှာ ဒါဏ်ရာအနာတရဖြစ်ပါက သာမန်အားဖြင့် မခံစားရပါ ။ မည်သည့်နည်းနှင့်မှ မသိနိုင်ပါ ။ ကင်ဆာအတော်များများ မဖြစ်ခင်တွင် အသည်းသည် အရင်ဆုံး ပျက်စီးရသည် ။ ထို့ကြောင့် အသည်းကို သေသေချာချာ ဂရုစိုက်ပါက ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်ပေသည် ။

၃. အသည်းသည် ကိုယ်ခန္ဓာ တစ်ခုလုံး၏ အဆိပ်အတောက်များကိုဖယ်ရှားပေးရသည် ။ ထို့ပြင်ကိုယ်ခန္ဓာ အတွင်းရှိဗိုင်းရပ်(စ် )ပိုးများကိုလည်း တိုက်ခိုက်ရသည် ။

၎. အသည်းသည် ၂၄ နာရီပတ်လုံး အလုပ်လုပ်သည်ဟု ဆိုသော်လည်း ၄င်းကိုယ်တိုင်လည်း ဆားဗစ်စင် ပြန်လုပ်ရသည် ။ ထိုအချိန်သည် ၊ ည (၁၁) နာရီမှ မနက်စောစော (၃) နာရီ ကြား တွင် ဖြစ်သည် ။ထို့ကြောင့် ည (၁၁) နာရီနောက်ပိုင်းမှ အိပ်ခြင်း ၊ ညစာကို နောက်ကျမှ စားခြင်းသည် အသည်းကို အားနည်းစေသည် ။ ထို့ပြင် မအိပ်ခင် (၂) နာရီ အတွင်း အသားနှင့် အဆီများစားခြင်းသည် အသည်းကို အားနည်းစေသည် ။ အဘယ်ကြောင့်ဆိုသော် စားသုံးထားသောအဆီများကို ချေဖျက်နေရသောကြောင့် အသည်းသည် နားချိန် မရဘဲ အလုပ်လုပ်နေရသည်။ ညအိပ်ယာဝင်နောက်ကျ သဖြင့်မနက်တွင် နေမြင့်သည်အထိ အိပ်စက်ခြင်း ၊ နေ့လည်စာ မစားခင် တရေး အိပ်ခြင်းတို့သည် အိပ်ရေးဝရုံသာရှိသော်လည်း ၊အသည်းအတွက် မည်သို့ အကျိုးမျှ မရရှိစေပါ ။

၅. အကယ်၍ ည အိပ်ယာဝင်ခါနီးတွင် ဗိုက်ဆာပါက ၊ အသီးအနှံစားသုံးနိုင်ပါသည် ။ ထိုအစာများသည် အစာ ကျေလွယ်သည် ။ အသားသည် စားသုံးပြီး(၄)နာရီကြာမှ အူမကြီးသို့ ရောက်သည် ။ထိုအသားကိုပင် အဆီများ များနှင့်ချက်ထားပါက (၁၂)နာရီကြာမှ အူမကြီးထဲသို့ ရောက်သည် ။ ထို့ကြောင့် ည အိပ်ယာဝင်ခါနီးတွင် ထိုအရာများ မစားသုံးသင့်ပေ ။အကယ်၍ စားသုံးမိပါက အသည်းသည် ထို အဆိပ်အတောက်များ ကို ဖယ်ရှား နေရသောကြောင့် မနားရပေ ။ မနက်စောစော အိပ်ယာထစာတွင် ပင်ပန်းသည်ဟု ခံစားရခြင်းမှာ အထက်ပါ
အကြောင်းများ၏ရလာဒ်ဖြစ်သည် ။ ထို့ကြောင့် ည အိပ်ယာဝင်ခါနီးတွင် အသီးအနှံစားပါက မနက် အိပ်ယာထ တွင် အားအင်ပြည့်ဖြိုး လန်းဆန်းနေပါမည် ။

၆. အဆီသည် အသည်း၏ အဓိက ရန်သူဖြစ်သည် ။ အဆီသည် အသည်း၏ လုပ်ငန်းများကို ပျက်စီးစေပြီး အသည်းကိုလည်း အားနည်းစေသည် ။ ဆေးစားခြင်းဖြင့်လည်း အသည်းကို ပြန်လည်ကောင်းမွန်အောင် မလုပ်နိုင်ပေ ။ ဆေးတွင်ပါဝင်သော အခြားဓာတု ဒြပ်ပေါင်းများကို အသည်းက ထပ်မံ ချေဖျက်နေရသည်။

၇. သံလွင်ဆီ ၊ မုန်လာဥ ၊ သခွားသီး ၊ ငရုပ်သီးစိမ်း ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဆား ၊ ရွှေဖရုံသီးနှင့် အရိုးပါ စားနိုင်သော ငါးကလေးများသည် ၊ ခန္ဓာကိုယ်အတွက်ကောင်းမွန်သော အစာများဖြစ်သည် ။ နှမ်းဆီ သည်လည်း ခန္ဓာကိုယ်အတွက် ကောင်းမွန်သည် ။

၈. အစာကို ကြာရှည်ခံစေသော ဓါတုဆေး ၊ အရောင်တင်ဆေးနှင့်ကြာဆံသည် အလျူမီနီယံ ဓါတ်ပါခြင်း ကြောင့် မကောင်းပါ ။ ပိုးသတ်ဆေးနှင့်အရောင်ချွတ်ဆေးသည် အသည်းအတွက် မကောင်းပါ ။ ဆေးစား မှားခြင်းကြောင့်အသည်းကို ပျက်စီးစေသည် ။ ကျူံ့သွားစေသည် ။ မိုက်ခရိုဝေ့ မီးဖိုကရောင်ခြည်သည် ၊ အစားအစာတွင် ပါဝင်သော အာဟာရဓါတ်အားလုံးကို ပျက်စီးစေသည် ။

၉. အင်္ဂလိပ်ဆေးဝါးများသည် ဓါတုနည်းနှင့် ဖော်စပ်ထားသောကြောင့်အသည်းအတွက် မကောင်းပါ ။ တရုတ် ဆေးများသည် ကျောက်ကပ်အတွက် မကောင်းပါ ။ မုန်လာဥဖြူက တရုတ်ဆေးတွင် ပါဝင်သော ဆေးစွမ်းကို ဖျက်ဆီးသည် ။

၁၀. ကလေးများ အိပ်ယာဝင်နောက်ကျခြင်းသည် မှတ်ဥာဏ်နှင့်စဉ်းစားဥာဏ် ကို အားနည်းစေသည် ။

၁၁. အကောင်းဆုံး အိပ်ချိန်သည် ည (၉) နာရီနှင့် (၁၁) နာရီကြားတွင် ဖြစ်သည် ။ များများအိပ်ခြင်းဖြင့် အသည်းကိုကောင်းမွန်စေသည် ။ နလံထစ လူနာများသည် အိပ်ရေးဝအောင် အိပ်ရသည် ။

၁၂. သဘာဝ အစားအစာများသည် အသည်းအတွက်ကောင်းမွန်သည် ။ စည်သွပ်ဗူး စားသုံးခြင်း ၊ စည်သွပ် အချိုရည်သောက်သုံးခြင်း များသည် အာဟာရ မဖြစ်ပါ ။

၁၃. စိတ်ဓါတ်နှင့် ခံစားမှု ညီမျှနေရန် အရေးကြီးသည် ။စိတ်ဖိစီးမှုများခြင်း ၊ အသံ ဆူညံခြင်း ၊ ဒေါသထွက်ခြင်း ၊ ကြာရှည်စွာအောင့်အည်းသည်းခံခြင်း ၊ အဆိုးမြင်ဝါဒ ၊ စိတ်ကျရောဂါ ၊ ရည်ရွယ်ချက်မဲ့ ဘ၀၊ တန်ဖိုးမရှိသော ဘ၀နှင့် လူတကာကို အပြစ်တင်တတ်သော စိတ်များသည် ၊ခန္ဓာကိုယ်ကို အားနည်းစေသည် ။ လူတစ်ယောက် ၏ အသည်းသည် မကျန်းမာပါက ထိုလူသည် ၊ဒေါသထွက်လွယ်ခြင်း ၊ စိတ်တိုခြင်း ၊စိတ်ကောက်လွယ်ခြင်း များကိုဖြစ်ပေါ်ခံစားရသည် ။

၁၄. လေလည်ခြင်း ၊ ချွေးထွက်ခြင်း ၊ ဆီးသွားခြင်းတို့သည်ခန္ဓာကိုယ်အတွင်းရှိအညစ်အကြေးများကို စွန့်ပစ် ခြင်းပင် ဖြစ်သည် ။လေအေးခန်းထဲတွင် ကြာရှည် နေပြီး ချွေးထွက်နည်းပါက ကျန်းမာရေး မကောင်းနိုင်ပါ ။ သဘာဝအရ လေလည်ခြင်း ၊ ချွေးထွက်ခြင်းနှင့် ဆီးသွားခြင်းများသည် အသည်းအတွက်ကောင်းစေသည် ။ ပြူတင်းပေါက်များကို ဖွင့်၍ သဘာဝလေကောင်းလေသန့်များကို ရှုသင့်သည် ။

၁၅. ခန္ဓာကိုယ် တစ်နေရာ ရာတွင် အနာတရဖြစ်ပါက နွေးအောင် ပြုလုပ်ပေးခြင်းဖြင့် နာကျင်ခြင်းကို လျော့ပါး သွားစေပါသည် ။ ရေနွေးကန်တွင် စိမ်ခြင်းသည်လည်း ကျန်းမာရေးအတွက်ကောင်းပါသည် ။ သို့သော် နှလုံး ရောဂါရှိသူများ သတိထားရန်မှာ ၊ ရေနွေးကန်ထဲစိမ်ခြင်းလျှင် ရင်ဘတ်ကို မစိမ်မိပါစေနှင့် ။ အဘယ်ကြောင့် ဆိုသော် အပူဓါတ်သည် နှလုံးပို၍ အလုပ်လုပ်စေသဖြင့် နှလုံးအတွက် မကောင်းပါ ။

၁၆. ဆန်လုံးတီး ၊ ဂျူံကြမ်း ၊ ကွေကာအုတ် ၊ ကန်စွန်းဥ ၊ ပိန်းဥ နှင့် ပြောင်းဖူး စသည်တို့ စားသုံးခြင်းသည် ၊ ကျန်းမာရေးအတွက်ကောင်းပါသည် ။

၁၇. သွေးအုပ်စု အေ အမျိုးအစားရှိသူများသည် ၊ ကင်ဆာရောဂါ ဖြစ်ရန် အလားအလာများသည် ။ ထို့ပြင် သွေးအုပ်စု အို အမျိုးအစားရှိသူများသည် အသည်းရောဂါဖြစ်နိုင်ရန် အခွင့်အရေးများသည် ။

၁၈. မိန်းမများသည် ပို၍ အသက်ရှည်ကြသည် ။ အဘယ်ကြောင့် ဆိုသော် မိန်းမတို့ သဘာဝ ရာသီသွေး လာခြင်းဖြင့် ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးနှင့်ဒေါသကို မှန်မှန် စွန့်ထုတ်၍ စိတ်ဓါတ်ကို ပို၍ တည်ငြိမ် စေသည် ။

