Tuesday, November 8, 2011

ကိုယ့်မွေးနေ့အကြိုဆန္ဒလေး!!!!!!!!!!


မနက်ဖြန်ဆိုရင် ကိုယ့်မွေးနေ့/လူမသိ သူမသိနေ့ တစ်ကျော့ပြန်ရောက်လို့လာပြီပေါ့....
ကိုယ့်ဘာသာပဲ ကိုယ့်မွေးနေ့လေးကို တိတ်ဆိတ်စွာဖြတ်ကျော်ဖို့ရောက်လာပြန်ပြီလေ...
ဒါပေမယ့် အဓိဋ္ဌာန်ပုတီးစိပ်နေတဲ့ ဗုဒ္ဒဟူးနေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင်ဆုံတဲ့ရက်ဆိုတော့ဘုရားသွားရတာ ၀မ်းသာမိသွားတယ်....သူငယ်ချင်းတွေနဲ့လည်းတွေ့ရမယ်ဆိုတော့ ပျော်မိတယ်.....
ကိုယ့်စိတ်ကူးလေးကတော့ ကိုယ်သိပ်တွယ်တာရတဲ့ ကိုယ့်မိသားစုလေးနဲ့ ကိုယ်ချစ်တဲ့ သူငယ်ချင်းလေး
တွေကို တစ်ခုခုချက်ကျွေးချင်နေပေမယ့် နောက်အပတ်မှာအိမ်စာချုပ်ချုပ်ရင်ပေးဖို့တောင်အနိုင်နိုင်ဆိုတော့
ကိုယ့်ဆန္ဒလေးတွေ အိပ်မက်ထဲမှာပဲပျော်ရွှင်စွာကျင်းပနိုင်ဖို့ ကိုယ်ကြိုးစားရတော့မှာပေါ့လေ.....တစ်ကယ်စိတ်မကောင်းဖြစ်မိတယ်.......
နောက်နှစ်တွေများမှာတော့ ကိုယ့်ဆန္ဒလေးတွေနှစ်တိုင်းပြည်နိုင်ဖို့ ကိုယ့်သမီးလေးတွေအတွက် ပိုကြိုးစားရမယ်.......
လူတိုင်းမွေးနေ့တိုင်းမှာ
ဆန္ဒနဲ့ ဘ၀ထပ်တူကြနိုင်ကြပါစေလို့
ဆုတောင်းပေးပါတယ်..........

Nov8'11

2 comments:

  1. ဘ၀မှာ မဖြစ်သေးတာတွေ ဖြစ်ချင်တာတွေ တကယ်ကိုပြည့်ဝပျော်ရွှင်ရတဲ့မွေးနေ့မွေးရက်လေးတွေဖြစ်လာပါစေ.. မိသားစုနဲ့အတူ မွေးနေ့တိုင်းဖြတ်သန်းနိုင်ပါစေ...

    ReplyDelete
  2. ပန်းဆိုးတန်း ဘောတံတားကနေ သာကေတရှုခင်းသာကို လှေနဲ့ သွားခဲ့ကြတယ် သာယာတဲ့မြစ်အလှကို ခံစားဖို့မေ့ရော့လောက်အောင် ကြောက်စိတ်တွေနဲ့ လှိုင်းတွေကြား ရင်ခုန်ရတဲ့နေ့ ပင်လယ်ကနေခိုးဝင်လာတဲ့ကျောင်းသားတွေဆိုပြီးရှုခင်းသာရုံးခန်းကို ရောက်ခဲ့ရတဲ့နေ့တနေ့
    အမှတ်တရ မွေးနေ့တရက်ကိုသတိရသွားတယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...