၁၉. ၀သော သူများသည် ပုံမှန်အားဖြင့် အစားအစာ တရားလွန်စားကြသည့်အတွက် အသည်း ၊ နှလုံးနှင့် အူလမ်းကြောင်းတွင် မကျန်းမမာ ဖြစ်တတ်သည် ။ နှလုံးကို ထိခိုက်လျှင် ပုံမှန်အားဖြင့် သွေးဖိအားလည်း
ထိခိုက်ပြီး သွေးတိုးရောဂါ ဖြစ်တတ်သည် ။

၂၀. အစာအိမ် ရောဂါ ရှိသူများသည်လည်း အစာများများနှင့်အဆီများများ စားခြင်းနှင့် ပတ်သက်သည် ။

၂၁. နှလုံးနှင့် သားအိမ်သည် ဆက်နေသည် ။ တစ်နေ့လျှင် ရေ (၂) ပုလင်းမှ (၃) ပုလင်း မှန်မှန် သောက်ပေး ခြင်းဖြင့် ကျန်းမာစေသည် ။

၂၂. မလိုအပ်ဘဲ အိပ်စရေး (X-ray) ရိုက်ခြင်း (C.T. Scan ) လုပ်ခြင်းတို့ကို မလုပ်ပါနှင့် ။ ကိုယ်ခန္ဓာကိုထိခိုက် စေပါသည် ။ နှစ်စဉ်ပုံမှန် ဆေးစစ်ခြင်းဖြင့် ကင်ဆာရောဂါနှင့် တခြားရောဂါများကို မသိနိုင်ပါ။ ပုံမှန် ဆေးစစ် ၍ သိရသော အချိန်တွင် ၊ ရောဂါအများစုသည်ရောဂါရင့်နေကြပေပြီ ။ မည်သည့် ရောဂါဖြစ်စေခွဲစိတ်မည်ဆိုလျှင် ၊ဆရာဝန်(၂)ဦး ၊ သို့မဟုတ် ၊ (၃) ဦးနှင့် တိုင်ပင်ဆွေးနွေးပြီး အကြံဥာဏ်တောင်းပါ ။

၂၃. အသီးအရွက်မှ ဗီတာမင်စီ ( Vitamin-C ) သည် ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်များကို ထုတ်ပစ် ရာ၌ အလွန် အသုံးဝင်သည် ။

၂၄. နံနက်စောစော (၅) နာရီနှင့် (၇) နာရီ ကြားအချိန်သည် မစင်
စွန့်ခြင်းအတွက် အကောင်းဆုံးအချိန် ဖြစ်သည် ။ သို့မဟုတ်လျှင် အူသိမ်သည် မစင်မှ အဆိပ်အတောက်ကို စုပ်ယူပေလိမ့်မည် ။ထိုအကြောင်း များကြောင့်ဝမ်းချူပ်သူများ နေထိုင်မကောင်းကြခြင်းဖြစ်သည် ။

၂၅. သည်းခြေတွင် ကျောက်တည်ခြင်း ၊ အသည်းနှင့် ဦးနှောက်တွင် ကျောက်တည်ခြင်းများသည် အသားနှင့် အဆီမှ အဆိပ်အတောက်များကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည် ။

၂၆. ကယ်လ်စီယမ် ( ထုံး၊ ဂေါ်ဖီပန်း ၊ သဘောင်္သီး ) နှင့် သံဓါတ် ၊(ထန်းလျက် ၊ ဟင်းနုနွယ် ) စသည်တို့သည် ၊ သည်းခြေ နှင့် ကျောက်ကပ်ကိုသန်မာစေသည် ။

၂၇. မျက်စိဝါနေလျှင် အသည်းနှင့် သည်းခြေတွင် ပြဿနာရှိသည် ။

၂၈. အနီရောင်ရှိသော အသီးအရွက်များသည် ဦးနှောက်နှင့်နှလုံးအတွက်ကောင်း၏ ။ အ၀ါရောင် ရှိသော အသီးအရွက်များသည်အစာချေခြင်းအတွက်ကောင်း၏ ။

၂၉. သွေးပေါင်နည်းနေသော်လည်း နေထိုင်ကောင်းနေလျှင် မစိုးရိမ်ရပါ ။

၃၀. မျက်နှာတွင် ၀က်ခြံ ထွက်ပေါ်လာခြင်းသည် သွေးထဲမှအဆိပ်အတောက်များကို မဖယ်ရှားနိုင်ခြင်း လက္ခဏာ တစ်ရပ်ပင် ဖြစ်သည် ။

၃၁. နံနက်စောစော အချိန်တွင် လေ့ကျင့်ခန်းလုပ်ခြင်းသည်အကောင်းဆုံးဖြစ်သည် ။ အဘယ်ကြောင့်ဆိုသော် သစ်ပင်ပန်းမာလ်များမှအောက်ဆီဂျင်ကို နံနက်ပိုင်းတွင် အများဆုံးရခြင်းကြောင့် ဖြစ်သည် ။ညနေခင်း အချိန် တွင် သစ်ပင်များမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်သည့်အတွက်လေ့ကျင့်ခန်းလုပ်ရန် မသင့်လျှော်ပါ ။

၃၂. ခေါင်းကိုက်ခြင်းသည် နှလုံးမှ သွေးများတွင် အောက်ဆီဂျင်ပမာဏ နည်းပါးနေခြင်းကို ပြသသော ရောဂါ လက္ခဏာ တစ်ရပ် ဖြစ်သည် ။

၃၃. မျက်ကွင်းညိုခြင်းသည် အသည်းနှင့် ကျောက်ကပ် အားနည်းနေခြင်းကို ပြသည် ။ ထိုအတွက်ကြောင့် ညဉ့်နက်သန်းခေါင် အလုပ်လုပ်သူများ အသည်းအနားမရ၍ မျက်ကွင်းညိုကြခြင်းဖြစ်သည် ။

၃၄. ရင်သားနှင့် ဆီးကျိတ်ကင်ဆာ ရှိသူများ ငန်သောအစားအစာနှင့်ပင်လယ်မျှော့ စားသုံးခြင်းကို ရှောင်ကြဉ် ရပါမည် ။

ဟိုက ဒီက စုစည်းမိတာလေးတွေကို ဗဟုသုတအဖြစ် မျှဝေရေးပေးတာပါ။
အသည်းရောဂါခံစားနေရသော လူသားများ အတွက် ကျန်းမာလာဘ်တစ်ပါး ဝမ်းမြောက်စေသည့် သခွတ်ပြုတ်ဆေးရည် ..


ဘီပိုး စီပိုး အသည်းသမားများ သခွတ်ကိုသောက် ရောဂါပျောက်၏
.( အသည်းရောဂါဖြစ်နေသော မိသားစုဝင်များအား စိတ်ချမ်းသာမှု့  ဖြစ်စေပြီး လူ့ သက်တမ်းအပြည့်နေနိုင်သောကြောင့် Mg Mandalay မှ လေးနက်စွာ မျှဝေပါသည် ။ )

အခုဖော်ပြသော သခွတ်အစွမ်းကြောင့် စီပိုး အသည်းသမားသည် ပိုးကောင်ရေ သိန်းချီရာမှ ဆယ်ဂဏန်းမျှသာကျန်ရှီတော့ပြီး ရောဂါမှာ သိသိသာသာ ပျောက်ကင်းသွားသလောက်ဖြစ်သွားသောကြောင့် အသည်းအထူးကု ဒေါက်တာ ခင်မောင်ဝင်း ဆရာကြီးကိုယ်တိုင်အံ့အားသင့်လို့  သခွတ်သောက်သော လူနာကို မှတ်တမ်းအပြု့ ခံလိုက်ရသော မြန်မာတို့ ၏ သခွတ်ပင် သာဖြစ်ပါသည် ။
ဆရာကြီးစီမှာ အသည်းအတွက် သောကများစွာ ငွေမြောက်များစွာ ကုန်ကျနေပြီးမှ ရရှိလာသော အစွမ်းထက်ဆေးနည်းလည်း ဖြစ်ပါသည် ထို စီပိုးလူနာ၏ ကိုယ်တွေ့ ဆေးဖြစ်သောကြောင့် လူနာကိုယ်တိုင်းမှ ဌင်းကဲ့သို့  ပိုက်ဆံ ရာပေါင်းများစွာ ကုန်ကျခြင်းလည်း မရှိစေဘဲ တကယ်လည်း သောက် တကယ် စီပိုးပျောက်ခဲ့ရလို့  သူကိုယ်တိုင်လည်း ဆေးကုသိုလ် ပြု့ နေပါသေးသည် ။

လုပ်ဆောင်သောက်သုံးရန်မှာ
.
သခွတ်ပင်၏ အပွင့် အရွက် အခေါက် တို့ကို ယူပါ အပွင့်နှင့်အရွက်ကိုတော့ နေအနည်းရသော နေရာမှာ အခြောက်ခံလိုက်ပါ ( လက်ဖက်ခြောက်လို့ လည်း သောက်သုံးလို့ ရနိုင်စေရန် အတွက် ) အခေါက်ကိုတော့ ရေဆေးပြီး ကြာရှည်သိမ်းထားလို့ ရအောင် နေဖန့် ဖန့် ပြပြီး အခေါက်ကို သုံးစွဲ ရပါမည် ။

ဆေးရည်ကျိုနည်း
.
ပထမဦးစွာ ဆေးကျိုရန်အတွက် မြေအိုးအသစ်တလုံးကို ရယူပါ
မြေအိုးထဲ့တွင် သခွတ်ပွင့် ၊ အရွက် နှင့် အခေါက်တို့ ကို ရေနဲ့  သုံးခွက်တခွက်ကျော်ကျော်လောက် ပြုတ်ပြီး သောက်သုံးပေးပါ တနေ့ ကို သုံးကြိမ်( သို့  ) နှစ်ကြိမ်လောက် လုပ်ဆောင်သောက်သုံးပေးပါ ။ အခေါက်တစ်မျိုးတည်းကိုလည်း ကြိုချက်သောက်သုံးနိုင်ပါသည် ။
အရွက်အခြောက်နှင့် အပွင့်အခြောက်ကိုတော့ အောက်ဖော်ပြပါ အတိုင်း သောက်သုံးလည်း ရပါသည် ။

အရွက်ခြောက်နဲ့  အပွင့် ခြောက်အနည်းငယ်ကိုလည်း လက်ခြောက်ပုံစံပြုလုပ်ပြီးတော့လည်း ဆေးအဖြစ်သောက်သုံးနိုင်ပါသေးသည် ၊ လက်ဖက်ခြောက်ခပ်သည့် ပုံစံလို လက်ဖက်ခြောက်အစား သခွတ်အရွက်ခြောက်နှင့် အပွင့်ခြောက် အနည်းငယ်ထည့်ခပ် ရေနွေးကြမ်း သောက်သုံးသလို့ လည်း လုပ်သောက်ခြင်းဖြင့် အသည်းရောဂါအတွက် ကြိုတင်ကာကွယ်ခြင်း အကျိုးကျေးဇူးရရှိပါသည် ၊

သခွတ်ဆေးရည် သည် အသည်းနဲ့ ပတ်သက်သော အသည်းအဆီဖုံးခြင်းနှင့် ဘီပိုး စီပိုး အသည်းရောဂါ ဖြစ်နေသူများ အတွက် အကောင်းဆုံး ဆေးစွမ်းထက်မြတ်ပေးစွမ်းနိုင်သော သခွတ်ပင်၏ ကျေးဇူးများသာ ဖြစ်ပါတော့သည် ။


ရောဂါဟူသမျှ တခဏဖြစ်ကြပါစေ

အသက်ရာကျော် ရှည်ပါစေ ....










Tuesday, July 9, 2013

မိန်းမသားများ အောင်မြင်ခြင်းအကြောင်းတရား ......

လောကကြီးမှာ လူဖြစ်ရတာခြင်းအတူတူ ဒီထဲကမှ မိန်းမသားဖြစ်ရတာခြင်းအတူတူ အောင်မြင်မှုမတူ ဘာကြောင့်များ အခြေနေတွေ ကွာခြားနေရတာပါလဲ။ အောင်မြင်ထင်ရှား မိန်းမသားတွေ ကတော့ အောက်ပါ အချက်အလက်တွေကို ပိုင်ဆိုင်နေတယ်ဆိုတာ သတိထားမိစေဖို့ တင်ပြလိုက်ပါတယ်။

(၁) ထူးကဲတဲ့ ဝီရိယရှိကြတယ်
အောင်မြင်ထင်ရှားမိန်းမသားတိုင်းမှာ သူများထက်ထူးတဲ့ ဝီရိယကို ပိုင်ဆိုင် ထားကြတယ်ဆိုတာ မမေ့သင့်ပါဘူး။ အချိန်တန်ရင် သူ့အလိုလို ဖြစ်သွားမှာ ဆိုတဲ့ စကားကို လုံးဝအယုံအကြည်မရှိတဲ့ မိန်းမသားများပေါ့။ သူတို့ဟာ သူတို့ လုပ်ဆောင်စရာရှိသမျှကို ကြိုတင်ပြင်ဆင်တတ်ပြီး သူများထက်အရင် ဦးစွာပြီးစီးစေခြင်းဖြင့် အောင်မြင်မှုကို ရယူတတ်ပါတယ်။

(၂) ကတိတစ်လုံး စကားတစ်ခွန်းကို တန်ဖိုးထားတတ်ကြတယ်
သူတို့ဟာ ပြောပြီးသားစကားတစ်ခွန်း ပြန်ပြင်ဖို့အတွက်ကိုအင်မတန်ဝန်လေး တတ်ကြပါတယ်။ ပေးပြီးသားကတိအတွက် ဖျက်ရမယ်ဆိုရင်တော့ အ သက်သာ အသေခံချင်တော့တယ်ဆိုတဲ့ အစားမျိုးပေါ့။ အောင်မြင်ထင်ရှား မိန်းမသားများဟာ ဒီလို စကားတည်ခြင်း ကတိမြဲခြင်းတို့နဲ့ပဲ သူ့ပတ်ဝန်း ကျင်က ပြိုင်ဘက်တွေကို ကျော်လွှာအနိုင်ရသွားတတ်မြဲပါ။

(၃) ကိုယ်ကျင့်တရားကို တန်ဖိုးထားတယ်
ပုထုဇဉ်ဆိုတာကတော့ ဖောက်ပြန်တတ်တဲ့ သဘာဝရှိကြတာချည်းပါပဲ။ ဒါပေမဲ့ အောင်မြင်ထင်ရှား မိန်းမသားတွေကတော့ ဖောက်ပြန်ချင်တဲ့စိတ်ကို သူတို့ရဲ့ ဟီရိသြတ္တပ တရားက ပြန်လည်ထိန်းချုပ်ပြီး ကြည့်လိုက်တာနဲ့ တည်ကြည်ခြင်း အပေါင်းစုလို့ သူတို့ရဲ့မြဲမြံတဲ့ ကိုယ်ကျင့်တရားကြောင့် လူကြည်ညိုစရာ အလိုလိုဖြစ်နေတတ်တာ သူတို့ရဲ့ သဘာဝပါ။

(၄) ကိုယ်ချင်းစာစိတ်ရှိကြတယ်
ကိုယ်ချင်းစာစိတ်မရှိရင် အောင်မြင်ပေမယ့် မထင်ရှားဘူး၊ ထင်ရှားမှုရှိလည်း မအောင်မြင်ဘူး။ အောင်မြင်ထင်ရှားနေပြီဆိုရင်တော့ သေချာပါတယ် သူ ဟာ ကိုယ်ချင်းစာတရားရှိသူ ဖြစ်ပါတယ်။ ကိုယ်တွေ ကိုယ်တွေ ချင်းသာ စာနာတတ်သူကတော့ လူမုန်းများတတ်ပြီးကိုယ်တွေက အများကို စာနာ တတ်မှသာ လူချစ်လူခင်များတဲ့ အောင်မြင်ထင်ရှားသူအစစ်ပါ။

(၅) သူများရဲ့အရည်အချင်းကို တန်ဖိုးထားတယ်
တကယ့်အောင်မြင်ထင်ရှားသူတွေဟာ ကိုယ့်အရည်အချင်းတွေ တိုးမြင့်နေဖို့ ပဲ ကြိုစား၊ ကိုယ့်အရည်အချင်းကိုဘဲ ကိုယ်အသိအမှတ်ပြုတဲ့တစ်ကိုယ်တော် သမားမဟုတ်ပါဘူး။ သူတို့ဟာ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ အရည်အချင်း ရှိသူ မှန်သမျှကို ချီးမြှင့်အားပေးလိုတဲ့ စိတ်ထားပိုင်ရှင်တွေပါ။

(၆) ဒေါသကို ထိန်းချုပ်နိုင်ကြတယ်
အင်မတန်သိသာတဲ့အချက်ပါ၊ သူတို့ဟာ ဖြစ်ပျက်ကြုံဆုံလာရတဲ့ အကြောင်း အရာမှန်သမျှအပေါ်မှာ သွေးအေးစွာ ဖြေရှင်းနိုင်သူတွေပါ၊ ဒေါသထွက်ခဲ့ရင်တောင် လျင်မြန်စွာ ပြန်လည်ထိန်းချုပ်နိုင်တဲ့ အသိတရားတွေ ပိုင်ဆိုင်တတ် ကြပါတယ်။ ဒေါသထွက်လွန်းလို့ ရင်တွင်းဆူပွက်နေခဲ့ရင်တောင် သူ့ဒေါသ ကိုသူပဲ အသိခံပြီး ဒေါသကြောင့် အမှားတရားတွေကို ဖန်တီးမယ့်သူမျိုး မဟုတ်ပါဘူး။
ကမ္ဘာပေါ်ရှိ အမျိုးသား၊ အမျိုးသမီးများအားလုံး ထက်မြက်အောင်မြင်သော သူများဖြစ်နိုင်ကြပါစေဟု ဆန္ဒပြုလျက်.......

Fwd : ကျန်းမာရေး ဗဟုသုတ စာတိုများစုစည်းမှု ......


လူသားတို့၏ ခန္ဓာကိုယ်သည် အံ့သြဖွယ် စွမ်းရည်များဖြင့် ဖွဲ့စည်း တည်ဆောက် ထားပါသည်။ ထိုစွမ်းရည်များ ထဲမှ တစ်ခုသည် နာမကျန်း ဖြစ်နေပြီဆိုပါက ထိုအကြောင်းကို ခန္ဓာကိုယ်၏ အစိတ်ပိုင်း တစ်ခုခုက ပြသနေတတ်ခြင်းပင်ဖြစ်သည်။

နံနက်ခင်း မျက်နှာ သစ်ပြီးစ အချိန်တွင် လူသားတိုင်း တစ်ကြိမ်တော့ မှန်ကြည့် မိတတ် ကြပါသည်။ ထိုအချိန်မျိုးတွင် အချိန် အနည်းငယ်မျှ ပေး၍ ကြေးမုံပြင်တွင် ထင်ဟပ်နေသော မိမိတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်း ပုံရိပ်များကို ကြည့်ရှု စစ်ဆေး ပေးခြင်းဖြင့် ကျန်းမာရေး ယိုယွင်းလာမှု၏ အစောပိုင်း လက္ခဏာများကို သိမြင် လာနိုင်သည်ဟု ကျန်းမာရေး ဆိုင်ရာ ပညာရှင်တို့ ဆိုကြပါသည်။ ထိုအချိန်မျိုးတွင် မိမိခန္ဓာကိုယ်မှ- (၁)လက်သည်း (၂)ချိုင်း (၃)မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင်ဆစ် (၄)ဦးရေပြား (၅)ဝမ်းဗိုက် (၆)လျှာ (၇)မျက်စိ တို့ကို ကြည့်ရှု စစ်ဆေး သင့်ကြောင်း ပညာရှင်တို့ အကြံပြု ထားပါသည်။
(၁)လက်သည်း လူသားတို့၏ အရေပြားတွင် ခုံးထနေသော မှဲ့များ တွေ့ရ တတ်ပါသည်။ ထိုမှဲ့များသည် အရေပြား ကင်ဆာ၏ ရှေးဦးသင်္ကေတ ဖြစ်နိုင်ပါသည်။ မှဲ့ကင်ဆာသည် လက်သည်း၏ အောက်ဖက်တွင်လည်း ဖြစ်ပွားနိုင်ပါသည်။ လက်သည်းပေါ်မှ အဝါရောင်၊ အညိုရောင်၊ အမည်းရောင် အစင်းများသည် အရေပြားကင်ဆာ၏ ရှေးဦးပုံရိပ်ဖြစ် နေတတ်ပါသည်။ အဘယ်ကြောင့် ဆိုသော် ထိုအစင်းများသည် မှဲ့ကင်ဆာကြောင့် ဆဲလ်များ ထိခိုက် ပျက်စီးရာမှ ဖြစ်ပေါ်လာတတ် သောကြောင့်ဖြစ်သည်။ မှဲ့ကင်ဆာသည် အရေပြား ကင်ဆာများ ထဲတွင် အသေအပျောက် အများဆုံးသော ရောဂါ ဖြစ်သည်ဟု နယူးယောက် စီးတီးမှ အရေပြား အထူးကု ဒေါက်တာ အေရီအော့စတိက ဆိုပါသည်။ သို့ရာတွင် စောစီးစွာ သိရှိကုသ နိုင်ပါက ၉၅ရာခိုင်နှုန်းမှာ ပျောက်ကင်း နိုင်ပါသည်။ ထို့ကြောင့် လက်သည်းများကို ကြည့်ရှု စစ်ဆေး ပေးခြင်းဖြင့် အထက်ပါ အချက်များကို စောစီးစွာ သိနိုင်မည် ဖြစ်သည်။ လက်သည်းပေါ်တွင် အဖြူအစင်းများ ရှိနေပြီး ပင်ပန်း နွမ်းနယ်မှု ဒဏ်ကို ခန္ဓာကိုယ်က ခံစားနေရပြီ ဆိုပါက သတိထား သင့်ပါသည်။ အဘယ်ကြောင့် ဆိုသော် ထိုအချက်သည် ကျောက်ကပ်များ လုပ်ဆောင်မှု အားနည်းရာမှ ဖြစ်ပေါ် လာတတ်သော သင်္ကေတ ဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ထိုအဖြူစင်း များသည် ဆီးတွင် ပါသွားသော အသားဓာတ်များကို ကျောက်ကပ်က ပြန်လည် စုပ်ယူမထား နိုင်ခြင်း သင်္ကေတ ဖြစ်သည်ဟု ဒေါက်တာ အော့စတိက ဆိုပါသည်။ ဆိုလိုသည်မှာ ခန္ဓာကိုယ်သည် အသားဓာတ် ထိန်းသိမ်း ထားနိုင်မှုထက် ဆုံးရှုံးမှုက ပိုများနေကြောင်း၊ ကျောက်ကပ်များ လုပ်ဆောင်မှု အားနည်း နေကြောင်းကို ညွှန်ပြခြင်း ဖြစ်သည်။ ထို့ကြောင့် ဆရာဝန်နှင့် ပြသကာ ဆီးစစ်ရန် လိုအပ်ကြောင်း ညွှန်ပြနေသော အမှတ်အသားဟု ဆိုရမည် ဖြစ်သည်။

(၂)ချိုင်း တစ်ခါတရံ ချိုင်းတွင် ကြမ်းတမ်းသော အမည်းကွက်များ မြင်တွေ့ရလေ့ ရှိပါသည်။ နေရောင်ဒဏ်ခံ အဆီ သုတ်လိမ်း ထားခြင်း ကြောင့်မဟုတ်ပါက ထိုသင်္ကေတသည် ဆီးချို၊ သွေးချို ရောဂါရှိနေခြင်း သင်္ကေတဖြစ်နိုင်သည်ဟု Web MD's Chief Editor ဒေါက်တာ မိုက်ကယ်စမစ်က ဆိုပါသည်။ သွေးထဲတွင် အင်ဆူလင် အမြောက်အများ ရှိနေခြင်းသည် အရေပြားဆဲလ် များကို လျင်မြန်စွာကွဲပြားစေပြီး တစ်ရှုးနှင့်မယ်လနင် ဓာတ်ဖြစ်ပေါ်နှုန်း မြင့်မား စေပါသည်။ ထိုအခါ အရေပြားသည် ကြမ်းတမ်းပြီး ပိုမည်းလာပါသည်။ အများအားဖြင့် ချိုင်းကြား၊ လည်ပင်း၊ ပေါင်ခြံများတွင် အမည်းကွက်များ တွေ့ရတတ်သည်ဟု ဒေါက်တာ မိုက်ကယ် စမစ်က ဆိုပါသည်။ ထို့ကြောင့် ချိုင်းတွင် ကြမ်းတမ်းသော အမည်းကွက်များ တွေ့ရပါက ဆီးချို၊ သွေးချိုရောဂါ ရှိမရှိကို စစ်ဆေးသင့်ကြောင်း အကြံပြုပါသည်။ ဆီးချို၊ သွေးချိုရောဂါသည် ရောဂါဖြစ်ပွား နေကြောင်းကို အများအားဖြင့် မသိရှိကြသော ရောဂါဖြစ်သည်။
(၃)မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင်ဆစ် မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင်ဆစ် တို့တွင် သေးငယ် ပျော့ပြောင်းသော အဖြူရောင်(သို့မဟုတ်) ဝါကျင်ကျင် အလုံးလေးများ တွေ့ရလျှင် သတိထား သင့်သည်ဟု ဒေါက်တာ စမစ်က ဆိုပါသည်။ ထိုအလုံး ကလေး မျာကိုလည်း တွေ့ရ၊ တစ်ချိန်တည်း မှာပင် ခန္ဓာကိုယ်တွင် ကိုလက်စထရော ပမာဏလည်း မြင့်တက်နေပါက အသက် အန္တရာယ်ရှိနိုင်သော နှလုံးရောဂါ၏ လက္ခဏာ ဖြစ်သည်။ ထိုလက္ခဏာကို သိရှိ မြင်တွေ့ရပါက ကျွမ်းကျင်သူ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေး သင့်သည်ဟုလည်း ဒေါက်တာ စမစ်က ဆိုထား ပါသည်။

(၄) ဦးရေပြား ဦးရေပြား အရေခွံများ ကျွတ်နေသည်ကို တွေ့ရပါက ထိုလက္ခဏာသည် စိတ်ဖိစီးမှု၏ လက္ခဏာ ဖြစ်သည်ဟု ဒေါက်တာစမစ်က ဆိုပါသည်။ ပြင်းထန်သော စိတ်ဖိစီးမှုသည် ခန္ဓာကိုယ်မှ ကော်တီဆုန်း ဟော်မုန်းကို အများအပြား ထွက်စေသည်။ ကော်တီဆုန်း ဟော်မုန်းသည် ကိုယ်ခန္ဓာခုခံအားနှင် ဇီဝ လုပ်ဆောင်မှုတို့ကို ပျက်ပြားစေသည့် အပြင် ဦးရေပြားကိုလည်း သွေ့ခြောက်စေသည်။ ဦးရေပြား သွေ့ခြောက်ပြီး အရေခွံများ ကျွတ်ခြင်းသည် ဗောက်ပျောက်စေသော ခေါင်းလျှော်ရည်များ သုံးစွဲခြင်းဖြင့် ခေတ္တ ပျောက်ကင်း စေနိုင်သော်လည်း လုံးဝ ပျောက်ကင်း သက်သာစေရန်မူ ဝလင်စွာအိပ်စက်ခြင်း၊ အသက် ပြင်းပြင်းရှုရှိုက်ခြင်း၊ အလုပ်မှ ခေတ္တအနားယူခြင်း တို့ပြုလုပ်ရန် လိုအပ် ပါသည်။
(၅)ဝမ်းဗိုက် အမျိုးသမီးများတွင် ဆီးခုံ အောက်ဖက်ပိုင်း၌ အမွေးနုများ ပေါက်လေ့ရှိသည်မှာ သဘာဝပင် ဖြစ်သည်။ သို့ရာတွင် အမွေးနုများ မဟုတ်ဘဲ အမွေးကြမ်းများ ဆီးခုံ တစ်လျှောက်တွင် မကဘဲ ဝမ်းဗိုက် အပေါ်ထိပါ ပေါက်လာပါက မျိုးဥအိမ်တွင် အရည်အိတ် များစွာ ဖြစ်ပေါ် ခြင်းကြောင့်ဖြစ်သော ရောဂါလက္ခဏာစုထဲမှ တစ်ခုဖြစ်နိုင်ကြောင်း တက္ကဆက် ဆေးတက္ကသိုလ် သားဖွားနှင့် မီးယပ်ဌာန ဒေါက်တာ ပါမာ လဘီရင်က ဆိုပါသည်။ ကျားဟော်မုန်း အများအပြား ထုတ်လုပ်မှုကြောင့် သွေးဆင်း များခြင်း၊ ကိုယ်အလေးချိန် တိုးခြင်း၊ ဝက်ခြံပေါက်ခြင်း၊ ဝမ်းဗိုက်၊ မျက်နှာ၊ ရင်ဘတ်နှင့် နောက်ကျော များတွင် အမွေးကြမ်းများ ပေါက်ခြင်း တို့ဖြစ်ပေါ် တတ်ပါသည်။ ထိုရောဂါ လက္ခဏာများ ဖြစ်ပေါ်နေသော အမျိုးသမီး(၁ဝ)ဦးတွင် (၅)ဦးသည် မျိုးမပွား နိုင်ခြင်းနှင့် နှလုံးရောဂါ ကဲ့သို့သော ရောဂါ အန္တရာယ်များ ကြုံတွေ့ ရတတ်ပါသည်။ ထိုလက္ခဏာများ ဖြစ်ပေါ်ပါက သားဖွားနှင့် မီးယပ်ဆရာဝန်နှင့် ပြသသင့်ပြီး ဟော်မုန်း ပမာဏ ထိန်းညှိရန် လိုအပ်ပါသည်။
(၆)လျှာ လျှာသည် ပုံမှန်အရောင် အဆင်းမဟုတ်ဘဲ အဖြူရောင် ဆေးသုတ်ထား သကဲ့သို့ ဖြူဆွတ်ဆွတ် ဖြစ်နေပါက အိပ်မောကျနေစဉ် အတွင်း အစာအိမ်မှအစာများ နောက်ပြန် ဖိတ်စင်မှုကြောင့် ဖြစ်နိုင်သည်ဟု ဒေါက်တာဖရိုင် ဟိုမာက ဆိုသည်။ ပုံမှန်အားဖြင့် အစာမျိုပြွန် အောက်ခြေရှိ တစ်ဖက်ပွင့် အဆို့ရှင်သည် အစာအိမ် အတွင်းသို့ ရောက်ပြီးသောအစာများကို နောက်ပြန် မဖိတ်စင်အောင် ပြုလုပ်ပေးသည်။ ထိုအဆို့ရှင် မလုံသောအခါ အစာခြေ အက်ဆစ်များ ခံတွင်း ဘက်သို့နောက်ပြန် ဖိတ်စင်သောကြောင့် လည်ချောင်းကွဲပြီး လျှာမှာ လည်း အက်ဆစ်များဖြင့် ဖုံးအုပ်နေကာ အဖြူရောင်ဖြစ်၍ ခံတွင်းနံ့ လည်း ဆိုးရွားနေ ပါလိမ့်မည်။ ထိုရောဂါ လက္ခဏာကို ပျောက်ကင်းစေရန် အက်ဆစ် ပြေဆေး သောက်သုံးခြင်း၊ (သို့မဟုတ်)အက်ဆစ်များသော အစား အစာ၊ ပူစပ်သော အစားအစာတို့ကို ရှောင်ကြဉ်ခြင်းဖြင့် ကုသနိုင် ပါသည်။ မသက်သာပါက ဆရာဝန်နှင့် ပြသရန် လိုအပ်ပြီး ခန္ဓာကိုယ် အတွင်းမှ အက်ဆစ် ထုတ်လုပ်မှု လျှော့ချရန် ဆေးဝါးများ သောက်သုံး သင့်ပါသည်။
(၇)မျက်စိ တစ်ခါတစ်ရံတွင် ရုတ်တရက် မျက်ကွင်း ညိုလာတတ်ပါ သည်။ မျက်ကွင်း ညိုရခြင်းတွင် အကြောင်းအရင်း များစွာ ရှိတတ်ပါသည်။ ညဥ့်နက် သန်းခေါင် တိုင်အောင် အလုပ်လုပ်ရသော အခါတွင် လည်း မျက်ကွင်း ညိုတတ်ပါသည်။ ထိုသို့မဟုတ်ပါလျှင် ရုတ်တရက် မျက်ကွင်း ညိုလာမှုသည် ဓာတ်မထည့်မှုကြောင့် ဖြစ်နိုင်ပါသည်။ လူ့ ခန္ဓာကိုယ်သည် ဓာတ်မတည့် ပစ္စည်းနှင့် တွေ့ဆုံပါက ဟစ္စတမင်း ဟူသည့် ဓာတုပစ္စည်း တစ်မျိုး ထွက်ရှိပါသည်။ ထိုဓာတုပစ္စည်းသည် သွေးကြောများကို သွေးနှင့် အခြား အရည်များဖြင့် ဖောရောင်စေပြီး အရေပြား၏ အပါးလွှာ ဆုံးနေရာတွင် အမည်းကွက်များ ဖြစ်ပေါ်စေပါသည်။ ထိုသို့ မျက်ကွင်းညို လာပါက အရေပြားဆိုင်ရာ စစ်ဆေးမှု ပြုလုပ်ခြင်းဖြင့် မျက်ကွင်းညိုခြင်း ဖြစ်စေသော ဓာတ်မတည့်သည့် ပစ္စည်းကို သိရှိ ကုသနိုင်ပါသည်။ တစ်ခါတစ်ရံတွင် မျက်သားအဖြူပေါ်၌ အနည်းငယ်ကြွတက် နေသော အဖုလေး တွေ့ရ တတ်ပါသည်။ သာမန်အားဖြင့် အန္တရာယ်မရှိသော မျက်သား တက်ခြင်း ဖြစ်နိုင်ပါသည်။ နေရောင်၊ လေ၊ ဖုန်မှုန့်များကြောင့် ဆက်သွယ်တစ်ရှုးများ အလွန်အမင်း ကြီးထွား လာခြင်းဖြစ် သည်ဟု မျက်စိ အထူးကု ဒေါက်တာ ထရေစီဂိုး စတိန်းက ဆိုပါသည်။ ထိုအဖုလေး ဆက်လက် ကြီးထွား မလာစေရန် မျက်စိစိုစွတ် နေစေမည့် မျက်စဉ်းကို အသုံးပြုရမည်ဖြစ်ပြီး အပြင်ထွက်လျှင် နေကာ မျက်မှန်တပ်ရန် လိုအပ်ပါသည်။ နံနက်ခင်း မျက်နှာသစ်ပြီး ချိန်တိုင်းတွင် မျက်ခုံးမွေးနှုတ်ရုံ၊ ဝက်ခြံညှစ်ရုံ သာမပြုလုပ်ဘဲ မိမိခန္ဓာကိုယ် အစိတ်အပိုင်းများကို ကြည့်ရှု စစ်ဆေး ပေးခြင်းဖြင့် အရေးကြီးသော ကျန်းမာရေး ဆိုင်ရာ သတင်း အချက်အလက်များကို ရှာဖွေ ကြည့်နိုင် ကြပါစေ။

Fwd: ရေးသားသူ — ဇော်လင်းမြင့် (ဆေး/မန်း) မြ၀တီ
အအေးမိရင်..ဘာတွေ လုပ်သင့် သလည်း။..နာဖာချေး အကြောင်း သိကောင်းစရာ...

မေး။ ။ ဒေါက်တာခင်ဗျာ... ကျွန်တော့်ရုံးမှာ အများစုက အအေးမိ နေကြပုံပေါ်ပါတယ်။ ရုံးကလည်း Air Con ရုံးဆိုတော့ တစ်ရုံးလုံး နှပ်တရှုပ်ရှုပ်နဲ့ အလုပ်လုပ်ပေါ့ ဆရာရယ်။
ကျွန်တော်သိလိုတာက အအေးမိတာ အမြန်ဆုံး ပြန်ကောင်းဖို့ ဘာလုပ်သင့်လဲ ဆိုတာပါ။ အအေးမိတယ်ဆိုတဲ့ လက္ခဏာကိုရော ဘယ်လို သိနိုင်မလဲဆရာ။ အအေးမိရင် ဘာတွေ လုပ်သင့်လဲ။ ဆောင်ရန်၊ ရှောင်ရန် ပြောပြပေးပါ။

ကိုတင်ဦး(ဒဂုံ)

ဖြေ။ ။ နှာခေါင်းနှင့် လည်ချောင်းအတွင်း ပိုးဝင် ပျံ့နှံ့တတ်သော အအေးမိ ရောဂါကတော့ ခုလိုကူးစက်ရောဂါ ကူးလွယ်၊ ဖြစ်လွယ်တဲ့ ရာသီမှာ အဖြစ်များကြပါတယ်။ နှာစေး၊ ချောင်းဆိုးသူက တစ်ဆင့် အနီးအနားကလူကို ကူးစက်စေပြီးနှာပိတ် သို့မဟုတ် နှာရည်ယိုခြင်း၊ နှာချေခြင်း၊ နှာပိတ်၍ အနံ့ခံ အာရုံချို့တဲ့ခြင်း၊ ခံတွင်းပျက်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်နွေးခြင်း (အနည်းငယ်ဖျားခြင်း) စတဲ့ လက္ခဏာတွေ ပေါ်တတ်ပါတယ်။ အအေးမိရောဂါဟာ တစ်ပတ်အတွင်း အလိုအလျောက် ပြန်လည် ကောင်းမွန်လေ့ရှိတဲ့ ရောဂါပါ။ အအေးမိလာပြီ ဆိုရင်တော့ စွပ်ပြုတ်၊ ကြာဆံပြုတ်တို့လို အရည်ပူပူကို သောက်ပေးပါ။ တစ်နေ့ ရေရှစ်ဖန်ခွက်ခန့် သောက်ရပါမယ်။ အကိုက်အခဲပျောက်ဆေး၊ အအေးမိ၊ နှာစေး၊ ချောင်းဆိုး ပျောက်ဆေးတွေ သောက်သုံးနိုင်ပါတယ်။ နှာပွင့်စေရန် ရေနွေးငွေ့ ရှူနိုင်ပါတယ်။ ပါရာစီတမော သောက်နိုင်ပါတယ်။

ဈေးကွက်ထဲမှာရှိတဲ့ အအေးမိတုပ်ကွေး အဖျား ပျောက်ဆေးတွေထဲမှာ အကိုက်အခဲ ပျောက်ဆေး၊ နှာပွင့်ဆေး၊ နှာစေးပျောက်ဆေးတွေ တစ်ပါတည်း ပါဝင်တတ်လို့ ဆေးပမာဏ လွန်ခြင်းမဖြစ်ရန် တခြား အကိုက်အခဲ ပျောက်ဆေးတွေနဲ့ တွဲဖက် မသောက်သုံးသင့်ပါ။ စိတ်ငြိမ်ဆေး သောက်သုံးသူ ဆိုရင်လည်း အဆိုပါ အအေးမိ၊ တုပ်ကွေးပျောက်ဆေးတွေ ကို ရှောင်ရှားသင့်ပါတယ်။ သွေးတိုး၊ နှလုံး၊ ဆီးချိုရှိ သူတွေဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ဆေးသောက် သုံးသင့်ပါတယ်။ ချောင်းဆိုး၊ နှာစေးနေသူ ဖြစ်တာကြောင့် မီးခိုးဖုန်ထူတဲ့ နေရာတွေ ကို ရှောင်ရှားပေးပါ။

အအေးမိသူတွေ အတွက်ကတော့ အရေးကြီးဆုံးက အရည်များများ သောက်ပေးဖို့ပါ။ ဖျားပြီလို့သိတာနဲ့ တစ်ရက်ခန့် ကောင်းမွန်စွာ အနားယူသင့်ပြီး ဓာတ်ဆားရည်များများ သောက်ပေးသင့်ပါ တယ်။ အာဟာရဖြစ်ပြီး အရည်များများပါတဲ့ ကြက်စွပ်ပြုတ်ရည်၊ ကြက်ပေါင်း ရည်တွေသောက်ရင် အားအင်လည်း ပြန်ပြည့် နိုင်သလို ကိုယ်ခံအားလည်း ပြန်တက်တာကြောင့် အဖျားဒဏ်ကို အမြန်ဆုံး ချေမှုန်းနိုင်ကြောင်းပါ။ (နှာခေါင်း အလွန်အမင်းပိတ်ရင် ရနွေးကျိုက်ကျိုက် ဆူနေတဲ့ထဲကို ပရုတ်ဆီ ထည့်ရှူနိုင်ပါတယ်။ လည်ချောင်းအတွက် ပျားရည် သို့မဟုတ် သံပရာရည်ကို ရေနွေး နဲ့ ဖျော်သောက်နိုင်ပါတယ်။)

Air Con ရုံးဖြစ်တာကြောင့် ရောဂါကူးစက်မှု ပိုမိုလွယ်ကူ မြန်ဆန် စေနိုင်သလို အအေးမိသူ အတွက်လည်း ပိုမို အအေးမိစေဖို့ လွယ်ကူစေပါတယ်။ မလိုအပ်တဲ့ နေရာမှာ Air Con မဖွင့်ဘဲ သဘာဝလေဖြင့် နေထိုင်ခြင်းကို ပြုလုပ်ပေးပါ။

သို့မဟုတ် အကင်းမပြတ် အဖျားရှိနေသူများ နေထိုင်ရန် Air Con မရှိတဲ့ ကောင်းမွန်သော နေရာ တစ်နေရာ သတ်မှတ်ပြီး ဖြေလျှော့မှုပေးပါ။

မေး။ ။ ဒေါက်တာရှင့်... နားဖာချေး မထွက်အောင် လုပ်လို့ ရပါသလား။

သမီးက နားဖာချေးထူမှာလည်းကြောက်တယ်..နားမသန့်မှာလည်းကြောက်တယ်။

နားမသန့်စင်လို့ အလှပျက်မှာ ပိုစိုးရိမ်မိပါတယ်။ သမီးသိလိုတာက နားဖာချေးဆိုတာ မထုတ်ရင် ပိတ်သလားဆရာ။ မထုတ်လို့ရော မရဘူးလားဆရာ။ နောက်ပြီး နားဖာချေး အလိုအလျောက် ထွက်လာစေတဲ့ ဆေးရည်တွေကိုရော သုံးသင့်ပါသလား။

မိချော (တောင်ဥက္ကလာ)

ဖြေ။ ။ နားဖာချေး ကြောက်တတ်တဲ့ သမီးမိချောရေ... နားဖာချေးတို့ မည်သည် နားထဲမှာ အလိုအလျောက် ဖြစ်လေ့ရှိပြီး တချို့က အလိုအလျောက် ကွယ်ပျောက် သွားလေ့ရှိပါတယ်။ ဒါပေမဲ့ နားဖာချေးတွေ များလာရင်တော့ စုခဲခြောက်သွေ့ပြီး နားထဲမှာ ပြည့်လာတာကြောင့် နားဖာချေးကြောင့် အကြားအာရုံ မရှင်းလင်းတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် နားဖာချေး ပိတ်နေရင် နေရခက်ပြီး ကသိကအောက် ဖြစ်ခြင်း၊ နားယားခြင်း၊ နားပူခြင်း၊ မူးဝေခြင်းတို့ ဖြစ်တတ်တာကြောင့် လူအများစုဟာ ဂွမ်းတုတ် တံလေးများဖြင့် နားဖာကလော်ကြခြင်း ဖြစ်ပါတယ်။

နားဖာချေး ပိတ်လာရင် မိမိဘာသာ ဖယ်ထုတ်ရမှာ ကြောက်သူဆိုလျှင်တော့ နားဆရာဝန်နှင့် တွေ့ပြီး နားသန့်သွားအောင် ဖျော်ချနိုင်ပါတယ်။ ကိုယ်တိုင် နားဖာ ချေးနူးအောင် ဆောင်ရွက် ချင်တယ်ဆိုရင်တော့ ဂွမ်းတုတ် တံမသုံးဘဲ နားဖာချေးနူးစေတဲ့ သံလွင်ဆီ သို့မဟုတ် ဆိုဒီယမ် ဘိုင်ကာဗွန်နိတ် အစက်ချဆေးတို့ကို ထည့်နိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားတဲ့ နားဖာချေး ပျော်ဆေး အစက်ချဆေးကိုလည်း ထည့်နိုင်ပါတယ်။ နားဖာချေး ပျောက်ဆေးတွေ အနေနဲ့ Ear Clear (ကာဘာမိုဒ် ပါအောက်ဆိုဒ်) ရှိပါတယ်။ နားဖာချေး နူးပျော့ ဆေးထည့် နည်းကတော့ ခေါင်းကို တစ်ဖက်စောင်းပြီး နားတစ်ဖက် တစ်ချက်စီ ထည့်ရမှာပါ။ နေ့စဉ်ထည့်ဖို့မလိုဘဲ ရက်ခြားထည့်ရပါတယ်။ နားဖာချေးပျော်ဆေးကြောင့် နားထဲမှာ ပလုံစီ ထသလို ခံစားရခြင်း၊ နားထဲ မရိုးမရွဖြစ်ခြင်း ဆိုတဲ့ ဘေးထွက် ဆိုးကျိုးခံစား ရနိုင်ပါတယ်။ နားထဲထည့်မယ့် ပုလင်းကိုလည်း သန့်စင်စွာ ထားသိုပြီး သန့်စင်တဲ့ လက်နဲ့ ထည့်ရမှာပါ။

သတိပြုရမယ့် အရေးကြီးဆုံး အချက်ကတော့ နားတွင်း ရောင်ရမ်း ကိုက်ခဲခြင်း၊ နားစည် မှေးပေါက်ခြင်း၊ နားရောဂါဟောင်း ရှိခြင်းတို့ ဖြစ်ပေါ်ရင်တော့ အဆိုပါ ဆေးတွေကို မသုံးဖို့ပါ။ ဆေးဆိုင်မှာ ဝယ်စဉ်ကတည်းက အစက်ချပြွန်ကို တောင်းယူပါ။ နားဖာချေးခြောက် နူးပျော်လာစတွင် နားပို ပိတ်တတ်ပါတယ်။

ဆိုဒီယမ် ဘိုင်ကာဗွန်နိတ် အစက်ချဆေးက တန်းသုံးနိုင်ပေမဲ့ သံလွင်ဆီကျတော့ ခံနိုင်ရည်ရှိမယ့် အပူချိန်ရောက်အောင် ရေနွေးစိမ်ပြီးမှ သုံးရမှာပါ။ ပိတ်နေတဲ့ နားဘက်ကို ခေါင်းစောင်းပြီး အဆီသုံး၊ လေးစက်ချပါ။ ဆယ်မိနစ်ခန့် ထိုပုံစံအတိုင်း နေပါ။တစ်နေ့ သုံးကြိမ်လောက် ထည့်ရပါတယ်။ နားဖာချေးခြောက် နူးဆေး၊ ပျော်ဆေးတွေမှာ ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ်တွေပါလို့ နားပေါက်ထဲက အနားသားတွေကို လောင်စေလို့ သတိပြုပါသမီးငယ်။
 

by- Myawaddy Health

လည်ချောင်းနာခြင်း သက်သာစေမည့် အိမ်တွင်းနည်း ၁၀ နည်း


လည်ချောင်း နာနေသလား၊ လည်ချောင်း နာနေချိန်မှာ အမြန် သက်သာစေမယ့်
လွယ်ကူတဲ့ အိမ်တွင်း ကုထုံးတွေကို လိုက်နာပေးမယ် ဆိုရင် အမြန်ဆုံး သက်သာ
သွားပါလိမ့်မယ်။

(၁) အနားယူပါ

လည်ချောင်းနာနေတဲ့ အချိန်မှာ ပြည့်ပြည့်ဝဝ အနားယူပေးဖို့ လိုအပ်ပါတယ်။
အနားယူနေစဉ် အတောအတွင်း ရေနဲ့ သစ်သီးဖျော်ရည်လို အရည်ကို အများအပြား
သောက်ပေး သင့်ပါတယ်။

(၂) ဆားရေနွေးဖြင့် ပလုတ်ကျင်းပါ

လည်ချောင်းနာနေတဲ့အခါ အာခေါင်ထဲအထိ ရောက်အောင် ဆားရေနွေးနဲ့
ပလုတ်ကျင်းပေးရမှာ ဖြစ်ပါတယ်။ ပြုလုပ်နည်းမှာ ရေတစ်ဖန်ခွက်ထဲကို ဆား
လက်ဖက်စားဇွန်း တစ်ဇွန်းထည့်ပြီး ဖျော်ရမှာ ဖြစ်ပါတယ်။

(၃) ငုံဆေးငုံပါ

လည်ချောင်းနာ ပျောက်စေမယ့် ငုံဆေး (Lozenges) ကို ငုံပေးရင်
လည်ချောင်းနာတာကို သက်သာစေပါတယ်။

(၄) အခန်းတွင်း လေထု နွေးထွေးနေပါစေ

အေးမြနေတဲ့ အချိန်မှာ အခန်းတွင်း ရာသီဥတု နွေးထွေးနေအောင် ထားပါ။ ဒါဟာ
အသက်ရှူ လမ်းကြောင်းအတွင်း ရောင်ရမ်းမှုနဲ့ နာကျင်မှုကို သက်သာစေပါတယ်။

(၅) ပျားရည်ထည့်ထားသော လက်ဖက်ရည်ကြမ်း သောက်ပါ

ပျားရည်ခတ်ထားတဲ့ လက်ဖက်ရည်ကြမ်း သောက်သင့်ပါတယ်။ ဒီအိမ်တွင်း ကုထုံးဟာ
လူအများစုကို သက်သာစေပြီး ခန္ဓာကိုယ် အရည်ဓာတ် ပိုရောက်ရှိစေတဲ့နည်း
ဖြစ်ပါတယ်။


(၆) ရေနွေးငွေ့ရှူပါ

ရေနွေးငွေ့ရှူတာက လည်ချောင်းနာတာကို သက်သာစေတဲ့နည်းပါ။ ရေနွေးငွေ့ကို
ပါးစပ်နဲ့ နှာခေါင်းကို သုံးပြီးအချိန် ငါးမိနစ်ခန့် ခပ်ပြင်းပြင်း
ရှူပေးပါ။ တစ်နေ့တာအတွင်း အကြိမ်များစွာ လုပ်ပေးနိုင်ပါတယ်။ ရေနွေးပူ
မလောင်အောင် သတိထားဖို့တော့ လိုပါတယ်။

(၇) ကြက်စွပ်ပြုတ်သောက်ပါ

ပူနွေးတဲ့ ကြက်စွပ်ပြုတ် တစ်ခွက်ကို သောက်ပေးတာက လည်ချောင်းနာတာကို
သက်သာစေတဲ့အပြင် အအေးမိချင်သလိုလို ခံစားနေရတဲ့ နွမ်းနယ်ပင်ပန်းမှု
ဝေဒနာတွေကိုလည်း လျော့ပါးစေပါတယ်။

(၈) အိပ်ရေးဝဝအိပ်ပါ

နွေးနွေးထွေးထွေးနေပြီး အိပ်ရေးဝဝ အိပ်စက် အနားယူတာကြောင့်လည်း
လည်ချောင်းနာတာ သက်သာသွားစေ နိုင်ပါတယ်။

(၉) ရေခဲရေရှောင်ပါ

လည်ချောင်း နာကျင်နေခိုက်မှာ ရေခဲရေနဲ့ ရေခဲပါတဲ့ အစားအသောက်တွေကို
တတ်နိုင်သမျှရှောင်ပြီး သွားနဲ့ခံတွင်း သန့်ရှင်းရေးကိုပါ
ထိန်းသိမ်းပေးဖို့ လိုပါတယ်။

(၁၀) အကိုက်အခဲပျောက်ဆေး သောက်ပါ

လည်ချောင်းနာကျင်မှုနဲ့အတူ ခန္ဓာကိုယ် တစ်ခုလုံး ကိုက်ခဲနာကျင်နေရင်
နာကျင်မှု သက်သာစေဖို့ ပါရာစီတမော၊ အိုင်ဗျူပရိုဖန် စတဲ့ အကိုက်အခဲ
ပျောက်ဆေးကို သောက်ပေးနိုင်ပါတယ်။

Myanmar News Update


အိမ်တွင်းဖြစ် သဘာဝ အကိုက်အခဲ ပျောက်ဆေးများ

ဂျင်း
ဂျင်းက ကြွက်သား ကိုက်ခဲခြင်းကို ပျောက်ကင်း စေပါတယ်။
နေ့စဉ် ချက်ပြုတ် စားသောက်တဲ့ ဟင်းလျာထဲမှာ ဂျင်းအခြောက်မှုန့် လက်ဘက်ရည်ဇွန်း တစ်ဇွန်းသို့မဟုတ် ယင်းနှင့် ညီမျှသော ပမာဏကို ထည့်သွင်း စားသုံး သင့်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ ကတော့ နားကိုက်တာကို ပျောက်ကင်း စေပါတယ်။ နားကိုက် ဝေဒနာ ခံစားရသူများ အနေနဲ့ ကြက်သွန်ဆီ ကို တစ်နေ့ ၂ ကြိမ် နားထဲ ၅ ရက်တိတိ သင့်လျော်သော ပမာဏ ထည့်ပေးခြင်းဖြင့် ပျောက်ကင်း စေပါတယ်။ ကြက်သွန်ဆီ ဆိုလို့ အခြား မဟုတ်ပါဘူး။ သံလွှင်ဆီသန့်နဲ့ ကြက်သွန်ထောင်း ကို စိမ်ထည့်ပြီး အအေးခန်းထဲထည့်ရင် ကြက်သွန်ဆီ ရပါတယ်။

လေးညှင်းပွင့်

သွားကိုက် ဝေဒနာ ခံစားရသူများ အနေနဲ့ လေးညှင်းပွင့် ခြောက်မှုန့်နဲ့ သွားတိုက်ခြင်းက ကိုက်ခဲမှု ပျောက်ကင်း စေပါတယ်။

ပင်စိမ်းရွက်/ ပက်ပါမင့်ရွက်

Peppermint လို့ခေါ်တဲ့ အရွက်တစ်မျိုးက မြန်မာခေါ် ပင်စိမ်းရွက်နဲ့ နီးစပ်ပါတယ်။ Peppermint မှရတဲ့အဆီကလည်း ကြွက်သား နာကျင်ကိုက်ခဲမှုကို ပျောက်ကွင်း စေပါတယ်။

စပျစ်သီး

စပျစ်သီး တစ်ခိုင်စာ နေ့စဉ် စားသုံးသူများ အနေနဲ့ ကျောရိုးတစ်လျှောက် ဆက်စပ်တဲ့ ရောဂါများကို ပျောက်ကင်း စေတယ်လို့ လေ့လာ တွေ့ရှိထားကြ ပါတယ်။

နာနတ်သီး

နာနတ်သီးက အစာအိပ် နာတာတို့၊ ဗိုက်ကြွက်သား နာကျင်မှုတို့ကို ပျောက်ကင်းစေ တယ်လို့ ဆိုပါတယ်။

ချယ်ရီသီး

ချယ်ရီသီးကတော့ ဦးခေါင်းကိုက် ဝေဒနာကို ပျောက်ကင်း စေပါတယ်။

ခရမ်းချဉ်သီး

ခါးအောက်ပိုင်း အကြော၊ ကြွက်သား နာကျင်မှုကို ပျောက်ကင်း စေပါတယ်။ ခရမ်းချဉ်သီး ဖျော်ရည် နေ့စဉ် စားသုံးခြင်းဖြင့် ခြေထောက် ကိုက်ခဲတာတို့၊ ထုံကျင်တဲ့ ဖြစ်လေ့ဖြစ်ထကို ပျောက်ကင်း စေပါတယ်။

Ref: medic facts
Myawady News


သားအိမ် လေ့ကျင့်ခန်းများ

အသက်အရွယ် မရွေး အမျိုးသမီး များ လေ့ကျင့် နိုင် သည့် သားအိမ် လေ့ကျင့်ခန်းများ

ပျိုမေ တိုင်း လေ့ကျင့် ရမည့် နည်းလမ်းကောင်း (၅ ) သွယ်.......

ပျိုပျို အိုအို အရွယ်စုံ အမျိဲုးသမီးတိုင်း အတွက် အကျိုးကျေးဇူး ရရှိစေမယ့် သားအိမ်လေ့ကျင်ခန်း တချို့ကို ဖော်ပြ မှာ ဖြစ်ပါ တယ်..ဒီ နည်းလမ်းတွေ ကို GINGER GYM မှ နည်းပြ မစွဲမြတ်ဟေသီ က ပြသပေးခဲ့ပါတယ်....အထောက်အကူပြု ကိရိယာ မပါ ဘဲ လေ့ကျင့်နိုင်မှာ ဖြစ်တဲ့ အတွက် အိမ်မှာဘဲနေနေ ခရီးဘဲသွား သွား လေ့ကျင့်ရ အဆင်ပြေစေပြီး ငွေကုန်ကြေးကျ သက်သာစေ တာ မို့ လေ့ကျင့်ကြည့်ပါအုံးနော်....

နည်းလမ်းကောင်း ( ၁ ) A . ပုံ မှာ မြင်တွေ့ရတဲ့ အတိုင်း ပက်လက်လှန်အိပ်ပြီး ဒူးထောင် ထားပါ ။ B . လက်နှစ်ဘက် ကို ခါးအောက်မှ ပင့်မပြီး ခြေဖျားထောက် ကာ ခန္ဓာကိုယ် ကို ကော့နိုင်သမျှ အဆုံးထိ ကော့ထားပါ ။ စိတ်ကို မွေးလမ်းကြောင်း ကြွက်သားပေါါ်မှာ အာရုံ စူးစိုက်ထားပြီး ၄င်းကြွက်သားကို အဆုံးထိ ကျုံ့ထားပေးပါ ။ အဲဒီ အနေအထားအတိုင်း ကို စိတ်မှတ်ဖြင့် (၁) မှ ( ၃၀ ) အထိ ရေတွက်ပြီး နေပါ ။ C. ပြီးလျှင် ခြေဖျားထောက်ထားရာမှ ဖနောင့်ပြန်ချပြီး ခန္ဓာ ကိုယ် ကို ကော့နိုင်သမျှ အဆုံးထိ ကော့ထားပါ ။ စိတ်ကို မွေးလမ်းကြောင်း ကြွက်သားပေါ်မှာ အာရုံစူးစိုက်ထားပြီး ၄င်းကြွက်သားကို အဆုံးထိ ကျုံ့ထားပေးပါ ။ အဲဒီအနေအထား မှာ လည်း စိတ်မှတ်ဖြင့် (၁) မှ ( ၃၀ ) အထိ ရေတွက်ပြီး နေပါ ။ အားလုံးပြီး လျှင် အစအဆုံး တစ်ကြော့ပြန် စ ပါ ။ ဤသို့ လေ့ကျင့်ခြင်း ကို ( ၅ ) ကြော့ မှ ( ၁၀ ) ကြော့ အထိ ပြုလုပ်ပေးပါ ။

နည်းလမ်းကောင်း ( ၂ ) A . ပုံပါ အနေအထားအတိုင်း ခြေတစ်ဘက် ကို ရှေ့ဘက် မှာ ၉၀ံ ကျအောင် ဒူးကွေးထားပြီး ကျန်ခြေတစ်ဘက် ကို အနောက်ဘက်သို့ ကွေးထားပါ ။ B . အရှေ့ဘက် မှာ ကွေးထားတဲ့ ဒူး ကို ၉၀ံ ဒီကရီ အတိုင်း ပုံမပျက် စေဘဲ ကိုယ် ကို ရှေ့သို့ကိုင်းချပါ ။ ကိုင်းချချိန်မှာ နောက်ခြေကို ခန္ဓာကိုယ် နှင့် တတန်းထဲ ဖြောင့်နေအောင်ဆန့် ထားပါ ။ လက်နှစ်ဘက် ကို ရှေ့သို့ ဆန့်တန်းပြီး နှဖူး နှင့် ကြမ်းပြင် ကို ထိထားပါ ။ နှဖူး ကို ကြမ်းပြင် သို့ထိရာမှာ စိတ်ကို လျှော့ထားပြီး တဖြေးဖြေးချင်း သွားထိပေးးပါ ။ စိတ် အာရုံ ကို မွေးလမ်းကြောင့်း ကြွက်သားမှာ စူးစိုက် ထားပြီး ၄င်းကြွက်သား ကို ကျုံ့ထားပါ ။ အဲဒီ အနေအထားအတိုင်း စိတ် မှတ်ဖြင့် ( ၁ ) မှ ( ၃၀ ) အထိ ရေတွက်ပြီး နေပါ ။ ပုံမှန်အနေအထားသို့  ပြန်သွားရာမှာလည်း စိတ်ကို လျှော့ထားပြီး ဦးခေါင်းကို တဖြေးဖြေးချင်း ပြန်ထပေးရမှာဖြစ်ပါတယ် ။ ဤ သို့လေ့ကျင့်ခြင်း ကို ဘယ်ခြေ ညာခြေ ပြောင်းပြီး ငါးကြိမ်စီ လေ့ကျင့်ပေးပါ ။ သားအိမ် အတွက် ကောင်းမွန်စေရုံသာ မက ပုခုံး ၊ တင်ပါး ၊ ပေါင်တံ များ ကို လည်း အကြောပြေလျော့စေ မှာ ဖြစ်ပါတယ် ။

နည်းလမ်းကောင်း ( ၃ ) A . ခန္ဓာကိုယ် ကျောဘက်ကို ကြမ်းပြင်မှ ၄၅ံ ဒီဂရီ အကွာထားပြီး ခပ်လျောလျော အနေအထားထိုင်ပါ ။ လက်နှစ်ဘက် ကို ခပ်ဖျော့ဖျော့ ထားပြီး ယှက်ထားပါ ။ B . ခြေထောက် ၂ ဘက် ကို ကြမ်းပြင်နှင့် မထိစေဘဲ ရှေ့ သို့ ကွေးလိုက်ဆန့်လိုက် ပြုလုပ်ပေးပါ ။ C . ခြေ နှစ်ဘက် ကို ရှေ့သို့ ဆန့်ချိန်တွင် ကျောဘက်သည် ကြမ်းပြင်မှ ၃၀ဲ ဒီဂရီ အကွာမှာ ရှိနေရမှာ ဖြစ်ပြီး ခြေကွေးလိုက်ချိန်တွင် ၄၅ံ ဒီဂရီ အကွာ မှာ ရှိနေရမှာ ဖြစ်ပါတယ် ။ ဤ နည်းလမ်း ကို လေ့ကျင့်ရာမှာ စိတ်မှတ်ဖြင့် ( ၁ ) မှ ( ၃၀ ) အထိရေတွက်ပြီး ( ၃၀ ) ပြည့်လျှင် တကြော့ ဟု သတ်မှတ်ကာ ( ၅ ) ကြော့ လေ့ကျင့်ပေးပါ ။ သားအိမ် ကို ၀ပ်စေပြီး ၀မ်းဗိုက် ကို လည်း ချပ်ရပ်လှပစေမှာ ဖြစ်ပါတယ် ။

နည်းလမ်းကောင်း ( ၄ ) A . ခန္ဓာကိုယ် ကျောဘက်ကို ကြမ်းပြင် မှ ၃၀ံ ခန့် အကွာမှာထားပြီး လက်နှစ်ဘက် ကို ဘေးဘက်မှာ ခပ်ဆန့်ဆန့်ထားပါ ။ လက်နှစ်ဘက် ကို ကြမ်းပြင်သို့ မထောက်ထားရပါ ။ B .ခြေ နှစ်ဘက် ကို လည်း ကြမ်းပြင်သို့ မထိစေဘဲ စက်ဘီး နင်းသလို အနေအထားအတိုင်း လေ့ကျင့်ပါ ။ ဤနည်းလမ်းကို လေ့ကျင့်ရာမှာ စိတ်မှတ်ဖြင့် ( ၁ ) မှ ( ၃၀ ) အထိ ရေတွက်ပြီး ( ၃၀ ) ပြည့် လျှင် တစ်ကြော့ဟု သတ်မှတ်ကာ ( ၅ ) ကြော့ လေ့ကျင့်ပေးပါ ။သားအိမ် ကို ၀ပ်စေပြီး ၀မ်းဗိုက် ကိုလည်း ချပ်ရပ်လှပစေမှာ ဖြစ်ပါတယ် ။

နည်းလမ်းကောင်း ( ၅ ) A. ပုံမှာ တွေ့ရသည့် အတိုင်း ကြမ်းပြင် မှာ တတောင် ချ ထိုင်ပြီး မျက်နှာကို ပုံမှန်ထားပါ ။ B . ရှေ့ချထားတဲ့ လက်နှစ်ဘက် ကို ရှေ့သို့ ( ၄ ) လှန်း အထိ ဆန့်ထုတ်ပါ ။ C . ဆန့်ထုတ်ထားသည့် လက်ကို အားပြုပြီး ခန္ဓာကိုယ် တစ်ခုလုံးကို ရှေ့သို့ဆန့်ထုတ်ပါ ။ ခန္ဓာ ကိုယ် ကို ဆန့်ထုတ် ချိန်တွင် မွေူးလမ်းကြောင်း ကြွက်သားကို ကျုံ့ထားပါ ။ D. ဆန့်ထုတ်ထားတဲ့ ခန္ဓာ ကိုယ် ကို ကြမ်းပြင်နှင့် တသားထဲဖြစ်အောင် ၀ပ်ချလိုက်ပြီး စိတ်မှတ်ဖြင့် ( ၁ ) မှ ( ၁၀ ) အထိ ရေတွက်ပြီးနေပါ ။ ပြီးလျှင် အစ မှ ပြန် စ ပါ ။ ( ၅ ) ကြော့ ပြုလုပ်ပေးပါ ။

နည်းလမ်းလေးတွေကို လေ့ကျင့်ခြင်း အားဖြင့် အပျိုဖော်ဝင် စ မှ သွေးဆုံးချိန် အထိ မီးယပ်နှင့် ပတ်သက်တဲ့ ဝေဒနာတွေ ကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ် ။ ဓမ္မတာ မမှန်ခြင်း ၊ ဓမ္မတာ ကြောင့် နာကျင်ကိုက်ခဲခြင်း ၊ စိတ်တို စိတ်ဆတ် စိတ်ဓာတ်ကျခြင်း ၊ အ၀လွန်ပြီး လရှည်ကြာစွာ မီးယပ်ထိန်ခြင်း ၊သွေးဆုံးကိုင်ခြင်း အစရှိသော ဝေဒနာ များကို ဖယ်ရှားနိုင်ပြီး သွေးသားမှန်ကန် လှပလာစေမှာ ဖြစ်တယ်ဆိုတာ အကြံပြု တင်ဆက်လိုက်ပါတယ်။

People Magazine

အန်ခြင်းနှင့် ဝမ်းသွားခြင်း ........

ဒီပြဿနာတွေဟာ အတူတူတွဲပြီး ဒါမှမဟုတ် သီးခြားစီဖြစ်တတ်ပြီး များသောအားဖြင့် အစာခြေစနစ်မှာ ပိုးဝင်တာကြောင့်ပါ။ ဒီပြဿနာကြောင့် ရေဓာတ်ခန်းခြောက်နိုင်ပါတယ်။ အထူးသဖြင့် နို့စို့ကလေးငယ်နဲ့ အသက်ကြီးသူတွေမှာ အန်တာနဲ့ ဝမ်းသွားတာတစ်ပြိုင်နက် ဖြစ်လာခဲ့ရင်ပါ။

၁။ လူနာကို သက်သောင့်သက်သာ ရှိအောင်ထားပါ

လူနာကို အားပေးပါ။ အန်ဖတ်ကိုခံဖို့ ထွေးခံပေးထားပြီး မျက်နှာသုတ်ဖို့ ပူနွေးစွတ်စိုတဲ့ အဝတ်စ တစ်ခုပေးထားပါ။

၂။ ရေများများတိုက်ပါ။

အန်တာ သက်သာသွားရင် ခန္ဓာကိုယ်တွင်း ရေဓာတ်ပြန်လည်ဖြည့်ပေးဖို့ သောက်ရေ ဒါမှမဟုတ် ဓာတ်ဆားရည် များများကို နည်းနည်းနဲ့ မကြာခဏ တိုက်ပေးပါ။

၃။ ဆရာဝန် အကူအညီယူပါ

အန်တာ ဒါမှမဟုတ် ဝမ်းသွားတာ မရပ်တန့်ခဲ့ရင် ဒါမှမဟုတ် လူနာရဲ့ အခြေအနေကို စိုးရိမ်နေရင် ဆရာဝန်နဲ့ ပြပါ။

Health
Mg Mandalay
Photo: အန်ခြင်းနှင့် ဝမ်းသွားခြင်း ........

ဒီပြဿနာတွေဟာ အတူတူတွဲပြီး ဒါမှမဟုတ် သီးခြားစီဖြစ်တတ်ပြီး များသောအားဖြင့် အစာခြေစနစ်မှာ ပိုးဝင်တာကြောင့်ပါ။ ဒီပြဿနာကြောင့် ရေဓာတ်ခန်းခြောက်နိုင်ပါတယ်။ အထူးသဖြင့် နို့စို့ကလေးငယ်နဲ့ အသက်ကြီးသူတွေမှာ အန်တာနဲ့ ဝမ်းသွားတာတစ်ပြိုင်နက် ဖြစ်လာခဲ့ရင်ပါ။

၁။ လူနာကို သက်သောင့်သက်သာ ရှိအောင်ထားပါ

လူနာကို အားပေးပါ။ အန်ဖတ်ကိုခံဖို့ ထွေးခံပေးထားပြီး မျက်နှာသုတ်ဖို့ ပူနွေးစွတ်စိုတဲ့ အဝတ်စ တစ်ခုပေးထားပါ။

၂။ ရေများများတိုက်ပါ။

အန်တာ သက်သာသွားရင် ခန္ဓာကိုယ်တွင်း ရေဓာတ်ပြန်လည်ဖြည့်ပေးဖို့ သောက်ရေ ဒါမှမဟုတ် ဓာတ်ဆားရည် များများကို နည်းနည်းနဲ့ မကြာခဏ တိုက်ပေးပါ။

၃။ ဆရာဝန် အကူအညီယူပါ

အန်တာ ဒါမှမဟုတ် ဝမ်းသွားတာ မရပ်တန့်ခဲ့ရင် ဒါမှမဟုတ် လူနာရဲ့ အခြေအနေကို စိုးရိမ်နေရင် ဆရာဝန်နဲ့ ပြပါ။

Health
Mg Mandalay 

ကျန်းမာရေးနှင့် ညီညွတ်အောင် ဘယ်လိုကင်မလဲ

- အသားများတဲ့အတုံးကို ရွေးဝယ်ပါ။ မကင်ခင်အဆီများကို ပြောင်နေအောင် ဖယ်ရှားပါ။ အဆီကို မီးလောင်လျှင် ကျပ်ခိုးစွဲခြင်းပိုများ တတ်သည်။
- အသားတုံးကို မီးမကင်မီ ရှာလ ကာရည်နှင့် နယ်ဖတ်ခြင်းဖြင့် ကင် ဆာဖြစ်စေသည့် ဒြပ်ပေါင်းများဖွဲ့ စည်းမှု (၈၈) ရာနှုန်းကျဆင်းစေသည်။
- ငါးသည် အသားထက်အကျက်မြန် သည်။ မီးကင်သည့်အချိန်နည်းလေ လေ၊ ကျပ်ခိုးစွဲသည့်ပမာဏ နည်း လေလေဖြစ်ပြီး ကင်ဆာဖြစ်စေသည့် ဒြပ်ပေါင်းပါဝင်မှုလျှော့ချနိုင်သည်။
- ဟော့ဒေါ့များ၊ ဝက်အူချောင်းများ၊ ယိုးဒယားအသားကင်များရှောင်ပါ။ ကြာရှည်ခံအောင် ထည့်သွင်းထား သည့် ဓါတုပစ္စည်းများကြောင့် ကင် ဆာဖြစ်စေသည့် ကာဗွန်ဓါတ်များ ပိုထွက်လာစေသည်။
- မီးမတောက်ပါစေနှင့်၊ အသားကို မီးမစွဲပါစေနှင့်၊ အသားများအိုးနှင့် မကပ်စေရန် မီးကင်သည့် ဇကာအိုး ကို ဆီသုတ်ပါ။
- ဟင်းရွက်များပါထည့်ကင်ပါ။ ကင် ဆာဖြစ်စေသည့် ဒြပ်ပေါင်းများသည် အသားတုံးများ၌သာ ဖြစ်ပေါ်ပြီး အရွက်များ၏ phytochemical ဒြပ် ပေါင်းများက ကင်ဆာဖြစ်ပွားမှု လျော့ ကျစေသည်။
- တစ်ခါကင်ပြီးတိုင်း ဇကာကိုပြောင် နေအောင် တိုက်ချွတ်ဆေးကြောပါ။ ဇကာမဆေးဘဲထားလျှင် ကျပ်ခိုးများ ထပ်ကာထပ်ကာစွဲပြီး တစ်ခါကင်တိုင်း ကင်ဆာဖြစ်စေသည့် ဒြပ်ပေါင်းများ စုပုံလာတတ်သည်။

သီဟ
Source:RD
Health Updates Journal
 
ချောင်းဆိုးနှင်.နှာစေးအအေးမိတုပ်ကွေးအတွက်ကောင်းတဲ.စမုံဖြူ

ချောင်းဆိုး(cough)

စမုံဖြူက သလိပ်ရွင်ဆေးတစ်မျိုးဖြစ်တယ်၊ယင်းထဲမှာအသက်ရှူလမ်းကြောင်း
ကိုဖြေလျော.ပေးတဲ.ဓာတ်ပစ္စည်းများပါဝင်တယ်။Thyme Tea (ခေါ်)စမုံဖြူ
လက်ဖက်ရည်ကြမ်းအဖြစ် အသုံးပြုနိုင်ပါတယ်။ယင်းလက်ဖက်ရည်ကြမ်း
လုပ်ရာမှာလတ်ဆပ်တဲ.စမုံဖြူထမင်းစားဇွန်း နှစ်ဇွန်း(ဒါမှမဟုတ် စမုံခြောက်
ထမ်းစားဇွန်း တစ်ဇွန်း)ကို ရေပူတစ်ခွက်ထဲထည်.ပါ။ယင်းကိုနှပ်ထားပြီးအ
ရည်စစ်ယူပါ။ကြိုက်တတ်ရင် ပျားရည်ရောသောက်ပါ။

အအေးမိနှာစေး(cold)နှင်.တုပ်ကွေး(Flu)

ယင်းအတွက် စမုံဖြူဆီ(Thyme Oil)ကို သုံးရပါမယ်။ဆူပွက်စပြုနေတဲ.ရေ
နွေးပူကို ဇလုံကြီးကြီးတစ်ခုထဲလောင်းထည်.ပါ။ယင်းရေဆူထဲ စမုံဖြူဆီ
ငါးစက်မှ ဆယ်စက် ထိထည်.ပေးပါ။မျက်နှာသုတ်ပ၀ါ တစ်ထည်ကို ခေါင်း
နှင်. ဇလုံအပေါ်အုပ်ပြီး ရေနွေးငွေ.ကို သင်.နှာခေါင်းဖြင်.၅ မိနစ်မှ ၁၀ မိနစ်
ကြာရှုပါ။ယင်းသို.ရှုစဉ် မျက်စိများကို မှိတ်ထားပါ။ မျက်နှာကို ရေပူနှင်.သိပ်
မကပ်စေပါနှင်.။မျက်နှာအငွေ.လောင်သွားနိုင်ပါတယ်။ဆီနှင်.ရေနွေးငွေ.က
မျက်စိများကို ကျိန်းစပ်စေနိုင်ပါတယ်။

ဦးလှမြင့်(ဂန္ဓာမာ)
By-Health Digest Journal

  
Related Posts Plugin for WordPress, Blogger...